ညတစ်ညရဲ့ အတွေးစု

manawphyulayOctober 3, 20141min955

cosmos-galaxy-girl-window-Favim.com-595027
တိတ်ဆိတ်တဲ့ ဟောဒီည
လပြည့်ည မဟုတ်တဲ့
အလင်းလေးက ဖျော့ဖျော့ရယ်ပေါ့…
ပြတင်းပေါက်က ကျလာတဲ့
မှိန်ဖျော့ဖျော့အလင်းရောင်ကြောင့်
ဟိုးအဝေး ကောင်းကင်ကို မော့ကြည့်မိတယ်….
အစွမ်းကုန်လှပနေတဲ့ ကြယ်ပွင့်လေးတွေ
အနှောင်အဖွဲ့ ကင်းမဲ့စွာ လင်းလက်နေလိုက်ကြတာ
သူတို့ဘဝတွေက ကျေနပ်ချင်စရာ
ဪ…
ငါ့ဘဝနဲ့များ တခြားစီ
ကြယ်တွေလိုများ ငါ့ဘဝ ပြည့်စုံခဲ့ရင်…..

မနောဖြူလေး

5 comments

  • Yae Myae Tha Ninn

    October 4, 2014 at 9:58 am

    ကြယ်လေးတွေက တလုံးထဲ ထင်ရပေမယ့် ကြယ်စုကြီးတခုအနေနဲ့ တည်ရှိတာပါ…
    လူတွေက တယောက်တည်းနေချင်လဲ (လွတ်လပ်စွာ) အသိုင်းအဝိုင်းထဲ ရှိနေတာပါပဲ… 🙂

    • manawphyulay

      October 4, 2014 at 10:21 am

      အင်း ဒါပေမယ့် အသိုင်းအဝိုင်းတော့ ကောင်းဖို့ လိုတာပေါ့နော်… 😆

  • Yae Myae Tha Ninn

    October 4, 2014 at 10:38 am

    ဒါကလဲ မနောရဲ့… ခုလက်ရှိ ဂဇက် အသိုင်းအဝိုင်းရှိတယ်လေ… လူစုံ အတန်းစားစုံ…. စာရေး စာဖတ် စာတင်ပဲ မဟုတ်ပါဘူး.. ဒီကလူတွေလဲ အလုပ်ကိုယ်စီ ရှိကြတော့ ကူညီနိုင်တဲ့ ဘက်က ကူညီကြမှာပါ… 🙂

    နောက်တခုက အသိုင်းအဝိုင်းမှာ အမျိုးမပါနော်… တချို့က ကိုယ်တိုင် ဖန်တီးရတယ်… ဥပမာ ကျွန်တော်တို့ဆို နှစ်ဘက်လင်မယား အသိုင်းအဝိုင်းထဲက သူနဲ့ရော ကိုယ်နဲ့ရော ကီးတည့်မယ့်လူတွေ ရွေးပြီး Relation လုပ်… အသိုင်းအဝိုင်းလေးဖန်တီးရတာပေါ့… 🙂

    • manawphyulay

      October 4, 2014 at 11:54 am

      ဟုတ်ပါတယ်။ ခုလို အသိုင်းအဝန်းလေးရှိနေလို့လည်း ကိုယ့်ဘဝကိုယ် ရပ်တည်နေနိုင်တာပေါ့… မပြည့်စုံတာကို ထိုင်တွေးနေလို့လည်း ပြည့်စုံလာမှာမှမဟုတ်တာနော်…. 😥

  • အလင်းဆက်

    October 4, 2014 at 7:28 pm

    ကြယ်တွေကိုများ…
    ကျနော်တော့..အားမကျပါဘူး…
    သူတို့က ကြွေကျတတ်တယ်..

Leave a Reply