ဆရာတော်ရဲ့ ဘွဲ့က ဦးသုဇာတပါ… နာရီစင်ဆရာတော်လို့ နာမည်ကြီးပါတယ်… ပဲခူး မြို့လယ်က နာရီစင်ကြီးက ဆရာတော် လှူခဲ့တာပါ… ဘေးမှာလဲ အလှူရှင် အမည်မှာ ဆရာတော်ဘွဲ့နာမည်ပါပါတယ်…

ဓမ္မရိပ်သာကျောင်းမှာ သီတင်းသုံးပါတယ်… အဖေ နဲ့က ဆရာတူ တပည့်တွေပါ… အဖေ ငယ်ငယ်တုန်းက ဘုန်းတော်ကြီး ပညာသင်ကျောင်းမှာ တက်ခဲ့တော့ သူငယ်ချင်းတွေ ဖြစ်နေတာပါ…

ခနောင်ဆရာတော်လို့ နာမည်ကြီးတဲ့ ဆရာတော်နဲ့ မြိတ်မှာ ပညာသင်ခဲ့ကြတာပါ… နောက်များ ကျတော့ ဆရာတော်တွေက ဒီကျောင်းမှာ ဒီဘာသာ ကောင်းရင် စာလာအံ…

နောက်တကျောင်းမှာ နောက်တဘာသာကို သီတင်းသုံးရင်း စာအံရာ ပြောင်းရွေ့ရာက ပဲခူးမြို့ ဓမ္မရိပ်သာကျောင်းမှာ ကျောင်းထိုင်ဖြစ်သွားတာထင်ပါတယ်…

ပြောချင်တာကတော့ မြိတ်မှာ စာလာအံဖူးတော့ ကတ်ကြေးကိုက် ဘုဉ်းရတာ အင်မတန်သဘောတွေ့ပါတယ်…

ဒါကြောင့် ရက်ရွေးတုန်းက ဆရာတော်ဆီသွား တွက်ချက် ရင်း ကတ်ကြေးကိုက် ကြော်ကပ်ရပါတယ်…

အမှန်တော့ တွက်ချက်တာကို ယုံတာ မယုံတာ တပိုင်းပါ… အခုဆို သက်တော်ပဲ ၉၀ ကျော်ပြီဆိုတော့…

ရဟန်းအိုကို လုပ်ကျွေးပြုစုတာဟာ ဘုရားကို လုပ်ကျွေးပြုစုတာနဲ့ တူတယ်ကြားဖူးထားတော့ ကုသိုလ်သွားပြုတာပါ…

 

ဒီတခေါက်က အမေ့အတွက်… ဆရာတော်က သိက္ခာထပ်ဖို့ ရှိတယ်ဆိုတော့… အဖေကပဲ အမေ့ကို ကုသိုလ်ရအောင်ဆိုပြီး Plan ဆွဲတာပါ…

အသက်ကလဲ ကြီးပြီလေ… ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ဆိုတဲ့ အတိုင်း… တခါကလဲ အကြီးအကျယ် ဖြစ်ဖူးထားတော့… ရဟန်းဒါယိကာမ ဖြစ်အောင် သွားကြတာပါ…

ကျွန်တော်တို့ လင်မယားရယ်… အဒေါ်တယောက်ရယ်… ဦးလေး တယောက်ရယ်… ပေါင်း ၆ ယောက်သွားကြတယ်…

ကတ်ကြေးကိုက်ဆိုတဲ့ အစားအစာက ပူပူလောလောမှ စားကောင်းတာ ဂလား… ဒီထက်ပိုတာက ဆရာတော်က ကျောင်းမှာ တခါတည်းကြော် ကပ် ဘုဉ်းပေးရတာ ပို နှစ်ခြိုက်တော့…

ကြော်ဖို့ လှော်ဖို့ ဒီကနေ အကုန် ပြင်ဆင် … ယူစရာ ရှိတာ အကုန်ယူ… ဒန်အိုးကလွဲရင်… အကုန် သယ်ရတာ….

 

သွားမယ်… သွားမယ်ဆိုတော့ ပုံမှန်တော့ လိုင်းကားနဲ့ ဒိုးရင် ဒိုး… မဟုတ်ရင် မီးရထားနဲ့ ဒိုး… ဘုန်းကြီးကျောင်းက ဘူတာနဲ့ နီးတာကိုး…

ဒီတခါတော့ ပစ္စည်း ပစ္စယက များတယ်လေ… သိမ်ဆင်းလောင်းဦးမှာကိုး… အမေလဲ အရင်လောက် မသန်ဘူးလေ… ဒါနဲ့ တက်ကစီနဲ့ ဒိုးဖို့ ဖြစ်လာတယ်…

လူက ၆ ယောက် ဆိုတော့ ကလေး ၂ ယောက်ဖြစ်တဲ့ ကျွန်တော်တို့ လင်မယားက ကားနောက်ဖုံးက လိုက်ရတာပေါ့… သွားတာက ပရိုဘောက်နဲ့ကိုး…

 

တလမ်းလုံး ကျိုးလာရတယ်… မနက်ကလဲ အစောကြီးထ ဟိုလုပ်ဒီလုပ်နဲ့ဆိုတော့… တော်သေး မနက်နည်းနည်းစောလိုက်လို့ မဟုတ်ရင် ပူကျစ်ပြီ….

