သီတင်းကျွတ်ပို့စ်…

ကုိ ထြဋ္October 9, 20141min21610

. မနက်က အဘွားတယောက်ကို သွားကန်တော့တော့ ဖယ်ရီ မစီးလိုက်ရဘူး… ဒါနဲ့ တက်စီ စီးတော့ FM က သတင်းတပုဒ်ကို ပြောနေတယ်ဗျ….

. ရှု းဒိုင်း တချောင်းက လမ်းမတော်က ပန်းကန်ဂိုဒေါင်ထဲ ဝင်ပြီး မီးလောင်သွားတဲ့ သတင်းပေါ့…

. ဒါနဲ့ ငယ်ငယ်က  အဖြစ်အပျက်တွေကို သတိရသွားတယ်… ခပ်ဆိုးဆိုးပဲ ပြောရမှာပေါ့… ဟီး… ဒီထဲမယ် တရပ်ကွက်ထဲသားချင်းတွေ မပါလောက်ဘူးထင်တယ်…

. မဟုတ်ရင် တရားခံ မမိခဲ့တာ.. အခုမှ အတုပ်ခံနေရမှာ…

 

. ငယ်ငယ်လေးကတည်းက လူများထက်ထွင်ချင်တာ ဝါသနာ.. အဲတာကို မြေတောင်မြှောက်ပေးတာက လူကြီးတွေ…

. သီတင်းကျွတ်တာနဲ့ အဖေ အမေက သင်ပေးထားတာလဲပါတယ်… ဦးတော်လိုက်လုပ်ရမယ်ဆိုပြီး…

. လိုက်လုပ်တော့ လူကြီးတွေက မုန့်ဖိုး အရမ်းပေးတယ်ဗျ… တကယ်တော့ စပွန်ဆာပေါ့… ဆိုးဖို့ အတွက်… 😛

 

. ပထမဆုံးတော့ ဗြောက်အိုးပဲ… တနှစ်လောက်ပဲ မှီပါတယ်… ဖောက်ဖို့.. နောက်နှစ်တွေကျတော့ စနက်တံပါတဲ့ ဟာဆို ဖောက်ခွင့်မရှိဖြစ်သွားတယ်…

. ဖောက်မယ်ဆိုတော့ ကောင်းကောင်း ဖောက်မယ် ထင်လား… ကျွန်တော်တို့ လမ်းက ညဈေးသွားတဲ့ လမ်းလေ… သူအသွားများတယ်… သီတင်းကျွတ်ဆို လှတ ပတ ဝတ်ပြီး လိုက်ကန်တော့ ကြတယ်လေ…

. ဟဲ… သကောင့်သားက အမြင်ကပ်တဲ့ သူတွေဆို ကြိုပြေး… ဗြောက်အိုးလေး စိုက်… အမွှေးတိုင်လေးနဲ့ တို့ပြီး ပြေးတော့တာပဲ… ပြီးရင် အယုတ္တ အနတ္တတွေ ကြားရပီ… 🙂

. ဖယောင်းတိုင်ဆိုတာ ပြေးရင် ငြိမ်းမယ်… အဲတုန်းက ဂက်စ်မီးခြစ် သိပ်မပေါဘူးဗျ… မီးခြစ်ဆံနဲ့ဆိုတော့ လက်ဝင်တယ်လေ… အမွှေးတိုင်က ကြာကြာခံတယ်…  😀

. အဲတုန်းက ဗြောက်အိုး ကြီးကြီး ၂ လုံးဆို ဗုံးပေါက်တာတောင် ထင်ရတယ်… အုံး ကနဲပဲ… ကိုယ့်ဘာသာတောင် လန့်သွားတယ်…

. မကျယ်ခံနိုင်ရိုးလား… ငယ်ငယ်တုန်းက လက်နဲ့ လက်သီးဆုပ်လောက်ကိုး… ဗြောက်အိုးက… ဟီး…

. နောက်နှစ်တွေတော့ လက်တလုံးခြားလေ စနက်တံမပါ… ထိပ်နီလေးတွေ ဖောက်တယ်… အရင်လောက်တော့ မကြိုက်… ဆဲသံ သိပ်မကြားရလို့…. 😛

