ကြွားပါရ ဇီ( ဓါတ်ပုံပို့စ်)

ကြွားပါရ ဇီ( ဓါတ်ပုံပို့စ်)

 

မန်းလေးမှာ ဓါတ်ပုံပြပွဲလေးတစ်ခုလုပ်ပါတယ်။

မန်းလေးအခြေစိုက် ဂျာနယ်သမားတွေ သတင်းသမားတွေ ရဲ့ ရူ့ခင်းဓါတ်ပုံတွေကို

ပြပွဲလုပ်တာပါ။

ပြပွဲ ဗွီနိုင်း
ပြပွဲ ဗွီနိုင်း

အဲတော့ ဂျာနယ်လစ်စာရင်းဝင် ကျနော်လဲ ဓါတ်ပုံ5ပုံတင်ခွင့်ရပါတယ်။

ကျင်းပတဲ့ နေရာကတော့

1 ကုသိုလ်တော်ဘုရား
1 ကုသိုလ်တော်ဘုရား

Thi Ri Art Gallery

73လမ်းမြို့သစ် အားကစားကွင်းကြီးနဲ့ မျက်နှာချင်းဆိုင်မှာရှိပါတယ်။

ကမ္ဘောဇဘဏ် နံဘေးက နေ အနောက်ဖက်ခြမ်းကို ဝင်သွားရင်ရောက်ပါတယ်။

Ocean Center ရဲ့ ကျောဘက်မှာရှိပါတယ်။

2 လင်းရောင်ဖြာ
2 လင်းရောင်ဖြာ

ပုံကိုရောင်းဈေး ပြောပါ ဆိုတော့ ကျပ် နှစ်သောင်းခွဲနဲ့ ရောင်းမယ်လို့ ပြောလိုက်ပါတယ်

3 ကုသိုလ်တော် ည
3 ကုသိုလ်တော် ည

တစ်ပုံမှ မရောင်းရ ရင်တော့ အရှက်တွေကွဲမှာသေချာပါတယ်။

4 စွန်ရဲအင်း အလှ
4 စွန်ရဲအင်း အလှ

ပြပွဲကတော့ 4-10-2014 ကနေ 6-10-2014ထိ သုံးရက်ပြမှာပါ။

5အိုတံငါ
5အိုတံငါ

ပြပွဲမှာတင်ထားတဲ့ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။

ရွာသားများမြင်ဘူးကြမယ်လို့လဲထင်မိပါတယ်

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

4-10-2014

35 comments

  • ကေဇီ

    October 4, 2014 at 3:31 pm

    အဲလို မဟုတ်ပါဘူးဗျာ။
    ဒီလို ပြပွဲ ပါနိုင်တာကိုက ကြွားစရာ
    လက်မထောင်စရာပါ။
    Congratulations ပါ ဗျို့..

    🙂

  • တောင်ပေါ်သား

    October 4, 2014 at 3:38 pm

    နံပါတ် ၃ မှာ သစ်ကိုင်းတွေ ဘယ်ရောက်သွားပါလိမ့်

    ဒို့အကိုကြီး အကုန်ရောင်းရပါစေ ၊ 🙂

  • Kyaw Lay

    October 4, 2014 at 3:56 pm

    ပုံတွေအကုန်လုံးရောင်းရပါစေ ကိုကြီးပေါက်ရေ
    Congratulations ပါ

  • pooch

    October 4, 2014 at 4:02 pm

    ကုသိုလ်တော်က သီတင်းကျွတ်ည သွားရိုက်ထားတာ ထင်တယ်
    တော်တော်လှတယ် ပန်းချီနဲ့တူတယ်

    • မယ်ပု ကြိုက်တဲ့ ပုံတစ်ပုံ ရွေးပါ လက်ဆောင်ပေး ပါ မည်

      လေးပေါက်က မယ်ပု ကို ပေးရန် အကြွေး ရှိတယ်လေ

  • အလင်းဆက်

    October 4, 2014 at 7:17 pm

    ကုသိုလ်တော် ဘုရား ပုံလေးကို အရမ်းကြိုက်နေတာ…
    ဟိုတခါ ပိုစ့်ထဲမှာ တွေ့ပြီးကတည်းက…

