မေးပါရ ဇီ( ဖြေချင်သူ ဖြေချင်သလို ဖြေနိုင်ပါသည်)

1 မင်းကွန်းပုထိုးတော်ကြီး

1 မင်းကွန်းပုထိုးတော်ကြီး

ပြီးခဲ့တဲ့ဥပုဒ်က မင်းကွန်းကိုရောက်သွားပါတယ်။

ဒီတစ်ခါတော့ ပုထိုးတော်ကြီးအထက်အဆင့် ထိ တက်သွားလိုက်ပါတယ်။

2 အမြင့်ကနေကြည့် တာ

2 အမြင့်ကနေကြည့် တာ

အဲဒီအပေါ်ရောက်တော့ အမွှေးတိုင်လေးတွေကို အုတ်ကြားတွေမှာထောက်ထားတာကိုမြင်ရပါတယ်။

မေးကြည့်တော့ ကိုယ့် ကိုအထောက်အကူ ဖြစ်အောင် ယတြာအနေနဲ့ထောက်ထားတာ တဲ့။

ထောက်ထားတဲ့ တိုင်လေးတွေ

ထောက်ထားတဲ့ တိုင်လေးတွေ

အဲဒီမှာကောင်လေး နှစ်ယောက်ငြင်းခုန်နေကြတာကိုကြားရပါတော့တယ်။

2ထောက်ထားတာ

2ထောက်ထားတာ

ဒီလိုထောက်ထား တာ မှားတယ် တဲ့ ။

အုတ်ကို ကန်ထားသလိုဖြစ်တော့ နည်းနည်းချင်း ဟ သွားမယ်တဲ့။

 

နောက်တစ်ယောက်က တော့ အောက်ကနေ ထောက်ထားတော့

ပင့် အား ရတော့  အလေးချိန်မျှ ခံ သလို ဖြစ်တာပေါ့တယ်။

 

ကျနော်ကတော့ဒါ တွေ နားမလည် လို့ မဖြေတတ်။

ကဲ သိသူတွေ ပွားကြပါအုံး။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

2-10-2014

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1610 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။