. ဒါက ဗြောက်အိုး…

. ဟဲ.. ဖေ့ဘွတ်မှာ တင်ထားတာလေး ကျန်ခဲ့လို့… ဗြောက်အိုးကို အတွဲလိုက် ဖောက်တာ ကျန်ခဲ့တာ.. ဗြောက်အိုးဆိုတာထက် ရှူးးဒိုင်းဗျ…

. သူလဲ စနက်တံပါတယ်..  ဒါပေသိ သူက အပေါ်တက်တဲ့ အမျိုး… တချောင်းထဲက ကောင်းရဲ့… လွှတ်တဲ့ နေရာသွား တန်းနေတာပဲ…

. အဲတခေါက်ကဆို မုန့်ဖိုးလေးလဲ ပို … ဆိုင်ကလဲ ကျပ်.. လွှတ်မိုက်တယ်ပေါ့… နဂိုကတည်းက စဉ်းစားပါတယ်… တည့်တကယ်ထွက်လားဆိုပြီး မေးတယ်…

. ဆိုင်က အာမဘန္တေခံတယ်… ဒါနဲ့ ကြွားချင်တော့ ၆ ထပ် တိုက် နှစ်ခုကြား မျက်နှာချင်းဆိုင်မှာ ထား… စနက်တံ မီးရှို့လိုက်တာ…

. အလယ်က ၂ ချောင်း ၃ ချောင်းပဲ တည့်တယ်… ကျန်တာတွေက အိမ်တွေထဲ ဝင်သွားတာဗျာ… ယမ်းငွေ့တွေ လမ်းမှာ အုံ့ဆိုင်းသွားလို့… မဟုတ်ရင် ဂုတ်ဆွဲပြီး အတီးခံရမှာ…

. ဆဲသံတွေလဲ ယမ်းငွေ့နီးပါး… မွှန် ထွန် နေတာ… ဟီး ဟီး… ပြန်တွေး ရေးရင် ပျော်လာတယ်ဗျ…. ဒါက တတိယမျိုးဆက် ဗြောက်အိုး( ရှူး ဒိုင်းပါ )

 

. ဒုတိယ မာကျူရီ ထုတာ… ဒါက … နဲနဲ လက်ဝင်တယ်… လူလိုတယ်… တယောက်က မီးရှို့… တယောက်က တူနဲ့ စောင့်… တယောက်က ရေဖြန်းပေး…တခုပဲ အကုန်လုံး ပုဆိုးကို ခေါင်းမြီးခြုံရတယ်…

. မဟုတ်ရင်တော့ အကျီင်္တွေ တာ့တာပဲ.. အကုန် စားကုန်တာ… ခြုံတဲ့ ပုဆိုးကတော့ ပြီးရင် ခြေသုတ်သာ လုပ်လိုက်တော့… 🙂

. အသံအောင်ချက်ကတော့ ခြောက်ဘီးကား ဘီးပေါက်သလောက်ပဲ… ဒါက ဈေးလဲ ပေါတယ်… တတွဲဆို ၁ဝ ခု ၁၅ ခုပါတယ်… လုပ်ပါလေ့ပဲ…

. မခံနိုင်တာက ရပ်ကွက်… ပထမ တတွဲလောက်ထိက… အော်… ကလေးတွေ ဆော့ပါစေပေါ့… မညှော်ဘူးလေ… ဗြောက်အိုးက ညှော်တယ်ဗျ… ယမ်းနံ့ထွက်တာကို ပြောတာပါ…

. နောက်တတွဲကျတော့ ရေလာယူရင် ပေးမယူတော့ဘူး.. နင်တို့ ဆူတယ်ပေါ့… ဘာညာနဲ့ ရတယ်လေ… ကိစ္စ မရှိဘူး.. မပေးရင် နောက် တအိမ်သွား မ တယ်… 🙂

. နောက်ဆုံး ဘယ်သူမှ မပေးတော့… ဟီး… ဘာလုပ်မယ် ထင်လဲ…. ရေ ဖြစ်ရင် ပြီးရောမလား.. 🙂 သူက ရေမပါရင် အသံမထွက်ဘူးလေ…

. အဲတော့… အဲတော့… ပထမက ဟီး…. တံတွေး ဝိုင်းထွေးတယ်… မာကျူရီချပြီး ထုမယ့်နေရာကို.. နောက် အာခြောက်လာတော့… ရှူးရှူး တယောက်တလဲ ပန်းပြီး ရေသုံးရတယ်…

