လက်မှတ်ထိုး မင်္ဂလာဦးဆွမ်းကျွေး…

ကုိ ထြဋ္October 10, 20141min26936

ဒီအကြောင်း မပြောခင် ရုံးက နှစ်စဉ်လိုက်ပို့တဲ့ ချောင်းသာ ခရီးစဉ်ပါ ထည့်ပြောမှ ပြည့်စုံမှာ ဗျ…

ခု သွားတဲ့ အခေါက်ကတော့ ဒုတိယမြောက် သူနဲ့ အတူတူသွားတဲ့ ကမ်းခြေသွား ခရီးစဉ်ပေါ့… ( Pre ဟန်းနီးမွန်းဆိုလဲ မမှားဘူး.. )

ပထမနှစ်က ငွေဆောင်သွားတယ်လေ… တရုံးလုံးကို လိုက်ပို့တာဗျ… 🙂

ယောက္ခထီးကတော့ မှာတယ်… မိန်းကလေးတွေက ပင်လယ်စာ သိပ်မတည့်ဘူးတဲ့… ကြည့်ကျွေးပါဆိုပြီး…

ဒီတော့ ကျွန်တော်လဲ သိပ်မကျွေးပါဘူး… ဟီး… ခက်တာက ကျွန်တော်က ပင်လယ်သား မြိတ်သားလေ…  ပင်လယ်စာဆို အကုန်ကြိုက်…

ဒါနဲ့ ပထမ တခေါက်ကတော့ အကုန်အိုကေသွားတယ်… နောက်တခေါက်သွားတော့ သိပြိလေ… သူ ပင်လယ်စာ တည့်တယ်ဆိုတာကို…

သိပ်မစားဖြစ်ပါဘူး… စီစဉ်တဲ့ တိုးက နေစရာ သာ အဆင်မပြေတယ်… စားစရာတော့ လွှတ်ကောင်းဗျ… နေ့တိုင်း ကဏန်းဆို ကဏန်းမို့၊ ဂုံးဆို ဂုံးမို့… မုန်းပါမုန်းတယ်…

ပထမက ထမင်းနဲ့ စားသေးတယ်… နောက်တော့ ဟင်းချည်းပဲ တွယ်တော့တာ… 😀

ထိန်းတာတော့ ထိန်းတယ်… တောက်လျှောက်လဲ အဆင်ပြေနေတော့… တချက်ပဲဗျာ… သတိကလေး… ပြည်ကြီးတံခွန်မှာ မုန့်ဟင်းခါးစားတယ်…

ပြီးတော့ ငုံးကျော် တကောင်၊ စနိုက်ကျော် တကောင် ပေါင်းမှ ၂ ကောင်တည်းပါ… စားလိုက်တာ… မကြာပါဘူး… လမ်းမှာ ဖင်တကြွကြွ ဖြစ်နေတာ…

ခရီး အစ အဆုံး စားချိန်၊ ရေကူးချိန်၊ အိပ်ချိန် ကလွဲရင် သောက်တဲ့ တန်ခိုးလဲ ပါမယ်… လူဆို ထုံပါ ထုံနေတာ… မူးကို မမူးတော့ဘူး…

ထားပါ… ကိုယ့်အပြစ်နဲ့ ကိုယ်လေ… အဲဒါကို မဒမ်က ဟားးးးး တယ်… ဖင်မနိုင်ဘူးလေး ဘာလေးပေါ့…

သူလဲ မကြာပါဘူး… စားစရာရှိ ၂ ယောက်တူလေ… ကိုယ်က များများစား မြန်မြန်ဖြစ်… သူကတော့ ကံကောင်းတာ အိမ်ရောက်မှ ဖြစ်တာ…

အိမ်သာကို တယောက်တလှည့်နဲ့ မျော့ပါ မျော့တယ်… နောက်နေ့က လက်မှတ်ထိုးတော့မယ်… သတို့သား သတို့သမီးက ပန်းကမ္ဘာ ရောက်နေပြီ…

ဒါနဲ့ ညနေကျတော့ ဆေးခန်းသွား ဆေးထိုးရတယ်… ပြန်လာတော့ နားရမလားဆိုတော့ မနားရဘူး… ကော်ဇောတွေကို ရိုက်ရသေးတယ်…

 

