မေသိပါစေ

ရုပ်ဆိုးပေမယ့် ဘဝကိုရိုးရိုးလေးဖြတ်သန်းချင်တယ်
မာနတွေအနားမလာပါနဲ့ သဘာဝမို့ ထာဝရချစ်မယ့်သူ

မင်းသိနေမလား အချစ်သည်ခါးသည်တဲ့ မင်းလေးကြားနေမလား အချစ်သည် ရင်ထဲသို့တစ်အားနာသည်တဲ့

မည်သို့ပင်ဖြစ်စေ ငါ့အချစ်သည် ရိုးရိုးလေးပါမေ တစ်ဖဝါးခွာတိုင်း မေ့အနားမှာအရိပ်ကလေးလိုပေါ့

တိုးတိုးလေးပြောမယ်မေ နိုးမထခင်အချိန်လေးမို့ ရိုးမသွားမည့်သည်စကား မေ့အနားကခွဲမသွားပါဘူးလေ

ကာရံ ၁့ ၁၀့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..