သူမရဲ့တပ်မက်မှု

maung TTNOctober 9, 20141min947

ငါတို့ရဲ့ကောင်းကင်ပြာလေး ပျက်စီးသွားခဲ့တယ်
ဟုတ်တယ်….
တိမ်မဲတိမ်မိုက်တွေကို …
နင်လိုလိုလားလား ဖိတ်ခေါ်ခဲ့ပြီးတဲ့နောက်မှာပေါ့….

တဒင်္ဂပျော်ရွှင်ခြင်းရဲ့ နောက်…
အိမ်မက်ကို ထာဝရမက်ခွင့်ရပါရစေ…

ဒူးထောက်ပေးထားခဲ့ပြီးပြီ..
ခေါင်းတော့ထပ်မငုံ့လိုတော့ပါဘူး…
မိန်းကလေး…

တကယ်တော့…
ငါဟာ အိမ်မက်အဟောင်းကိုကိုင်..
ညအမှောင်ထဲ့နယ်ချဲ့မိသူပါ….

တကယ်တော့…
နင်က… နင်က….
ငါ့အသည်းကို ခွဲပြီး…..
နင်က … နင်က….
ငါ့မာနကို ရိုက်ချိုးပြီး…
နင်က… နင်က …
အတ္တကိုကိုးကွယ်ပြီး….
နင်က… နင်က….
……………………
ငါ့မျက်ရည်စက်တွေကိုမှ…
ပျားရည်လိုနှစ်သက်နေခဲ့သူပေါ့….

7 comments

  • ခင် ခ

    October 9, 2014 at 11:44 pm

    ဘာပြောရမှန်းကို မသိတော့လို့
    ဝင်ဖတ်သွားတယ်ဘဲမှတ်ဗျာ။

  • မြစပဲရိုး

    October 10, 2014 at 1:41 am

    အဲဒီ မိန်းကလေးက
    ဒူးထောက်တာ မလိုချင်ဘူးတဲ့၊ ခေါင်းငုံ့မှတဲ့။
    သူဘာလိုချင်တာလဲ အသေအချာ သိသင့်တာကို ကွယ်။
    ခက်စ် တယ်။
    :))

  • manawphyulay

    October 10, 2014 at 1:26 pm

    နင်က…. နင်က….
    ငါ ဘာပြန်ပြောလို့ ပြောရမှန်းမသိအောင်
    နင်က…. နင်က…
    ရေးဖွဲ့ထားတယ်ပေါ့လေ…

  • အလင်းဆက်

    October 10, 2014 at 9:02 pm

    ကောင်းကင်ဆိုတာနဲ့…ပြာတယ်ဆိုတဲ့ အရောင်နဲ့ တွဲ ရေးနေရတာကို ချဉ်လှပြီ

  • maung TTN

    October 13, 2014 at 11:28 am

    ကောင်းကင်ဆိုတာအမြဲတမ်းပြာနေပါတယ်လေနော့်
    ကာင်းကင်နက်တယ်ရယ်လို့မှမရှိတာရယ်လေနော့်
    စစ်မှန်တဲ့သဘာဝတရားပါပဲလေ.. နော့်

  • maung TTN

    October 13, 2014 at 11:31 am

    ကောင်းကင်ဆိုတာအမြဲတမ်းပြာနေပါတယ်လေနော့်
    ကောင်းကင်နက်တယ်ရယ်လို့မှမရှိတာရယ်လေကွယ်…
    တိမ်ဖုံးလို့ မမြင်ရတာပဲရှိတာ
    စစ်မှန်တဲ့သဘာဝတရားပါပဲလေကွယ် 🙂
    မချဉ်ပါနဲ့လေကွယ်..

Leave a Reply