ဒန်ပေါက်တွေ ဝယ်ဒယ် – KZ’s ထမင်းဆိုင် (Nasi Brayani)

ဇီဇီFebruary 23, 20154min45561

 

Nasi Brayani – (ဒံပေါက်ထမင်း)

ဟိ။
ဒန်ပေါက် (ဒံပေါက်) ဆိုလို့ ဒန်အိုးပေါက်လို့တော့မထင်လိုက်ပါနဲ့။
ခင်ဇော် တစ်နေ့တာ အစားချင်ဆုံး အစားအသောက် စာရင်းထဲမှာ ပါဝင်တဲ့ (ဒံပေါက်) ဒန်ပေါက်ရယ်ပါ။
စာရင်းထဲ ဘာတွေပါတုန်းဆိုတာတော့ ပြောပြဘူးးး၊ ဒီ ဧည့်သည်ကို ကြောက်သွားမှာ ဆိုးလို့။
ခိ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“

ပထမဆုံး ဒန်အိုး ဖောက်မဲ့ သူကတော့ စွယ်စုံ ကိုကို ကျောက်(စ) ဖြစ်ပါတယ်။
ဟိဟိ။

ကျောက်စ်တို့အရပ်က စိနတိုင်းဆိုတော့ အိန္ဒိယစာ အနှီဒံပေါက်က စိတ်ရှိတိုင်းဝယ်စားဖို့ မလွယ်လှပါဘူး ။
ဆိုင်မရှိဘူးလားဆိုတော့ ရှိတော့ရှိပါရဲ့ အရောင်အဆင်းကလည်း စွဲမက်လောက်ဖွယ်မရှိ ၊ အနံ့အရသာကလည်း ချိုချိုရဲရဲ ပါးစပ်ထဲမှာ အာမထိလျှာမထိမို့ စားချင်ရင် ကိုယ့်အားကိုယ်ကိုး ၊ အိမ်မှာပဲချက်စားရတာပေါ့ ခင်ဗျာ ။ မချက်တတ်ခင်ကတော့ အတော်လက်ဝင်မယ် ထင်ထားခဲ့ပေမည့် တကယ်တမ်းတော့ ထမင်းနဲ့ဟင်း သက်သက်စီချက်တာထက်စာရင် အချိန်ကုန်သက်သာ လူလည်းသက်သာပါတယ် ။
ကိုင်း… ကျောက်စ်ရဲ့ မြန်ဆန်လွယ်ကူ ကြက်သားဒံပေါက်အစိမ်းဖောက်ကလေးကတော့ ဒီလိုပါခင်ဗျာ ။
ကြက် အရွယ်တော် ၆ဝသားလောက် တစ်ကောင်ကို ခေါင်းတွေ ခြေထောက်တွေဖြတ်ပြီး လေးပိုင်းပိုင်း ၊
ဆား အချိုဇွန်း ဇွန်းတဝက် ၊
နနွင်း အချိုဇွန်း ဇွန်းတဝက် ၊
ပဲငံပြာရည် အကြည် စားပွဲတင် ၂ဇွန်း ၊
ဒိန်ချဉ် စားပွဲတင် ၁ဇွန်းနဲ့ နယ်ပြီး ရေခဲသေတ္တာအောက်ဆင့်မှာ တစ်ညလောက် နှပ်ထားလိုက်ပါတယ် ။
နောက်နေ့ရောက်မှ ကြက်သွန်ဥနီ တစ်လုံးကို ပါးပါးလှီး ၊
ဟင်းချက်ထောပတ် (Gee) စားပွဲတင် ၃ဇွန်းနဲ့
ရိုးရိုးဆီ စားပွဲတင် ၃ဇွန်းရောထားတဲ့အထဲမှာ ရွှေညိုရောင်ပေါက်လာအောင် ရွရွလေးကြော်ပြီး ဆယ်ထားလိုက်ပါတယ် ။
ဒံပေါက်ဆန် (Basmati Rice) နို့ဆီဗူး ၂လုံး (500g ခန့်) ကိုရေစင်အောင်ဆေးပြီး ထမင်းပေါင်းအိုးထဲမှာ ရေပုံမှန် ၊ ဆား အချိုဇွန်း ၂ဇွန်းနဲ့ မိနှစ် ၂ဝလောက် စိမ်ထားပါတယ် ။
ပြီးမှ အဲသည့်ဆီထဲကို သစ်ကြပိုးခေါက် လက်တဆစ်လောက်ထည့်ပြီးဆီသတ် ၊
မွှေးလာရင် နှပ်ထားတဲ့ ကြက်သားတုံးတွေကို တစ်ခုချင်းထည့်ပြီး မီးအနေတော်နဲ့ အရောင်ရဲပြီး အရေခွံတင်းလာရုံတင် ကြော်လိုက်ပါတယ် ။
ကြက်သားတုံးတွေ အရောင်လှသွားရင် ပြန်ဆယ်ပြီး ဆီကို သင့်တော်ရုံလောက် ပြန်လျှော့ပါ ။
ကြေညက်အောင်ထောင်းထားတဲ့ ဂျင်း စားပွဲတင် ၂ဇွန်း ၊
ကြက်သွန်ဖြူ စားပွဲတင် ၂ဇွန်း ၊
ဒံပေါက် မဆလာ (ဖာလာစေ့ ၃စေ့ ၊ လေးညှင်း ၆ပွင့် ၊ ဇီးသီးခြောက် သို့ သံပုရာသီးခြောက် တစ်လုံး မပါရင် ထည့်ပါ) 50g ၊
ဒိန်ချဉ် စားပွဲတင် ၅ဇွန်း ၊
နို့စိမ်း စားပွဲတင် ၂ဇွန်း တို့ကို သမအောင်မွှေ၍ ကြက်သား ၊ ဆီလက်ကျန်နဲ့ ရောပြီး မီးမျှင်းမျှင်းမှာ ၁၀-၁၅ မိနစ်လောက် လုံးချက်လေးချက်လိုက်ပါ ။
အိုးမကပ်အောင် သာသာလေး မွှေပေးပါ ။
ရေစိမ်ထားတဲ့ဆန်တွေကို ပေါင်းအိုးထဲမှာပဲ ၄ပုံ ၃ပုံလောက်ချက်ပါ ( ပေါင်းအိုးထဲကထမင်း ရေခမ်းစပြုချိန် ) ။
ထမင်းအနေတော်ပြီဆိုရင် ခလုပ်ပိတ်၍ ထမင်း အပေါ် ၄ပုံ ၃ပုံလောက်ကို ဖယ်ထုတ်လိုက်ပါ ။
လက်ကျန်ထမင်းအပေါ် ချက်ထားသော ကြက်သားနဲ့ ဟင်းအနှစ်များကို ဖြန့်ထည့်လိုက်ပါ ။
အပေါ်က ကြော်ထားတဲ့ကြက်သွန်တွေ ဖြူးလိုက်ပါ ။
ဖယ်ထုတ်ထားတဲ့ ထမင်းကို မုံလာဥနီ အတုံး ၊ ပဲစိမ်းစေ့ ၊ သီဟိုဠ်စေ့ ၊ စဗျစ်သီးခြောက်များနဲ့ အလွှာလိုက် ဖြန့်ထည့်ပါ ။
ကြိုက်တတ်ရင် ကရဝေးရွက်လည်း ထည့်ပါ ။
ပြီးမှ စဉ်းငယ်ခန့် Zarda အရောင်မှုန့်ကလေး ထမင်းပေါ် ကျဲကျဲလေးဖြူးပြီး ၁၅မိနစ်လောက် ပေါင်းအိုးခလုပ်ပြန်နှိပ်၍ နှပ်ထားလိုက်ပါလျှင် အထူးစပါယ်ရှယ် အရောင်စုံ အရသာထူး ကျောက်စ်ဒံပေါက်ကို ရပါပြီ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ ယောက်ခမ ဆာ ခေါ် ကို ဆာမိ ဖြစ်ပါတယ် ခင်ညားးး
နာမည်နဲ့ အစားအသောက် လိုက်တယ်နော်။ ဟိ

ပါဝင်ပစ္စည်းများ

– ဆန်နို ့ ့ဆီဗူး (၄)လုံး
– ကြက်သား (၆၀)သားခန် ့( ရင်အုပ်ပိုင်း ၊ပေါင်ပိုင်း )တစ်ကောင်လုံးအလေးချိန်၄၅ကျပ်သားခန့်ရှိကြက်
– စပျစ်သီးခြောက် (၅) ကျပ်သားခန် ့
– သီဟိုစေ ့ (၅) ကျပ်သားခန် ့ (မလှော်မှီ သဘာဝ)
– ပဲစိမ်းဗူးတစ်ဗူး
– ထောပတ် တစ်ဆယ်သားခန် ့ ( မြန်မာထောပတ်မရလျှင် မာဂျရင်း စမ်းသုံးကြည် ့ရန် )

