” ထ ထ “

ခင္ခOctober 4, 20141min1209

” ထ ထ ”

 

ကလေးလေးဘဝက

ငါချော်လဲတော့

ငါ့မြေးဘယ်နာသွားလဲ

အဖွားထူပေးမယ် ထထ။

 

ကလေးငယ်အရွယ်

ကျောင်းဝမှာချော်လဲတော့

သားဘယ်နာသွားလဲ

အမေထူပေးမယ် ထထ။

 

အထက်တန်းကျောင်းသားအရွယ်

အပြေးသွားရင်းချော်လဲလေတော့

သူငယ်ချင်းဘယ်နာသွားလဲ

သူငယ်ချင်းကထူပေးတယ် ထထ။

 

အလုပ်ကအပြန် မြို့ထဲလျှောက်စဉ်

အခန့်မသင့် ချော်လဲတော့

ကို ဘယ်နာသွားလဲ

အချစ် ကထူပေးတယ် ထထ။

 

အိမ်ပေါက်ဝအဝင်

ခလုတ်တိုက်ချော်လဲတော့

အဖေဘယ်နာသွားလဲ

သားတွေကထူတယ် ထထ။

 

ဘုန်းကြီးကျောင်းပရဝဏ်

အလှမ်းမတော်ချော်လဲတော့

အဖိုးကြီး ဘယ်နာသွားလဲ

အမေအိုကြီးဖေးမထူတယ် ထထ။

 

အခုတစ်ခါချော်လဲလေတော့

ဘေးမယ်ထူမည့်သူမရှိ

ရပ်လို့သာစိမ်းစိမ်းကြည့်နေသူကို

မင်းဘာကြည့်နေတာလဲ ငါကိုထူပါအုံး

ဆိုမိလေတော့ သူကပြန်ပြော

ငါက မင်းပြန်ထမှာကို မလိုလားဘူးတဲ့

မင်းဘယ်သူလဲ မေးလိုက်လေတော့

သူပြန်ပြောတယ် သေမင်းပါတဲ့

ငါ့မျက်လုံးမှိတ် အိပ်ရလေပြီ။

 

 

ခင်ခ။

 

 

9 comments

  • aye.kk

    October 5, 2014 at 4:31 pm

    ​သေမင်​းကအခ​ျိန်​အခါ
    ဘယ်​​နေရာရယ်​လို့မ​ရွေးမထူ​ပေးပါဘူး
    သတိပဌာန်​​ဆေးတခုသာထူနိုင်​စွမ်​းအားရှိပါသည်

    • ခင် ခ

      October 5, 2014 at 8:20 pm

      သတိပဌာန်ဆေးကို အချိန်မှီ သောက်နိုင်ကြပါစေပေါ့။

  • Kyaw Lay

    October 5, 2014 at 4:54 pm

    မျက်လုံးမှိတ်မအိပ်ခင် ကောင်းတာလေးတွေပဲလုပ်ကြပါစို့

  • naywoon ni

    March 31, 2015 at 12:06 am

    မင်​းကုသ နဲ့ ပပဝတီ လို “ပပ ” ထူမှ ထ မယ်​လို့ ​ပြောလိုက်​​ရေ​ပေါ့ ” ခခ ” ရယ်​ 🙂

  • Mike

    March 31, 2015 at 1:58 pm

    .သိပ်ဂွတ်တဲ့ သံဝေဂ ကဗျာလေးပေါ့ကိုယ်ခရာ
    .ခုခေတ်မတော့ ထူပေးမဲ့လူမရှိ..ကိုယ်ထူကိုယ်ထ တေါများလှသဗျာ :k:

  • uncle gyi

    March 31, 2015 at 10:32 pm

    ဟိုလူထူဒီလူထူတယ်ဆိုတာခဏပါ
    ကိုယ့်ဖာသာကိုယ်ထူနိုင်အောင်
    ဝိပသနာပါပါမှအမြဲထူနိုင်ပါမယ်လေ

  • Ma Ma

    April 1, 2015 at 7:32 am

    အရွယ်မတိုင်ခင်ကတည်းက ကိုယ်တိုင်ထူ ကိုယ်တိုင်ထ နိုင်မှ နေရာကျလိမ့်မယ်။
    ဆရာတော်တွေ ဟောကြားသလို သေမင်းက အသက်အရွယ်မရွေးဘူးလေ။ 🙁

  • aye.kk

    April 2, 2015 at 8:48 pm

    အိုဘေး
    နာဘေး
    သေဘေးကင်းတာ
    မဟာသတိပဌာန်ဆေး။

Leave a Reply