. ပြီးလဲ ပြီးရော နောက်နေ့ ပုဆိုးကို ယောင်လို့ မနမ်းမိစေနဲ့… အော့ ကလီဆန်နေပြီ… ဒါမျိုးတော့ တတ်တယ်… ဘယ်ရမလဲ… ရေချိုးခန်းထဲ ပစ်ထားလိုက်တယ်…

. နောက်နေ့လဲ ကျရော… အမေက လှော်တော့တာပဲ… စောက် ကမြင်းကြောထတာကိုးလို့… ဒါက ပုဆိုး အခြေအနေမမြင်သေးဘူး… ပြဲပြီး ရိတာလဲ မြင်… အဖြူကွက်တွေလဲ မြင်ရော ကျွေးတော့တာပဲ….

. ကျွေးလဲ ဘာဖြစ်လဲနော… စားတာပေါ့… မှတ်လားဆို… နောက်နှစ် မရောက်မချင်း မှတ်တယ်…. 🙂

 

. တတိယကတော့ မီးပုံးပျံလွှတ်တာ… ဒါကတော့ သိပ်စိတ်မဝင်စားဘူး… တစ် အသံမထွက်ဘူး.. နှစ် ဆဲသံမကြားရဘူး… ၃ ဈေးကြီးတယ်… ၄ ပျော်စရာ မကောင်းဘူး… ၅ လွှတ်ပြီးရင် ပြီးသွားပြီ…

. ထိုင်ကြည့်နေရတာ ဖီးလ်ကို မရှိတာ… ဒီတော့ သိပ်မရွေးဖြစ်ဘူး… ဒါပေမဲ့ … မီးပုံးပျံတော့ လိုက်တယ်… ဖရီးရတာကိုး… လွှတ်တာကလဲ တသောသော ဆိုတော့ မိတတ်တယ်ဗျ…

. ပြန်သွင်းပြီး ဗြောက်အိုးပြန်ယူ… ဒါမှ မဟုတ်ရင်… ပိုက်ဆံရတယ်ဗျ… 

. တခေါက်ပေါ့… တခေါက်ဆိုမှ တခေါက်ပဲ.. ကျန်တာက မအောင်မြင်ဘူး… ပြန်မရောင်းဖြစ်ဘဲ လွှတ်တာ ရှိတယ်ဗျ… ဒါပေမဲ့ အောက်က မီးစာမှ မရှိတာ…

. စွတ်ကျယ်သားကို လုံး… ဓာတ်ဆီ ဆွတ်ပြီး… လွှတ်တာ… လေးပြီး မတက်ဘဲ… မီးလောင်သွားတယ်…. ဟဲ…

. အဲတခေါက်ကတော့ အောင်မြင်တယ်… တက်တယ်… လွှတ်တာက ကမ်းနားက.. လေက လမ်းဘက် ပြန်တိုက်တာ… တအိအိ နဲ့ တက်ပြီး…

. လေငြိမ်တော့ ရပ်ကွက်ထဲက ထိပ်အိမ်လေးရဲ့ ခေါင်မိုးကို တပ်ကပ်တာ… အော် ဘာပြောကောင်းမလဲ… ခေါင်မိုးပေါ်တက် မီးတက်ငြိမ်းရတယ်…

. ရပ်ကွက်လဲ… ဆဲလိုက်တာ မိုးကို မွှန်နေတာပဲ… ကံကောင်းတာက အဲဒါ နောက်ဆုံး ညဆိုတော့ မဆော့နဲ့ ပြောလဲ ဟုတ်ကဲ့ပေါ့… ပြီးတော့ အဲတာ ည မိုးတော်တော်ချုပ်မှ လုပ်တာလေ… လုပ်စရာမရှိတော့လို့….

. ဓာတ်ဆီ ဘယ်ကရလဲ မမေးနဲ့… အဲတုန်းက လမ်းထဲမယ် ပစ္စည်းတင်တဲ့ကား ဒေါ့ဂျစ်တွေ ရှိတယ်… ကားရှိတဲ့ကောင်က အိမ်က ဆီပိုက်ကို ခိုးလာ…

. ကျွန်တော်တို့က အဲကားကနေ ဆီကို ခိုးစုပ်ပြီး… ဆော့ရတာ… တခါ အဲကား ဓာတ်ဆီ ထည့်တဲ့အထဲ ရှူးရှူး ပေါက်ထည့်တာ…