– နို့စိမ်း ဗူးတစ်ဝက် (သို့ ) နွားနို့ တစ်ခွက်ခန် ့
– သစ်ဂျပိုးခေါက် (သို့) သစ်ဂျပိုး အမှုန် ့ အနည်းငယ်
– ကရဝေးရွက် (၆)ရွက်ခန် ့
– ဖာလာစေ ့ (၁၀)စေ ့ခန် ့
– လေးညှင်းပွင် ့ (၅)ပွင် ့
– ဆီ (၁၅) ကျပ်သားခန် ့
– ဆား ၊ ကြက်သွန်နီ ၊ ဒံပေါက်မဆလာ ……
(ဒံပါက် မဆလာမရှိလျှင် တစ်အိုးစာ မဆလာလုပ်နည်းကို အဆုံးတွင်ဖေါ်ပြပါမည် ။)
ဦးစွာပထမ ကြက်သားကို ဒံပေါက်ဆိုင်များမှ ပုံစံအတိုင်း ပေါင် ၊ရင်အုပ်ပို်င်း ခွဲခြမ်းပြီး ဆား၊ နွားနို့(သို့)
နို့စိမ်း ၊ ဟင်းခတ်မှုန် ့ ၊ ဒံပေါက်မဆလာ တို့ဖြင် ့ တစ်နာရီခွဲခန် ့ နှပ်ထားပါ ။ နှပ်နေစဉ်အတွင်း အထက်က
စပျစ်သီးခြေက်များ ၊ သီဟိုစေ့များကို ထောပတ်ဖြင် ့ဆီပူထိုး၍ ထောပတ်ဆီသပ်သပ် ၊ ကြော်ပြီး သား
စပျစ်ခြောက်နှင် ့ သီဟိုစေ ့များကိုသပ်သပ်ခွဲထားပါလေ ….။
ထို့နောက် …..နှပ်ထားချိန်စေ့ပါက ထမင်းပေါင်းအိုးအတွင်းသို့ ၄င်း ကြက်သားများကိုအောက်တွင်
စီ၍ ထည် ့ရပါမည် ….။ (လျှပ်စစ်ထမင်းပေါင်အိုးဖြင် ့ ချက်၍ရသည် )ကြက်သွန်နီသုံးမွှာခန့်ထောင်း၍
ထိုကြက်သားများနှင် ့ရောနယ်ပြီး ထည် ့ပါလေ ……..။ကြက်သားများနှပ်ထားစဉ်က
ထွက်ရှိသော အရည်များကိုရောမထည် ့သေးပဲ ရေထည် ့မည် ့အခါမှသာ ရေချိန်အတိုင်းတွက်ချက်၍
ထည် ့ရပါမည် ၊ သို့မဟုတ်ပါက ရေအချိုးများပြီး ထမင်းပျော ့မည်ဖြစ်ပေသည် ။
ကြက်သားတုံးများထည် ့ပြီးပါက ဆီတစ်ဆယ်သားခန် ့ ကိုထည် ့ရမည် …။ ပြီးနောက် …..ရေဆေးပြီး
အသင် ့စစ်ထားသော ဆန်ကို ၎င်းကြက်သားတုံးများပေါ်မှ ညီညာစွာဖြန် ့ထည် ့ရမည် ။ ဆန်များနှင့်အတူ
သစ်ဂျပိုးခေါက် သုံးလေးစခန် ့ ၊ ကရဝေးရွက် (၆)ရွက် ၊ နှင် ့ ပဲစိမ်းဗူး တစ်ဝက်ခန် ့ကိုသမမျှတစွာ ရော၍
ထည် ့ပါလေ …..။ဖာလာစေ့နှင် ့ လေးညှင် းပွင် ့ တို့ကို ကြက်သားနှင် ့အတူ ထည် ့ရန်မမေ ့ပါနှင် ့ …..။
ဆန်ထည် ့ပြီးပါက စောစောက ကြက်သားမှထွက်ရှိသောအရည်များ အပါအဝင် မိမိထည် ့နေကြ ရေခန်း
ချက်နည်းအတိုင်းရေကိုချင်တွယ်၍ထည် ့ပါ ။ ဆန်အမျိုးအစားမတူလျှင် လည်းကောင်း ဆန်သစ် ဆန်ဟောင်း
မတူလျှင်လည်းကောင်း ရေအချိုးကွာနိုင်သဖြင် ့ မိမိ ထည် ့ချက်နေကျပုံစံအတိုင်း ထည် ့စေခြင်းဖြစ်သည် ။
(ဆန်သစ်နှင် ့ လုံးဝ မချက်ပါနှင် ့) ရေထည် ့လျှင် ညင်သာစွာထည် ့ရပါမည် ..။ အသားများပေါ် ဖုံးအုပ်
ထားသော ဆန်များ ပုံမပျက်စေရန်ဖြစ်သည် ။
ပြီးနောက် …ထမင်းအိုးကိုပံမှန်အတိုင်း ချက်ပြီး ထမင်းနပ်သောအခါ ချက်ခြင်းမချသေးပဲ မိနစ်နှစ်ဆယ်ခန် ့
ထပ်၍နှပ်ပါလေ …..။ နောက်ဆုံးအကြိမ်နှပ်ပြီးပါက အထက်က ဆီပူထိုးခဲ ့သော သီဟိုစေ ့ နှင် ့ စပျစ်ခြောက်
တို့ကို အိုးထဲသို့ ဖြူး၍ထည် ့ပြီးလျှင် ယခင်က သပ်သပ်ဖယ်ထားသော ထောပတ်ဆီများကို အဆိုပါထမင်း
အိုးထဲသို့ မျှတစွာ လောင်းထည် ့ပါ ။ အရောင်ဆိုးလိုပါက ဖျော်ထားသောဆေးရောင် အနည်းငယ်ကို
ထိုအချိန်တွင် ပက်ဖျန်းရမည်ဖြစ်သည် ။ ပြီးလျှင် …(၁၀) မိနစ်မျှ အဖုံးပိတ်ပြီး ပြန်နှပ်ပါ ။ ထို့နောက် အဖုံး
ကိုဖွင် ့၍ ထမင်းများကို ခတ်တုံးတုံးယောက်မ (သို့) ထမင်းခတ်ဖိုက်ဘာဇွန်းဖြင် ့ အထက်အောက် သမပြီး
အောက်ဆုံးမှ ကြက်သားတုံးများကို သီးသန် ့ ဖယ်ထုတ်ထားပါ ။ ယခုအချိန်မှစပြီး ရွာသူားတို့အကြိုက်
စတင်သုံးဆောင်နိုင်ပြီ ဖြစ်ပါသည် …..။
မဆလာစပ်နည်း ။ ။ ဇီယာစေ့ စတီးဇွန်းတစ်ဇွန်း ၊ ဖာလာစေ့ (၇)စေ ့ ၊လေးညှင်းပွင် ့ (၃)ပွင် ့
နာနတ်ပွင် ့ဖတ် (၃)ဖတ် တို့ကို မီးမကျွမ်းစေအောင်လှော်ပြီး ညက်အောင်ထောင်းပါ ။
အသား (၆၀)သားခန့်အတွက် တစ်အိုးချက်အချိုးဖြစ်သည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

နောက်တစ်ယောက်ကတော့ တညား ချစ်ချစ် အီးဇီးကွတ် မမဝေ ခေါ် ဝေဝေ ဖြစ်ပါတယ်။
ဟိဟိ။

ရန်ကုန်မှာဆိုရင် ဒန်ပေါက်ကို အလွယ်တကူဆိုင်မှာဝယ်စားလို့ရနိုင်ပေမယ့် နယ်မြို့မှာနေသူများနဲ့ နိုင်ငံရပ်ခြားမှာနေသူများအနေနဲ့ ဒန်ပေါက်ကောင်းကောင်းစားချင်ရင် ကိုယ်တိုင်ချက်စားမှသာ အဆင်ပြေပါတယ်။ ထမင်းပေါင်းအိုးနဲ့တင် အလွယ်ချက်စားနိုင်တဲ့ နည်းလမ်းတစ်ခုကို စမ်းသပ်ချက်စားကြည့်ပြီး မိသားစု ၄ ယောက်စာ အလွယ်တကူချက်စားနည်းလေး မျှဝေပေးချင်ပါတယ်။
ကြက်သားနဲ့ထမင်းကို ခွဲပြီးချက်ထားပါတယ် …

.
ပါဝင်ပစ္စည်းများ

  • ဆန် …. နို့ဆီဗူး ၂ ဗူး
  • ထောပတ် …. စတီးဇွန်း ၃ ဇွန်း
  • သစ်ကျားပိုး၊ ကရဝေးရွက်၊ လေးညှင်း၊ စမုံစပါး၊ ဖာလာစေ့၊ နာနတ်ပွင့် … အနည်းငယ်စီ
  • ကြက်သွန်နီကြော် …. အနေတော် ၃ လုံးစာခန့်
  • ဆား၊ သကြား …. သင့်တော်သလိုထည့်ရန်
  • အရောင်မှုန့် … အရည်ဖျော်ပြီးသား နဲနဲ
  • ပဲစိမ်းစေ့၊ သီဟိုစေ့၊ စပျစ်သီးခြောက်များကို နှစ်သက်ပါက ထည့်လို့ရပါသည်။

ချက်ပြုတ်နည်းအဆင့်ဆင့်

  • ဆန်ကိုရေဆေးပြီး ယခင်ထမင်းချက်နေကျအတိုင်း ဆန်နှင့်ရေအချိုးအတိုင်း ထမင်းပေါင်းအိုးထဲတွင် ထည့်ပြီးချက်ပါမယ်။
  • ရေစဆူသည့်အချိန် တစ်ဖက်မီးဖိုပေါ်တွင် ထောပတ်ဆီပူအောင်တည်ပြီး သစ်ကြားပိုး၊ ကရဝေးရွက်ထည့်ပြီး ၂ စကန့်လောက်ဆီသတ်ပါမယ်။
  • ပြီးရင် လေးညှင်း၊ စမုံစပါး၊ ဖာလာစေ့၊ နာနတ်ပွင့်တို့ကို ဆီပူထဲထည့်ပြီး ချက်ခြင်းမီးပိတ်လိုက်ပါမယ်။
  • ဆီသတ်ပြီးသားအားလုံးကို ထမင်းအိုးထဲထည့်၊ ဆား၊ သကြားထည့်ပြီး ယောင်းမနှင့်မွှေပြီး ခဏနှပ်ပါမယ်။
  • အားလုံးကျက်ခါနီးအချိန်မှာ ဆိုးဆေးနဲနဲ၊ ကြက်သွန်နီကြော်ထည့်မွှေပြီး အိုးပိတ်ကာ ပြန်နှပ်ထားပြီး ထမင်းအိုးခလုပ်တက်ပြီး ၁၅ မိနစ်လောက်နေရင် အနံ့အရသာပြည့်စုံတဲ့ ဒါန်ပေါက်ထမင်းရပါပြီ။
  • ပူစီနံရွက်ဝယ်လို့အဆင်ပြေပါက ထမင်းနပ်ခါနီးမှာ ပူစီနံရွက်နဲနဲထည့်ပြီး နှပ်စားပါက အနံ့ပိုကောင်းပါတယ်။
  • ကြက်သားဟင်းကို သီးသန့်ချက်ထားပါတယ်။
  • သရက်သီးသနပ်၊ ဘလချောင်ကြောင်၊ သခွားသီးအချဉ်နှင့် ချဉ်ပေါင်ဟင်းရည်တို့နှင့် အလွန်လိုက်ဖက်ညီသည့် ဒန်ပေါက်ထမင်းဖြစ်ပါတယ်။

 

ကြက်သားဟင်းကို ဝေ့ ချက်နည်းထဲကပဲ ယူလိုက်ပြီ။
ကျနော် ကိုယ်တိုင် စားခဲ့ဖူးတဲ့ ဟင်းမို့ ဒီ ချက်နည်း အလွန်စားကောင်းပါကြောင်း ရဲရဲကြီး အာမခံလိုက်သည်။
https://myanmargazette.net/34672

ပါဝင်သောပစ္စည်းများ …

ကြက် အကောင်ခပ်သေးသေး (၁) ကောင် .. ၃၅ ကျပ်သားခန့်

ကြက်သွန် အနီ (၂) ဥ … ကြက်သွန်ဖြူ နဲ့ ဂျင်း သင့်တော်သလိုထည့် ..