လက်မှတ်ထိုး မင်္ဂလာဦးဆွမ်းကျွေးတာက အစက လူနည်းနည်းနဲ့ ဘုန်းကြီးကို ဆွမ်းကပ် ပြီးရင် လူစားပေါ့… လွန်ရော ၃ဝ ပေါ့…

အသိသက်သေ လင်မယား ၂ စုံ.. ဘုန်းကြီး.. ဆွေမျိုးတွေ နဲ့ ဆို ပြီးပြီ တွက်တာ…

ဒီမှာတင်ပဲ ဘုန်းကြီးက အိမ်မှာ ဘုဉ်း… လူတွေက စာဖတ်ခန်းမှာ ကျွေးမယ်ပေါ့… စာဖတ်ခန်းက အိမ်နဲ့ မျက်စောင်းထိုးလောက်မှာဆိုတော့…

ဒါနဲ့ပဲ စာဖတ်ခန်းအတွက် ကော်ဇောဌားရတယ်… လာတော့လဲ သဲတရှပ်ရှပ်ဆိုတော့ ရိုက်ရတာပေါ့…

ကိုယ့်မှာ ပန်းလို့ မျော့တာ တမျိုး … မလုပ်ရင် မဖြစ်ဆိုတော့ အားကို မရှိချင်တော့တာ… 🙂

 

ကျွေးဖို့ကိစ္စ … အဲဒါ ဟိုး တော်တော်ကတည်းက ညှိနေရတာ.. ယောက္ခမက ချက်မယ်တဲ့ ၃ဝ လောက်ဆို…

ကျွန်တော်က မချက်စေချင်ဘူး… စေ့စပ်တုန်းက နန်းကြီးသုပ် ၁၅ ယောက်စားကို လုပ်တာ ပက်လက်လန်နေတာ…

၃ဝ စားဆို အသက်ပါ ထွက်မယ်လို့ ကျွန်တော်က ပြောလိုက်တယ်… ပြီးရင် ပေါ့တယ်၊ ငံတယ် ဇယားက လာဦးမယ်…

ဒီကြားထဲ ဟိုဘက် ဒီဘက်ဆို အကျွေးအမွေးနဲ့ဆိုတော့  ပွဲပြင်တာ လိုဦးမယ်… ကလေးတွေ ချည်း လွှတ်မရဘူးလေ…

ကိုယ်တွေ မိဘတွေက အဲပွဲမှာ ဧည့်ခံရုံပဲ လုပ်ရမှာလေ… ဒီတော့ … အော်ဒါ မှာမယ်ဖြစ်သွားတယ်…

ဒါဆို ဘာမှာမှာလဲ… ဒန်ပေါက်.. အာ.. လူကြီးတွေ သွေးတိုးမယ်… ကြက်ဆီထမင်း… ရှုပ်နေတာပဲ… ကျွန်တော်ပဲ ဖြတ်လိုက်တယ်… ဒန်ပေါက်…

သွေးတိုးမှာ မပူနဲ့… စင်ကာပူ ဒန်ပေါက်ရှိတယ်… ပြီးတော့ ရေခဲမုန့်လဲ ကျွေးလို့ရတယ်… ပွဲပြင်ပေးမယ့်သူလဲ ပါတယ်…

လူကလဲ ၃ဝ သာ ပြောထားတာ… ဟိုကသိ၊ ဒီကသိ   မဖိတ် မကောင်း …

ပွဲကြီးလုပ်ဦးမှာ… ဒါက ဒီနေ့ကို လုပ်ချင်လွန်းလို့ ပါ… အကျဉ်းချုံးပါ… ဒါလဲ မရဘူး… ၅ဝ ကျော်သွားတယ်…

တကယ်တမ်းပွဲလုပ်တော့ လူက အားလုံး ဘုန်းကြီး အကပ်နဲ့ဆို ၈ဝ ကျော်တယ်… ဟူး….

