ကျွန်တော် နဲ့ သိက္ခာထပ်…

ကုိ ထြဋ္October 9, 20144min1067

ဆရာတော်ရဲ့ ဘွဲ့က ဦးသုဇာတပါ… နာရီစင်ဆရာတော်လို့ နာမည်ကြီးပါတယ်… ပဲခူး မြို့လယ်က နာရီစင်ကြီးက ဆရာတော် လှူခဲ့တာပါ… ဘေးမှာလဲ အလှူရှင် အမည်မှာ ဆရာတော်ဘွဲ့နာမည်ပါပါတယ်…

ဓမ္မရိပ်သာကျောင်းမှာ သီတင်းသုံးပါတယ်… အဖေ နဲ့က ဆရာတူ တပည့်တွေပါ… အဖေ ငယ်ငယ်တုန်းက ဘုန်းတော်ကြီး ပညာသင်ကျောင်းမှာ တက်ခဲ့တော့ သူငယ်ချင်းတွေ ဖြစ်နေတာပါ…

ခနောင်ဆရာတော်လို့ နာမည်ကြီးတဲ့ ဆရာတော်နဲ့ မြိတ်မှာ ပညာသင်ခဲ့ကြတာပါ… နောက်များ ကျတော့ ဆရာတော်တွေက ဒီကျောင်းမှာ ဒီဘာသာ ကောင်းရင် စာလာအံ…

နောက်တကျောင်းမှာ နောက်တဘာသာကို သီတင်းသုံးရင်း စာအံရာ ပြောင်းရွေ့ရာက ပဲခူးမြို့ ဓမ္မရိပ်သာကျောင်းမှာ ကျောင်းထိုင်ဖြစ်သွားတာထင်ပါတယ်…

ပြောချင်တာကတော့ မြိတ်မှာ စာလာအံဖူးတော့ ကတ်ကြေးကိုက် ဘုဉ်းရတာ အင်မတန်သဘောတွေ့ပါတယ်…

ဒါကြောင့် ရက်ရွေးတုန်းက ဆရာတော်ဆီသွား တွက်ချက် ရင်း ကတ်ကြေးကိုက် ကြော်ကပ်ရပါတယ်…

အမှန်တော့ တွက်ချက်တာကို ယုံတာ မယုံတာ တပိုင်းပါ… အခုဆို သက်တော်ပဲ ၉ဝ ကျော်ပြီဆိုတော့…

ရဟန်းအိုကို လုပ်ကျွေးပြုစုတာဟာ ဘုရားကို လုပ်ကျွေးပြုစုတာနဲ့ တူတယ်ကြားဖူးထားတော့ ကုသိုလ်သွားပြုတာပါ…

 

ဒီတခေါက်က အမေ့အတွက်… ဆရာတော်က သိက္ခာထပ်ဖို့ ရှိတယ်ဆိုတော့… အဖေကပဲ အမေ့ကို ကုသိုလ်ရအောင်ဆိုပြီး Plan ဆွဲတာပါ…

အသက်ကလဲ ကြီးပြီလေ… ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ဆိုတဲ့ အတိုင်း… တခါကလဲ အကြီးအကျယ် ဖြစ်ဖူးထားတော့… ရဟန်းဒါယိကာမ ဖြစ်အောင် သွားကြတာပါ…

ကျွန်တော်တို့ လင်မယားရယ်… အဒေါ်တယောက်ရယ်… ဦးလေး တယောက်ရယ်… ပေါင်း ၆ ယောက်သွားကြတယ်…

ကတ်ကြေးကိုက်ဆိုတဲ့ အစားအစာက ပူပူလောလောမှ စားကောင်းတာ ဂလား… ဒီထက်ပိုတာက ဆရာတော်က ကျောင်းမှာ တခါတည်းကြော် ကပ် ဘုဉ်းပေးရတာ ပို နှစ်ခြိုက်တော့…

ကြော်ဖို့ လှော်ဖို့ ဒီကနေ အကုန် ပြင်ဆင် … ယူစရာ ရှိတာ အကုန်ယူ… ဒန်အိုးကလွဲရင်… အကုန် သယ်ရတာ….