သစ်ကြားပိုး .. ကုလားဝေး … ကုလားမဆလာ

ဆား .. ဆနွင်း .. ငံပြာရည် .. ငရုတ်သီးအစိမ်းမှုန့်

ချက်ပြုတ်ပုံအဆင့်ဆင့်

ကြက်တစ်ကောင်ကို (၄) တုံးတုံးပြီး ဆား ဆနွင်းနဲ့ ငံပြာရည်နယ်ပြီး တစ်နာရီခန့်ထားပါသည် ..

အသားထဲ အရသာဝင်စေရန်ဖြစ်ပါသည်။

ဒိန်ချဉ်ရှိပါက အနည်းငယ်ထည့်ပြီး နယ်ထားလျှင် ပိုကောင်းပါသည်။

ဒါန်အိုးထဲကို ဆီ (မခန့်မှန်းတတ်ပါ) သင့်တော်သလိုထည့်ပြီး ဆီဆူလာလျှင် ကြက်သွန် ဖြူနီဂျင်း ထောင်းထားတာကိုထည့်ပြီး ဆီသတ်ရပါမည် …

ကြက်သွန်များ နွမ်းပြီး မွှေးလာသည်အထိ စိတ်ရှည်ရှည်ဆီသတ်ရပါမည် ..

ထို့နောက် သစ်ကြားပိုးနဲ့ ကုလားဝေးရွက်ကိုထည့်ပြီး ဆီသတ်ပါသည် …

အဲဒီနောက် ငရုတ်သီးအစိမ်းမှုန့် (အရောင်တင်မှုန့်) ထည့်ပြီး ခေတ္တမွှေပေးပါသည်။

ထို့နောက် အသင့်နယ်ဖတ်ထားတော့ ကြက်သားကိုထည့်ပြီး မွှေးလာသည်အထိထားပါသည်။

မဆလာ အနည်းငယ်ကိုပါ ထည့်ပြီး မွှေပေးပါတယ် …

ရေထွက်တာကုန်ပြီဆိုလျှင် နောက်ထပ် သင့်တော်သလောက်ရေထည့်ပြီး အဖုံးအုပ်ကာ ကြက်သားများနူးသည်အထိ တည်ထားရုံပါပဲ … ကျက်ခါနီး ဆီပြန်ခါနီးမှာ မဆလာမှုန့်အနည်းငယ်ထပ်ထည့်လိုက်ပါသည် …

အလွန်မွှေးကြိုင်ပါသဖြင့် တခြားအခန်းမှ သူများ အနံ့ရပြီး ဗိုက်ဆာကုန်ပါသည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

~~~~~~

နောက် တစ်ယောက်ကတော့ ယောက်ခမွ သဲ ခေါ် မွသဲ ပါ။
ဟိဟိ။

.

ဒန်ပေါက် ပါဝင်ပစ္စည်းများ
– ဘာစမာတီဆန်နို ့ ့ဆီဗူး (၄)လုံး
– ကြက်သား (၆၀)သားခန် ့( ရင်အုပ်ပိုင်း ၊ပေါင်ပိုင်း )တစ်ကောင်လုံးအလေးချိန် ၄၅ကျပ်သားခန့် ရှိကြက်
– စပျစ်သီးခြောက် (၅) ကျပ်သားခန် ့
– သီဟိုစေ ့ (၅) ကျပ်သားခန် ့ (မလှော်မှီ သဘာဝ)
– ပဲစိမ်းဗူးတစ်ဗူး
– ထောပတ် တစ်ဆယ်သားခန် ့ ( မြန်မာထောပတ်မရလျှင် မာဂျရင်း စမ်းသုံးကြည် ့ရန် )
– နို့စိမ်း ဗူးတစ်ဝက် (သို့ ) နွားနို့ တစ်ခွက်ခန် ့
– သစ်ဂျပိုးခေါက် (သို့) သစ်ဂျပိုး အမှုန် ့ အနည်းငယ်
– ကရဝေးရွက် (၆)ရွက်ခန် ့
– ဖာလာစေ ့ (၁၀)စေ ့ခန် ့
– လေးညှင်းပွင် ့ (၅)ပွင် ့
– ဆီ (၁၅) ကျပ်သားခန် ့
– ဆား ၊ ကြက်သွန်နီ ၊ ဒံပေါက်မဆလာ ……
ဦးစွာပထမ ကြက်သားကို ဒံပေါက်ဆိုင်များမှ ပုံစံအတိုင်း ပေါင် ၊ရင်အုပ်ပို်င်း ခွဲခြမ်းပြီး ဆား၊ နွားနို့(သို့) နို့စိမ်း ၊ ဟင်းခတ်မှုန် ့ ၊ ဒံပေါက်မဆလာ တို့ဖြင် ့ တစ်နာရီခွဲခန် ့ နှပ်ထားပါ ။
နှပ်နေစဉ်အတွင်း အထက်က စပျစ်သီးခြေက်များ ၊ သီဟိုစေ့များကို ထောပတ်ဖြင် ့ဆီပူထိုး၍ ထောပတ်ဆီသပ်သပ် ၊ ကြော်ပြီး သား စပျစ်ခြောက်နှင် ့ သီဟိုစေ ့များကိုသပ်သပ်ခွဲထားပါလေ ….။
ထို့နောက် …..နှပ်ထားချိန်စေ့ပါက ထမင်းပေါင်းအိုးအတွင်းသို့ ၄င်း ကြက်သားများကိုအောက်တွင်စီ၍ ထည် ့ရပါမည် ….။ (လျှပ်စစ်ထမင်းပေါင်အိုးဖြင် ့ ချက်၍ရသည် )
ကြက်သွန်နီသုံးမွှာခန့်ထောင်း၍ ထိုကြက် သားများနှင် ့ရောနယ်ပြီး ထည် ့ပါလေ ……..။
ကြက်သားများနှပ်ထားစဉ်က ထွက်ရှိ သော အရည် များ ကိုရောမထည် ့သေးပဲ ရေထည် ့မည် ့အခါမှသာ ရေချိန်အတိုင်းတွက်ချက်၍ထည် ့ရပါမည် ၊ သို့မဟုတ်ပါ က ရေအချိုးများပြီး ထမင်းပျော ့မည်ဖြစ်ပေသည် ။
ကြက်သားတုံးများထည် ့ပြီးပါက ဆီတစ်ဆယ်သားခန် ့ ကိုထည် ့ရမည် …။
ပြီးနောက် …..ရေဆေးပြီး အသင် ့စစ်ထားသော ဆန်ကို ၎င်းကြက်သားတုံးများပေါ်မှ ညီညာစွာဖြန် ့ထည် ့ရမည် ။
ဆန်များနှင့်အတူ သစ်ဂျပိုးခေါက် သုံးလေးစခန် ့ ၊ ကရဝေးရွက် (၆)ရွက် ၊ နှင် ့ ပဲစိမ်းဗူး တစ်ဝက်ခန် ့ကိုသမမျှတစွာ ရော၍ ထည် ့ပါလေ …..။
ဖာလာစေ့နှင် ့ လေးညှင် းပွင် ့ တို့ကို ကြက်သားနှင် ့အတူ ထည် ့ရန်မမေ ့ပါနှင် ့ …..။
ဆန်ထည် ့ပြီးပါက စောစောက ကြက်သားမှထွက်ရှိသောအရည်များ အပါအဝင် မိမိထည် ့နေကြ ရေခန်း ချက်နည်းအတိုင်းရေကိုချင်တွယ်၍ထည် ့ပါ ။
ဆန်အမျိုးအစားမတူလျှင် လည်းကောင်း ဆန်သစ် ဆန် ဟောင်း မတူလျှင်လည်းကောင်း ရေအချိုးကွာနိုင်သဖြင် ့ မိမိ ထည် ့ချက်နေကျပုံစံအတိုင်း ထည် ့စေ ခြင်းဖြစ်သည် ။
(ဆန်သစ်နှင် ့ လုံးဝ မချက်ပါနှင် ့) ရေထည် ့လျှင် ညင်သာစွာထည် ့ရပါမည် ..။
အသားများပေါ် ဖုံးအုပ် ထားသော ဆန်များ ပုံမပျက်စေရန်ဖြစ်သည် ။
ပြီးနောက် …ထမင်းအိုးကိုပံမှန်အတိုင်း ချက်ပြီး ထမင်းနပ် သော အခါ ချက်ခြင်းမချသေးပဲ မိနစ်နှစ်ဆယ်ခန် ့ ထပ်၍နှပ်ပါလေ …..။
နောက်ဆုံးအကြိမ်နှပ်ပြီးပါက အထက်က ဆီပူထိုးခဲ ့သော သီဟိုစေ ့ နှင် ့ စပျစ်ခြောက် တို့ကို အိုးထဲသို့ ဖြူး၍ထည် ့ပြီးလျှင် ယခင်က သပ်သပ်ဖယ်ထားသော ထောပတ်ဆီများကို အဆိုပါထမင်း အိုးထဲသို့ မျှတစွာ လောင်းထည် ့ပါ ။
ပြီးလျှင် …(၁၀) မိနစ်မျှ အဖုံးပိတ်ပြီး ပြန်နှပ်ပါ ။
ထို့နောက် အဖုံး ကိုဖွင် ့၍ ထမင်းများကို ခတ်တုံးတုံး ယောက်မ (သို့) ထမင်းခတ်ဖိုက်ဘာဇွန်းဖြင် ့ အထက်အောက် သမပြီး အောက်ဆုံးမှ ကြက်သားတုံးများကို သီးသန် ့ ဖယ်ထုတ်ထားပါ ။
ယခုအချိန်မှစပြီး ရွာသူားတို့အကြိုက် စတင်သုံးဆောင်နိုင်ပြီ ဖြစ်ပါသည် …..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ တညား အချစ်တော် ဝါး/ဝူး/ဝိုး/ဝေါင်း ရဲ့ အင်မတန် အီးဇီးကွတ်လက်ရာ။

ခိခိခိ

 

  • ကြက်တစ်ကောင်ကို ပေါင်နှစ်တုံး ရင်ပုံနှစ်တုံး ၄ခြမ်းခြမ်း (၄၅ ကျပ်သားလောက် အကောင်ဆိုအတော်ပဲ)
  • ပီးရင် ဒိန် ဂျင်း ကြက်ဖြု၊ ကြက်သွန်နီကြော်ပီး အအေးခံ၊ ဆား၊ ရသာမှုန့် ဒန်ပေါက်မဆလာနဲ့နယ် နာရီဝက်လောက်နှပ်ထား၊
  • ဆိုင်တွေမာ ဒန်ပေါက်အရောင် အဝါ ဝယ်၊ လှချင်ရင် အနီပါဝယ်၊
  • ပဲစိမ်းက ရယ်ဒီမတ်ဝယ်လို့ရတယ်၊
  • စပျစ်သီးခြောက် သီဟိုစေ့ ကြိုက်ရင်ထဲ့၊
  • ဒန်ပေါက်ဆံက ဆံကြောမာမှကောင်းတော့ ပေါ်ဆန်းဆိုသိပ်မကောင်းဘူး တောင်ပျံမ၊
  • ထမင်းအိုး ဆန် တစ်လုံးခွဲကို ဆူအောင်တည် ဆန်ကြောဆန့်ပီး နှပ်ရတဲ့အနေဆို ဆယ်ပီးစကာနဲ့စစ်ထား၊
  • ခုန နယ်ထားတဲ့ကြက်သားကို ပေါင်းအိုးအလွတ်ထဲစီထဲ့ အနှစ်တွေထဲ့ ဆီထဲ့၊
  • ပီးရင် ခုန ထမင်းရည်စစ်ထားတဲ့ ထမင်းကို တစ်ထပ်ထဲ့လိုက်
  • အဝါရောင်ကို ဆားနဲနဲ သကြားနဲနဲ ရေဖြော်ထားတာ နဲနဲစီပက်
  • အပေါ်ဆုံးအလွာ အနီရောင် အမှုံ့ နဲနဲဖြန့်ထည့်
  • စပျစ်သီး၆နဲ့ သီဟိုစေ့ အပေါ်ဆုံးမာထဲ့ ပီးရင် ထမင်းပေါင်းအိုး ခလုပ်နှိပ်ပီးပေါင်းလို့ရဘီ

ကျက်ရင်စားလို့ရဘီ ၄ယောက်စာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခု နောက်ဆုံး နည်း က ဗေတားနည်းး၊ တောင်းတော့ ဒီ အတိုင်းပဲ ပေးတယ်။
ဟိဟိ။
• သစ်ကြမ်းပိုး, ကရဝေး, ဖာလာ, နာနတ်ပွင့်, စမုံးစပါး, ငြုပ်ကောင်း, လေးညှင်း, (စပိတ်တစ်, ဒိုင်းမွန်းဆဲဗင်း အဲယောင်လိုု့ အာ့ပါဘူး) တို့ရောပြီးး ပိတ်စနဲ့ထုပ် ထိပ်ကစည်း
• ထမင်းအိုးထဲကို ထည့် ချက်
• ဆားနဲနဲထည့် နော်
• ပြီးရင် ကြက်သား ကဒိန်ချဉ် ဆား ဆနွင်း ဒန်ပေါက်မဆလာ နယ်ထားတာကို ထုံးစံအတိုင်းချက်
• ကြက်နူးရင် ကြက်သွန်နီကြော်ထားတာကို သပ်သပ်ဖယ်ထားတာကိုရော
• သကြားနဲနဲထည့် အနှစ်များများရအောင်
• ပြီးမှဒန်ပေါက်မဆလာ ထပ်အုပ်ပြီး ချ
• ခုနက ထမင်း မကျက်ခင်ရေဆူရင် သီဟိုလ် စေ့နဲ့ စပျစ်သီးခြောက် ရော
• ထမင်းနပ် ရင် ပဲသီးစိမ်းနူးအောင်ပြုတ်ထားတာကို ရေ ကာလာ အဝါ အနီ ထည့် မွေလိုက်ရင် ဒန်ပေါက်ဖြစ်ပါပြီ
• ပြီး မှ ခုနက ကြက်ချက်ထားတဲ့ အနှစ် ကို ရောနယ် သို့မဟုတ် သပ်သပ်စီစား ပေါ့
• တစ်ချိုးကတော့ သပ်သပ်သီချက်ပြီး ထမင်း သိပ်မနပ်ခင်မှာ ချ လို့
• ကြက်သားကို အောက်ဖက်ကထား ထမင်း အပေါ်တင် ကာလာဖြန်း
• ကြက်သွန် ကြော်ဖြူးပြီး ပြန်နှပ်ထား
• စားခါနီးမှအောက်နဲ့အပေါ်မျှအောင်းခူးခပ် ပေးကြတယ်
• the end
• အဲအဲ အချဉ် မေ့တော့မလို့
• သခွားသီး ကြက်သွန်နီ ပူစီနံ ငြုပ်သီးစိမ်းပါးပါး လှီး ထားတာကို ဒိန်ချဉ်နဲ့ရော ဆားထည့်
• ရိုက်သာ လို့ကုလားလိုခေါ်တယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

ချက်တတ်တဲ့သူများ ကျန်နေရင် ကော်မန့်မှာ ပြောသွားပေးကြပါနော်။

