spam

ရွာထဲလာပြီး စကားကြီး စကားကျယ် လုပ်တာများသွားလို့လား မသိ။

မကျေနပ်လည်း ပြောပါနော်။

ခုတော့ ပိုစ့်ထဲ ၀င်မန့်လို့ရတော့ဘူး။

ကျုပ်ရေးထားတာ ဘယ်ရောက်သွားလဲရှာကြည့်တော့…

ဒင်းက စပန်း (spam) ထဲရောက်နေပါပေါ့လား။

ကူပါဦး ကယ်ပါဦး မပြောချင်ဘူး ကိုယ့်ရဲ့  အိမ်တွင်းရေးကိုကွယ်….

အဲ သီချင်းနဲ့မှားကုန်ပြီ..

ကယ်တော်မူပါဦး …

ရွာစောင့်နတ်မင်းကိုလည်း တိုင်တည်ပါတယ်။

ကိုးနတ်ရှင်ကိုလည်း ပူဇော်ပါတယ်။

ရွာထဲ Log In ၀င်တာတောင် ဘရောက်ဇာ (Browser) က အမေးခံရသေးတယ်။

Two options နဲ့ မင်းဆက်ဝင်မှာလား ဘာညာသလာကာနဲ့ Continue at your own risk (do not recommended)ကို နှိပ်ပြီးဝင်ရတာပါဟယ်။

သနားကြပါဦးနော်။  :b:

မန့်လို့မရရင်တော့ စိတ်ကောက်ပြီး မလာတော့ဘူး။ ဒါဗြဲ။  :evil:

ပုံ/
တတ်ပါ့

About မ " တတ် ပါ့ "

မ " တတ် ပါ့ " has written 4 post in this Website..