. နောက်နေ့ တရားခံလိုက်ရှာတယ်… မိလားဆိုတော့… ဇာတ်လိုက်ပဲ… ဘယ်မိမလဲ…. အဲကြောင့် ကြို စကားကန်ထားတာ… အစကတည်းက တရပ်ကွက်တည်းသား သားချင်းရှိရင် သေပြီလို့… 🙂

 

. နောက်ဆုံးတခုကတော့ ငရဲမီး… ကောင်းသလားဆို ကိုယ့်အိမ်ကိုယ် မီးရှို့သလား အောက်မေ့ရတာ…. ဆော့ပုံဆော့နည်း ပြောပြမယ်…

. ဖန်လီခွက်…. အအေး အဖုံး သံဖုံးလေးကို အထဲက ရာဘာ ထုတ်ရတယ်… မဟုတ်ရင် ညှော်လို့… ဟီး.. သိတတ်တာ မဟုတ်ဘူး… မီးတောက် သိပ်မကြီးလို့ ဖြုတ်တာ… 🙂

. ကျွင်းလေးတူး… ဖယောင်းတိုင် အတို မြုပ်စာပေါ့… အပေါ်မှာ ခြောက်လက်မ သံကြီး ၂ ချောင်းကို ထား… အပေါ်မှာ ခုနက ဖန်လီခွက်ကိုတင်… အောက်က ဖယောင်းတိုင်ထား မီးညှိ…

. အပေါ်က ဖန်လီခွက်မှာ ဖယောင်းစာ ထည့်ပြီး.. ပြီးရင် မီးစာချောင်းလေးကို ခွက်ထဲ မြုပ်အောင်ထည့်… ဖယောင်းဆူလာရင်… ရေခွက်လေးကိုင်ပြီး… ရေတောက်ပေတော့…

. ဝုန်း ကနဲ ဝုန်းကနဲ နဲ့ မီးတောက်တက်လာရော… ဒါက ငရဲမီး… ဆော့ပုံ…

. မောင်တီထွင် ဆော့ပုံပြောပြမယ်… ဖန်လီခွက်က သေးတယ်… ဖယောင်းမဆန့်ဘူး.. ဒါကြောင့် မီးတောက်သေးတာ… ဒါက ၁ အချက်… ဒါကြောင့် ရွှေကြိုတဲ့ လုံကို ရွေးလိုက်တယ်…

. ၂ အချက်က အိမ်က အရင် ပန်းထိမ်ဌားတယ်ဗျ… ၂ ထပ်တိုက်ဆိုတော့ သူတို့က မီးခြစ်မသုံးဘဲ… ဖယောင်းတိုင်သုံးပြီး လုပ်တော့ ဒါက ကုန်ကြမ်း… သို့ပေမဲ့ မီးစာက မရှိဘူးလေ…

. အိမ်က ဟာ ဖယောင်းတိုင် အကောင်းသုံးရင် တုပ်မှာလေ… အဲတော့ … ဟဲ… ဉာဏ်ကောင်းချက်ပြောတာနော်… ပန်းတိမ်အိမ်ဆိုတော့ ဓာတ်ဆီရတယ်လေ…

. ခုနက မီးပုံးအတွက်တော့ ဘယ်လောက်မလဲ အဲတာကတော့ ခိုးရတာပေါ့… အခုက တို တာ… 🙂

. ဒါဆို ပစ္စည်းစုံပြီဆိုတော့ … စဆော့ပြီလေ… သူငယ်ချင်းတွေ မခေါ်သေးဘူး… ဒါက စမ်းသပ်ဆဲကိုး… ခုနကအတိုင်း တွင်းတူး… သံချောင်းထား… လုံတင်…

. စ ပါပြီ… ဆူလာတယ်… မီးစာမရှိတော့ ဓာတ်ဆီလေးနဲ့ အပေါ်ခွက် မီးလောင်အောင် လုပ်တယ်.. ခုနက ကျန်သွားတယ်.. မီးစာ သုံးရခြင်းက အပေါ်ခွက်ပါ မီးစွဲနေအောင်ပါ…

. ဒါမှ အပေါ်မီး အောက်မီးနဲ့ ရေနဲ့ တွေ့ ဝုန်း တော့မှာပေါ့…. ခုလဲ ဆူတယ်… ဆီထည့်တယ်… ရေတောက်လိုက်တယ်…