 

သွားမယ်… သွားမယ်ဆိုတော့ ပုံမှန်တော့ လိုင်းကားနဲ့ ဒိုးရင် ဒိုး… မဟုတ်ရင် မီးရထားနဲ့ ဒိုး… ဘုန်းကြီးကျောင်းက ဘူတာနဲ့ နီးတာကိုး…

ဒီတခါတော့ ပစ္စည်း ပစ္စယက များတယ်လေ… သိမ်ဆင်းလောင်းဦးမှာကိုး… အမေလဲ အရင်လောက် မသန်ဘူးလေ… ဒါနဲ့ တက်ကစီနဲ့ ဒိုးဖို့ ဖြစ်လာတယ်…

လူက ၆ ယောက် ဆိုတော့ ကလေး ၂ ယောက်ဖြစ်တဲ့ ကျွန်တော်တို့ လင်မယားက ကားနောက်ဖုံးက လိုက်ရတာပေါ့… သွားတာက ပရိုဘောက်နဲ့ကိုး…

 

တလမ်းလုံး ကျိုးလာရတယ်… မနက်ကလဲ အစောကြီးထ ဟိုလုပ်ဒီလုပ်နဲ့ဆိုတော့… တော်သေး မနက်နည်းနည်းစောလိုက်လို့ မဟုတ်ရင် ပူကျစ်ပြီ….

ဘုန်းကြီးကျောင်းရောက်တော့ ၉ ခွဲပြီ… တော်သေးတာက ရောက်တော့ မီးက မွှေးပြီးနေပြီ…  မဟုတ်ရင် မသက်သာဘူး…

မီးသွေးနဲ့လဲ မဟုတ်ဘူး.. ထင်းနဲ့ဆိုတော့ မွှေးတတ်ဘူးဗျ… ထင်းရှူးဆီ ဒါမှ မဟုတ် ဂေါ်လီချေး တခုခု ရှိရင် တော်သေး…

ရောက်တာနဲ့ လုပ်ငန်းစရတာပဲ… အချဉ်လုပ်တဲ့သူနဲ့… ဟင်းချိုအိုး ကိုင်တဲ့သူနဲ့… အကြော်ဆရာကတော့ ကျွန်တေ်ာပေါ့…

နောက်များတော့ ကတ်ကြေးကိုက် ကြော်နည်းတင်ပေးပါ့မယ်… တအိုးပဲ ကြော်လိုက်တယ်… အဲအချိန် ဆရာတော်တွေက သိမ်တက်နေတာပေါ့..

ဟင်းချိုလဲ ဆူ…  အချဉ်လဲ ပြီး… ဆရာတော်တွေ သိမ်ဆင်းတော့ သိမ်ထွက်ဆွမ်းလောင်းကြတယ်… ကျွန်တော်က ကင်မရာမင်း ဆိုတော့ ပုံထဲမပါပါ… 🙂

P1280184

ဒါက သိမ်ဆင်းလောင်းနေပုံလေ… အမေရော အဖေရော ဒူးမကောင်းတော့ ဂလိုပဲ လောင်းရတယ်…

P1280193

ဒါက ဆရာတော်နဲ့ မိဘ ၂ ပါးပုံပါ…

 

ပြီးတာနဲ့ ဆရာတော်တို့ကို နေ့ဆွမ်းဆပ်ကပ်ခဲ့ပါတယ်… အကျဉ်းချုံး အလှူလေးပေါ့… ကားသမားနဲ့ ကျောင်းကို ပြင်နေတဲ့ အလုပ်သမားတွေကို ကျွေးခဲ့ပါသေးတယ်…

 

P1280208

ဒါက ဆရာတော်တွေ အစုံ နဲ့  ဆွမ်းကပ်ခါနီး ပုံပါ...

