လူဒါန်းပြီးကုသိုလ်ယူကြဖို့

Kyaw LayOctober 8, 20142min852

စိတ်တူကိုယ်တူပရဟိတ
သူငယ်ချင်းများနှင့် မိတ်ဆွေ
အပေါင်းအသင်းများခင်ဗျား..

ကျွန်တော်တို့အဖြူရောင်မိသားစုမှ
(၁၆ ) ကြိမ်မြောက် လှူဒါန်းမည့်
စစ်ကိုင်းတောင်ရိုး အမှတ်(၂၁)
တောင်ဗီလာ
ဘုန်းတော်ကြီးသင် အခမဲ့မူလတန်းပညာရေးကျောင်းအတွက် လိုအပ်သော စာသင်သာမဏေလေးများ၏ ချိုးရေအတွက် မိမိတို့မှ ရေမော်တာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်လှူဒါန်းလျှက်ရှိပါသည် ။ ထို့ပြင် ကျောင်းစာသင်
ရှင်သာမဏေလေးများ မှာ ဖြစ်သလို သီတင်းသုံးနေကြပြီး တကိုယ်ရေသန့်ရှင်းမှုအားနည်း
သဖြင့် အရေပြားရောဂါများလည်း ဖြစ်ပွားနေကြပါသည်။ ထိုကြောင့် မိမိတို့သူငယ်ချင်းများစုပေါင်း၍ အောက်ပါ အသုံးအဆောင်တို့အား လှူဒါန်းကုသိုလ်ယူကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည် ။

1 / ခေါင်းအုံး
2 / စောင်
3 / ခြင်ထောင်
4 / ဖျာ
5 / ဆပ်ပြာခဲ ၊ ဆပ်ပြာခွက်
6 / သွားတိုက်ဆေး ၊ သွားတိုက်တံ
7 / တဘက်
8 / သံသေတ္တာအသေး
9 / ဆေး

မိမိတို့ အဖြူရောင်မိသားစုအနေနှင့် ရေမော်တာတပ်ဆင်လှူဒါန်းရခြင်းသည် လက်ရှိ ကိုရင်လေးများချိုးသောရေမှာ မသန့်ရှင်းသဖြင့် ပွေး ၊ ဝဲ စသည့်အရေပြားရောဂါများ ဖြစ်ပွားကုန်ကြပါသည် ။ ထို့ကြောင့် ကျောင်းအနီးရှိရေတွင်းမှရေအား မော်တာဖြင့်တင်၍ ကန်တွင်လှောင်ကာ အင်္ဂတေ ကန်လေးများဖြင့် ချိုးနိုင်ရန် စီစဉ်နေကြခြင်း ဖြစ်ပါသည် ။ ရေတွင်းနှင့်ရေလှောင်ကန်မှာ ပေ( ၃၀ဝ ) ခန့်ဝေးသဖြင့် မီးကြိုးနှင့် ပိုက်တို့ လိုအပ်ပြီး မီးအားမြှင့်စက်ပါ ဝယ်ယူရမည်ဖြစ်ပါသည် ။ လိုအပ်သည်များအား အဖြူရောင်မိသားစုမှ သူငယ်ချင်းများ၏ တစ်နိုင်တစ်ပိုင် အင်အားဖြင့် ဝယ်ယူ လုပ်ဆောင်နေပါသော်လည်း ယခုထက်ပို၍ ပြီးပြည့်စုံနိုင်ရန်အတွက် ပူးပေါင်းပါဝင်လှူဒါန်းလိုသူ မိတ်ဆွေများရှိပါက
ပါဝင်လှူဒါန်းနိုင်ကြောင်းကိုလည်း ဝမ်းပန်းတစ်သာ ဖိတ်ခေါ်အပ်ပါသည် ။
ရေတွင်းလေးမှာ ပုံတွင်မြင်တွေ့ရသည့်အတိုင်း အမိုးအကာမဲ့ရေတွင်းလေးဖြစ်ပြီး ကျောင်းဆောင်နှင့်လည်း အနည်းငယ်လှမ်းပါသည် ။ မိမိတို့အဖြူရောင်မိသားစုအနေဖြင့် မီးကြိုး ၊ ရေပိုက် ၊ မော်တာ ၊ မီးအားမြှင့်စက် ၊ တို့အပြင် ပုံပါကျောက်ဂွေအားလည်း ပြန်လည်ပြင်ဆင်မည်ဖြစ်ပါသည် ။ ရန်ပုံငွေပေါ် မူတည်ပြီ ကျောက်ဂွေအသစ်လှူဒါန်းရန်
လည်း အစီစဉ်ရှိပါသည် ။ ရေချိုးသည့်နေရာအား ဗွက်မထစေရန်
ကျောက်သွေးဖျော်၍ ခင်းမည်ဖြစ်ပြီး ကျောက်နှင့် ဘိလပ်မြေ ( ၅ ) အိပ်ကိုလည်း ယနေ့ မနက်ပိုင်းက ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါသည် ။