. ဝုန်း   ဆိုတာမှ ဟက်ပဲ့ကြီးဗျာ… လူပါနောက်လန်လဲသွားပါတယ်… အော်… မိုက်တယ်ပေါ့… နောက် ရေပိုပြီး များများလေး တောက်တယ်… ဝုန်း… ဆို ပိုကြီးတယ်…

. ညှော်လာပြီလေ.. အပေါ်ထပ်အိမ်က ပြောတယ်.. ဟဲ့… နေ့ခင်းကြီး မဆော့နဲ့လေတဲ့… ညဆို တော်ရောပေါ့ ဆိုတော့… ဟုတ်… ဟုတ် ဆိုပြီး…

. အရင်လို ရေ များများ လောင်းလိုက်တယ်…. စောက်ကျိုးပါ နဲရော ဗျာ… မီးတောက်က ကျွန်တော့် တရပ်ကျော်သွားတယ်… အာ… ပြသနာပဲ…

. အပေါ်ကလဲ ဆဲတော့မယ်… ဒါနဲ့ ပိုပြီး ရေထပ်လောင်းတယ်… မငြိမ်းဘူးဗျာ…. ချွေးတွေ ထွက်လာတယ်… ဘာလုပ်ရမှန်းလဲ မသိတော့ဘူး…

. တခုပဲ ကြားဖူးတာ… ရေမနိုင် သဲပက်ဆိုတော့… အဲတာ.. အပင်စိုက်ထားတာ နှုတ်… သဲတွေနဲ့ လောင်းထည့်လိုက်တော့မှ ငြိမ်းတယ်… ကံကောင်းလို့ အိမ်မီးမလောင်တာ…

. တော်တော်ကို ဇောချွေးပြန်သွားတယ်… ဖူး… တော်ပြီ တော်ပြီဆိုပြီး… အဲနေ့က ကစားပါ မကစားနိုင်ဘူး… ရင်တွေ တုန်နေတာ…

. အဟီး ဒါက လုံးဝ ဘဝ မှာ အမှတ်တရပဲ… သီတင်းကျွတ် အမှတ်တရပေါ့….

 

. အခုပြောသွားတဲ့… ဟာတွေက… လုံးဝ … လုပ်ကြံဇာတ်လမ်း မဟုတ်ပါ… အလွန်အကျူးလဲ ပြောထားခြင်း မရှိပါ… မယုံရင် ရပ်ကွက်ထဲ လာခဲ့ပါ…

. မုန့်ကျွေးပြီး…  ရဲဘော်များနဲ့ မိတ်ဆက်ပေးပါ့မယ်…. ဟီး… တော်သေးတယ် ပြောရမယ်… အိုးမဲ့ အိမ်မဲ့ မဖြစ်ခဲ့တာပဲ….

. ကဲ… ဒီလောက်ပဲနော်… ဖတ်ရှူ သူများကို ကျေးဇူးပါ…. …. 🙂 🙂 🙂

 

 

10 comments

  • ကေဇီ

    October 9, 2014 at 11:33 am

    ညီလေး
    အကိုတို့နဲ့ စခန်း ခဏ လိုက်ခဲ့ပါ။

    :kwi:

    ပြုံးတော့ ပြုံးချင်ပါရဲ့အေ။
    အဲဒီအပျော်မျိုးကျ နာ က မခံစားတတ်။
    :a:

  • Yae Myae Tha Ninn

    October 9, 2014 at 11:36 am

    ဘာလို့… သူများကို ဒုက္ခပေးတဲ့ အပြုံးမျိုးမို့လား… 🙂

    • ကေဇီ

      October 9, 2014 at 11:39 am

      ဒါကတော့ ကိုယ့် ခံယူချက်နဲ့ ကိုယ်မို့ နေမှာပါ။
      နာက သီတင်းကျွတ် ဆို ဆီမီးထွန်းတာတို့ မီးပုံးလေးတွေ ချိတ်တာတို့ပဲ ခံစားလို့ရတယ်။
      မီးပန်းတို့ ဗျောက်တို့ မီးပုံပျံတို့ ကို စိတ်မပါဘူးး
      ဟီးဟီး :mrgreenn:

      • Yae Myae Tha Ninn

        October 9, 2014 at 11:41 am

        အော်.. နီတို့က မိန်းလေးကိုး.. နာက ကျားလေးဆိုတော့.. တာတေလန်တာ ဘယ်ရီရမလဲ.. ဟွန့်… 🙂