  • ခင် ခ

    October 4, 2014 at 9:17 pm

    ခြေလှမ်းတိုင်း အဓိပ္ပါယ်ရှိချင်ရင်
    တစ်ခါတလေ မှိန်သွားတဲ့ခြေရာဖြစ်ရင်
    အားထဲ့ပြီး ပြန်လျှောက်ရင်
    ခြေရာကျန်မယ်ထင်။
    (ခင်ခ ဒဿန )

    • ကိုခ ရေ လဲကျ တဲ့ အဆင့်မရောက်ပေမယ့် တစ်ခါ တစ်ခါ ခြေလှမ်းတွေက ယိုင် နဲ့

      အဲ ဒီအခါ အားပြန် စိုက်ရ တာပေါ့

  • မွသဲ ( 17082011 )

    October 4, 2014 at 10:17 pm

    ဂုဏ်ယူပါတယ်လေးပေါက်ရေ လှလိုက်တာ

  • Ma Ma

    October 5, 2014 at 8:14 am

    ရောင်းရတာ မရောင်းရတာထက် ဝင်ပြနိုင်တဲ့အဆင့်ဆိုတာ နည်းတဲ့အဆင့်မဟုတ်ဘူး။
    ထင်ပေါ်လို့ စင်တော်က ကောက်တာမို့ ကွန်ဂရက်ကျူလေးရှင်းပါ ကိုပေါက်ရေ။ 🙂

  • ထင်ပေါ် လို့ လဲ မဟုတ်ပါဘူး မမရေ

    ဂျာနယ်လစ်စာရင်းထဲ ကျနော်ကို ထည့် ထားလို့ ဝင်ပြခွင့်ရတာပါ

  • မဟာရာဇာ အံစာတုံး

    October 5, 2014 at 9:51 am

    မရောင်ရလည်း ဘာဖစ်လဲဂျာ …
    အေးချေးပေါ့ …
    လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ မျက်စိကတွင်းတိုးရာ လှမ်းဆွဲကြမှာပါပဲ
    ခုထဲက ပုံတွေကလည်း အလန်းတွေပဲ …
    ကျုပ်ကတော့ ကုသိုလ်တော် ည ဆိုတဲ့ ပုံလေးကို ကြိုက်တယ် …
    အေးချမ်းတယ် .. တိတ်ဆိတ်တယ် …
    အလင်း ရှိတယ် .. အမှောင်ရှိတယ် …
    ဆွတ်ဆွတ် မဖြူသေးပေမယ့် .. အတွင်းပိုင်းမှာ ရွှေရောင် တောက်ပနေတယ် …
    ဘယ်လောက် အဓိပ္ပါယ် ပြည့်လိုက်သလဲ …

  • Crystalline

    October 5, 2014 at 3:00 pm

    Congrats… ဂုဏ်ယူပါတယ်လေးပေါက်.. မှတ်တိုင်တွေထဲက တစ်ခုပေါ့.. :))

  • kai

    October 6, 2014 at 2:08 pm

    ပြောရရင်.. ကိုပေါက်ရဲ့ဓာတ်ပုံကိုဝယ်ပြီး.. ဒီဇိုင်းမှာသုံးဖူးတယ်..။
    ထပ်ပြောရရင်..
    မြန်မာပြည်ရဲ့အလှတရား…ဓာတ်ပုံတွေ.. ကမ္ဘာကိုတင်ရောင်းပေးနိုင်တဲ့ ဝက်ဘ်ဆိုက်လုပ်မယ်ဆိုတာ.. ခေါင်းထဲရှိနေပေမယ့်.. အခုထိအကောင်အထည်မဖေါ်ဖြစ်…။

    လုပ်ဖြစ်ရင်တော့.. ကိုပေါက်တို့မန်းသားတွေထိပ်ဆုံးကခေါ်မယ်..။ :k:

  • ဟုတ် ကိုခိုင် ခေါ်မယ် ့ နေ့ ကိုမျှော်နေပါတယ်

    ကျနော်ရွာထဲမှာ မန်းသား ဓါတ်ပုံဆရာတစ်ယောက်ထပ်တိုးပါတယ်

    အရင်နာမယ်ကတော့ ဖောဂိုင်းပါ

    အခု တော့ myo ko ဆိုတဲ့ နာမယ်နဲ့ ဖေစ်ဘုတ်မှာ ပုံတွေတင်နေပါတယ်။

    ကျနော်ဝင်ပြတဲ့ဓါတ်ပုံပြပွဲကတော့ သိပ် မအောင်မြင်ပါဘူး

    လူအဝင်နည်းတယ်

    မနေ့ က စွယ်တော်ရွက် ရယ် ကျနော် ရယ် မျိုးကို ရယ် ဓါတ်ပုံ ပြ ပွဲ မှာ ဆုံဖြစ်ကြပါတယ်

    ဒီထက်လှတဲ့ ပုံလေးတွေရအောင်ကြိုးစားပါအုံးမယ်

  • kyeemite

    October 7, 2014 at 8:39 am

    .ပြပွဲမှာတင်ပြတဲ့ ဓါတ်ပုံလေးတွေ အားလုံး လက်ရာမြောက်တယ်ဗျာ
    .2 လင်းရောင်ဖြာ ပုံကိုတော့ပိုကြိုက်တယ်..တမာတန်းလားမသိ

  • Mr. MarGa

    October 7, 2014 at 8:49 am

    လာမလို့ဗျ
    အခြေအနေ အကြောင်းကြောင်းနဲ့ မလာဖြစ်ဘူး ဖြစ်သွားတယ်
    ရွာထဲကနေပဲ အားရအောင် ကြည့်လိုက်တယ်ဗျာ

  • manawphyulay

    October 7, 2014 at 9:24 am

    လေးပေါက်ကလည်း ပြပွဲပါနေပြီးပဲဟာ ရောင်းရလည်း ရပေါ့ မရလည်း လေးပေါက်ရဲ့ရိုက်ချက်တွေကို အားလုံးမြင်ဖူးသွားတဲ့အတွက် ဝမ်းသာစရာကောင်းလှပါတယ်။

  • ပြပွဲက မအောင်မြင်ဘူး ဗျ

    နေရာကချောင်ကျတော့ လူအဝင်နည်းတယ်

    တစ်ပုံမှ မရောင်းရ ဘူးရယ်

    • Yae Myae Tha Ninn

      October 9, 2014 at 11:53 am

      ပွဲတွေ အဲမှာ ထပ်လို့ ထင်တယ်… ရုပ်သံလိုင်းတခုမှာ တွေ့လို့ စောင့်ကြည့်မိသေးတယ်… ရက်တူမတူ မသိဘူး… ပွဲတွေ များသလားလို့… စိတ်မကောင်း မဖြစ်ပါနဲ့… သူတို့နဲ့ မထိုက်တန်လို့ ပဲ ယူဆလိုက်ပါ… 🙂

  • ကိုမိုက်ရေ
    လင်းရောင်ဖြာက မေမြို့အသွားလမ်းက ပန်းဈေးလေးနားမှာရိုက်ထားတာပါ။

    အမှတ်တရလေးဖြစ်တာတော့ ပြောရတော့မယ်။

    2012 ခုနှစ် မန်းလေးကို ကိုမိုက်ရောက်နေတဲ့ အချိန် အေးအေးဆေးဆေး စကားပြောရအောင်ဆိုပြီး ချိန်းလိုက်တော့
    ခရစ်စမတ်နေ့မ နက် မိုးမလင်းခင်ခင်ဗျားကိုလာခေါ်ပြီးလက်ဖက်ရည်ဆိုင်ထိုင်ခဲ့ ကြတယ်လေ။
    အပြန်မှာတောင်သမန်ကို ဝင်ဓါတ်ပုံရို်က်ဖြစ်တယ်။

