“နှလုံးသား မဲ့ တဲ့ သူ”

“ နှလုံးသား မဲ့ တဲ့ သူ ………..”

 

 

သူဟာလေ

…………………………………………………………..

တစ်ခါ တစ်ခါ မှာ                     ချစ်တတ်သူ

တစ်ခါ တစ်ခါ မှာတော့               ညစ်တတ်သူ

တစ်ခါတစ်ခါမှာ                     ရစ်တတ်သူ

တစ်ခါတစ်ခါမှတော့                လစ်တတ်သူ

တစ်ခါ တစ်ခါ မှာ                    သနားတတ်သူ

တစ်ခါ တစ်ခါ မှာ တော့            စားတတ်တဲ့သူ

တစ်ခါတစ်ခါမှာ                     ပါးနပ်သူ

တစ်ခါတစ်ခါမှာတော့              မှားတတ်သူ

တစ်ခါ တစ်ခါ မှာ                    ညှာတဲ့သူ

တစ်ခါ တစ်ခါ မှာ  တော့                    ညာတဲ့သူ

တစ်ခါတစ်ခါမှာ                     ဝါတတ်သူ

တစ်ခါတစ်ခါမှာတော့              နွှာတတ်သူ

တစ်ခါ တစ်ခါ မှာ                   ရက်စက်သူ

တစ်ခါ တစ်ခါ မှာ   တော့                   လက်ခက်သူ

တစ်ခါတစ်ခါမှာ                     ရှက်တတ်သူ

တစ်ခါ တစ်ခါ မှာတော့            ဝှက်တတ်သူ

တစ်ခါတစ်ခါမှာ                     ငြိမ်တဲ့သူ

တစ်ခါတစ်ခါမှာတော့              တိမ်တဲ့သူ

တစ်ခါတစ်ခါမှာ                     စိမ်တဲ့သူ

တစ်ခါတစ်ခါမှာတော့              ဂိန်တဲ့သူ

တစ်ခါတစ်ခါမှာ                     မြူးတဲ့သူ

တစ်ခါတစ်ခါမှာတော့              လူးတဲ့သူ

တစ်ခါတစ်ခါမှာ                     ထူးတဲ့သူ

တစ်ခါတစ်ခါမှာတော့              ရူးတဲ့သူ

 

တစ်ခါတစ်ခါမှာ                     ညိတဲ့သူ

တစ်ခါတစ်ခါမှာတော့              ရိတဲ့သူ

တစ်ခါတစ်ခါမှာ                     သိတဲ့လူ

တစ်ခါတစ်ခါမှာတော့              ထိတဲ့သူ

တစ်ခါတစ်ခါမှာ                     ချိုတဲ့သူ

တစ်ခါတစ်ခါမှာတော့              ငိုတဲ့သူ

တစ်ခါတစ်ခါမှာ                     လိုတဲ့သူ

တစ်ခါတစ်ခါမှတော့                ပိုတဲ့သူ

တစ်ခါတစ်ခါမှာ                     တွေးတဲ့သူ

တစ်ခါတစ်ခါမှာတော့              ဆွေးတဲ့သူ

တစ်ခါတစ်ခါမှာ                     ပြေးတဲ့သူ

တစ်ခါတစ်ခါမှတော့                ရွေးတဲ့သူ

တစ်ခါ တစ်ခါ မှာ                   မျှတဲ့သူ

တစ်ခါ တစ်ခါ မှာ တော့           ရတဲ့သူ

တစ်ခါတစ်ခါမှာ                     ဆူတဲ့သူ

တစ်ခါတစ်ခါမှာ  တော့             ပူတဲ့သူ

တစ်ခါတစ်ခါမှာ                     မြှူတဲ့သူ

တစ်ခါတစ်ခါမှာတော့              ငြူစူတဲ့သူ

တစ်ခါတစ်ခါမှာ                     ပျင်းတဲ့ သူ

တစ်ခါတစ်ခါမှာတော့              ဖျင်းတဲ့သူ

တစ်ခါတစ်မှာ                       ငြင်းတဲ့သူ

တစ်ခါတစ်ခါမှာတော့              ရင်းတဲ့သူ

တစ်ခါတစ်ခါမှာ                     စိမ်းတဲ့သူ

တစ်ခါတစ်ခါမှာတော့              ယိမ်းတဲ့သူ

တစ်ခါတစ်ခါမှာ                     တိမ်းတဲ့သူ

တစ်ခါတစ်ခါမှာတော့              ပိန်းတဲ့သူ

တစ်ခါတစ်ခါမှာ                     ကျွတ်ကျဲသူ

တစ်ခါတစ်ခါမှာတော့              ပွတ်ဆွဲသူ

တစ်ခါတစ်ခါမှာ                     ဇွတ်ဖြဲသူ

တစ်ခါတစ်ခါမှာတော့              စွတ်စွဲတတ်သူ

တစ်ခါတစ်ခါမှာ                     ပြုံးတတ်သူ

တစ်ခါတစ်ခါမှာတော့              မုန်းတတ်သူ

တစ်ခါတစ်ခါမှာ                     လုံးတတ်သူ

တစ်ခါတစ်ခါမှာတော့              ရုန်းတတ်သူ

တစ်ခါတစ်ခါ                        ရမ်းတတ်သူ

တစ်ခါတစ်ခါမှာတော့              စွမ်းတတ်သူ

တစ်ခါတစ်ခါမှာ                     ဖလမ်းတဲ့သူ

တစ်ခါတစ်ခါမှတော့                ဂွမ်းတတ်သူ

တစ်ခါတစ်ခါမှာ                     ……………………

တစ်ခါတစ်ခါမှာတော့              …………………………………..