 

ခုက မကျွေးသေးဘူး… ကျွေးဖို့ စဉ်းစားတုန်း… ဒန်ပေါက်… ဒါက ဆုံးဖြတ်ချက်… ပြီးပြီလား… နိုးပါ…

ဘယ်မှာ မှာမှာလဲ???? အော်… အကုန် အဆင်ပြေ… စားတာလဲ ကြိုက်တော့ နီလာပေါ့… ရေခဲမုန့် …ဘုန်းကြီးပွဲ အသဲအမြစ်ဟင်းပွဲပါ…

မဟုတ်ရင် အမေက (ယောက္ခမ) က ဘုန်းကြီးပွဲပဲ ချက်ဦးမှာ… ဒါပေမဲ့ တားမရခဲ့ပါဘူး.. ဘုန်းကြီးအတွက်ကို သပ်သပ်ထပ်ချက်သေးတယ်…

အဲကြောင့် ဒန်ပေါက် ၆ဝ စား လိုက်ပွဲ အပါ… လူက ၈ဝ ကျော်… ထမင်း၊ ဟင်းနဲ့ တွဲပြီး ကျွေးလို်က်ရတယ်…

ရုံးအဖွဲ့ဆို ဒန်ပေါက်ကို ကြက်သားမပါပဲ စားသွားရတယ်… သူတို့ကပဲ ၁ဝ ယောက်… ပေါင်း ၉ဝ နီးပါး… ကောင်းကောင်းမွန်မွန် စားလိုက်ရတာက ၈ဝ ပေါ့…

နီလာဆိုတော့ အကြံပြုသူတွေက ၂၁ တဲ့… အာ … ဒုက္ခပဲ… ဒီမှာ ခန်းဝင်၊ မိတ်ကပ်၊ ဝတ်စုံ၊ အကုန်လုံးစားနေတာ… ဘယ်.. ကျွေးတာကို လက်လီစိပ်နိုင်မလဲ…

ဒါနဲ့ ပြောလိုက်တယ်… အကုန်ပါတယ်လို့… ရေခဲမုန့် ဘာညာတို့… မဟုတ်ဘူး…

ဗမာ ဒန်ပေါက်လဲ ရပါတယ်တဲ့… အကုန် စုံစမ်းပါတယ်… မရဘူး…

မဟုတ်ရင် ကောင်းသန့်ဆိုရင် ကားက အသွားအပြန် စီစဉ်၊ ရေခဲမုန့်က သပ်သပ်မှာ… တိုင်ပတ်နေမှာ… ဒါနဲ့… ဘာကြံတယ်… ထင်လဲ….

ဟီး… အားတော့နာတယ်… နီလာကိုပဲ… အိုးမှာ နီလာ နာမည် မရေးပါနဲ့… ပွဲပြင်ကလေးကိုလဲ အပြင် အဝတ်အစားနဲ့လိုက်… ဘယ်သူမေးမေး ကောင်းသန့်ပါ ပြောခိုင်းရတယ်…

အဲဒါမှ အကျွေးအမွေး ကိစ္စ ပြီးတော့တယ်… တချိန်လုံးလဲ ကလေးကို တတွတ်တွတ်မှာနေရတယ်… အပြန် ကလေးကို မုန့်ဖိုးပေးလိုက်ပါသေးတယ်… 🙂

 

ကဲ… ပွဲက လုပ်ပြီဆိုတော့… လက်မှတ်ထိုးဖို့… မောင်နှံ ၂ စုံ ကို ဖိတ်ကြားထားပါတယ်…

သူတို့ကလဲ မင်္ဂလာပွဲမှာ မင်္ဂလာ လက်စွပ်စွပ်ပေးမယ့် ပုဂ္ဂိုလ် နဲ့ မင်္ဂလာ ပန်းကုံးစွပ်ပေးမယ့် ပုဂ္ဂိုလ် စုံတွဲတွေပါ…

သမိုင်း ပါချုပ် စုံတွဲ နဲ့ UNFAO Adviser စုံတွဲတို့ပါ… တကယ်ထိုးပေးဖြစ်တော့ Hot News အယ်ဒီတာနဲ့ Diamond Star က Account  မသိဂီင်္ တို့က ထိုးပေးသွားကြတာပါ…

စုံတွဲ မထိုးပေးလဲ ရတယ်ဆိုတာနဲ့ … လူကြီးတွေကို မထိုးခိုင်းတော့တာပါ…. လက်မှတ်ထိုးတော့လဲ နေရာ ထိုင်တာ ဘယ်ညာ လွဲနေသေးတယ်… 🙂