~~~~~~~~

(ဖွဘုတ်က မွဘုတ်ရဲ့ နည်း ၂ မျိုး)
(ဖွဘုတ်က မွဘုတ်ရဲ့ နည်း ၂ မျိုး)

 

 

(ဖွဘုတ်က မွဘုတ်ရဲ့ နည်း ၂ မျိုး)

1) ဖြစ်သလို ဇာတ်ပျက် ဒန်ပေါက်

မွန်ဂိုတံဆိပ် Basmati ဆန်ကို နာရီဝက်ရေစိမ်
ရိုက်ကွပ်ကာချိန်ခွက် ဖြင့်ဆန်တစ်ခွက်အတွက်
ဆန်တစ်ခွက် လူတစ်ယောက်နှုန်း
ရေ ၂ ခွက်နည်းနည့်လျှော့
နို့စိမ်း ၁/ ၄ ခွက်
ှကြက်သွန်ကြော် ထမင်းစားဇွန်း တစ်ဇွန်း
ထောပတ် တစ်ဇွန်း
ဆား သကြား သင့်ရုံ
ထမင်းပေါင်းအိုး အကြီးအသေးကိုလိုက်၍
ကရဝေး ဖာလာ လေးညှင်း သစ်ကြမ်းပိုး အနည်းငယ်ဖြင့် ထည့်ချက်ပါ

မှတ်ချက်
စပျစ်သီး အနည်းငယ်
ဗန်ဒါစေ့ အနည်းငယ်
သီဟိုစေ့ အနည်းငယ့်
ကြက်သွန်ကြော် ချေထားတာကို ထမင်းနပ်ခါနီးရေခန်းမှ အပေါ်ကဖြူး ပြီးပါက
မီးခလုပ် ကို နှပ်ပြီးနောက်တစ်ခါလောက်ထပ်နှိပ်ပါ

ကြက်သွန်ကြော်ကို ဆီသန့်သန့်ဖြင့်ကြော်ပါ
ဆနွင်းမထည့်ရ ကြက်သွန်ကြော်ဆီကို ကြက်သားနှပ်ရန်နှင့် ထမင်းထဲသို့ လိုအပ်လျှင် ထည့်ရန် သုံးပါမည်

ဒန်ပေါက်အတွက် အရောင်မှာ မူရင်း ရည်ရွယ်ချက်ကတော့ ရင်မပူစေရန် ကုံကမံ saffron ကို နွားနု့ိ့နှင့်စိမ်ပြီ ထည့် ပါသည်
ခုနောက်ပိုင်းတော့ ကိတ် သို့ အအေးဖျော်ရန် အရောင်များအစားထိုးသုံးကြသည်