 

 

 

P1280209

ဒါက ဆွမ်းတွေကို အနီးကပ် ပုံပါ…

P1280210

ဒါက ကတ်ကြေးကိုက် အနီးကပ် ပုံပါ… ( ပွဲပြင်တာ မိန်းမပါ… )

P1280215

ဒါက ကျွန်တော် ကတ်ကြေးကိုက် နောက်တအိုးကြော်နေ ပုံပါ…

P1280224

ဒါက ကားသမားရယ်… ဦးလေးရယ်… အလုပ်သမားတွေရယ် ပုံပါ….

လူလဲ မြင်တဲ့အတိုင်းပဲ… မီးခိုးတွေမွှန်ပြီး… လှော်ရတာကလဲ ၂ ပိသာလေ… စားတောင် မစားနိုင်တော့ဘူး…

အိုးခွက်တွေကလဲ ရေဆေးဖို့ မလောက်လို့… ကျောင်းအောက်ထိ ဆင်းပြီး ဆေးရတယ်…

အပြန်မှာတော့ ဘုရားတွေ လိုက်ပို့ပါတယ်… ဒါပေမဲ့ မဖူးနိုင်တော့ဘူး… နေလဲ ပူ… လူကလဲ ချွေးတွေ အထွက်လွန်တော့….

အဖေ အတင်း သွားခိုင်းလို့ သွားဖြစ်တဲ့ ဘုရားတွေတော့ ဓာတ်ပုံရိုက်ခဲ့သေးတယ်… ပိုဆိုးတာက လမ်းမှာ ပင်ပန်းလို့ ထန်းရည်သောက်လိုက်တော့ ဘုရားပေါ်တက်လို့ ပိုမကောင်းတော့ဘူး… 🙂

P1280231

ဒါက ပဲခူး ရွှေမော်ဓော ဘုရားပါ…

P1280237

ဒါက မြသာလျောင်း ဘုရားပါ…

P1280241

ဒါက မြသာလျောင်း ဘုရားထဲက သဲကျောက်ဘုရားတွေ ပါ…

P1280246

ဒါက အနီးကပ် ရိုက်ထားတာပါ…

P1280249

ဒါက ရွှေသာလျောင်း ဘုရား ပုံပါ… ဘယ်ဘုရား ဖြစ်ဖြစ် ကျောင်းပိတ်ရက်မို့လား မသိဘူး… လူစည်တာမှ ကြိတ်ကြိတ်တိုးပဲ…

P1280251

ဒါက ရွှေသာလျောင်း ဘုရားရဲ့ ခြေဖဝါးတော်ပုံ…

 

ရွှေသာလျောင်းဘုရား နောက်ဆုံးပါပဲ… ပြီးတော့ အိမ်ပြန်ကြတယ်… လမ်းမှာတော့ ဖရဲသီးပေါလို့ ဝယ်လိုက်တာ… တလုံးထဲပါ.. ခုထိ ကုန်သေးဘူး…. 🙂

ဒါလေးက ကျွန်တော်တို့ မိသားစု သိက္ခာ သွားထပ်၊ ဘုရားဖူး၊ ခရီးထွက် မှတ်တမ်းလေးပါ… အမှတ်တရ အနေနဲ့ တင်လိုက်တာပါ…

အဆုံးထိ ဖတ်ဖြစ်ခဲ့ရင် ကျေးကျေးပါ ခင်ဗျာ… 🙂 🙂 🙂

7 comments

  • မ " တတ် ပါ့ "

    October 9, 2014 at 4:56 pm

    သာဓု ပါ တော်… သာဓု ပါ။
    ဒီလိုမျိုး အလှူမှာ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်လှူဒါန်းရတဲ့ ဝေယျာဝစ္စကုသိုလ်အလှူခေါ်မှာပေါ့… ပိုပြီး ကုသိုလ်ရပါတယ်..။
    ဘုရားပေါ်ကို ထန်းရည်သောက်ပြီးတက်တာလေးပဲ… ဟားဟား…။
    ဒါတောင် ပုံတွေကတော့ မှတ်တမ်းတင်လာနို်င်သေးတယ်နော်…။