အဲနေ့က တက်ရောက်ချိီးမြှင့်ကြတာ လူစုံပါပဲ… နိုင်ငံရေး အသိုင်းအဝိုင်းထဲက လူတွေ များပါတယ်…

အတက်ကြွဆုံးနဲ့ ကျေးဇူး အတင်ဆုံးကတော့ ဦးချိုအောင်သန်းပါပဲ(အမေစု မောင်)… စေ့စပ်ပွဲတုန်းကလဲ တက်တက်ကြွကြွပဲ…

ဗိုလ်ချုပ်အမျိုးတွေထဲကဆို ဒေါ်စု တယောက်ကလွဲရင် အားလုံးနီးပါး လာကြပါတယ်…

 

တရားဟောတော့ ဘုန်းကြီးက စ ပါသေးတယ်… ကလေးတွေ ခက်တယ်… ချစ်သူများနေ့ပဲ သိတယ်… ဗိုလ်ချုပ်မွေးနေ့ကို မသိဘူး ဆိုပြီး…

တကယ်တော့ အကုန်လုံးကို သိပါတယ်… ကျွန်တော်တို့ဆို ပိုဆိုးပေါ့… နောက်နှစ်ဆို ဗိုလ်ချုပ် နှစ်တရာပြည့်ပွဲတော်ကို နတ်မောက်မှာ လုပ်မှာလေ… အခုကတည်းက အလုပ်ရှုပ်နေကြပြီ… 🙂

ကံကောင်းတာ တခုက အဲနေ့က တပို့တွဲ လပြည့်နေ့ ဖြစ်နေတာပဲ… ဆရာတော်ကလဲ ချစ်သူများနေ့ကြောင့်လား.. လပြည့်နေ့ကို ရွေးတာလားတဲ့… 

ဟဲ… 😀 တကယ်တော့ ၂ ခု တိုက်ဆိုင်သွားတာပါ…

ဧည့်ခံလိုက်ရတာလဲ… ဖတ်ဖတ်ကိုမောရောပါပဲ… လူက မျော့ရတဲ့ အထဲ… နေရာက ၂ နေရာ… ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်ပေါ့…

ဘာပဲ ပြောပြော အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်… အကျဉ်းချုုံး လုပ်မယ်ဆိုပြီး… တော်တော်များသွားသလို မထင်ထားတဲ့ ပုဂ္ဂိုလ်တွေ ကြွရောက်ချီးမြှင့်တော့ ပိုဝမ်းသာရတယ်…

 

အခုထိ ဆက်လက်အားပေးဖတ်ရှုသွားတဲ့ မိတ်ဆွေအားလုံး ကျေးဇူးပါနော်… နောက် ၂ပိုင်းလဲ အားပေးပါဦးလို့… ပြောကြားရင်း တခန်းရပ်ပါတယ် ခင်ဗျာ… 🙂 🙂 🙂

 

 

P1260311

ဒါက ယောက်ဖ လက်ရာလေးပါ… 🙂

36 comments

  • ကေဇီ

    October 10, 2014 at 12:18 pm

    ငင်။
    ဒီဘက်က ဂျော်နီဒက် ဝမ်းလျှောထားတဲ့ ပုံလားး
    အဟိ။
    :k:

  • Yae Myae Tha Ninn

    October 10, 2014 at 12:27 pm

    နောက်တာလား.. ဇီဇီ… ပိန်တုန်းက တူတာပါ.. ဂျော်နီဒက်နဲ့က… 🙂

  • ဦးကျောက်ခဲ

    October 10, 2014 at 12:35 pm

    မင်္ဂလာဆောင်ရတာ အတော် စိတ်ပင်ပန်း လူပင်ပန်းတယ်…
    အခန်းအနားလုပ်ရင် ပိုက်ပိုက်လည်းကုန် ပွဲတက်ရတဲ့သူတွေလည်းမသက်သာ…
    နောင်လာနောက်သားများကို အထူးမှာလိုတာက… ခိုးသာပြေး… ရုံးတက်လက်မှတ်ထိုး…
    အဟိ… ဝါကျွတ်ပြီဆိုတော့ လက်မဖွဲ့ရအောင် ကြိုကာထားတာ…
    :k:

    • ကေဇီ

      October 10, 2014 at 12:39 pm

      ဟွာလေ။
      တူညားတွေပြောပြောကြတဲ့ စလစ်ပင်း တူဂဲသား
      (အဲလေ ဟုတ်ပေါင်)
      လစ်ဘစ်တူဂဲသား နေဖို့တို့ ဘာတို့ နဲ့ ပတ်သက်ပြီးရော ဘာအကြံပေးချင်ပါလဲချင့်??
      မေးသာမေးရတယ်။
      တော်ကြာ တံဆိပ်တတ်နေမှ သံကွန်ခြာမကယ်နိုင်ဖစ်တော့မယ်။
      ဟိ

      :k:

      • Yae Myae Tha Ninn

        October 10, 2014 at 12:51 pm

        ဒီမှာဆိုရင်တော့ မသိခင် ဘာမှ မဖြစ်ပေမဲ့… ပူလာမှ ဆိုရင် ခိုးပြေးကြတယ်… လူတွေကလဲ လူတွေလဲပဲ… ယူပြီး မကြာပူရင်… ဖိတ်စာ ပြန်လိုက်ရှာပြီး တွက်ကြတယ်… 🙂
        အနော်တို့ကတော့ ရှေ့နှစ်မှ အေးဆေးယူတော့ လူတွေ အလုပ်မရှုပ်တော့ဘူးပေါ့… တော်ကြာဆို ကိုယ်ဘာသာ ကံတရားက မျက်နှာသာပေးရင်တောင် လိုက်တွက်ကြသေးတာ… 🙂

    • Yae Myae Tha Ninn

      October 10, 2014 at 12:48 pm

      သဘူမတောမှ ခိုးပြေးရတာလေ… ဦးကျောက်ခဲရဲ့… လမ်းထဲမှ တတွဲဆို သဘူတောပါတယ်… ရက်လဲ သတ်မှတ်ပြီးမှ ခိုးပြေးတာ… တုပ်လိုက်ကြတဲ့ အမျိုး… ဟီး… 🙂

  • kai

    October 10, 2014 at 12:51 pm

    ခုတလောတင်.. ကလေး၃နှစ်သမီးနဲ့လစ်ဗင်းစပရိတ်စုံတွဲတွေ့တာ… သွေးကစုံနေတာပဲ.. အမေက ရုရှားအေရှန်..။ အဖေကလက်တီနို၊
    ဆိုတော့…
    အစိုးရဆီက တလ၈ရာ၊ ယောကျင်္ားဆီက တလ၂ထောင်…
    စင်ဂယ်မားသားက.. အိုင်ဖုံး၆ ရလို့သွားယူရင်း.. သိဖြစ်တာ…။

    တူတူနေရင်အစိုးရမထောက်ပံ့မှာစိုးလို့.. ခွဲနေတာတဲ့..။
    လက်မှတ်မထိုး.. မင်္ဂလာစရိတ်မရှိ..။
    ဟုတ်နေပုံ…။ :k:

  • Yae Myae Tha Ninn

    October 10, 2014 at 12:58 pm

    သူတို့ဆီတော့ ဟုတ်တာပေါ့… တဂျီးရယ်… ကားချားက တူပဲကိုး.. ဒီမယ် ခိုးပြေးတာတောင် ပြောချင်ချင်ရယ်.. တချို့က စရိတ်စက သက်သာအောင် ခိုးပြေးကြတာလေ…
    ဒီမှာက အိမ်ထောင်မှု ဘုရားတည်ဆိုတဲ့ စကားတွေတောင် ရှိနေတော့ အရမ်းအလေးထားတာ သိသာတယ်လေ… 😀

  • မ " တတ် ပါ့ "

    October 10, 2014 at 2:05 pm

    ဒီလင် ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေသား….