တစ်ခါတစ်ခါမှာ                     ……………………

တစ်ခါတစ်ခါမှာတော့              …………………………………..

 

တစ်ခါတစ်ခါမှာ                     ……………………

တစ်ခါတစ်ခါမှာတော့              …………………………………..

 

တစ်ခါတစ်ခါမှာ                     ……………………

တစ်ခါတစ်ခါမှာတော့              …………………………………..

 

တကယ်တော့ သူဟာ

နှလုံးသားမဲ့တဲ့သူ။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

6-10-201

 

 

 

 

 

 

13 comments

  • ကေဇီ

    October 7, 2014 at 9:06 am

    သများ ကို တည့်တည့် စောင်း ပြောသလားမှတ်ရ။

    :mrgreen:

    ကာရံနဲ့စကားလုံးတွေ ကကောင်းတယ်၊.

  • manawphyulay

    October 7, 2014 at 9:16 am

    လူ့ပြည် လူရွာ
    လူ့လောကတွင်
    လူပီသအောင်
    နေဆဲ ကျင့်ဆဲ
    စွမ်းဆောင်ဆဲပါတကား… :mrgreen:

  • ခင် ခ

    October 7, 2014 at 9:19 am

    အဲ သည့် လူ ဘယ် သူ ဖြစ် တယ် ဆို တာ ကို ထက်
    အဲ ဒီ လို လူ ဘယ် တော့ ဖြစ် ပါ့ မ လဲ စဉ်း စား မိ သွား တယ်။

  • kyeemite

    October 7, 2014 at 10:40 am

    .တော်တော်ကိုစုံစိနေပါလားဗျာ…ရေးထားတာကို ချီးကျူးပါရဲ့ :i:

  • ကျနော်အ ကြောင်း မာဃ သိတယ်

    ကျနော် စာအရှည်မရေးချင်တော့ ဘူး ပျင်းလာပြီ ဆိုရင်

    ကဗျာတွေ က ခေါင်း ထဲ က ခုန်ပေါက်ပြီး ထွက်လာ တတ်တယ်။

    ဒါတောင် တစ်ခု ကျန်ခဲ့ သေးတယ်

    တစ်ခါတစ်ခါမှာ ဖဲ့ တတ်သူ့
    တစ်ခါ တစ်ခါမှာတော့ ရွှဲ့တတ်သူ

    တစ်ခါတစ်ခါမှာ ကြောက်တတ်သူ
    တစ်ခါတစ်ခါမှာတော့ ချောက်တတ်သူ

  • kai

    October 7, 2014 at 1:35 pm

    တချို့က.. အသည်းပေါက်မတတ်ချစ်တယ်…တဲ့..
    တချို့က.. နှလုံးသားနဲ့ချစ်တယ်တဲ့..။
    တချို့က.. နှလုံးသားမဲ့တယ်..တဲ့..
    တချို့က.. အသည်းမာတယ်တဲ့..

    အသည်းနှလုံးတဲ့..
    တကယ်တော့.. အသည်းက.. တခု..
    နှလုံးကတခု..

    ကြည့်ရတာ.. အသည်းနဲ့နှလုံး သိပ်မကွဲတဲ့.. ရှေးလူကြီးများသာပေပဲ..

    (နောက်ရင်း နှောက်တာနော.. :k: )

    • ကေဇီ

      October 7, 2014 at 1:49 pm

      သဘောပေါက်ပြီ။
      ဒီပို့(စ) ကို စနိုဒင် ဇီ စဉ်းစားလိုက်တဲ့ အချိန်မှာ ထင်းထင်းကြီး ပေါ်လာတာက တဂျီးပဲ။ :mrgreenn:
      ဟုတ်တယ်။
      ဒီပို့(စ) က တဂျီး ကို ပြောတာ။
      :boss:

      • kai

        October 7, 2014 at 2:08 pm

        မော်နီတာကပြတဲ့..ခံစားမှုတွေဆိုတာ.. ကွန်ပြူတာကဖွင့်လှစ်တဲ့.. သုံည(၀)နဲ့..တစ်(၁) တို့ရဲ့.. အတွဲများသာ.. :k:

        ဘိုင်နရီမှာ..
        ၁ = 00100110001000110011010000110001001101100011000100111011
        က = 000011010000101000100110001000110011010000110000001110010011011000111011
        ချစ်ရွှင် သနား တည်ငြား ကြမ်းကြုတ် စက်ဆုပ် ကြောက်ရွံ့ ရဲဝံ့ အံ့ဩ နောအရသာ ဆိုတာ…
        နာမ်ကဖွင့်လှစ်တဲ့.. ဥပါဒ်၊ဌီ၊ဘင် (-1 0 +1 )အတွဲများသာ…။

  • aye.kk

    October 7, 2014 at 3:54 pm

    ​ေဩာ်​.. .ပုထုဇ​နော ဥမ္မတ​ကောပါတကား။

  • မြစပဲရိုး

    October 8, 2014 at 7:37 pm

    တစ်ခါတစ်ခါမှာ …………………… ပေါက် တဲ့သူ။
    တစ်ခါတစ်ခါမှာတော့ ………………………………….. ဂေါက် တဲ့သူ။

    (ဂျစ်လို့ စတာ) :)) :)) :))

Leave a Reply