” သံဝေဂ “

ခင္ခOctober 8, 20141min1298

” သံဝေဂ ”

 

ဖယောင်းတိုင်လေး

ထွန်းကာပေးတော့

တစ်စတစ်စလောင်

တိုသွားသည့်တိုင်

အလင်းရောင်ပေး

ဖြန့်ကျက်သေးလည်း

နောက်ဆုံးကုန်လော့

ငြိမ်းပါပြီပေါ့

အလင်းရောင်ပျယ်

မှောင်သွားပြီဟယ်

ချုပ်ငြိမ်းနောက်ဆုံး

ဖြစ်လေသည်။

 

ခင်ခ။

8 comments

  • မြစပဲရိုး

    October 8, 2014 at 8:36 pm

    ကျွန်မတို့ ဘဝ တွေ လိုဘဲပေါ့။
    တစ်နေ့ချင်း မီးစာကုန် နေတာ သတိမပြုမိ။ အသိမထားမိ။
    တစ်ချိန်ချိန် မီးစာမကုန် လဲ ဝုတ်ကနဲ ငြိမ်းသွားတတ်တယ် ဆိုတာ သတိမပြုမိ။ အသိမထားမိ။

    • ခင် ခ

      October 8, 2014 at 8:47 pm

      ဒီနေ့ည သီတင်းကျွတ်မီးထွန်းတာကြည့်ပြီး တွေးမိသွားလို့ပါ။

  • မစုဉာဏ်

    October 8, 2014 at 10:25 pm

    ဘေးပတ်ဝန်းကျင်ကို အလင်းရောင်ပေးဖို ့အတွက် ကိုယ်တိုင် လောင်ကျွမ်းခံရတဲ့ ဖယောင်းတိုင်မီးလေးတွေ ရဲ ့ဘဝ။
    မြန်မာပြည်မှာ အများအကျိုးဆောင်ရွက်ရင်း လူမသိ၊ သူမသိ ကြွေလွှင့်သွားရတဲ့ သူရဲကောင်းတွေ အများကြီး ရှိသလို ပေါ ့။

    • ခင် ခ

      October 9, 2014 at 12:46 pm

      မစုဉာဏ် ပြောသလို လူမသိ၊ သူမသိ ကြွေလွှင့်သွားသော သူရဲကောင်းတွေဟာလည်း သူ့ပတ်ဝန်းကျင်ကို သူ့ယုံကြည်ရာ အလင်းတွေပေးဆပ်ခဲ့ကြမှာပါ။ အဲဒါတွေကို သိတဲ့သူတွေက သူ့တို့ယုံကြည်ရာ အလင်းတွေကို လက်ဆင့်ကမ်းလို့ ဆက်ကာထွန်းပေးနိုင်ကြမယ်ဆိုရင် ကောင်းမှာပေါ့ဗျာ။

  • ကေဇီ

    October 9, 2014 at 6:31 am

    အလင်းးရာင်လေးးး ကို မင်းးမြင်နိုင် ချိန်မှာ~~~~
    မီးးစာလေးးးလို ကျွမ်းးလောင်နေတာ ငါ ~~~~
    :a:

  • aye.kk

    October 9, 2014 at 12:14 pm

    မြင်​တတ်​ရင်​တရား
    ရုပ်​နာမ်​မှန်​သမျှဖြစ်​ပျက်​သာ။

  • Yae Myae Tha Ninn

    October 9, 2014 at 1:15 pm

    အို… လိုပါသေးတယ်… အလတ်ကြီးရှိသေး… 🙂

Leave a Reply