ရန်ကုန်မြို့ အဘိဓမ္မာပြန့်ပွားရေး အသင်းကြီး၏(၄၃)ကြိမ်မြောက် အဘိဓမ္မာခုနစ်ကျမ်း စာတော်ပြန်ပွဲ

Yin Nyine NwayAugust 17, 20101min470

ရန်ကုန်မြို့ အဘိဓမ္မာပြန့်ပွားရေး အသင်းကြီး၏(၄၃)ကြိမ်မြောက် အဘိဓမ္မာခုနစ်ကျမ်း စာတော်ပြန်ပွဲကို အဘိဓမ္မရတနာဃရ (အဘိဓမ္မာဓမ္မ ဗိမာန်တော်ကြီး)၌ စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။အဘိဓမ္မာကျမ်း စာတော်ပြန်ပွဲတွင် သံဃာတော်များသည် သုံးရက်လျှင်တစ်ကျမ်းနှုန်း ဖြေဆိုရမည်ဖြစ်ပြီး သီလရှင်များနှင့် လူပုဂ္ဂိုလ်များသည် အာဂုံဆောင်နိုင်သ၍ ဖြေဆိုနိုင်ကြောင်း သိရသည်။သံဃာတော်များနှင့် သီလရှင်များသည် ဩဝါဒါ စရိယဆရာတော်ကြီးများ၏ မေးခွန်းများကို ဖြေဆိုရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်များသည် သင်တန်းဆရာများ၏ မေးခွန်းများကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။စာတော်ပြန်ပွဲတွင် စာအောင်ဘွဲ့ရ သံဃာတစ်ပါးလျှင် ကျပ် ၁၅၀၀၀၊ စာအောင်သီလရှင်တစ်ပါးလျှင် ကျပ် ၁၂၀၀၀၊ စာအောင်ဘွဲ့ရ လူပုဂ္ဂိုလ်တစ်ဦးလျှင် ကျပ် ၉၀၀ဝ လှူဒါန်းမည်ဖြစ်ပြီး၊ စာအောင် သံဃာ တစ်ကျမ်းလျှင် ကျပ် ၉၀၀၀၊ စာအောင်သီလရှင် တစ်ကျမ်းလျှင် ကျပ် ၈၀၀၀၊ စာအောင်လူပုဂ္ဂိုလ် တစ်ကျမ်းလျှင် ကျပ် ၇၀၀ဝ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။(၄၂)ကြိမ်မြောက် စာတော်ပြန်ပွဲ၌ သံဃာတော်များအဆင့်တွင် စူဠ အာဘိဋ္ဌဓမ္မိက အဂ္ဂဝိသာရဒဉာဏဘွဲ့ရ သံဃာခုနစ်ပါး၊ သီလရှင်များအဆင့် မဟာအာဘိဓမ္မိကဝိပုလဉာဏိန ဘွဲ့ရတစ်ပါး၊ မဟာအာဘိဓမ္မိက ဝိသိဋ္ဌ ကလျာဏ ဉာဏဓဇဘွဲ့ရ တစ်ဦး ရှိခဲ့ကြောင်း သိရသည်။(၄၄)ကြိမ်မြောက် အဘိဓမ္မာ (ညဝါ)ဝါပသင်တန်းများကို ၂၀၁ဝ ပြည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းမှ စ၍ ဆူးလေရင်ပြင်တော်ရှိ အဘိဓမ္မာပြန့် ပွားရေး သင်တန်းအသင်း သင်တန်းခန်းမနှင့် ဗဟန်းမြို့ရှိ အဘိဓမ္မာ ဓမ္မဗိမာန်တော်ကြီးတွင် ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။