ခေါင်းစဉ်မဲ့

” ကြင်နာတဲ့ လက်” နဲ့
” နာကျင်စေမယ့် လက် ”
အထိအတွေ့ ကို ကျွန်တော် ခွဲခြားသိတယ် ။
ကွဲကွဲပြားပြား သိတယ် ။

” ကြင်နာတဲ့ လက် ” တစ်စုံပိုင်ရှင်သာဖြစ်ပါ့စေ
တစ်နေ့လုံး အလုပ်တွေ ပင်ပင် ပန်းပန်း လုပ်ရ ၊ လုပ်ရ
ညနေခင်းမှာ ကောက်ရိုးခြောက်ပဲ စားရ ၊ စားရ
ကျွန်တော် နွေးထွေးပျော်ရွှင်ပါတယ် ။

နေရောင်ခြည်အောက်မှာ
မြက်နုနုလေးတွေ စားရတာ
ကျွန်တော့် ပျော်ရွှင်မှု ပဲ ။

ဒါပေမယ့် ” နာကျင်စေမယ့် လက်” တစ်စုံဆီ ရောက်ခဲ့မှတော့
နေခြည်အောက် က မြက်နုတွေဟာလည်း
ကျွန်တော့် အတွက် ထူးပြီး မချိုတော့ပါဘူး ။

ကျွန်တော် က သန်မာတယ်
ကျွန်တော် က ငယ်ရွယ်နုပျိုတယ်
ကျွန်တော် အလုပ်တွေ အများကြီးလုပ်နို်င်သေးတယ်

ကျွန်တော့် ကို ဖွဲနုလေးပဲကျွေးပါ။
ကျွန်တော် အလုပ်တွေ အများကြီး လုပ်ချင်သေးတယ်
ကျွန်တော် နေစာလှုံရင်း မြက်နုနုလေးတွေ စားချင်သေးတယ်
ကျွန်တော် သခင်တို့ မိသားစု ညနေခင်း စကားဝိုင်းလေးကို လှမ်းငေးပြီး နေချင်သေးတယ်

ဒါပေမယ့် ကျွန်တော် ခံစားမိပါတယ်
ကျွန်တော်မှာ သိပ်ကြာကြာနေခွင့် မရှိတော့ဘူးဆိုတာ ။
ကျွန်တော် က ခန္ဓာကိုယ် ကြီးမားပါတယ်
ပြီးတော့ ကျွန်တော် သံယောဇဉ်လည်း ကြီးတတ်တယ်

ကျွန်တော် သွားရတော့မယ် ဆိုရင်တောင်
သခင်တို့ မိသားစု ကို တစ်ခါလောက် မြင်ခဲ့ချင်ပါသေးတယ် ။

03.10.2014
SMT

14 comments

  • အလင်းဆက်

    October 3, 2014 at 3:00 pm

    .သူတို့ ခံစားချက်ကို…ကူးလူးခံစားပြီး..
    .စကားလုံးနဲ့… ဖော်ပြလိုက်တယ်ပေါ့လေ…

    —-

    ရွှေမိုး..ပျောက်ချက်သားကောင်းနေပါလား ။
    မျက်စိလည် လမ်းမှားပြီး..ရောက်လာပြီပေါ့… ။

    မရောက်တာ ကြာလို့ ထင်ပါ့….ပိုစ့်တင်တာတောင် မေ့နေပြီပေါ့လေ…
    copy/paste ကြီးနဲ့..တင်ထားခဲ့တယ်.. ။

    :k:

    • ရွှေမိုးတိမ်

      October 3, 2014 at 4:54 pm

      ပိုတယ်ပဲပြောပြော မြင်ရင်တွေ့ရင် ခံစားရတယ် အလက်ဆင်းရေ …

      ပို့စ်တင်ချင်ဇောအားကြီးပြီး ဘာမှ မကြည့် ၊ မပြင်ဖြစ်ဘဲ တင်လိုက်မိတယ် ….

