ဒီအကြောင်း မပြောခင် ရုံးက နှစ်စဉ်လိုက်ပို့တဲ့ ချောင်းသာ ခရီးစဉ်ပါ ထည့်ပြောမှ ပြည့်စုံမှာ ဗျ…

ခု သွားတဲ့ အခေါက်ကတော့ ဒုတိယမြောက် သူနဲ့ အတူတူသွားတဲ့ ကမ်းခြေသွား ခရီးစဉ်ပေါ့… ( Pre ဟန်းနီးမွန်းဆိုလဲ မမှားဘူး.. )

ပထမနှစ်က ငွေဆောင်သွားတယ်လေ… တရုံးလုံးကို လိုက်ပို့တာဗျ… :)

ယောက္ခထီးကတော့ မှာတယ်… မိန်းကလေးတွေက ပင်လယ်စာ သိပ်မတည့်ဘူးတဲ့… ကြည့်ကျွေးပါဆိုပြီး…

ဒီတော့ ကျွန်တော်လဲ သိပ်မကျွေးပါဘူး… ဟီး… ခက်တာက ကျွန်တော်က ပင်လယ်သား မြိတ်သားလေ…  ပင်လယ်စာဆို အကုန်ကြိုက်…

ဒါနဲ့ ပထမ တခေါက်ကတော့ အကုန်အိုကေသွားတယ်… နောက်တခေါက်သွားတော့ သိပြိလေ… သူ ပင်လယ်စာ တည့်တယ်ဆိုတာကို…

သိပ်မစားဖြစ်ပါဘူး… စီစဉ်တဲ့ တိုးက နေစရာ သာ အဆင်မပြေတယ်… စားစရာတော့ လွှတ်ကောင်းဗျ… နေ့တိုင်း ကဏန်းဆို ကဏန်းမို့၊ ဂုံးဆို ဂုံးမို့… မုန်းပါမုန်းတယ်…

ပထမက ထမင်းနဲ့ စားသေးတယ်… နောက်တော့ ဟင်းချည်းပဲ တွယ်တော့တာ… :D

ထိန်းတာတော့ ထိန်းတယ်… တောက်လျှောက်လဲ အဆင်ပြေနေတော့… တချက်ပဲဗျာ… သတိကလေး… ပြည်ကြီးတံခွန်မှာ မုန့်ဟင်းခါးစားတယ်…

ပြီးတော့ ငုံးကျော် တကောင်၊ စနိုက်ကျော် တကောင် ပေါင်းမှ ၂ ကောင်တည်းပါ… စားလိုက်တာ… မကြာပါဘူး… လမ်းမှာ ဖင်တကြွကြွ ဖြစ်နေတာ…

ခရီး အစ အဆုံး စားချိန်၊ ရေကူးချိန်၊ အိပ်ချိန် ကလွဲရင် သောက်တဲ့ တန်ခိုးလဲ ပါမယ်… လူဆို ထုံပါ ထုံနေတာ… မူးကို မမူးတော့ဘူး…

ထားပါ… ကိုယ့်အပြစ်နဲ့ ကိုယ်လေ… အဲဒါကို မဒမ်က ဟားးးးး တယ်… ဖင်မနိုင်ဘူးလေး ဘာလေးပေါ့…

သူလဲ မကြာပါဘူး… စားစရာရှိ ၂ ယောက်တူလေ… ကိုယ်က များများစား မြန်မြန်ဖြစ်… သူကတော့ ကံကောင်းတာ အိမ်ရောက်မှ ဖြစ်တာ…

အိမ်သာကို တယောက်တလှည့်နဲ့ မျော့ပါ မျော့တယ်… နောက်နေ့က လက်မှတ်ထိုးတော့မယ်… သတို့သား သတို့သမီးက ပန်းကမ္ဘာ ရောက်နေပြီ…