ကြက်သား နှပ်နည်း
ဒိန်ချဉ် ဆား နနွင်း ချင်းနှင့်ကြက်သွန်ဖြူ အရည် တို့ဖြင့် နယ်ပါ
နှစ်နာရီခန် ထားပြီးကြက်သွန်ကြော်ထားသောဆီ ကို ထောပတ်အနည်းငယ်ရောပြီး ကရဝေး ဖာလာ လေးညှင်း သစ်ကြမ်းပိုး အနည်းငယ်စီဖြင့် ဆီသတ်ထဲသို့ ကြက်သားတစ်ထပ် ကြက်သွန်ကြော် ချေထားတာ တစ်ထပ် ပေါ်သို့ ကြက်နှပ်ထားသော အရည်များပါလောင်းထည့် မီးအေးအေးဖြင့်နှပ်ထားပါ
ကိုယ်ကြိုက်တဲ့ အစေ့ အဆန်တွေ ပိုထည့်လို့ရတာတော့ သဘောပေါက်
~~~~~~~~~~~~~~~~~~~~~~~~~
2) ဒန်ပေါက် အစစ် အရိုးခံချက်နည်း

ပညာသားက ခုမှစတာ ။အရိုးခံဆိုတာ အရိုးခံချက်လို့ပါ ရှင်းပါတယ်

ကြက်အလည်ရိုး နှင့် အသည်းအမြစ်များကိုလည်း ထုံးစံအတိုင်းရောနယ်ထား တဲ့အပေါ်ကနေ M n M လို ကြက်ကလေးတွေကိုတန်းစီပါ
ဆားနဲ့ ကရဝေး သစ်ကြမ်းပိုး ဖာ လာ လေးညှင်း ရေဆူ ဆူထဲ့ နာရီဝက်လောက်ရေစိမ်ထားတဲ့ ဆန် အနေတော်လောက်မှာ ဆယ်ပြီးရေစစ်ထားတာတွေ
အသားပေါ်ကနေ ဆန်တစ်ထပ် ကြက်သွန်ကြော် တစ်ထပ် ထည့်လာလိုက်တာ ကန်ထရိုက်တိုက်လို အပေါ်ဆုံးထပ်ရောက်ရင်
အစေ့အဆန်တွေ ပေါ်ကနေ ထောပတ်ဆီ ကြက်သွန်ကြော်ဆီ ကုံကမံ သို့ food colour ထည့်ပြီး မီးပေါ်မတင်မီ အငွေ့လုံအောင် ့သတင်းစာရေဆွတ် အိုးအနားတွေ ပိတ်ပါ
အရေးအကြီးဆုံး မဆလာ ကတော့ ရိုးသားစွာ အချိန်အဆ ရေးထားတာလည်းပါမလာ မှတ်လည်း မမှတ်မိတော့ပါ
ထုံးစံအတိုင်း ရမ်းသမ်းပြီး လုပ်ပါမယ်
ဇိယာ နဲ့ နံနံ ဆတူ ထဲကို ကရဝေး ဖာလာ လေးညှင်း သစ်ကြမ်းပိုး နည်းနည်းစီ သင့်ယုံ

ပဲနံသာနည်းနည်းပဲထည့်
များရင်ခါးပါတယ်
သဲစင်အောင် ရေဆေး သန့်စင် အခြောက်ခံ လှော်ပါ

61 comments

  • Kaung Kin Pyar

    February 23, 2015 at 10:10 am

    ဟားးးးး အစုံပဲ….။ ဟိုဒံပေါက်ဆိုင်က အတော်ညစ်ပတ်တယ် ကြားပြီးနောက်ပိုင်း ဒံပေါက်ဝယ်မစားဖြစ်တာတောင် ကြာပြီ….။ ဟိုတစ်ခေါက် မဝေါင်းလာစားတဲ့ဆိုင်က ဒံပေါက်လဲ ပါးစပ်ထဲမကြိုက်ဘူး ဖြစ်နေတာနဲ့ မစားဖြစ်….။
    လာမယ့်အပတ် ပိတ်ရက်တော့ ခရီးမထွက်ဖြစ်တာနဲ့ အလုပ်ရသွားပြီ….။
    ခရီးမထွက်ဖြစ်မယ့်အတူတူတော့ ဒါလေးတွေ ကော်ပီသွားပါတယ်….(ပိန်ဦးတော့မယ်….)။ :k:
    ဒါနဲ့ ထမင်းကာလာအတွက်ကို ဘာသုံးလဲဟင်…မချွိ

    • ဦးကြောင်ကြီး

      February 23, 2015 at 10:12 am

      ကင်းကောင်လေး စာမဲဆို ကြက်အစား ကြောင်ကိုထည့်ချက်လိုက်ပါရား…။ ကင်းကောင်စားတာ ဒါချဉ်ရို့စ်

      • Kaung Kin Pyar

        February 23, 2015 at 10:17 am

        ကြောင်အသဲက ညှီတယ်ကွီ….
        :k:

    • ခင်ဇော်

      February 23, 2015 at 11:24 am

      ထမင်း ကာလာ အတွက် သူတို့ ပြောသွားတယ်။
      ဟိ။
      ရန်ကုန်မှာတော့ မမဝါးကို မေးကြည့်။
      ဘယ်မှာ ဝယ်လို့ရလဲ ဆိုတာ။
      :chit:

    • Wow

      February 23, 2015 at 12:04 pm

      ထမင်းကာလာက ဒီမာတော့ ပရဆေးဆိုင်တွေမှာ အစားအသောက်ဆိုးဆေး ဒန်ပေါက်ကာလာလို့ ပြောရင်သိတယ် ကင်းကောင်လေး အဝါရောင်နဲ့ အနီရောင်ကြိုက်ရင်ထဲ့ :sar:

      • Kaung Kin Pyar

        February 23, 2015 at 1:04 pm

        ဟုတ် မဝါး ကျေးကျေးပါ….။ ဒါဆို ဖာလာတို့ စမုံစပါးတို့ဝယ်ရင်း ဝယ်လို့ရတာပေါ့နော်……။ အဝါရောင်နဲ့ အနီရောင် ရိုက်တယ်….။ အများကြီးတော့ မထည့်ရဲဘူး….
        🙂

        • Wow

          February 23, 2015 at 2:05 pm

          ဟုတ်တယ် အရောင်များသွားရင်မကောင်းဘူး၊ နဲနဲဆီပက်တော့ အဖြူတစ်ချို့အဝါတစ်ချို့နဲ့ ပိုလှတယ် :kwi:

    • မွသဲ ( 17082011 )

      February 23, 2015 at 7:08 pm

      City Mart မှာ Food Colour အဆီပုလင်းလေးတွေ Bakery တန်းမှာဝယ်လို့ရတယ်

      • Kaung Kin Pyar

        February 25, 2015 at 10:14 am

        .ရှာကြည့်ဦးမယ်….မွသဲ…။ ကျေးဇူးပါပဲ…။
        :chit:

  • ဦးကြောင်ကြီး

    February 23, 2015 at 10:10 am

    ကွတ်တွေအထဲမှာ တီတီသဲကိုဗဲ ခြစ်တယ်..။ သူစီမံယာ နှာဂံမယ်..

    တီသဲတူမောင်ကြောင်ကြီး

    • ခင်ဇော်

      February 23, 2015 at 11:24 am

      တူမလေး မက်နှာနဲ့
      ဟွန့်။
      👿

  • Mr. MarGa

    February 23, 2015 at 10:12 am

    ဒုက္ခပဲ
    အကြိုက်ဆုံးထဲမှာပါနေတယ်
    ဘယ်သူချက်ကျွေးမလဲငင်
    :mrgreenn:

    • ခင်ဇော်

      February 23, 2015 at 11:23 am

      ခုတော့ မန်းလေး မှာ ဆို ကေမီမွန် ကျွေးမဲ့ အလှူရှာ လိုက်စားလိုက်။
      ဟိ

      :k:

      • Mr. MarGa

        February 23, 2015 at 11:32 am

        အဲ့ဒါက သပ်သပ်
        ခုက homemade အတွက် စားဖိုမှူး ရှာတာ :mrgreenn:

  • weiwei

    February 23, 2015 at 10:17 am

    ဒန်​​ပေါက်​ဆိုင်​ ဖွင်​့မယ်​လို့ ကြိုသတင်​းရလို့ တန်​းစီထားတာ​တောင်​မှ ကိုယ်​့ထက်​ဦးသူ​တွေ ရှိ​နေ​သေးတယ်​။

    • ခင်ဇော်

      February 23, 2015 at 11:21 am

      ဟီးဟီးးး
      အေးလေနော်။
      အရင်ဆုံး သိတဲ့လူက နောက်ကျနေပြီ။

      :k:

  • Ma Ma

    February 23, 2015 at 10:53 am

    ချက်တတ်တဲ့သူများ ကျန်နေရင် ကော်မန့်မှာ ပြောသွားပေးကြပါနော်…. လို့ ရေးထားတာကို
    စားတတ်တဲ့သူများ ရှိရင် ကော်မန်မှာ ပြောပေးသွားပါ ….. လို့ သိသိကြီးနဲ့ မှားဖတ်ပြီးးးး
    စာရင်းပေးသွားသည်။ :k:

    • ခင်ဇော်

      February 23, 2015 at 11:21 am

      စားတတ်သူများ တန်းစီတဲ့ထဲမှာ သများရှေ့ဆုံးကပါ။
      ဟိ။

      :sar:

  • ခင်ဇော်

    February 23, 2015 at 11:26 am

    http://myanmargazette.net/171349
    ဒန်ပေါက်ကြိုက်သူများအတွက် မြန်မာဒန်ပေါက်ဆိုင်လိပ်စာနှင့်ဖုန်းနံပါတ်များ- zaw win
    ~~~~~~~~~~~~~~~~~~~
    ၁။ Hello ဒန်ပေါက်၊ အမှတ်-၈၊ ဦးဖိုးထူးလမ်း၊ သာဓုအနောက်ရပ်ကွက်၊ ကြည့်မြင်တိုင်။ ဖုန်း – 0943176040 , 0973107993, 095093740
    ၂။ ချန်ပီယံဒန်ပေါက်၊ အမှတ်-၁၅၊ ၃လမ်း၊ ဟံသာရိပ်မွန်အိမ်ယာ၊ (၄)ရပ်ကွက်၊ ကမာရွတ်မြို့နယ်။ (ဘုရင့်နောင်တာဝါအနောက်၊ လှည်းတန်းကုန်းဆင်း) ဖုန်း – 727168, 527889
    ၃။ ကောင်းသန့်ဒန်ပေါက်၊ အမှတ် (၂/ဘီ)၊ ပါရမီလမ်းမကြီး၊ ချော်တွင်းကုန်းမီးပွိုင့်နှင့်မဉ္ဖူလမ်းကြား၊ ရန်ကင်းမြို့နယ်။ ဖုန်း-703415, 098627378
    ၄။ ဦးဆန်းမင်း ဒန်ပေါက်၊ အမှတ် (၈၈၇)၊ အေးသိဒ္ဒိလမ်းသွယ်(၁)၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်။ ဖုန်း – 09 73077323
