” သံဝေဂ ”

 

ဖယောင်းတိုင်လေး

ထွန်းကာပေးတော့

တစ်စတစ်စလောင်

တိုသွားသည့်တိုင်

အလင်းရောင်ပေး

ဖြန့်ကျက်သေးလည်း

နောက်ဆုံးကုန်လော့

ငြိမ်းပါပြီပေါ့

အလင်းရောင်ပျယ်

မှောင်သွားပြီဟယ်

ချုပ်ငြိမ်းနောက်ဆုံး

ဖြစ်လေသည်။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..