ဒါနဲ့ ညနေကျတော့ ဆေးခန်းသွား ဆေးထိုးရတယ်… ပြန်လာတော့ နားရမလားဆိုတော့ မနားရဘူး… ကော်ဇောတွေကို ရိုက်ရသေးတယ်…

 

လက်မှတ်ထိုး မင်္ဂလာဦးဆွမ်းကျွေးတာက အစက လူနည်းနည်းနဲ့ ဘုန်းကြီးကို ဆွမ်းကပ် ပြီးရင် လူစားပေါ့… လွန်ရော ၃၀ ပေါ့…

အသိသက်သေ လင်မယား ၂ စုံ.. ဘုန်းကြီး.. ဆွေမျိုးတွေ နဲ့ ဆို ပြီးပြီ တွက်တာ…

ဒီမှာတင်ပဲ ဘုန်းကြီးက အိမ်မှာ ဘုဉ်း… လူတွေက စာဖတ်ခန်းမှာ ကျွေးမယ်ပေါ့… စာဖတ်ခန်းက အိမ်နဲ့ မျက်စောင်းထိုးလောက်မှာဆိုတော့…

ဒါနဲ့ပဲ စာဖတ်ခန်းအတွက် ကော်ဇောဌားရတယ်… လာတော့လဲ သဲတရှပ်ရှပ်ဆိုတော့ ရိုက်ရတာပေါ့…

ကိုယ့်မှာ ပန်းလို့ မျော့တာ တမျိုး … မလုပ်ရင် မဖြစ်ဆိုတော့ အားကို မရှိချင်တော့တာ… :)

 

ကျွေးဖို့ကိစ္စ … အဲဒါ ဟိုး တော်တော်ကတည်းက ညှိနေရတာ.. ယောက္ခမက ချက်မယ်တဲ့ ၃၀ လောက်ဆို…

ကျွန်တော်က မချက်စေချင်ဘူး… စေ့စပ်တုန်းက နန်းကြီးသုပ် ၁၅ ယောက်စားကို လုပ်တာ ပက်လက်လန်နေတာ…

၃၀ စားဆို အသက်ပါ ထွက်မယ်လို့ ကျွန်တော်က ပြောလိုက်တယ်… ပြီးရင် ပေါ့တယ်၊ ငံတယ် ဇယားက လာဦးမယ်…

ဒီကြားထဲ ဟိုဘက် ဒီဘက်ဆို အကျွေးအမွေးနဲ့ဆိုတော့  ပွဲပြင်တာ လိုဦးမယ်… ကလေးတွေ ချည်း လွှတ်မရဘူးလေ…

ကိုယ်တွေ မိဘတွေက အဲပွဲမှာ ဧည့်ခံရုံပဲ လုပ်ရမှာလေ… ဒီတော့ … အော်ဒါ မှာမယ်ဖြစ်သွားတယ်…

ဒါဆို ဘာမှာမှာလဲ… ဒန်ပေါက်.. အာ.. လူကြီးတွေ သွေးတိုးမယ်… ကြက်ဆီထမင်း… ရှုပ်နေတာပဲ… ကျွန်တော်ပဲ ဖြတ်လိုက်တယ်… ဒန်ပေါက်…

သွေးတိုးမှာ မပူနဲ့… စင်ကာပူ ဒန်ပေါက်ရှိတယ်… ပြီးတော့ ရေခဲမုန့်လဲ ကျွေးလို့ရတယ်… ပွဲပြင်ပေးမယ့်သူလဲ ပါတယ်…

လူကလဲ ၃၀ သာ ပြောထားတာ… ဟိုကသိ၊ ဒီကသိ   မဖိတ် မကောင်း …

ပွဲကြီးလုပ်ဦးမှာ… ဒါက ဒီနေ့ကို လုပ်ချင်လွန်းလို့ ပါ… အကျဉ်းချုံးပါ… ဒါလဲ မရဘူး… ၅၀ ကျော်သွားတယ်…

တကယ်တမ်းပွဲလုပ်တော့ လူက အားလုံး ဘုန်းကြီး အကပ်နဲ့ဆို ၈၀ ကျော်တယ်… ဟူး….