    ၅။ ရသာမွန်ဒန်ပေါက်၊ အမှတ်(၂၈)၊ အောင်ချမ်းသာလမ်း၊ (၅)ရပ်ကွက်၊ ဆင်မလိုက်၊ ဟံသာရိပ်မွန်အိမ်ယာ၊ ကမာရွတ်မြို့နယ်။ ဖုန်း -535460
    ၆။ စိတ်တိုင်းကျဒန်ပေါက်၊ မပိုလမ်း၊ မြေနီကုန်း။ ဖုန်း-535564,09 9927394
    ၇။ ဦးပြာလောင်ဒန်ပေါက်၊ က/၀၁၊ ကန်ဦးကျောင်းလမ်း၊ ဖော့ကန်ရပ်ကွက်။ ဖုန်း-645927
    ၈။ မွန်ထမင်းဆိုင် (ဦးဘရှင်+ဒေါ်မြင့်မြင့်စိန် ဒန်ပေါက်)၊ မီးရထားလိုင်းအတွင်း၊ အင်းစိန်မီးရထားစက်ခေါင်းစက်ရုံလမ်း၊ ဆိုင်အနီးဖုန်း (နေ့) 643955
    အမှတ်-၇၈၆/၁၄၊ အိမ်စု(၃)လမ်း၊ ပိန္နဲကုန်း၊ အင်းစိန်။ အိမ်အနီးဖုန်း-(ည)642900
    ၉။ ကောင်းစံကျော်ဒန်ပေါက်၊ ၁၁၄၊ ပထမထပ်၊ ၁၉လမ်း(အပေါ်ဘလောက်)၊ ၂ရပ်ကွက်၊ လသာမြို့နယ်။
    ဖုန်း-09 73077981
    ၁၀။ ဝိသာခါရသာဒန်ပေါက်၊ အမှတ်-၁၈၂၊ ကျိုက္ကဆံလမ်း၊ ကျောက်မြောင်းဈေး၊ တာမွေ။ ဖုန်း-0943029957,0943032099

    ~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဒါ ရန်ကုန်က မြန်မာ ဒန်ပေါက် လိပ်စာတွေတဲ့။ ဟိ။

    :k:

    • ခင်ဇော်

      February 23, 2015 at 11:31 am

      ၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင် ဝါးစားပြီးမှ ထမင်းစားပါ။

      အဆိပ်အတောက် ကင်းပါသည်။

      ~~~~~~~~~~~~~~~~~~~~~~
      ဒါက မနိုဗီရဲ့ ပို့(စ) ထဲက http://myanmargazette.net/209732
      အန္တရာယ်ကင်းအောင် စားသောက်နည်းများ- Novy

    • မွသဲ ( 17082011 )

      February 23, 2015 at 7:11 pm

      ကုသိုလ်ဒန်ပေါက်
      အမှန် ၆ ပါရမီလမ်းမကြီး။ ပါရမီစိန်ဂေဟာအနီး
      ၀၉၇၃၂၃၁၀၅၀
      ၀၉၄၄၈၀၀၈၁၆၂

  • ခင်ဇော်

    February 23, 2015 at 11:29 am

    http://myanmargazette.net/153109
    စဉ်းစားကြစေလိုပါတယ် ( ၃၉ ) ( ဒန်ပေါက် )- Foreign Resident
    ~~~~~~~~~~~~~~~~~~~~~

    ဒါက ဘဖောရဲ့ ပို့(စ) ထဲက ဒံပေါက်ဆိုင်တွေ။
    ဟိ။
    ဒီ ပို့(စ) ကို ပြန်ရေးတဲ့ အနေနဲ့ ဆာဆာက ဒံပေါက်ချက်ပြတာ။
    :mrgreen:

  • black chaw

    February 23, 2015 at 11:32 am

    အကြိုက်ဆုံး အစားအစာထဲမှာ ဒံပေါက်ပါတယ်…။
    ဒံပေါက်ကို ဆိုင်စုံအောင် စားဖူးတယ်…။
    မင်္ဂလာ ဈေးနားက ကြက်လျှာစွန်း (မူရင်း) ကို အကြိုက်ဆုံးပဲ…။
    KSS…၊ နီလာ…၊ မြေနီကုန်း တင်အေး…၊
    တို့ကတော့ မဆိုးတဲ့ အထဲပါတယ်ပေါ့…။
    ကောင်းကြိုက် ဒံပေါက်ကိုတော့ တစ်ခါစားဖူးတယ်…။
    ဘလက်ချောကြီး အကြိုက်ထဲ မပါဘူး…။
    မြန်မာဒံပေါက်ကို မကြိုက်ရကောင်းလားလို့ ဆဲလည်း ခံရတော့မှာပဲ…။
    အခုနောက်ပိုင်း အိမ်မှာအလှူလုပ်ရင် ဆင်မလိုက်က
    ချန်ပီယံ ဒံပေါက် ကို အော်ဒါမှာလေ့ရှိတယ်…။
    စားလို့တော့ကောင်းပြီး ဈေးနည်းနည်း ကြီးတယ်…။
    တစ်ပွဲ ၂၄၀ဝ ဆိုလား…၊ အခု…ဈေးတက်သွားပြီလားတော့ မဆိုနိုင်ပါဘူး…။
    အဲဒါလည်း မြန်မာဒံပေါက်ပါပဲ…။
    ဘလက်ချောကြီးမှာ သောက်မြင်ကတ်စရာ အကျင့်ဆိုးတွေများစွာရှိနေတာကို
    ဒီဒံပေါက်ပို့စ်မှာ ဖြောင့်ချက်ပေးခဲ့ပါရစေ…။
    ဘလက်ချောကြီးဟာ ဟင်းစား အလွန်ကြီးပါတယ်…။
    ကြိုက်လို့ကတော့ ဟင်းကုန်တဲ့အထိ ထမင်းထည့်မဆုံးတော့ပါဘူး…။
    မကြိုက်တဲ့ ဟင်းဆိုလို့ကတော့ နည်းနည်းပဲစားပြီး လက်စသတ်ပစ်လိုက်တတ်ပါတယ်….။
    ဆိုတော့…။
    လာပါပြီ…ဒံပေါက်…။
    ဘလက်ချောကြီးက လှည်းတန်း ဦးထွန်းလင်းခြံလမ်းမှာ နှစ်အတော်ကြာ
    နေခဲ့ဖူးပါတယ်…။
    အဲဒီလမ်းထဲက သူငယ်ချင်းတွေဟာ အလှူဟေ့ဆိုရင် ဒံပေါက်တစ်ပွဲကို
    ကြက်သား ၂ တုံး စားရမှ အာသာပြေတတ်တဲ့ ကောင်တွေပါ…။
    ကျွန်တော်လည်း သူတို့နဲ့ ပေါင်းနေတဲ့ အချိန်ဆိုတော့
    ဒံပေါက်တစ်ပွဲ ကြက်သား ၂ တုံး စားတတ်တဲ့ အကျင့်ကြီးက
    အခုအထိ စွဲနေတော့တာပါပဲ…။
    ကြက်လျှာစွန်း ဆိုင်ထဲ ဝင်သွားပြီဆိုရင် ဒံပေါက်တစ်ပွဲဟေ့ လို့
    ပြောပြီး ကြက်သားတစ်တုံး လိုက်မယ် ဆိုတာ အော်တိုတွဲပြောမိရက်သား
    ဖြစ်နေတတ်ပါတယ်…။
    နောက်နောင်များ ရွာထဲက မိတ်ဆွေများ
    ဘလက်ချောကြီးကို အလှူဖိတ်လို့ ဒံပေါက်ကျွေးမယ်ဆိုရင်
    ကြက်သား ၂ တုံး စီစဉ်ပေးနိုင်အောင်လို့
    ကြိုတင်အသိပေးတဲ့ သဘောပါ…။
    နောက်…ကျွန်တော် ဒံပေါက်ပို့စ်တိုင်းမှာ ပြောဖူးပါတယ်…။
    ဝက်သားဒံပေါက် လေးများ စားလိုက်ရရင်ဆိုတဲ့ စကား…။
    တကယ်စားချင်တာပါ…။
    သုံးထပ်သားအိအိလေးနဲ့ ဒံပေါက် ၁ ပွဲလောက် အားရပါးရစားပြီး
    လဖက်ရည် ပေါ့ကျလေးတစ်ခွက်နဲ့
    Lucky Strike စီးကရက်လေး တစ်လိပ်လောက်ခဲလိုက်ရရင်ဖြင့်
    အို…လူဖြစ်ကျိုးနပ်ပါပြီဗျာ…။
    ပို့စ်ထဲမှာပါတဲ့ ဒံပေါက် ရေးရာ ကျွမ်းကျင်သူ မိတ်ဆွေများအနေနဲ့
    သနားသဖြင့် စီစဉ်ကျွေးမွေး ကြပါရန်
    ရိုကျိုးနှိမ်ချစွာ တောင်းပန်အပ်ပါသည် ခင်ဗျား…။
    အမီတာဘလက်…။
    :k:

    • ခင်ဇော်

      February 23, 2015 at 11:37 am

      ဝက်သားဒံပေါက် ရှိတယ် ကိုဘက်။
      မနေ့က ဝီကီတော့ တွေ့လိုက်တယ်။
      ဟိဟိ။
      :mrgreenn:

      ဟင်းစားက ကျနော်လည်း ကြီးတယ်။
      အဖိုးဆီက ဟင်း ဒီ အတိုင်းစားတဲ့ အကျင့် ပါလာ။
      :mrgreenn:

      နောက်ခါ သများလာရင် ဒံပေါက် အစိမ်းဖောက်လေးမြန်း ကျွေးဂျဘာ။

      :sar:

  • black chaw

    February 23, 2015 at 11:37 am

    ဆောဒီးဆောဒီး…။
    မြန်မာ ဒံပေါက်ဆိုင်က ကောင်းသန့်ခင်ဗျ…။
    ကောင်းကြိုက် ဟုတ်ဝူး…။
    အာ့ပြန်လာပြောရင်း…ပွိုင့်လေးလည်း တစ်ခါတည်း
    ယူသွားပါတယ်ကွယ်…။
    :k:

  • အောင် မိုးသူ

    February 23, 2015 at 12:07 pm

    ကြိုက်တဲ့အစားအစာထဲ ဒန်ပေါက်လည်းပါတယ်။ ရယ်ဒီမိတ်ဒန်ပေါက်လေးကို ချက်စားတာလည်းအတော်ကောင်းတယ် ဒါတောင် ချက်တတ်မှ။ ခု ပြထားတဲံ ဒါန်ပေါက်ချက်နည်းတွေ ချက်စားကြည့်ဦးမှပဲ။ စင်ကာပူမှာစားခဲ့တဲ့ ဒန်ပေါက်တော့ တစ်စက်မှ မကောင်းဘူး။

    • ခင်ဇော်

      February 23, 2015 at 12:19 pm

      အမ ရယ်ဒီမိတ် ဒံပေါက်ကို မစားဖူးသေးဘူးးး
      စလုံးက ဒံပေါက်က မူစတာဖာ နားက ပါကစ်စတာနီ ဒံပေါက်ပဲ ပါးစပ်တွေ့တယ်။
      ဟိ။

      :sar:

  • တောင်ပေါ်သား

    February 23, 2015 at 12:37 pm

    သားတော်မောင်နဲ့ ကွာချက်
    အနော်က ဒန်ပေါက်သိပ်မကြိုက်
    နွားနိူ့ မလိူင် အနံ့ကို မခံနိူင် ( အဲဒါနဲ့ပတ်သက်ပြီး ရည်းစားတောင် အကွဲခံခဲ့တာ )

    နောက်မှ ပို့စ်တင်ဦးမယ် 🙂

    ဘာပဲဖြစ်ဖြစ် ဖတ် မှတ်သွားပါကြောင်း

    • ခင်ဇော်

      February 23, 2015 at 12:41 pm

      ဟယ်။
      အာ့ကြောင့် ပိန်တာ ဥမျိုးးး
      🙂

  • Ma Ei