ထို့ပြင် ကိုရင်လေးများသီတင်းသုံး
နေထိုင်သည့်ကျောင်းမှာ အမှိုက်များရှုပ်ပွနေသဖြင့် အဖြူရောင်မိသားစုမှ သူငယ်ချင်းများစုပေါင်းကာ အမှိုက်များရှင်းလင်း
ပေးခဲ့ကြပါသည် ။
သင်္ကန်းများလျှော်ပေးရန် ဆန္ဒရှိသော်လည်း အချိန်မလောက်သည်က တစ်ကြောင်း ၊ ကိုရင်လေးများ သင်္ကန်းအပိုမရှိသည်က တစ်ကြောင်းကြောင့် မလျှော်ပေးနိုင်ခဲ့ပါ ။
အချုပ်ဆိုရသော် အဖြူရောင်မိသားစု လူငယ်အလှူရှင်များအသင်း၏ ( ၁၆ ) ကြိမ်မြောက်စာရေးကိရိယာ
ပေးအပ်လှူဒါန်းပွဲတွင် ကျောင်း၏
အမှန်တကယ်လိုအပ်သော မပြည့်စုံမှုများအတွက် မိတ်ဆွေအပေါင်းအသင်းများမှ
လည်း တတ်အားသရွေ့ ပါဝင်လှူဒါန်းနိုင်ပါသည်ဟု လေးစားစွာဖြင့် အသိပေးနှိုးဆော်အပ်ပါသည် ။

ဆက်သွယ်လူဒါန်းလိုပါက

ကျော်လေး>>>095178877image-1fd8b7428e5992d9ffc49663af98faf93df8cb50f2a06a256076e44cd78d3720-V

image-8b17d713bbf2749818d66a6420860a88c789d247b6c1ee3ea22b98f041bbfdf8-V

image-7fb6aefaa98dcdd28a8b0cc520fdae42663a9b6116e1922f2215fb1f323df3f1-V

image-691026d28a22f4abe5bc6f33364b6029da4333a0e55e8607b647e176541a8f0e-V

2 comments

  • မြစပဲရိုး

    October 8, 2014 at 7:05 pm

    ကျော်လေး က လူမှုရေး အတော်လုပ်တာဘဲ။
    သာဓု ခေါ်ပါတယ်။

    တကယ်တော့ ဒီ စာမသင်ရတဲ့ ကလေးတွေ၊ လမ်းဘေးမှာ နေနေရတဲ့ သက်ကြီးရွယ်အို တွေ ဟာ သူများပေးမှ ကျွေးမှ စားရဖို့ မဟုတ်ဘူး။
    ပြည်သူ့ ဘဏ္ဍာတွေ ကနေ သူတို့ အတွက် တရားဝင် စောင့်ရှောက် ရမဲ့ တာဝန် ရှိပြီးသား။
    သူတို့မှာ သူတို့ ကိုယ်ပိုင် ရပိုင်ခွင့် တွေ ရှိပြီးသား။
    ကြားက သူခိုး တွေ ဖြတ်အုပ်ပြီး စား နေလို့။

    ဒီတော့ ကျော်လေး တို့ သူတို့ ကို တကယ်ဘဲ သနားရင် သူတို့ ကို အမှန်အကန် စောင့်ရှောက်မဲ့ အစိုးရ ကို ရအောင် ယူနိုင်ဖို့ လုပ်သင့်တာ။
    လက်ရှိ လူတွေ ကတော့ ယုံ စရာမရှိတော့။

    နိုင်ငံရေး ဆိုပြီး လန့်မသွားနဲ့။
    မဲ တစ်ပြား ကလဲ အဆုံးအဖြတ်ဘဲ။
    စည်းရုံးပေါ့။ :-)))

  • Kyaw Lay

    October 9, 2014 at 6:45 am

    မဲတစ်ပြားအတွက်တော့စိတ်ချပါ
    အမမြစပဲရိုး

Leave a Reply