 

ခုက မကျွေးသေးဘူး… ကျွေးဖို့ စဉ်းစားတုန်း… ဒန်ပေါက်… ဒါက ဆုံးဖြတ်ချက်… ပြီးပြီလား… နိုးပါ…

ဘယ်မှာ မှာမှာလဲ???? အော်… အကုန် အဆင်ပြေ… စားတာလဲ ကြိုက်တော့ နီလာပေါ့… ရေခဲမုန့် …ဘုန်းကြီးပွဲ အသဲအမြစ်ဟင်းပွဲပါ…

မဟုတ်ရင် အမေက (ယောက္ခမ) က ဘုန်းကြီးပွဲပဲ ချက်ဦးမှာ… ဒါပေမဲ့ တားမရခဲ့ပါဘူး.. ဘုန်းကြီးအတွက်ကို သပ်သပ်ထပ်ချက်သေးတယ်…

အဲကြောင့် ဒန်ပေါက် ၆၀ စား လိုက်ပွဲ အပါ… လူက ၈၀ ကျော်… ထမင်း၊ ဟင်းနဲ့ တွဲပြီး ကျွေးလိုက်ရတယ်…

ရုံးအဖွဲ့ဆို ဒန်ပေါက်ကို ကြက်သားမပါပဲ စားသွားရတယ်… သူတို့ကပဲ ၁၀ ယောက်… ပေါင်း ၉၀ နီးပါး… ကောင်းကောင်းမွန်မွန် စားလိုက်ရတာက ၈၀ ပေါ့…

နီလာဆိုတော့ အကြံပြုသူတွေက ၂၁ တဲ့… အာ … ဒုက္ခပဲ… ဒီမှာ ခန်းဝင်၊ မိတ်ကပ်၊ ၀တ်စုံ၊ အကုန်လုံးစားနေတာ… ဘယ်.. ကျွေးတာကို လက်လီစိပ်နိုင်မလဲ…

ဒါနဲ့ ပြောလိုက်တယ်… အကုန်ပါတယ်လို့… ရေခဲမုန့် ဘာညာတို့… မဟုတ်ဘူး…

ဗမာ ဒန်ပေါက်လဲ ရပါတယ်တဲ့… အကုန် စုံစမ်းပါတယ်… မရဘူး…

မဟုတ်ရင် ကောင်းသန့်ဆိုရင် ကားက အသွားအပြန် စီစဉ်၊ ရေခဲမုန့်က သပ်သပ်မှာ… တိုင်ပတ်နေမှာ… ဒါနဲ့… ဘာကြံတယ်… ထင်လဲ….

ဟီး… အားတော့နာတယ်… နီလာကိုပဲ… အိုးမှာ နီလာ နာမည် မရေးပါနဲ့… ပွဲပြင်ကလေးကိုလဲ အပြင် အ၀တ်အစားနဲ့လိုက်… ဘယ်သူမေးမေး ကောင်းသန့်ပါ ပြောခိုင်းရတယ်…

အဲဒါမှ အကျွေးအမွေး ကိစ္စ ပြီးတော့တယ်… တချိန်လုံးလဲ ကလေးကို တတွတ်တွတ်မှာနေရတယ်… အပြန် ကလေးကို မုန့်ဖိုးပေးလိုက်ပါသေးတယ်… :)

 

ကဲ… ပွဲက လုပ်ပြီဆိုတော့… လက်မှတ်ထိုးဖို့… မောင်နှံ ၂ စုံ ကို ဖိတ်ကြားထားပါတယ်…

သူတို့ကလဲ မင်္ဂလာပွဲမှာ မင်္ဂလာ လက်စွပ်စွပ်ပေးမယ့် ပုဂ္ဂိုလ် နဲ့ မင်္ဂလာ ပန်းကုံးစွပ်ပေးမယ့် ပုဂ္ဂိုလ် စုံတွဲတွေပါ…