    February 23, 2015 at 1:18 pm

    အရောင် အသွေး မပါကြေးပြောရရင်ဖြင့်
    ဒန်ပေါက်ဆို ကြက်လျှာစွန်း ပြီးရင် နီလာ
    ဒါဘဲကြိုက်တယ်…
    🙂

    • ခင်ဇော်

      February 23, 2015 at 1:46 pm

      ခက်တာက ရန်ကုန် ဒံပေါက် မစားဖူးဘူးးး
      အဟမ်းးး

      :k:

      • Ma Ei

        February 23, 2015 at 2:26 pm

        နောက်၁ခေါက်ပြန်လာရင် ကျွေးမယ်နော်…

        • ခင်ဇော်

          February 23, 2015 at 2:38 pm

          နောက်ခေါက်ပြန်လာရင် စားမယ်နော်။

          :sar:

  • အလင်းဆက်

    February 23, 2015 at 1:45 pm

    ဒီနည်းတွေကို
    ဒီလသတင်းစာမှာ သူကြီး ပြောထားသလို
    သတင်းလိုက်ထားတာလား ငင်

    :k:

    ဒံပေါက်ဆို အသေရရ အရှင်ရရ
    .ဖွေးဖွေးနဲ့ ထပ်တူထပ်မျှ ကြိုက်နေမိတယ်ကွယ်

    • ခင်ဇော်

      February 23, 2015 at 1:51 pm

      အဲနည်းတွေက
      မမဂျီးက ရှလွတ်ခမ်လေးနဲ့ ရရင် ရ
      မဟုတ်ရင် အမာခမ်လေးနဲ့ ဖူးစာဖက်ရင်ဖက်မှ ရတော့မယ်။

      :k:

  • Novy

    February 23, 2015 at 2:24 pm

    ငယ်ငယ်တုံးက ဒံပါက်အစိမ်းဖေါက်ချက်တက်တယ်
    အထုဘယ်လိုလုပ်ပြီး ဘယ်လိုချက်ရမယ်ဆိုတာမေ့တွားပြီ

    အသက်ကလေးရလာတော့ သတိတွေမကောင်းတော့ဘူးကွယ်

    • ခင်ဇော်

      February 23, 2015 at 2:36 pm

      ဟာ၊၊ မရဘူး။ မွနို က အသက်ငယ်သေးတယ်။
      မရဘူးးး
      ပြန်စဉ်းစားပေး

      :k:

  • ဦးကျောက်ခဲ

    February 23, 2015 at 2:39 pm

    အဟိ ဒီ ပို့စ်ကို မန့်ဖို့ အာရပ်ဒန်ပေါက်ရေးလိုက်တာ တစ်ပုဒ်စာလောက်ချိတွားလို့…
    ပို့စ်အသစ်တင်လိုက်ပါဘီ … တွဲဖက် ဖတ်ရှူကြစေလို…
    http://myanmargazette.net/210949
    :k:

  • ခင်ဇော်

    February 23, 2015 at 2:49 pm

    အာရပ် တွေ အတော် အစားကြူးတာပဲ။
    :k:

    ကိုယ်မှ မစားရတာ။
    မနာလိုဘူးး ။။.
    ပြောမှာပဲ။
    :mrgreenn:

  • Crystalline

    February 23, 2015 at 2:54 pm

    ဆိတ်သားဒံပေါက်..အမဲသားဒံပေါက်ရော..ကြိုက်ကြဝူးလား.. ဝက်သားဒံပေါက်လည်းကောင်းမှာပဲ.. :loll:

    • ခင်ဇော်

      February 23, 2015 at 2:57 pm

      ဪ။
      ခုလေးတင် ဟိုဘက် ကျောက် ရဲ့ ပို့(စ) မှာပြောလာတာ။
      ခု ကြိုက်သွားပြီလို့။
      ဟိ
      ဒါကတော့ ခြေလေးချောင်းသားရှောင်သူတွေ အတွက် ချက်ပေးကြတာမို့။
      :k:

  • pooch

    February 23, 2015 at 3:49 pm

    ချက်ကြပါ ချက်ကြပါ
    ချက်နိုင်တဲ့သူတွေ ချက်ကြပါလေ

    ကိုယ်ကတော့ စားပဲစားချင်တာ မချက်ချင်ဘူး
    အဲ့တော့ ဝယ်ပဲစားမယ်
    ရေခြားမြေခြားရောက်ပြီး ကွကိုယ်ချက်မှ စားရမယ်ဆိုရင်တော့ ငတ်သေမလား မသိဘူး 😥

    နောက်ပြီး တောထဲသွားပြီး အငတ်ငတ်အပြတ်ပြတ်နေကျင့်လည်းရှိလာတော့ အစာလည်း မရွေးတော့ပြန်ဘူး
    ဆာနေတဲ့အချိန် ဗိုက်ပြည့်ဖို့ အဓိက ဆိုပြီး ဘာလာလာဒေါင်းတော့တာပဲ
    အဲ့တုန်းကလည်း အဖွဲ့ထဲ မိန်းကလေး ၄ ယောက်ပဲ ပါတာ ယောက်ျားလေးက ဟန်းကောနဲ့ ထမင်းချက်ကျွေးတာများ ကော့နေတာပဲ သူများတွေလို မနူးမနပ်မစားခဲ့ရဘူး

    နောက်ဆုံးရက်မှာ ထောပတ်ထမင်းတောင် စားခဲ့ရတယ်

    ကိုယ်က သူတို့ ချက်ပြီး ချောင်းထဲရေဆော့ရင်း ဆေးကြောတာဝန်ယူတာ ဟီး :mrgreenn:
    သူတို့ကလည်း ပြောရှာတယ် ဘုရားရှိခိုးပုတီးစိတ်တဲ့သူတွေ ထင်တယ်တဲ့
    စားချင်ရင် အသင့်မို့

    • ခင်ဇော်

      February 23, 2015 at 3:51 pm

      ကေမီမွန် ဒံပေါက် ဒီတစ်ခေါက်စားခဲ့တယ်။
      အခေါက်တိုင်း လွဲနေတာ ဒီတစ်ခေါက် အဝ စားခဲ့တယ်။
      ဟိ။ ဒံ အစိမ်းဖောက်

      :sar:

  • Mike

    February 23, 2015 at 3:49 pm

    .ဒန်ပေါက်တွေချက် လက်စွမ်းပြနေလိုက်ကြတာ အနံ့တောင်ရလာတယ်…
    .ကျုပ်လည်း ကိုဘလက်လိုပဲ..မင်္ဂလာ ဈေးနားက ကြက်လျှာစွန်း (မူရင်း) ကို အကြိုက်ဆုံးပဲ :k:

    • ခင်ဇော်

      February 23, 2015 at 3:54 pm

      ကြက်လျှာစွန်းက ငယ်ကတည်းက ကြားဖူးပီး မစားဖူးဘူးးး

      :k:

  • Shwe Ei

    February 23, 2015 at 4:52 pm

    -သများ ဒီညနေ ဒံပေါက်ဝယ်စားမယ် 🙂

  • မွသဲ ( 17082011 )

    February 23, 2015 at 7:15 pm

    ယောက်ခမွကပေါင်းအိုးနဲ့မချက်ဘူး။ မီးသွေးနဲ့ချက်တာ။ အများစာဆိုရင်။ ထည့်တဲ့အချိုးပုံစံကတော့အတူတူပဲ။ ပီးမှအပေါ်မီးများများ အောက်မီးနဲနဲလေးနဲ့နပ်သည်ထိစိတ်ရှည်ရှည်နှပ်တယ်။ နောက်ဆုံးတခုကျန်တာက အကုန်ကျက်ပြီဆိုရင်တူနှစ်လက်ထောပါတ်ကို အရည်ဖျော်ပြီူအပေါ်ကလောင်း အဖုံးအုပ်ထား။ ကျွေးခါနီးထမင်ူအိုးဖွင့်ရင်တအားမွှေးနေလိမ့်မယ်

    • ခင်ဇော်

      February 23, 2015 at 8:18 pm

      ဖတ်ရင်း အနံ့ရလာသလိုလို

      :sar:

  • naywoon ni

    February 23, 2015 at 7:25 pm

    မချက်​တတ်​ဘူး စားတတ်​တယ်​ သိန်​း၁၅၀ဝ ​ပေါက်​ရင်​ အဲ့သူ​တွေ အိမ်​​ခေါ်ပြီး တစ်​​ယောက်​တစ်​ရက်​ ချက်​ခိုင်​းပြီးစားမယ်​ ။ ခု​တော့ ထီထိုးဖို့ ပိုက်​ဆံ ​ချေးခဲ့ကြဦး 🙂

    • ခင်ဇော်

      February 23, 2015 at 8:20 pm

      အာ့လူတွေ အကုန်ခေါ်ဖို့ သများကို အရင်ခေါ်မှ ရမယ်။
      ထီပေါက်တာ သေချာမှ လာမှာနော်..

      :k:

  • kai

    February 24, 2015 at 12:08 am

    ဘာလို့ဒါန်ပေါက်ခေါ်တာလည်းဆိုတာ.. သိချင်..။
    ဆိုတော့…
    နောက်လ.. သတင်းစာထဲထည့်မယ်နော.. ဒါန်ပေါက်တွေကို…။ :k:

    • ခင်ဇော်

      February 24, 2015 at 7:39 am

      အိုဗျာ
      တဂျီးနှယ်။
      အခေါ်အဝေါ်တွေက အရေးမကြီး စားကောင်းဖို့ အရေးကြီးတာကို။
      ဟိ။
      အမှန်တော့ မသိဘူးး
      ရှာလို့လည်း မရဘူးးး
      :k:
      ~~~~
      သီတင်းစာထဲက ထည့်ဖို့ စဉ်ပေးလိုက်မယ်

      :k:

  • padonmar

    February 24, 2015 at 7:25 pm

    ငယ်ငယ်က မကြာခဏစားရတဲ့ သံဈေးမောင်စိန်ဒန်ပေါက်ပဲကြိုက်တယ်။

    • Ma Ma

      February 24, 2015 at 11:37 pm

      သမ္မတကြီးဦးနေဝင်း ဒန်ပေါက်လို့လည်း ခေါ်သပေါ့။ 🙂

  • Shwe Ei

    February 26, 2015 at 11:24 am

    -ဟိုနေ့က SSC နားက ရွှေမြန်ဒံပေါက်ဝယ်စားလာတယ်..
    -စားကောင်းဘူး…ထမင်းနဲ့ ကြက်သားပြုတ်စားရသလိုဘဲ 😛

    • ခင်ဇော်

      February 26, 2015 at 11:32 am

      ဒံပေါက် တကယ်မကောင်းရင် ထမင်းကျန်ဟင်းကျန်နဲ့နယ်ထားတာတွေကို စားရသလိုပဲ။

      :a:

    • မြစပဲရိုး