    2013ခုနှစ်ခရစ်စမတ်မှာတော့ ရွာသားကြီး ကိုစိန်သော့ နဲ့ မနက်လေးနာရီခွဲ ကျော်ကျော်လောက်မှာ မေမြို့ပန်းတန်းကို
    ဓါတ်ပုံရို်က်ဖို့ထွက်ခဲ့ ကြတာပေါ့။
    ကျနော်က ဆိုင်ကယ်မောင်းသူကနောက်ကထိုင် လေပေါရင်းသွားလိုက်တာ ၁၆မိုင်ဂိတ်ထိရောက်သွားတော့ ကျောက်တောင်ပေါ်တက် ဓါတ်ပုံရိုက်လိုက်ကြတယ်.
    ကျောက်တောင်အတက်မှာကျနော် ဟန်ုချက်ပျက်ပြီးလဲ တာ ဒူး တောင်စုတ်သွားတယ်။
    အဲဒီက အပြန်မှ အခု နံပါတ် ( ၂) ပုံလေးကို ရိုက်ဖြစ်ခဲ့ကြတာပါ။

    ကျနော်နဲ့ ဓါတ်ပုံ တွဲအ ရို်က်ဖြစ်ဆုံးသူက ကိုစိန်သော့ နဲ့ M လုလင်ပါ။
    အခုတော့ ရွာသားကြီး ဖောဂိုင်းပေါ့။
    ကျနော်မှာဓါတ်ပုံ ရိုက်တာ နဲ့ ပါတ်သက်ရင် အမှတ်တရတွေက အများသားနော်

  • weiwei

    October 9, 2014 at 11:05 am

    သတင်းကျွတ်ပိတ်ရက်မှာ မန်းလေးရောက်ခဲ့လို့ ကိုပေါက်ပုံတွေထဲကနေရာတွေကို မျက်စိနဲ့ မြင်ခဲ့ရတယ် … အညာဒေသက အများကြီးပြောင်းလဲတိုးတက်နေပြီနော် ..
    မုံရွာနဲ့ မိုးကုတ်ဘက် အဓိကသွားခဲ့တာမို့လို့ ဓါတ်ပုံတွေတော်တော်များများ ရိုက်ဖြစ်ခဲ့တယ် …

  • မ " တတ် ပါ့ "

    October 9, 2014 at 11:35 am

    လှတယ်

  • Yae Myae Tha Ninn

    October 9, 2014 at 11:50 am

    ဟီး… သိသလောက် ဖိုးသကြား မာဃဆီက လေးပေါက် အရင်တောင်းရမယ်… သိသလောက် ဒီကောင် မ တာ များပြီဆို… ခုပုံတွေထဲမှာလဲ သူ မ သွားတာတွေ ရှိတယ် ဟုတ်… 🙂 ရောင်းရတာကို ကြိုက်ပါတယ်… ဒါပေမဲ့ ဈေးနည်းသလားလို့… 🙁 ကျွန်တော်တို့ကတော့ မိသားစုဝင်တွေ ကြည့်တယ်… မန့်တယ် ဆိုပေမယ့် အပြင်လူဆို ဈေးနည်းတယ်ဗျာ… ဘောင်ဖိုးတောင် ရှိရဲ့လား.. 🙂 အဲဒါ ဘယ်ရုပ်သံလိုင်းလဲ မမှတ်မိဘူး… ဓာတ်ပုံ… ပန်းချီပြပွဲ… မန်းလေးမှာ လုပ်တာ တွေ ပြလို့.. စောင့်ကြည့်လိုက်သေး… နေရာကို မသိတော့ ဘာမှန်း သေချာ မသိလိုက်ဘူး… 😀

    • Mr. MarGa

      October 11, 2014 at 9:10 am

      အမ်
      ဒီလူရီးး ရန်လာတိုက်နေတယ်
      ဒီထဲက နှစ်ပုံ ပဲ မ တာပါဗျာ :mrgreenn:

  • Burmese Rose

    October 9, 2014 at 12:19 pm

    ဒါ့ပုံတွေ များများရောင်းရပါစေနော်။ ပို့စ်နာမည်ကိုလည်း အရမ်းအရမ်း (မဟားတရား)ကို ကြိုက်ကြောင်းပါ။

  • CharTooLan

    October 11, 2014 at 11:54 am

    ပြပွဲမှာဆိုဝယ်ရမှာလားမသိပေမယ့် ဒမှာဒေါ့အကုန်ဆေ့ယူသွားဒယ်လေးပေါက်ရေ…
    ကုသိုလ်တော်ည ၂ပုံလုံးကြိုက်နွန်းနို့ :k:

Leave a Reply