    • Yae Myae Tha Ninn

      October 10, 2014 at 2:14 pm

      ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ… 🙂 ကျေးကျေးနော်… 🙂

    • Yae Myae Tha Ninn

      October 10, 2014 at 2:45 pm

      Thz… Maung… အမယ်လေး လျှာယားလိုက်တာ.. 🙂

  • Crystalline

    October 10, 2014 at 2:28 pm

    ဒီရုပ်​​တွေ ​သေချာမှတ်​ထားမှ.. လမ်​း​တွေ့.. မုန်​့​ကျွေးခိုင်​းရ​အောင်​… :mrgreenn:

    • Yae Myae Tha Ninn

      October 10, 2014 at 2:47 pm

      စိတ်ချ.. မတွေ့ဘူး… ဂျက်ရေ… စ လုံးကို လာဖို့ဆိုတာ အိမ်မက်တခုလိုပဲ… 🙂
      စပွန်ဆာခံပေးရင်တော့ မုန့်လောက်တော့ ကျွေးမယ်… ဟဲ… 🙂

      • ကေဇီ

        October 10, 2014 at 3:02 pm

        လူမှားနေပြီ။
        အာ့ ဂျက် ဟုတ်ဘူးးး
        :kwi:

        • Yae Myae Tha Ninn

          October 10, 2014 at 3:37 pm

          ဟုတ်သားပဲ… ချောတီး… ခရစ်ရေ… ဒါနဲ့ ခရစ်က ရန်ကုန်မှာလား… 🙂
          ကျေးဇူး.. ဒေါ်ဇီဇီရေ… 🙂

  • ခင် ခ

    October 10, 2014 at 2:30 pm

    အသက်ရှည်ရှည် အနာမဲ့လျှက် ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်ကြကွယ့်။

    • Yae Myae Tha Ninn

      October 10, 2014 at 2:56 pm

      ပို့သတဲ့ မေတ္တာကြောင့် ကျန်းခန့်သာလို့ မာပါတယ်ဗျာ… ကိုခကြီးရေ… 🙂

  • kyeemite

    October 10, 2014 at 4:19 pm

    .ပင်လည်းပင်ပန်း ပျော်လည်းပျော်စရာကောင်းတဲ့ ပွဲပါဗျာ..ဟုတ်တယ်မို့လား :kwi:
    .ကျုပ်တုန်းက ဘုန်ကြီးကျောင်းမှာပဲဧည့်ခံတာ..ဖိတ်စာ ၂၀ဝ ဝေတယ်…လူ၄၀ဝလောက်လာစားတယ်
    .ဒါန်ပေါက်နဲ့ရေခဲမုန့်ပဲ

    • Yae Myae Tha Ninn

      October 11, 2014 at 8:36 am

      ပင်ပန်းရတဲ့ ကြားထဲ.. မျော့ကလဲ မျော့နဲ့ပေါ့ဗျာ… 😀 ဒါပေမဲ့ ပျော်ပါတယ်… လူစုံ တက်ရောက်ချီးမြှင့်ကြလို့… 🙂

  • အလင်းဆက်

    October 10, 2014 at 8:50 pm

    လူချွင်ဒေါ်တွေ ပြောပုံအရဆို…
    ရေတွင်း ရေစက်ချတဲ့ပွဲပေါ့နော် ။
    ဂွစ်ဂွစ်

    :k:

    • Yae Myae Tha Ninn

      October 11, 2014 at 8:36 am

      အိလိုလဲ မဟုတ်သေးဘူး.. ဆက်ဆက်ရယ်… 🙂

  • ဦးဦးပါလေရာ

    October 11, 2014 at 12:07 am

    .ဗိုလ်ချုပ် မိသားစု နဲ့ အတော် နီးစပ်ပုံရတယ်…။
    .ရွာထဲမလဲ ဒေါ်ခင်ကြည်ရဲ့အမျိုး ရှိတယ်ဆိုပဲ….

    • Yae Myae Tha Ninn

      October 11, 2014 at 8:38 am

      ဟုတ်… ကျွန်တော့် ဆရာရင်းက အမေစုညီမ တဝမ်းကွဲကို ယူထားတာဆိုတော့… 🙂 ပြီးတော့ ပရဟိတ လုပ်ငန်းတွေကလဲ သူတို့ ဦးစီးတာကို လိုက်လုပ်ပေးတာလေ… 🙂

  • Foreign Resident

    October 11, 2014 at 5:41 am

    ” ဒီလင် ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေ ”
    သေချာကြည့်မှ ဒို့ရွာသား က ၊
    လူချော ၊ ဗလတောင့် ၊ အလန်းလေးဘဲ ( နားကပ် နှင့်မို့ ) ။
    စော်ကြည်မယ့် ပုံဘဲ ။ ဟီ ဟိ ။

