” အဖေ အဖေ သီတင်းကျွတ်ပြီ “

ခင္ခOctober 9, 20141min22714

” အဖေ အဖေ သီတင်းကျွတ်ပြီ ”

 

 

အဖေ အဖေ သီတင်းကျွတ်ပြီ

အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ်

ယုန်ရုပ်မီးပုံး သားတွန်းချင်လို့

ကလေးဘဝမယ် ဝယ်ပေးခဲ့တယ်။

 

အဖေ အဖေ သီတင်းကျွတ်ပြီ

အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ်

လမ်းထိပ်ဆိုင်မယ် မီးပန်းဝယ်လို့

ထွန်းကာဆော့ဖို့ ကျောင်းနေအရွယ်

ကလေးငယ်တွင် ဝယ်လို့ပေးခဲ့တယ်။

 

အဖေ အဖေ သီတင်းကျွတ်ပြီ

အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ်

ဘော်ဒါအပေါင်းအသင်း သူငယ်ချင်းနဲ့

ပွဲဈေးလျှောက်ကာ ဇာတ်ကြည့်မလို့တဲ့

လူပျိုဝင်စ ထိုအရွယ်က

မအိပ်ဘဲနေ စောင့်ခဲ့ဘူးတယ်ထိုညမယ်။

 

အဖေ အဖေ သီတင်းကျွတ်ပြီ

အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ်

ထိမ်းမြားဖို့အရေး လူကြီးစုံရာတောင်းရမ်းပေးဖို့

လူပျိုရွယ်လွန် ပြုပေးခဲ့ရထိုအခါက။

 

အဖေ အဖေ သီတင်းကျွတ်ပြီ

အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ်

အဖေ့မြေးက အဖေ့လာကန်တော့တာ

ဒါဆိုတော့လည်း ငါ့မြေးလေးကို မုန့်ဖိုးပေးမယ်။

 

အဖေ အဖေ သီတင်းကျွတ်ပြီ

အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ်

အဖေ့မြေးက ယုန်ရုပ်မီးပုံးတွန်းချင်လို့တဲ့

အဖေ့ဝဋ်လည် ကျွန်တော်သွားဝယ်လိုက်အုံးမယ်။

 

 

ခင်ခ။

 

14 comments

  • မြစပဲရိုး

    October 10, 2014 at 2:10 am

    အခုလဲ ယုန်ရုပ်မီးပုံး ရှိသေးတယ်လား ကိုခ။
    :))

    • ခင် ခ

      October 10, 2014 at 8:32 am

      ရှိနေသေးတယ်အရီးရေ။
      ကလေးတွေ တွန်းပြီးဆော့တာတွေ့လို့ ဒီကဗျာလေးစပ်ဖြစ်တာလေ။

  • ကေဇီ

    October 10, 2014 at 5:15 am

    ဦးးး ခ ဦးးး ခ သီတင်းးကျွတ်ပြီ

    ဟိဟိ

    ကန်တော့မို့ပါ
    :k:

    • ခင် ခ

      October 10, 2014 at 8:34 am

      သိပါဘူး တောင်းရမ်းလက်ထပ်တဲ့ပွဲများ ခေါ်တာလားလို့။

  • ဦးကျောက်ခဲ

    October 10, 2014 at 11:25 am

    ဒီ သီတင်းကျွတ်မှာ ကျောက်စ် ရင်မခုန်တော့ဘူး ဆရာခရဲ့ …
    အဲ… ရင်တော့ အတုန်သား… မင်္ဂလာဆောင် ဖိတ်စာတွေကိုလေ…
    :k:

  • Crystalline

    October 10, 2014 at 2:21 pm

    သတင်​းကျွတ်​ ကန်​​တော့ရင်​ မုန်​့ဖိုးရတယ်​​ပြောလိုု့ မကန်​​တော့စဖူး သက်​ကြီး ဝါကြီးသူတစ်​​ယောက်​ကို ကန်​​တော့ မိပါတယ်​.. ကန်​​တော့မခံဘူး :mrgreenn:

    • ကေဇီ

      October 10, 2014 at 2:23 pm

      အဲဒါ ခရစ်ထက် အသက်ကြီးတယ် ဆိုတာ လက်မခံနိုင်တဲ့ သူမို့နေမယ်။
      အသက်ကွာတယ်လို့ မဖြစ်ချင်တာမျိုးပေါ့။
      :mrgreenn:

    • ခင် ခ

      October 10, 2014 at 2:33 pm

      အဲဒါဆို မုန့်ဖိုးစိတ်ကူးယဉ်လေး ဝေးခဲ့တယ်ပေါ့နော်။

  • Kyaw Lay

    October 11, 2014 at 4:17 am

    သီတင်းကျွတ်ပြီဆိုတော့ ဦးခ အနေနဲ့ ကျွန်တော်တို့အကုန်လုံးကို
    မုန့်ဖိုးပေး ကဗျာလေးစပ်ပြီးရေးပေးပါလားလို့

  • kai

    October 11, 2014 at 7:22 am

    သီတင်းကျွတ်က.. လာဘ်ထိုးပွဲကြီးဖြစ်လို့နေပြီလား..
    ဘာသာရေးလွှဲချ.. လုပ်ချင်တာလုပ်ဟ.. မြတ်သဗျ…
    ထေရာတို့ရဲ့လောက.. :k:

    စကားအတင်းစပ်..
    ဦးဦးခင်ခ.. ငွေပို့လိုက်သဗျ..
    ဖုံးဆက်လာမည်ပ..

    • ခင် ခ

      October 14, 2014 at 9:45 am

      (13.10.14) မနေ့က ဖုန်းဆက်လာပါတယ်တဲ့။
      ဒီနေ့ သွားဖြစ်မယ်ထင်ပါ၏။
      လက်ခံရရင် အကြောင်းပြန်ပါအုံးမယ်ဗျ။
      ကျေးဇူးပါ။

  • manawphyulay

    October 14, 2014 at 9:56 am

    လေးခ လေးခ သီတင်းကျွတ်ပြီ
    အဲဒီတော့မနောရယ် ဘာဖြစ်လဲကွယ်
    မနောဖြူလေး လာကန်တော့တယ်..
    မုန့်ဖိုးပေးဖို့ ပြင်တော့ကွယ်…
    ပေးမယ်… ပေးမယ်…

    • ခင် ခ

      October 14, 2014 at 10:47 am

      ဪ အဲလိုလား
      ကန်တော့တဲ့ပစ္စည်းတွေအရင်သိမ်းလိုက်အုံးမယ်နော့။

Leave a Reply