ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့
အလှူရှင်တွေ စုပေါင်းပြီး လာမယ့် တနင်္ဂနွေနေ့ (5.10.2014) တွင်
မန္တလေးမြို့ ၊ မြစ်ဆိပ် ကမ်းနားလမ်း ၊ ပေါ်တော်မူ ဘုရား အနီး ဧရာမေတ္တာတိုက်ခန်းတွေ နား က ကျူးတဲတွေ မှာ နေထိုင်ကြတဲ့ ကလေး လူကြီး ၂၀၀ ကျော် ကို ၀က်သား အချိန် ၂၀ ပိသာာ အရွက်ကြော် နဲ့ နေ့လည်စာ ကျွေးမွေးမှာဖြစ်ပါတယ်ခင်ဗျာ..

ထမင်းကိုတော့ ဘုန်းကြီးကျောင်း က ပိုနေတဲ့ ဆွမ်းတွေ ကို ဧရာမေတ္တာပရဟိတ အသင်းမှ အသင်းသားများက နေ့စဉ် ယူလာပြီး ခွဲဝေပေးပါတယ် ။

ကလေးတွေ က နေ့တိုင်း ၁၁ နာရီလောက်ဆို ထမင်းဖြူ ခွဲတမ်းရဖို့ လာပြီးတန်းစီစောင့်ကြပါတယ် ။
အိမ်ရယ်လို့ လုံလုံခြုံခြုံမရှိ ၊ စားစရာ အာဟာရပြည့်ပြည့်၀၀ သန့်သန့်ရှင်းရှင်း မရှိ ၊ ကိုယ့်သားလေး သမီးလေးရယ် လို့ ဂရုတစိုက် ယုယမယ့် မိဘတွေကလည်း ၀မ်းရေး တနပ်အတွက် မိုးလင်း မိုးချုပ် အလုပ်ကြမ်းလုပ်နဲ့ သူတို့ဘ၀လေးတွေက အရွယ်နဲ့မမျှ အပေအတေ ဆန်လှပါတယ် ။

ကျွန်တော်တို့ ကျွေးတဲ့ ထမင်းဟင်း တစ်နပ်ဟာ မကြီးကျယ်ပေမယ့် ၊ သူတို့ တစ်ဘ၀လုံးစာ မပြောင်းလဲနိုင်ပေမယ့် တစ်နပ်လေးဖြစ်ဖြစ် ပူပူနွေးနွေး အာဟာရရှိရှိ စားရပါစေ ၊ တစ်ခဏလေးဖြစ်ဖြစ် ပျော်ရွှင်မှုဆိုတာလေး သူတို့ရရှိပါစေလို့ ရည်ရွယ်ပါတယ် …

ငွေအားဒါနဖြစ်စေ လုပ်အားဒါနဖြစ်စေ
ကုသိုလ်တော်ပါဝင်နိုင်ရန် နိုးဆော်အပ်ပါတယ်ခင်ဗျာ…

ကျော်လေး >>> 095178877image-b6e2b353a65bd3b87b089302c86aa33a51496c5ff1452866b97288b9a32afdf4-V

image-a48294518fa7b3a7fc9600b122f911526727d571f0fa28bb1affa1734d4ed667-V

image-13a39261b6d4ff12a32f5de3102840917d5dabe6cac0f72e11a197a8127ac99c-V

About Kyaw Lay

Kyaw Lay has written 16 post in this Website..