    • Yae Myae Tha Ninn

      October 11, 2014 at 8:39 am

      ကျေးဇူးတင်ပါတယ်… အဘဖောရေ… ပေးတဲ့ဆုနဲ့ ပြည့်ရပါစေဗျာ… 🙂 အခုတော့ လူက ဂွမ်းနေပါပြိဗျာ… ဝ လာတာ ဆိုးတယ်… ဟီး… 🙂

  • Mr. MarGa

    October 11, 2014 at 9:09 am

    ကဲ ကဲ
    မြန်မြန် မင်္ဂလာပွဲလုပ်တော့
    မင်္ဂလာဦးည (အဲလေ) မင်္ဂလာပွဲကို စောင့်နေတာ စိတ်မရှည်တော့ဘူး

    • Yae Myae Tha Ninn

      October 11, 2014 at 10:07 am

      ဖိုးသကြားကတော့ လုပ်ပြီ… အဲဒါ ဆင်ဆာလေကွယ်… 🙂

  • ဖတ်လို့ တော့ ကောင်းတယ်

    ကြည့် လို့ မကောင်း ဘူး စာလုံးက စောင်းပြီး မဲ လွန်းအားကြီးနေလို့ ဖတ်ရတာအဆင်မပြေ

  • Yae Myae Tha Ninn

    October 11, 2014 at 10:08 am

    ဟုတ်…လေးပေါက် ဆင်ခြင်လိုက်ပါ့မယ်… နောက်တပို့စ်ဆို မဘိုးတော့ဘူးနော်… လာအားပေးလို့ ကျေးကျေး… ဟီး… ပြီးတော့မှာပါနော်.. လေးပေါက်… 🙂

  • CharTooLan

    October 11, 2014 at 11:11 am

    သတို့သမီးစိန်နကပ်က ပျူးနေတာဘဲ 😛

    • Yae Myae Tha Ninn

      October 11, 2014 at 11:16 am

      နောက်ပြီ… ဆရာချာတို့က… အဲဒါ အနော်ပါဗျ… 😀

  • မြစပဲရိုး

    October 11, 2014 at 2:07 pm

    အရီး လဲ အဲဂလာ ကို သဘောကျ လို့ မဆုံးဘူး ချာတူး ရဲ့။ ;-))

    ကိုယ်တိုင်ရေး ကိုယ်ပိုင် ဇာတ်လမ်း လေး က ဖတ်ရတာ တကယ်ကောင်းပါ့ မောင်ထွဋ်ရယ်။
    မင်း စာရေးကောင်းပါတယ်။

    . နှစ်ယောက်လုံး တကယ်ချစ်ဖို့ကောင်း ပြီး တက်ညီ လက်ညီ ရှိမဲ့ စုံတွဲ လေးထင်ပါတယ်။
    လက်လေး နှစ်စုံ အရေတွန့် တဲ့ အထိ တွဲထားနိုင်ပါစေ။
    ပိုပြီး အောင်မြင်မှု တွေ ဆွတ်ခူးနိုင်ပါစေ။ :))

    • Yae Myae Tha Ninn

      October 11, 2014 at 3:02 pm

      အခုလို လာရောက်အားပေးတာ ကျေးဇူးပါ… အရီး…
      အုံးကျွန်းရေးရမယ်ဆိုတော့ ကိုယ်ပိုင်ဇာတ်လမ်းပဲ ရှိတာလေ… ဟီး…
      တကယ့်ကို ဒိုးတူပေါင်ဖက်ပါ… ပိုက်ဆံစုတုန်းကလဲ တဖက်တလမ်းက ဝိုင်းစုပေးပါတယ်…
      ပေးတဲ့ဆုတွေ ပြည့်ပါစေဗျာ… 🙂

  • မွသဲ ( 17082011 )

    October 11, 2014 at 8:44 pm

    ယား ဒဒို့တမီးကနားကပ်မပါပဲ ဒဒိုးတားက နားကပ်ကြီးနဲ့ပါလား

    • Yae Myae Tha Ninn

      October 13, 2014 at 8:53 am

      ဟုတ်တယ် မွသဲရေ… သူက နားကပ်မကြိုက်ဘူး… မင်္ဂလာဆောင်တော့ မပါမဖြစ်မို့ ပန်တာ.. တော်ရုံဆို ကျွန်တော်က ပိုပန်တယ်… 🙂

Leave a Reply