  • Yae Myae Tha Ninn

    October 9, 2014 at 4:58 pm

    ဒါပေမဲ့ … ထန်းရည် က အတုထင်တယ်.. ရေသန့်ဗူး ၁ လီတာ စာ သောက်တာတောင် မူးဘူးဗျ… 🙂

  • မြစပဲရိုး

    October 10, 2014 at 1:36 am

    သာဓု၊ သာဓု၊ သာဓု ပါနော်။

    မောင်ထွဋ် ဟင်းချက် နေပုံကြည့်ရတာ အားရ စရာကြီး။
    ထင်းမီး တွေ တွေ့တော့ အဖွား အိမ်ကို လွမ်းသွားတယ်။
    နယ်မှာ ထင်းမီးသုံးချက်တာ များတာ။
    ဟင်း ထမင်း တွေ က ပိုမွှေးသလို ခံစားရတယ်။

    ပွဲပြင်တဲ့ မိန်းမ ပုံကျတော့ မပါပါလားဟယ်။
    သူ့လေဒီ ကို ကပ်စေးနဲ သလား။ ဒါမှမဟုတ် ဘုရင်မ က မတင်ရ အမိန့်ချ ထားသလား။
    လေဒီထွဋ် ကြည့်ရတာ အတော် စေတနာကောင်း မဲ့ ပုံဘဲ။
    အများကြီး ကို ထည့်ထားတော့တာ။

    အဆုံးထိဖတ်ပါကြောင်း သတင်းပို့ပါတယ်။ lol:-))

    ဒါနဲ့ အမွှာလေးတွေ ကို ဧပြီ ၁ရက် မွေးဖို့များ မှန်းထားလား။
    :))

    • Yae Myae Tha Ninn

      October 10, 2014 at 8:51 am

      အမွှာမွေးဖို့က လိုပါသေးတယ်.. အရီးရယ်.. ခုမှ စ ယူဖို့ ချိန်တုန်း… ရှေ့နှစ် ဧပရယ်တော့ ဆေးဖြတ်ဖို့ စဉ်းစားထားတယ်… ဒါမှ ၉လ လွယ် ၁ဝလ ဖွားခဲ့ရင်… ကျွန်တော့်လို ဖေဖော်ဝါရီဖွားလေး ဖြစ်မှာလေ… ဖေဖော်ဝါရီလကို ကြိုက်တယ်… ဗိုလ်ချူပ်မွေးတာရော… နှစ်ပတ်လည်ရော ရှိလို့… ထူးခြားချက် တခု ရှိသေးတာက မိန်းမက လွဲရင်… အဖေ အမေ အဘွား အကုန် ဖေဖော်ဝါရီဖွားတွေ ချည်းပဲ… 🙂

  • kai

    October 10, 2014 at 1:41 am

    ကျုပ်ကတော့.. ထင်းမီးနဲ့ကြော်နေတာကြည့်ပြီး.. အသက်အောင့်ထားမိ…။ :i:

    • မြစပဲရိုး

      October 10, 2014 at 1:43 am

      သူကြီးမင်း တော မှာ မနေဘူးမှန်း …..
      အခုတော့ သိပြီလေ …. lol:-)

    • Yae Myae Tha Ninn

      October 10, 2014 at 8:54 am

      ဒီတခါက သက်သာတယ်… တဂျီးရဲ့… ရက်ရွေးသွားတုန်းက မီးမမွှေးရသေးတော့… ပိုဆိုး… ရှောင်လဲ မရ.. အခုက ဆီမကျက်သေးရင် ခဏ အသက် ဝ ဝ ပြေးရှု ပြန်လာကြော်… ဟီး… 🙂

Leave a Reply