စာပေတန်ဖိုးအား လွန်စွာကျေးဇူးတင်ရပါသည်။ ထို့ထက်ပိုမိုတင်စားလိုသော်လည်း စကားလုံးကား ရှာမရပါ။ နည်းပညာရှင်များတွင် အတော်များများသည် တော်ကြ၏။ သို့သော် မိမိတစ်ဦးတည်းသာ တတ်သိနားလည်သဘောပေါက်၏။ လုပ်ငန်းကျွမ်းကျင်၏။ တွေးခေါ်မှုကောင်း၏။ နာမည်ကြီး၏။ သို့သော် သူတစ်ပါးနားလည်အောင် မရှင်းပြတတ်။ ရှင်းပြရာတွင်လည်း တပည့်များ၊ အောက်ခြေဝန်ထမ်းများအား ထိရောက်အောင် မရှင်းပြတတ်။

အချို့သောနည်းပညာသမားများမှာ ရှင်းပြနိုင်သည်။ သင်ပြနိုင်သည်။ လမ်းညွှန်နိုင်သည်။ သို့သော် စာရေးရန် အင်မတန်ပြင်းကြ၏။ ရေးဖို့ အချိန်မရကြတာလည်း ပါနိုင်သည်။

အချိုသောနည်းပညာသမားများမှာ အထက်ပါ အမျိုးအစား နှစ်မျိုးလုံးတွင်လည်း ပါဝင်သည့်အပြင်၊ သူတစ်ပါနားလည်အောင်၊ နားဝင်အောင် ရေးသားမှတ်တမ်း တင်ပြုစုတတ်ကြပါသည်။ တနည်းဆိုရသော် နည်းပညာကလောင်ရှင်များဟု တင်စား ဖြစ်မည်ထင်ပါသည်။ ကျွန်တော့်မှာ စာရေးချင်သော်လည်း၊ ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပက်သက်သော Health and Safety အကြောင်းဖတ်မှတ် စုဆောင်းနေရပါသည်။ ကုမ္ပဏီမှ ဒါပြီးမှ ပိုက်ပိုက်ပေးမည်ဟု ပြောသောကြောင့် ဖြစ်ပါသည်။ :)

ကျွန်တော်လေ့လာမိသော ဆရာ၏စာများမှာ အင်မတန်ထိရောက်သော စာအရေးအသားများကို (ကိုယ်ကြိုက်တာကိုး) တွေ့ရပြီး သာမန်အရပ်သားများ၊ ( ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဝန်ထမ်းများကို ဆိုလိုပါသည်။)  တစ်ခါတရံလည်း စင်ကာပူဆောက်လုပ်ရေးလုပ်ငန်းခွင်ဝင် နည်းပညာရှင်များအကြောင်း တစေ့တစောင်း လေ့လာခွင့်ရပါသည်။ ကျွန်တော်လေးစားမိသော ဆရာအမည်မှာ ဆရာကြီး ဦးအေးငြိမ်းြဖစ်ပြီး၊ ဆရာနှင့် မရင်းနှီးပါ။ ဆရာစာများအရ စင်ကာပူဆောက်လုပ်ရေးလုပ်ငန်းများတွင် Safety Officer အဖြစ် လုပ်ကိုင်ခဲ့ပြီး၊ ယခုအချိန်အထိ နည်းပညာနှင့်ပက်သက်သော ဘာသာပြန်စာများ၊ လုပ်ငန်းခွင်အတွင်း အတွေ့အကြုံများ၊ မြန်မာနည်းပညာရှင်တစ်ဦး၏ သင်တန်းအတွေ့အကြုံများ၊ စင်ကာပူနည်းပညာလောကအကြောင်းစသည့်ဖြင့် စုံစုံစိစိ ရေးသားတင်ပြထားသည်ကိုလည်း တွေ့ရပါသည်။

ဆရာစာပေများအား ဖတ်ရှု့ပြီးနောက်၊ ကျွန်တော်လို နိုင်ငံတကာစံနှုန်းများ နှင့် နပမ်းသတ်ရတော့မည့် သနားစရာ ဆောက်လုပ်ရေးဝန်ထမ်းများအား ယခုပို့စ်ဖြင့် တစ်ထောင့်တစ်နေရာမှ ကူညီပို့ဆောင်ပေးနိုင်သော သူဖြစ်ခဲ့လျှင်…. အောက်ပါလင့်ဒ်လေးကို သွားကြည့်ပါခင်ဗျာ…

http://shwenyein.blogspot.sg/

 

အထက်ပါစာများဖြင့် ဆရာကြီး၏စာများအား အားမနာတမ်း၊ ခွင့်မတောင်းဘဲ ကူးယူကာ၊ ကိုယ်ရေးသလိုလိုနှင့် သူများအား သင်ပါတော့မည်။ ထိုသို့မသင်လည်း ယခုနိုင်ငံတကာနှင့်လုပ်ကိုင်မည့် လုပ်ငန်းခွင်အား ကုမ္ပဏီမှ လက်လွှတ်ရသော် ကျွန်တော်မောင်သူရိန်စနက်မကင်းဖြစ်အံ့၊ ထိုသူများအား ဆရာစာများအား အလုံးလိုက်ကူးယူပြီး၊ သူတကာတို့၏အသက်အိုးအိမ်တို့အား ကာကွယ်နိုင်သည်ဖြစ်ရသော် ကျွန်တော် မောင်သူရိန် ခိုးကူးခြင်းအတွက် စိတ်သန့်ပါတော့မည်….

ဆရာကြီး ဦးအေးငြိမ်းအား ယခုပို့စ်ဖြင့် ဂါရဝပြုပါသည်…. (မနက်ဖြန်တွင် မောင်မင်းလူကလေးမင်းသိပ်တော်တယ်… ဆိုသော စကားလေးတခွန်းရပါတော့မည်)

Credit to : Sayargyi U Aye Nyein

ကျေးဇူးတင်စွာဖြင့်

စိတ်ကောင်းရှိသော သူရိန်အား ကယ်မည့်သူအမြဲရှိသည်။

About kaungngelay

has written 5 post in this Website..