စုပေါင်းအလူလေးအားဖိတ်ခေါ်ခြင်း

Kyaw LayOctober 5, 20142min1107

ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့
အလှူရှင်တွေ စုပေါင်းပြီး လာမယ့် တနင်္ဂနွေနေ့ (5.10.2014) တွင်
မန္တလေးမြို့ ၊ မြစ်ဆိပ် ကမ်းနားလမ်း ၊ ပေါ်တော်မူ ဘုရား အနီး ဧရာမေတ္တာတိုက်ခန်းတွေ နား က ကျူးတဲတွေ မှာ နေထိုင်ကြတဲ့ ကလေး လူကြီး ၂၀ဝ ကျော် ကို ဝက်သား အချိန် ၂ဝ ပိသာာ အရွက်ကြော် နဲ့ နေ့လည်စာ ကျွေးမွေးမှာဖြစ်ပါတယ်ခင်ဗျာ..

ထမင်းကိုတော့ ဘုန်းကြီးကျောင်း က ပိုနေတဲ့ ဆွမ်းတွေ ကို ဧရာမေတ္တာပရဟိတ အသင်းမှ အသင်းသားများက နေ့စဉ် ယူလာပြီး ခွဲဝေပေးပါတယ် ။

ကလေးတွေ က နေ့တိုင်း ၁၁ နာရီလောက်ဆို ထမင်းဖြူ ခွဲတမ်းရဖို့ လာပြီးတန်းစီစောင့်ကြပါတယ် ။
အိမ်ရယ်လို့ လုံလုံခြုံခြုံမရှိ ၊ စားစရာ အာဟာရပြည့်ပြည့်ဝဝ သန့်သန့်ရှင်းရှင်း မရှိ ၊ ကိုယ့်သားလေး သမီးလေးရယ် လို့ ဂရုတစိုက် ယုယမယ့် မိဘတွေကလည်း ဝမ်းရေး တနပ်အတွက် မိုးလင်း မိုးချုပ် အလုပ်ကြမ်းလုပ်နဲ့ သူတို့ဘဝလေးတွေက အရွယ်နဲ့မမျှ အပေအတေ ဆန်လှပါတယ် ။

ကျွန်တော်တို့ ကျွေးတဲ့ ထမင်းဟင်း တစ်နပ်ဟာ မကြီးကျယ်ပေမယ့် ၊ သူတို့ တစ်ဘဝလုံးစာ မပြောင်းလဲနို်င်ပေမယ့် တစ်နပ်လေးဖြစ်ဖြစ် ပူပူနွေးနွေး အာဟာရရှိရှိ စားရပါစေ ၊ တစ်ခဏလေးဖြစ်ဖြစ် ပျော်ရွှင်မှုဆိုတာလေး သူတို့ရရှိပါစေလို့ ရည်ရွယ်ပါတယ် …

ငွေအားဒါနဖြစ်စေ လုပ်အားဒါနဖြစ်စေ
ကုသိုလ်တော်ပါဝင်နိုင်ရန် နိုးဆော်အပ်ပါတယ်ခင်ဗျာ…

ကျော်လေး >>> 095178877image-b6e2b353a65bd3b87b089302c86aa33a51496c5ff1452866b97288b9a32afdf4-V

image-a48294518fa7b3a7fc9600b122f911526727d571f0fa28bb1affa1734d4ed667-V

image-13a39261b6d4ff12a32f5de3102840917d5dabe6cac0f72e11a197a8127ac99c-V

7 comments

  • ခင် ခ

    October 5, 2014 at 12:06 pm

    လှုဒါန်းမှုအတွက်တော့ သာဓုခေါ်ပါတယ်။
    ဒါနဲ့ အဲဒီကျူးတွေက အစိုးရကနေရာချပေးလိုက် အဲဒီချပေးတဲ့နေရာက အလုပ်နဲ့ဝေးကွာလို့ဆိုပြီး ရောင်းစားကာ ပြန်ရောက်ကျူးနေကြပြန်တာလို့ ကြားမိခဲ့တာ ဟုတ်လားဗျ။

  • မန်းလေးကမ်းနားလမ်းက ကျူးတွေက သူတို့ အတွက် မြေနေရာတွေ ပေး ခဲ့ ပါတယ်။

    ဒါပေမယ့် ကိုခ ပြောတဲ့ အတိုင်းပါဘဲ။

    ကိုကျော်လေးတို့ အလှူ ကို လမ်း လေးစား ပါ တယ်။

    ဒီနေ့ ကတော့ ဝင်ဖတ်တာ နောက်ကျ သွားလို့ မသိလိုက်

    နောက်ဆိုရင်အတူ ပါဝင်ပါ မယ်

    • Kyaw Lay

      October 5, 2014 at 4:22 pm

      ဟုတ်ကဲ့ပါကိုကြီးပေါက်ရေ အခုလိုပါဝင်ဆောင်ရွက်မယ်လို့ကြားတာ အတိုင်းမသိဝမ်းသာမိပါတယ်ဗျာ

  • kyeemite

    October 7, 2014 at 10:50 am

    .