      February 27, 2015 at 4:38 am

      ဟယ် ….
      အပေါ်ပိုင်း က စာ တွေဖတ်ပြီး သွားရည် တမြားမြား ဖြစ်နေချိန် မှာ ဒင်း တို့ နှစ်ကောင် မှတ်ချက် နဲ့ တွန့် သွားရော။
      . ကောင်းပါလေ့။ lol:-)))))

  • ခင်ဇော်

    March 19, 2015 at 12:01 pm

    http://www.wutyeefoodhouse.com/?p=3235%2F
    ~~~~~~~~~~~~~~~~~~~

    မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။
    မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။
    ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။
    ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…

    ဒန်ပေါက်တွင် ပါဝင်ပစ္စည်းများ
    ◾ဒန်ပေါက်ဆန် (basmati rice) ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ဝယ်ယူနိုင်သည်)
    ◾ဇီယာစေ့ ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
    ◾သီဟိုစေ့ ♦ စားပွဲတင်ဇွန်း ၂ဇွန်းစာ
    ◾Saffron ♦ စားပွဲတင်ဇွန်း ၃ဇွန်း

    မှတ်ချက် ။ ။ Saffron ဒန်ပေါက်ချက်ရာမှ အရောင်အတွက်ထည့်သော ပစ္စည်းဖြစ်သည်။ ရန်ကုန်မှာ ရှာမတွေ့တာမို့ ဝတ်ရည်ချက်တဲ့ ထဲတွင် ထည့်မချက်ထားပါ။

    ကြက်သားနုပ်ထားရန် ပါဝင်ပစ္စည်းများ
    ◾ကြက်ပေါင် ♦ ၆ခု (ထက်ပိုင်းပိုင်း ထားပါ)
    ◾ဂျင်း ♦ လက်တဆစ် (ထောင်းထားပါ)
    ◾ကြက်သွန်ဖြူ ♦ ၂ခု (ထောင်းထားပါ)
    ◾ကြက်သွန်နီ ♦ ၃လုံး (ပါးပါးလှီးပါ ကြော်ထားပါ)
    ◾ဒိန်ချဉ် (yoghurt) ♦ ၁ခွက်စာ
    ◾ဆီ (oil) ♦ စားပွဲတင်ဇွန်း ၅ဇွန်းစာ
    ◾လေညှင်း (cloves) ♦ ၂ခု
    ◾ဖာလာစေ့ (cardamon) ♦ ၄ခု
    ◾ဇာပွင့် (Javetri) ♦ ၃ခု
    ◾ကလာဝေရွက် (bayleaf) ♦ ၂ခု
    ◾သစ်ဂျပို်း ♦ ၁ခု
    ◾ဇီယာ (cumin) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
    ◾ဇီယာမှုန့် (cumin pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
    ◾နံနံစေ့မှုန့် (coriander pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
    ◾ငရုတ်သီးမှုန့် (chilli pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
    ◾ဆနွင်းမှုန့် (tumeric pdr) ♦ စားပွဲတင်ဇွန်း တဝက်
    ◾ငရုတ်ကောင်းလုံး (အမဲ) ♦ စားပွဲတင်ဇွန်းတဝက် (မညက်တညက် ထောင်းထားပါ) (black pepper corn)
    ◾ငရုတ်သီးစိမ်း (green chilli) ♦ ၆ခု (စိတ်ပေးပါ)
    ◾ဆား (salt) ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
    ◾မာဆလာ (masala) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
    ◾ပူစီနံ (mint) ♦ ၁စည်း (ပါးပါးလှီးပါ)
    ◾နံနံပင် (coriander) ♦ ၁စည်း (ပါးပါးလှီးပါ)

    မှတ်ချက်။ ။ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်များကို CityMart တွင် ဝယ်ယူနိုင်ပါသည်။

  • ခင်ဇော်

    March 19, 2015 at 12:09 pm

    https://www.facebook.com/1492951810938014/photos/a.1492955960937599.1073741828.1492951810938014/1622316798001514/?type=1&fref=nf
    Excellent- Foods Corner

    ကြက်သားဒန်ပေါက် ချက်နည်း
    ————————————-

    မမီးတို့ စိတ်ကြိုက် မဆလာနံ့ သိတ်မများဘဲ..ထောပတ် အနည်းငယ်နဲ့ ချက်ထားတဲ့ အလွယ် ချက်လေးပါ..။ စားလို့ အရမ်းကောင်းပါတယ်..။

    မမီး အရောင် အတွက် ကုကမံကို မသုံးဘဲ အလွယ်တကူ ရနိုင်တဲ့ အစာ ဆိုးဆေးတွေကို သုံးထားပါတယ်.. US မှာ နေသူတွေကတော့ ကိတ်မုန့် ပစ္စည်းတွေ ရောင်းတဲ့ အတန်းမှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်..မြန်မာ မှာ နေသူများကတော့ သိမ်ကြီးဈေးနဲ့ ကိတ်မုန့် ပစ္စည်းတွေ..ပရဆေး ဆိုင်တွေမှာ ရနိုင်မယ် လို့ ထင်ပါတယ်..။

    ကြက်သားဟင်း

    1. ကြက်ပေါင် ၂ ချောင်း
    2. ကြက်သွန်ဖြူ ၂ မွှာ
    3. ချင်း ပါးပါး ၁ ပြား
    4. ကြက်သွန်နီ အရွယ် လတ် ၁ လုံး
    5. ဆီ ၂ T
    6. ငြုတ်သီးမှုန့် ၁/၄ tsp ( အရောင်တင်မှုန့်)
    7. ဒိန်ချဉ် ၂ T
    8. ကြက်သွန်နီကြော် ၃ T
    9. ဒန်ပေါက် မဆလာ ၁ T

    ချက်နည်း

    1. ကြက်သားကို သန့်စင်အောင်ဆေး၊ ခြောက်အောင်သုတ်၊ ဆား ၊ဒန်ပေါက်မဆလာ၊ ဒိန်ချဉ် တို့ဖြင့် နယ်ပေးပီး ၁ နာရီခန့် နှပ်ထားပေးပါ။
    2. ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ညက်အောင်ထောင်းပါ၊
    3. အိုးတခုထဲမှာ ဆီ အနည်းငယ် ထည့်ပီး ထောင်းထားတဲ့ ကြက်သွန်ဖြူ/နီ၊ချင်း တို့ကို ဆီသတ်ပါ။
    4. ကြက်သွန်နီသွေ့စပြုပီး မွှေးလာတဲ့အခါ အသင့် နှပ်ထားတဲ့ ကြက်သားများကို ထည့်ပြီး လှိမ့်ပါ၊ အသားတင်းလာတဲ့ အခါ ကြက်သွန်နီကြော် ထည့်မွှေပါ၊ ဒိန်ချဉ်က ထွက်လာတဲ့ ရေနဲ့ ကြက်သား နူးလာတဲ့ အထိ မီးအေးအေး နဲ့ ချက်ထားပါ၊ လိုအပ်ရင် ရေပူ အနည်းငယ်ထည့်ပေးပါ၊

    ဒန်ပေါက်ထမင်း

    1. ဘက်စမာတီဆန် ၂ ခွက် ( rice cooker cup)
    2. ထောပတ်(Ghee) ၁ tsp
    3. သစ်ကြပိုးခေါက် ၁ လက္မ အရွယ်
    4. ကရဝေးရွက် ၁ ရွက်
    5. ကြက်သွန်နီကြော် ၁/၂ ခွက် (rice cooker cup)
    6. အဝါရောင် ၂-၃ စက်
    7. လိမ္မော်ရောင် ၁-၂ စက်

    ချက်နည်း

    1. ထမင်းပေါင်းအိုးတစ်လုံးထဲမှာ ထောပတ်(Ghee) ထည့်ပါ၊ သစ်ကြပိုးခေါက်နဲ့ ကရဝေးရွက်ထည့်ပါ၊ ပူလာတဲ့ အခါ တချက် နှစ်ချက် မွှေပေးပါ၊ ဆန်ကို အခြောက် အတိုင်းထည့်ပါ၊ အဝါရောင် ၂-၃စက်ထည့်မွှေပေးပီရင် ဘက်စမာတီ ဆန် ၂ ခွက် အတွက် ရေ ၃ခွက် ထည့်ပီးချက်ပါ၊
    2. ထမင်းကျက်တဲ့ အခါ တဝက် ကို ဖွဖွလေး ထမင်းမကြေအောင် ခပ်ထုတ်ပီး ကြက်သွန်နီကြော် ဖြန့်ထည့်ပါ၊ ချက်ထားတဲ့ ကြက်သားနဲ့ အနှစ်များထည့်ပါ၊ အပေါ်မှ ဖယ်ထားတဲ့ ထမင်းပြန်အုပ်ပီး ၊ ရေ ၁ စားပွဲတင်ဇွန်း နဲ့ အသင့်စပ်ထားတဲ့ လိမ္မော်ရောင် ကို နေရာကျဲကျဲ ဖြန့်ထည့်ပါတယ်၊ အဖုံးပိတ်ပီး စားခါနီး အထိနှပ်ထားပါတယ်၊
    3. ထမင်းခပ်တဲ့အခါ အရောင် သမသွားအောင် အနည်းငယ် ဖွပေးလိုက်ပီး၊ အိမ်ချက် ဒန်ပေါက်လေး သုံးဆောင်နိုင်ပါပီရှင်။
    T = စားပွဲတင်ဇွန်း=၁၅ ဂရမ်/မီလီလီတာ
    tsp = လက်ဘက်ရည်ဇွန်း= ၅ ဂရမ်/မီလီလီတာ
    C = cup= ၂၃ဝ မီလီလီတာ
    gm= ဂရမ် ( ၈ဝ ဂရမ်= ၅ ကျပ်သား ခန့်မှန်းချေ )
    ml= မီလီလီတာ

    Credit to Meemeetofu.com

  • manawphyulay

    March 19, 2015 at 12:49 pm

    အမှန်တော့ ဒန်ပေါက် သိပ်မကြိုက်တဲ့အတွက် ချက်နည်းတွေလည်း သိပ်ပြီး မှတ်ထားလေ့ မရှိပါဘူး။ ရံဖန်ရံခါမှ ဒန်ပေါက်က စားဖြစ်ပါတယ်။ ခုလို နည်းတွေ စုထားတော့လည်း သိမ်းသွားလိုက်ပါတယ်။

Leave a Reply