ကိုယ့်အိမ် လုံခြုံရေး ဂရုစိုက်ကြပါ

Zaw AungOctober 5, 20141min24512

ဒီနေ့ (4.10.14) ကျောက်မြောင်းက ကျနော့်ညီအိမ်ကို ဒါးကိုင် လူ ၃ ယောက် အနုကြမ်း ဝင်စီးပါတယ်
ညထဲက ပိုက်လုံးက တွယ်တက်ပြီး ဝရန်တာမှာ တံခါးဖွင့်မယ့် အချိန်ကို စောင့်နေတာ
ကံကောင်းချင်တော့ တညလုံး ဝရန်တာ တံခါး မဖွင့်မိဘဲ မနက် ၇:၃ဝ မှာ ဆိုင်ဖွင့်ဖို့ ထွက်သွားကြပါတယ်
အိမ်ဖေါ် ကောင်မလေး ၂ ယောက်ပဲကျန်ခဲ့ပါတယ်
၈ နာရီလောက်မှာ အဝတ်လှမ်းဖို့ ဝရန်တာ တံခါး ဖွင့်လိုက်တာနဲ့ ဒါးနဲ့ထောက်ပြီး အိမ်ထဲဝင် မွှေနှောက်ပါတယ်
နေ့လည် ၂ နာရီလောက်မှာ ညီရဲ့ သား။ သမီး။ တူ နဲ့ ပန်းထိမ်ဆရာတယောက် အိမ်ပြန်လာပါတယ်
ပထမဆုံး ဝင်သွားတဲ့ ၂ ယောက်ကို ဒါးထောက်ပြီး ဖမ်းထားလိုက်ပါတယ် နောက်ကျတဲ့ ၂ ယောက်ကတော့ ပြန်လှည့်ပြေးလို့ လွတ်သွားပါတယ်
အဲဒီတော့မှ ဓမြတွေလဲ ထွက်သွားပါတော့တယ် အမှုဖွင့်ထားပါတယ်

ကိုယ့်အိမ် လုံခြုံရေး ဂရုစိုက်ကြပါ

12 comments

  • ခင် ခ

    October 5, 2014 at 8:34 pm

    ဝရံတာကို အိမ်ထဲက တံခါးမဖွင့်ဘဲ မမြင်ရဘူးလား ဥပမာ မှန်ပြူးတင်းပေါက် တံတားက မြင်ရတာမျိုးလေ။

    • Zaw Aung

      October 6, 2014 at 6:26 am

      သစ်သား တံခါးပဲ တပ်ထားတာ

  • အလင်းဆက်

    October 6, 2014 at 2:38 am

    ဘာ ရည်ရွယ်ချက်ပါလိမ့်။
    ဓါးပြတိုက်ရုံ ဥစ္စာပစ္စည်း လုယက်ရုံပဲလား

    🙁

    • Zaw Aung

      October 6, 2014 at 6:25 am

      ပစ္စည်း လုချင်တာပါ

  • khin oo

    October 6, 2014 at 1:19 pm

    သမ္မတက သဘောကောင်းပြပြီး ရာဇဝတ်သားတွေကို လွှတ်ပေးလိုက်တာ
    အခုတော့ ပြည်သူတွေ မလုံခြုံတော့ဘူး
    သမ္မတပြောပါ
    ခင်ဗျားဘာလုပ်မလဲ

  • kai

    October 6, 2014 at 1:46 pm

    အဲဒါကြောင့်ပြောတာ…
    လူတိုင်းသေနတ်ကိုင်နိုင်ခွင့်.. အခြေခံဥပဒေအရခွင့်ပြုရပါမယ်ဆို..

    ဆိုတော့..
    မြန်မာပြည်ဖြစ်သေနတ်လည်း.. လုပ်သင့်တယ်..။
    မကြာမတင်ဆယ်စုနှစ်တွေမှာ.. တကမ္ဘာလုံးနောင်ဂျိန်ကြီးနေမှာမို့… သေနတ်ရောင်းပြီး.. စီးပွားလည်းဖြစ်တာပေါ့.. :k:

  • Crystalline

    October 6, 2014 at 5:07 pm

    မနက်​၈နာရီ​လောက်​ကတည်​းက ​နေ့လည်​ ၂နာရီထိ​နေတယ်​ဆိုကတည်​းက အဲ့အလုပ်​မလုပ်​စား​တော့နဲ့လို့… က​လေးမ​တွေရဲ့..ဘာညာ သာရကာဖြစ်​​နေအုန်​းမယ်​.. :mrgreenn:

    • Zaw Aung

      October 7, 2014 at 7:20 pm

      ဓမြတွေက ဘာမှမရတော့ အိမ်ပြန်လာတဲ့လူကို ဖမ်းပြီး တောင်းမယ်ဆိုပြီး စောင့်နေတာပါ မမျှော်လင့်ဘဲ ၄ ယောက်ပြန်လာတော့ ၂ ယောက်ပြန်လွတ်သွားတာပါ

  • kai

    October 8, 2014 at 2:15 pm

    သေနတ်ကို.. ပရင့်ထုတ်လို့ရနေပြီတဲ့..
    AR-15, M16နဲ့တူတဲ့ ရိုင်ဖယ်ထုတ်လို့ရတယ်တဲ့..။
    သရီဒီပရင့်တာတလုံးမှ.. ဒေါ်လှ ၁၅၀ဝပဲ..။
    မြန်မာပြည်ထဲဝယ်ထည့်လိုက်ရမလား..။ :k:
    =
    http://www.computerworld.com/article/2689843/3d-vendor-sells-1500-part-to-make-metal-guns.html

    The machine is a little larger than a breadbox, and CAD files for building gun parts are expected to be released to the public.

    By

    Computerworld |

    Cody Wilson, the developer of the world's first fully 3D-printed plastic gun, is preparing to sell a consumer-grade machine that can make metal guns.

    Wilson calls the tabletop machine the Ghost Gunner, and describes the project as a non-profit open source hardware effort by his company Defense Distributed.

    • မြစပဲရိုး

      October 8, 2014 at 8:03 pm

      သာမာန် လူ က ဒီအတိုင်း မကျင့် ဘဲ တကယ် ပစ်ရဲ ပါ့မလား သူကြီး ရဲ့။
      ရှင်တို့ ဆီ ကိုးနှစ် သမီး လေး ကို သေနတ်ပစ်သင်တာ သင်တဲ့ ဆရာ ကို ပစ်မိသွား လို့ ပွဲချင်းပြီးပါရောလား။

  • မြစပဲရိုး

    October 8, 2014 at 8:01 pm

    မျက်နှာကို ဒီအတိုင်း ဖော်ပြီး ဝင် တိုက်တာလား ကိုဇော်အောင်။
    မနက် ၈နာရီ ကနေ ၂နာရီ အထိ မျက်နှာ အဝတ်စွပ် ထားရင် အတော် အသက်ရှုကြပ်မယ်။
    သတိပေးစာလေးအတွက် ကျေးဇူးပါ။
    တကယ်တော့ ဓားမြ ဆိုတာ သူခိုးထက်ပိုပြီး အန္တရာယ် ကြီးပြီး အတွင်းလူ ပါတတ်သလားလို့။

  • Zaw Aung

    October 9, 2014 at 8:33 pm

    စစချင်းတော့ ပုဝါစည်းထားတယ် နောက်ပိုင်း ချွတ်လိုက်တယ်

Leave a Reply