    ထမင်းကိုတော့ ဘုန်းကြီးကျောင်း က ပိုနေတဲ့ ဆွမ်းတွေ ကို ဧရာမေတ္တာပရဟိတ အသင်းမှ အသင်းသားများက နေ့စဉ် ယူလာပြီး ခွဲဝေပေးပါတယ် ။

    .အဲ့ဒါသာကြည့်…ကုသိုလ်ပိုရတယ်ဆိုပြီး ဆွမ်းတွေစွတ်လောင်းနေကြတာ…
    .အဲ့လိုပိုပြီးလွှင့်ပစ်နေရတာဘယ်လောက်တောင်များနေမယ်မသိ…
    .ပိုတဲ့နေရာက လိုတဲ့နေရာပို့ပေးနေတဲ့ ဧရာမေတ္တာပရဟိတ အသင်း ကိုချီးကျူ းလေးစားမိပါတယ် :i:

    • Ma Ma

      October 7, 2014 at 10:50 pm

      အဲဒီလို ပိုတဲ့နေရာက လိုတဲ့နေရာကို မျှဝေပေးတဲ့ ကြားခံလူမှုရေးအဖွဲ့တွေဖွဲ့ပြီး လုပ်နေကြတာ ကြားဖူးတယ်။
      တခြားနိုင်ငံတွေတော့ မသိပေမယ့် အိန္ဒိယမှာတော့ ရှိတယ်ပြောတယ်။
      ပိုနေတာတွေ အလဟဿ မဖြစ်၊ မလေလွင့်၊ မဆုံးရှုံးလို့ အကျိုးနှစ်မျိုးရလို့ အင်မတန်ကောင်းပါတယ်။
      🙂

  • ကေဇီ

    October 7, 2014 at 12:51 pm

    ဒါ က ရွှေမိုးတိမ်ရဲ့ ဖဘက မ လာတာ။
    ဒီ အလှူ ရဲ့ အကြောင်းပါ။

    ~~

    မြစ်ဆိပ်ဖက် အေရာထွန်း တိုက်ခန်းများအနီး ကျူးတဲအိမ်များမှာ နေထိုင်ကြတဲ့ ကလေးငယ်များ (အယောက် 200 ကျော်ခန့်) ကို နေ့လည်စာ အလှူကျွေးမွေးမှာ ဖြစ်ပါတယ် ။
    ကလေးတွေ အတွက် ထမင်းကိုတော့ ဘုန်းကြီးကျောင်းမှ ပိုတဲ့ ဆွမ်းများကို ပရဟိတ အသင်းတစ်သင်းမှ ယူလာပြီး နေ့စဉ်ဝေပေးနေတယ်လို့ သိရပါတယ် ။
    မိဘတွေက ကျပန်းလုပ် ၊ သဲထမ်း ၊ အမှိုက်ကောက်ကြတာများတာမို့ ပညာရေးဆိုတာဝေးလို့ ဝမ်းရေးကိုတောင် အလျင်မီအောင် ဖြေရှင်းနေကြရတဲ့ဘဝလေးတွေပါ ။
    အလှူငွေ ပိုခဲ့ရင် ကလေးတွေ အတွက် ပေါင်မုန့် ၊ အချိူရည်လေးတွေ လှူနိုင်တာမို့ ကုသိုလ်ပါဝင်ချင်သူ သူငယ်ချင်းများ နည်း၊များ မဆို ပါဝင်လှူဒါန်းနို်င်အောင် ဖိတ်ခေါ်ပါတယ်။

    ဒီပုုံလေးတွေကို ကြည့်မိရင် တစ်ခုခုတော့ ခံစားရလိမ့်မယ်လို့ထင်ပါတယ် …

    ကျွန်တော် က တော့ နေ့တိုင်း နေ့တိုင်း စားစရာမပူပင် ရအောင် ထမင်းဝဝလင်လင် ကျွေးတဲ့ အိမ် က အဖေ နဲ့ အမေ ကို ကျေးဇူးတင်မိတယ် ။

    ကလေးတွေ ဟာ ရှိလှမှ အသက် သုံးလေးနှစ်က နေ ဆယ်နှစ် ပတ်ဝန်းကျင်လေးတွေ ။ မိဘတွေ က ဗလာကျင်းနေတဲ့ ထမင်းအိုး ဟင်းအိုးတွေ နဲ့ သူတို့ ကို ထားခဲ့ပြီး ဆိုက်ကားနင်း ၊ ကုန်တင်ကုန်ချ ၊ သဲထမ်း ၊ အမှိုက်ကောက် စတာတွေ လုပ်ဖို့ သွားလေရဲ့ ။ ဒါမှလည်း ပိုက်ဆံ ဆိုတာရမှာကိုးးး