သမိုင်း ပါချုပ် စုံတွဲ နဲ့ UNFAO Adviser စုံတွဲတို့ပါ… တကယ်ထိုးပေးဖြစ်တော့ Hot News အယ်ဒီတာနဲ့ Diamond Star က Account  မသိဂီင်္ တို့က ထိုးပေးသွားကြတာပါ…

စုံတွဲ မထိုးပေးလဲ ရတယ်ဆိုတာနဲ့ … လူကြီးတွေကို မထိုးခိုင်းတော့တာပါ…. လက်မှတ်ထိုးတော့လဲ နေရာ ထိုင်တာ ဘယ်ညာ လွဲနေသေးတယ်… :)

အဲနေ့က တက်ရောက်ချီးမြှင့်ကြတာ လူစုံပါပဲ… နိုင်ငံရေး အသိုင်းအ၀ိုင်းထဲက လူတွေ များပါတယ်…

အတက်ကြွဆုံးနဲ့ ကျေးဇူး အတင်ဆုံးကတော့ ဦးချိုအောင်သန်းပါပဲ(အမေစု မောင်)… စေ့စပ်ပွဲတုန်းကလဲ တက်တက်ကြွကြွပဲ…

ဗိုလ်ချုပ်အမျိုးတွေထဲကဆို ဒေါ်စု တယောက်ကလွဲရင် အားလုံးနီးပါး လာကြပါတယ်…

 

တရားဟောတော့ ဘုန်းကြီးက စ ပါသေးတယ်… ကလေးတွေ ခက်တယ်… ချစ်သူများနေ့ပဲ သိတယ်… ဗိုလ်ချုပ်မွေးနေ့ကို မသိဘူး ဆိုပြီး…

တကယ်တော့ အကုန်လုံးကို သိပါတယ်… ကျွန်တော်တို့ဆို ပိုဆိုးပေါ့… နောက်နှစ်ဆို ဗိုလ်ချုပ် နှစ်တရာပြည့်ပွဲတော်ကို နတ်မောက်မှာ လုပ်မှာလေ… အခုကတည်းက အလုပ်ရှုပ်နေကြပြီ… :)

ကံကောင်းတာ တခုက အဲနေ့က တပို့တွဲ လပြည့်နေ့ ဖြစ်နေတာပဲ… ဆရာတော်ကလဲ ချစ်သူများနေ့ကြောင့်လား.. လပြည့်နေ့ကို ရွေးတာလားတဲ့… 

ဟဲ… :D တကယ်တော့ ၂ ခု တိုက်ဆိုင်သွားတာပါ…

ဧည့်ခံလိုက်ရတာလဲ… ဖတ်ဖတ်ကိုမောရောပါပဲ… လူက မျော့ရတဲ့ အထဲ… နေရာက ၂ နေရာ… ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်ပေါ့…

ဘာပဲ ပြောပြော အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်… အကျဉ်းချုံး လုပ်မယ်ဆိုပြီး… တော်တော်များသွားသလို မထင်ထားတဲ့ ပုဂ္ဂိုလ်တွေ ကြွရောက်ချီးမြှင့်တော့ ပိုဝမ်းသာရတယ်…

 

အခုထိ ဆက်လက်အားပေးဖတ်ရှုသွားတဲ့ မိတ်ဆွေအားလုံး ကျေးဇူးပါနော်… နောက် ၂ပိုင်းလဲ အားပေးပါဦးလို့… ပြောကြားရင်း တခန်းရပ်ပါတယ် ခင်ဗျာ… :) :) :)

 

 

P1260311

ဒါက ယောက်ဖ လက်ရာလေးပါ… :)

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...