ဘုန်းကြီးကျောင်းရောက်တော့ ၉ ခွဲပြီ… တော်သေးတာက ရောက်တော့ မီးက မွှေးပြီးနေပြီ…  မဟုတ်ရင် မသက်သာဘူး…

မီးသွေးနဲ့လဲ မဟုတ်ဘူး.. ထင်းနဲ့ဆိုတော့ မွှေးတတ်ဘူးဗျ… ထင်းရှူးဆီ ဒါမှ မဟုတ် ဂေါ်လီချေး တခုခု ရှိရင် တော်သေး…

ရောက်တာနဲ့ လုပ်ငန်းစရတာပဲ… အချဉ်လုပ်တဲ့သူနဲ့… ဟင်းချိုအိုး ကိုင်တဲ့သူနဲ့… အကြော်ဆရာကတော့ ကျွန်တော်ပေါ့…

နောက်များတော့ ကတ်ကြေးကိုက် ကြော်နည်းတင်ပေးပါ့မယ်… တအိုးပဲ ကြော်လိုက်တယ်… အဲအချိန် ဆရာတော်တွေက သိမ်တက်နေတာပေါ့..

ဟင်းချိုလဲ ဆူ…  အချဉ်လဲ ပြီး… ဆရာတော်တွေ သိမ်ဆင်းတော့ သိမ်ထွက်ဆွမ်းလောင်းကြတယ်… ကျွန်တော်က ကင်မရာမင်း ဆိုတော့ ပုံထဲမပါပါ… :)

P1280184

ဒါက သိမ်ဆင်းလောင်းနေပုံလေ… အမေရော အဖေရော ဒူးမကောင်းတော့ ဂလိုပဲ လောင်းရတယ်…

P1280193

ဒါက ဆရာတော်နဲ့ မိဘ ၂ ပါးပုံပါ…

 

ပြီးတာနဲ့ ဆရာတော်တို့ကို နေ့ဆွမ်းဆပ်ကပ်ခဲ့ပါတယ်… အကျဉ်းချုံး အလှူလေးပေါ့… ကားသမားနဲ့ ကျောင်းကို ပြင်နေတဲ့ အလုပ်သမားတွေကို ကျွေးခဲ့ပါသေးတယ်…

 

P1280208

ဒါက ဆရာတော်တွေ အစုံ နဲ့  ဆွမ်းကပ်ခါနီး ပုံပါ...

 

 

 

P1280209

ဒါက ဆွမ်းတွေကို အနီးကပ် ပုံပါ…

P1280210

ဒါက ကတ်ကြေးကိုက် အနီးကပ် ပုံပါ… ( ပွဲပြင်တာ မိန်းမပါ… )

P1280215

ဒါက ကျွန်တော် ကတ်ကြေးကိုက် နောက်တအိုးကြော်နေ ပုံပါ…

P1280224

ဒါက ကားသမားရယ်… ဦးလေးရယ်… အလုပ်သမားတွေရယ် ပုံပါ….

လူလဲ မြင်တဲ့အတိုင်းပဲ… မီးခိုးတွေမွှန်ပြီး… လှော်ရတာကလဲ ၂ ပိသာလေ… စားတောင် မစားနိုင်တော့ဘူး…

အိုးခွက်တွေကလဲ ရေဆေးဖို့ မလောက်လို့… ကျောင်းအောက်ထိ ဆင်းပြီး ဆေးရတယ်…

အပြန်မှာတော့ ဘုရားတွေ လိုက်ပို့ပါတယ်… ဒါပေမဲ့ မဖူးနိုင်တော့ဘူး… နေလဲ ပူ… လူကလဲ ချွေးတွေ အထွက်လွန်တော့….

အဖေ အတင်း သွားခိုင်းလို့ သွားဖြစ်တဲ့ ဘုရားတွေတော့ ဓာတ်ပုံရိုက်ခဲ့သေးတယ်… ပိုဆိုးတာက လမ်းမှာ ပင်ပန်းလို့ ထန်းရည်သောက်လိုက်တော့ ဘုရားပေါ်တက်လို့ ပိုမကောင်းတော့ဘူး… :)

P1280231

ဒါက ပဲခူး ရွှေမော်ဓော ဘုရားပါ…

P1280237

ဒါက မြသာလျောင်း ဘုရားပါ…

P1280241

ဒါက မြသာလျောင်း ဘုရားထဲက သဲကျောက်ဘုရားတွေ ပါ…

P1280246

ဒါက အနီးကပ် ရိုက်ထားတာပါ…

P1280249

ဒါက ရွှေသာလျောင်း ဘုရား ပုံပါ… ဘယ်ဘုရား ဖြစ်ဖြစ် ကျောင်းပိတ်ရက်မို့လား မသိဘူး… လူစည်တာမှ ကြိတ်ကြိတ်တိုးပဲ…

P1280251

ဒါက ရွှေသာလျောင်း ဘုရားရဲ့ ခြေဖ၀ါးတော်ပုံ…

 

ရွှေသာလျောင်းဘုရား နောက်ဆုံးပါပဲ… ပြီးတော့ အိမ်ပြန်ကြတယ်… လမ်းမှာတော့ ဖရဲသီးပေါလို့ ၀ယ်လိုက်တာ… တလုံးထဲပါ.. ခုထိ ကုန်သေးဘူး…. :)

ဒါလေးက ကျွန်တော်တို့ မိသားစု သိက္ခာ သွားထပ်၊ ဘုရားဖူး၊ ခရီးထွက် မှတ်တမ်းလေးပါ… အမှတ်တရ အနေနဲ့ တင်လိုက်တာပါ…

အဆုံးထိ ဖတ်ဖြစ်ခဲ့ရင် ကျေးကျေးပါ ခင်ဗျာ… :) :) :)

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...