  • Yae Myae Tha Ninn

    October 3, 2014 at 3:05 pm

    ဦးပုညနဲ့ ဘာတော်လဲ… 🙂

    • ရွှေမိုးတိမ်

      October 3, 2014 at 5:05 pm

  • ကေဇီ

    October 3, 2014 at 3:20 pm

    ချွေမိုးလေး
    ကယ်ဗင်ကို ဘူ့ကို ပေးလိုက်ပီလဲ

    :a:

    • ရွှေမိုးတိမ်

      October 3, 2014 at 5:01 pm

      ကယ်ဗင် က 91 လမ်းသားလေး ဖြစ်နေပြီ ။သူ့ရပ်ကွက်လိုပဲ ဟိုလည် ဒီလည်နဲ့တဲ့ …

  • တောင်ပေါ်သား

    October 3, 2014 at 4:08 pm

    ကယ်လ်ဗင်လေးကို မြင်ယောင်တယ် ၊

    မန်းမှာဆို လာခေါ်ပြီး မွေးထားချင်တာ ၊

    • ရွှေမိုးတိမ်

      October 3, 2014 at 4:58 pm

      မနေ့ က သူ့ကိုသွားတွေ့တယ်
      သွားတွေ့တဲ့ခဏလေး ပျော်ရတာ က ပြန်တဲ့အချိန် သူဆိုင်ကယ်နောက် က ပြေးလိုက်လာတဲ့အခါ … နောက်ထပ် တစ်ပတ်စာလောက် အသဲကွဲဖို့ဖြစ်သွားရော :'(

  • Mr. MarGa

    October 3, 2014 at 4:17 pm

    ကွန်မန့်တွေထိုင်ဖတ်နေတော့ ရွှေမိုး ဆိုတာ အသစ်မှတ်နေတာ
    ဒေါ် ရွှေမိုးတိန် ကိုး :mrgreenn:
    ဒီ ကဗျာကို ဖတ်ပြီး မြင်မိတာက ကယ်ဗင်မဟုတ်ဘူး ဖြစ်နေတယ်ဗျို့ 🙁

  • ရွှေမိုးတိမ်

    October 3, 2014 at 4:53 pm

    ဟုတ်တယ် ….
    ကယ်ဗင် မဟုတ်ဘူး …

  • တောင်ပေါ်သား

    October 3, 2014 at 4:57 pm

    မြက်နူတွေ ဖွဲနူတွေ ပါကတည်းက ဘာဆိုတာသိပါတယ် ၊

    ဒါပေမယ့် ရွှေမိုးတိမ် ဆိုတာနဲ့ ကယ်လ်ဗင်ကို ပြေးမြင်လို့ပါ ၊

    • ရွှေမိုးတိမ်

      October 3, 2014 at 4:59 pm

      ကယ်လ်ဗင်တို့ နာမည်ကြီးသွားချက် … 😀

      သူ အိမ်သစ်မှာ ပျော်နေပုံပါပဲ …ခြံလည်း ရှိတယ် မြေကြီးလည်းတူးရတယ် သူငယ်ချင်းလည်းရှိတယ်
      အိမ်သားတွေကလည် းသူ့ကိုချစ်ကြတယ် ။

  • မောင်ကြေးမုံရေးပြီး ဟင်္သတထွန်းရင်သီဆိုထားတဲ့ အကောင်းဆုံးအရှုံးသမားသီချင်းကို သွား သတိရ မိတယ်

  • kai

    October 4, 2014 at 4:16 pm

    အမေရိကပြည်ထောင်စုက..အမေရိကန်တွေ.. ဘယ်လိုအဟာရပြည့်စွာစားသုံးနိုင်ကြသလည်း..။ :k:
    (မှတ်ချက်။ တိရိစ္ဆာန်ခေါင်းထဲလူဦးနှောက်ကြီးထည့်ကာ မခံစားပါနှင့်..
    တိရိစ္ဆာန်အသားများ ပြည့်မှီလုံလောက်စွာစား၍ ဦးနှောက်ဖွံ့ဖြိုးရှင်သန်စေမည့်အဟာရများသာ မိမိဦးနှောက်ထဲထည့်ပါ)

    How many cows are slaughtered per day in the US?
    Between 90,000 and 100,000 daily.
    =
    Every day, 23 million chickens are killed in the U.S. for food–that’s 269 deaths … In other sheds, many of the larger birds were unable to walk because they had …

Leave a Reply