    ဒါဆို အိမ်မှာကျန်နေတဲ့ သူတို့လေးတွေကရော ???
    ဧရာမေတ္တာဆိုတဲ့ လူမှုကူညီရေး ပရဟိတ အသင်းကနေ ဘုန်းကြီးကျောင်းမှာ ပိုနေတဲ့ ဆွမ်းတွေ ကို စုဆောင်းပြီး သူတို့တွေကို နေ့စဉ်ဝေပေးပါတယ်တဲ့ (ကျေးဇူးလည်းတင် ၊ သာဓုလည်းခေါ်မိပါတယ် )
    ကလေးတွေ အနေနဲ့ ထမင်းအဖြူတော့ မငတ်တော့ဘူးပေ့ါလေ ။ အမေ ထမင်းချက်ဖို့ဆန်မရှိလို့ ထမင်းအိုး မတည်ခဲ့နိုင်ဘဲ အလုပ်သွားရင်လည်း သူတို့ အငတ်နေစရာမလိုဘူးပေါ့ ။
    ဒါပေမယ့် ဟင်းကတော့ ဒီလူအုပ်ကို တာဝန်ယူဖို့ ဆိုတာ ဘယ်လွယ်ပါ့မလဲ …
    ကျွန်တော့ သူငယ်ချင်း Deo Gratais Thinzar က ကလေးတစ်ယောက်ကို မေးကြည့်တယ် ။

    နေ့တိုင်း ဟင်းနဲ့ စားရလားဆိုတော့ …
    မစားရဘူးတဲ့ ။ ဒီနေ့ ဝက်သားဟင်းနဲ့ ထမင်းစားရတာ အရမ်းပျော်တာပဲတဲ့လေ …
    ကလေးလေး က အသက်ငါးနှစ်လောက်ပေ့ါ ။ ဒါပေမယ့် သူ့ဘဝမှာ လောကဓံဆိုတာကြီး ကို ထုသားပေသား ကျ ခံနေရတဲ့ဘဝလေး ။

    ကျွန်တော်တို့ အိမ်မှာ ဟင်းမကြိုက်လို့ ဂျီးများမိတာ ရှိမယ် ။ မိဘ ကို ကိုယ်ကြိုက်တဲ့ ဟင်း မချက်လို့ ညူစူမိတာ ရှိမယ် ။ ပိုလျှံနေလို့ သွန်ပစ် ၊ လွှင့်ပစ်လိုက်ရတာ ရှိမယ် ..
    အဲ့လို အချိန်တွေ မှာ သူတို့ အတွက်ကတော့ ထမင်းဖြူ ကိုတောင် သူများလှူမှ နပ်မှန်အောင် စားရတဲ့ဘဝ တွေပါ ။

    မြန်မာပြည်မှာ ငတ်ပြီးသေတဲ့ မသာ ရှိတယ်လို့ ပြောကြတယ်
    ဝေးဝေး သွားကြည့်စရာ မလိုပါဘူး … မြို့ပြကနေ နည်းနည်းကလေးပဲ ထွက်ကြည့်လိုက်ပါ …
    မြို့ပြ လူတန်းစား နဲ့ မတူ …. လူပေမယ့် လူ လို မနေနိုင်တဲ့ ဘဝတွေ ကို ကျွန်တော်တို့ တွေ့နိုင်မှာ ။

    ကျွန်တော် ကလေးတွေကို ကြည့်မိတိုင်း သူတို့ တစ်ယောက်ချင်းစီအတွက် ပုံပြင် တစ်ပုဒ်ဆီရှိနေတာ ခံစားရတယ် …
    နှလုံးသားနဲ့ ဖတ်မှ နားလည်နိုင်မယ့် ပုံပြင် …
    ပျော်ရွှင်စရာမကောင်းတဲ့ ဇာတ်နာတဲ့ ပုံပြင် …
    နှလုံးသားနဲ့ ဖတ်ရှု့မယ့် ကျွန်တော့ သူငယ်ချင်းတွေ အတွက် သူတို့ ဘဝအကြောင်း ပုံပြင်လေးတွေ ကျွန်တော် ပြောပြချင်ပါသေးတယ် …
    ကျွန်တော်တို့ အလှူငွေ ပိုသေးလို့ နောက်တစ်ပတ်လည်း သွားပြီး ကျွေးဦးမယ်လို့ စဉ်းစားထားတယ် ။ ကျောင်းနေတဲ့ ကလေးတွေလည်းရှိလို့ စာအုပ် ၊ ခဲတံလေးတွေ ၊ အကျ်ီအဟောင်းလေးတွေလည်း အလှူခံပါတယ်နော် ။

Leave a Reply