  • kyeemite

    October 9, 2014 at 11:40 am

    .မပြုံးပဲ ဝါးလုံးကွဲ ရီသွားပါတယ်….တော်တော်ဆော့ပေတာပဲ :i:

  • Yae Myae Tha Ninn

    October 9, 2014 at 11:43 am

    ဒါက ချန်ထားသေးတာ… ဦးကြီးမိုက်ရဲ့… တချို့ဟာတွေဆို တော်တော် ဆိုးဆိုးတွေ ဆော့တာ… ဟီး… 🙂

  • ဂျက်စပဲရိုး

    October 9, 2014 at 3:48 pm

    ကျနော်တို့ကျတော့လဲ အဲ့ဒီ ယမ်းနံ့ တွေ ဝုန်းကနဲ ဒိုင်းကနဲ တွေ ကို သိပ်မခံစားတတ်တာလား
    လာပေါက်ပြီး ကိုယ့်မှန်မှာ ကြောက်တာလားတော့ မသိဘူး
    ငယ်ငယ်တုန်းက အဲ့ဒါတွေနဲ့ မဆော့ဖူးဘူး
    နေတာကလဲ ကန်ထရိုက်တိုက်မှာ
    ညဘက်ဆိုလဲ အမေတို့က အောက်ကို သိပ်ပေးမဆင်းတာလဲ ပါမှာပေါ့ဗျာ။
    ဘာပဲ ပြောပြော သူများတွေ အဲ့လို သောင်းကျန်းတဲ့ ဇာတ်လမ်းလေးတွေ ကြားရ ဖတ်ရတော့ အားကျသား
    နောက်မျိုးဆက် အလှည့်ကျရင် မကျိုးမကန်းရင် ပြီးရော ဆိုပြီး ပေးဆော့ လွှတ်ပေး လုပ်ဦးမှပါ။ း)

  • Yae Myae Tha Ninn

    October 9, 2014 at 4:07 pm

    ဟုတ်ဘူး… ဂျက်ရ… ထောင်ထားပြီးရင် သုတ်တော့ပဲ… အုံးကနဲ နေပြီးရင် ပြန်လာပေါ့… ဆဲသံနည်းရင်… အကိုတို့ ကြည့်မြင်တိုင်က ရပ်ကွက်ဆန်တယ်ကွ… ရွယ်တူဆို တိုက်နေနေ… လုံးချင်းနေနေ… မဆော့ မနေရ လိုက်ခေါ်တာပဲ… ကျူရှင်တွေလဲ တူတော့ ပိုဆိုးတယ်… အကို့မှာ ဆိုးဖော် ဆိုးဖက်… ဘယ်အချိန် ကြည့်ကြည့် အနည်းဆုံး ၄ ယောက်ရှိတယ်… ခေတ်တွေ အကုန်မှီတယ်… ဂျင်ဆို ဂျင်ခေတ်… စွန်ဆို စွန်… ဂေါ်လီဆို ဂေါ်လီ… ညီတို့ ခေတ်ကျတော့ ဂိမ်းဆိုင် နည်းနည်း ပေါလာတာကိုး… 🙂

  • အလင်းဆက်

    October 9, 2014 at 4:16 pm

    ဒီပိုစ့်ကို စ တက်ကတည်းက…
    ဖတ်ပြီးပြီ ။
    ဖတ်ပြီးပြီးချင်း…ကွန်မန့်လေးပေးမယ်ဆိုပြီး..ရေးဖို့ ပြင်ကတည်းက..စပြီး
    အင်တာနက်လိုင်း ဆိုးသွားတာ…
    အခုမှ ကွန်မန့် ရေးလို့ရသွားတယ်။
    ဟူးးမောထာ…

    ဒါနဲ့.. ရပ်ကွက်ထဲ လာရင်…
    မုန့်ဝယ်ကျွေးပါ ။

    :k:

  • Yae Myae Tha Ninn

    October 9, 2014 at 4:26 pm

    သိပါဘူး… မောင်မင်းကြီးသား ပုံပြောသွားပြီ မှတ်ထှာ… 😛
    လာခဲ့ပါ… မုန့်ကျွေးမယ်… မနက်ပိုင်းလာရင်… ညပိုင်းဆို အရက်တိုက်မယ်… 🙂

Leave a Reply