အရိပ်အသွင်

ငါ၏စိတ်အစဉ် အရိပ်အသွင်ဖြစ်ဖန်ဆင်း
နွယ်လိုရစ်ပတ်ရင်း အမြစ်တွယ်ခဲ့သည်
ထိန်းထားခဲ့ပါသည် ဖိတ်ကျသွားတဲ့
ချစ်ရေစဉ်လေးက အေးမြစေသလားတဲ့
နွေးထွေးတာပေါ့ မေတ္တာဆိုသော အရိပ်အောက်မှာ
မင်းနဲ့ငါ ရပ်တည်နေလို့လေ

မိုးစက်များခြွေကာကျလာတယ် ဒါပေမယ့်
သူတို့မြေမခသေးခင်လေး ပန်းကလေးများ
အလွမ်းပြေသောက်သုံးရင်း ရနံ့လေး
မွေးဖွားကြပြန်သေးတယ်

အဖူးအငုံ ပွင့်ဖတ်စုံပါလျှက်ကယ်နဲ့
လမ်းနံဘေးက ရပ်တည်သူမို့
ငြိုးငယ်နေသယောင် ဒါကိုကြင်သူမသိပါဘူးလေ

တန်ဖိုးဆိုတာ သိသူထက် ထိုက်သူက စံရတာလား
ထိုက်သူထက် သိသူက ပန်ရတာလား
အဖန်တစ်ရာအတွေးများထဲမှာ မင်းနဲ့ငါ ရပ်တည်ချက်က
နားလည်မှုလေးပါ

ကာရံ ၇့ ၁၀့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..