သမိန်ပေါသွပ် ခေါ်ချက်တာမဟုတ်ဘူးးနော်….

ဒီ တစ်ပတ်တော့ အသီးအနှံ တစ်ခုခုထဲကို အသားတစ်မျိုးမျိုး အစာသွတ်တာ ရေးမားလို့။

ဟိ။  :mrgreenn: 

အသားဟင်းချည်း သီးသန့်မစားချင်တဲ့ သူတွေ အကြိုက်ပေါ့။

KZ အဖေ ဆို ဂလို အရောအနှောလေးတွေမှ ခံတွင်းတွေ့တာရယ်။

ဒါပေမဲ့ ခုရေးမှာက အစာသွတ်ဟင်းတွေ။ အရောအနှောဟင်းက နောက်မှ သတ်သတ်လာမှာ။

 

 

~~~~~~~~~~

၁) ဗုံလုံသီးကို ဝက်သားအကြေသား သွတ်မယ်နော်။

ဒီမှာက ဝက်သားတောက်တောက် စင်းပြီးသားရတယ်။

အဲဒါကို ပဲငံပြာရည် အကြည်၊ ဂျင်း၊ ကြက်သွန်ဖြူထောင်းထားပြီးသားနဲ့ နယ်ထားး

ဗုံလုံသီးဝယ်ရုံပဲ။ ပဲလင်းမြွေသီးလို့လည်း ခေါ်တယ်လေ။ ထိပ်ပိုင်းလေးကို ဈေးသည်မသိအောင် ချိုးကြည့်။ အဟွတ်။ ဖျောက် ကနဲ့ ကျိုးမှ ဝယ်။  :mrgreenn: 

ကျနော်က အခွံခွါတယ် လက်လေးလုံးလောက် စီ ပိုင်းတယ်။ ပိုင်းလုံးတွေရရော။ အဟိ။

အလယ်က အနှစ်နဲ့ အစေ့တွေ ကို ဇွန်း အသေးနဲ့ လှည့်ထုတ်ပြီး ရေဆေး စစ်ထားး၊။

ပြီးရင် အဲ့ဒီ ပိုင်းလုံး အဲ ပိုက်လုံးလိုမျိုး ထဲကို ဝက်သားကို အပြည့်သွတ်လိုက်ပြီး စီ ထားး..

ဆီကို အရင်အပူပေးပြီးတော ့ ဆီပူလာရင် ဆနွမ်းမှုန် ့ လက်သန်းဖျားလောက် လေးထည် ့မွှေပေးပါ။ပြီးရင်အဆာသွပ်ထားတဲ ့ ဗုံလုံသီးလေးတွေကို အသာလေးထည် ့ပေးပါ။

စစနှပ်ခြင်း ချောက်ကပ်ကပ် ဖြစ်နေပါလိမ် ့မယ်။ခဏကြာလာရင် ရေတွေထွက်လာပါလိမ် ့မယ်။

မမွှေပဲ အိုးကို (ဟင်းအိုးကို) အသာလှုပ်ပေးပါ။ ကျနော်ကတော့ အရည်စပ်စပ်ကြိုက်လို့ ရေလိုသလောက် ထပ်ဖြည့်တတ်တယ်။

အဲဒီ ဟင်းအရည်ကို အပေါ့အငံမြည်းပြီးရင် မီးပိတ်လို့ရပါပြီ။

ကျန်တဲ့ ဝက်သားကို ဝက်သားလုံးလုံး ကြော်ပြီး မရမ်းသီးလေး ထောင်းစားရင် လိုက်သွားရော။ :mrgreenn: 

~~~~~~~~~~

၂) ခရမ်းချဉ်သီးကို ကြက်သားသွတ်ရအောင်။

ကြက်သားကို တောက်တောက်စဉ်းပြီး ဆား၊ငရုတ်ကောင်းနဲ့ နယ်ထားပါ။

ခရမ်းသီးအလုံးကြီးကြီး မာမာတွေ ရွေးပြီး အညှာဘက်က ထိပ်ကို ဖြတ်လိုက်။

ပြီးရင် အတွင်းထဲက အနှစ်တွေကို အသာလေး ကော်ယူပြီး ပန်းကန်တစ်လုံးထဲ ထည့်ထားး

ပြီးရင် အဲဒီထဲကို ကြက်သားထည့်ပြီး ထိပ်က ဖြတ်ထားတဲ့ အပိုင်းကို အဖုံးလေးလို ပြန်အုပ်။

ရိုက်(စ) ကွတ်ကာ ထဲ ရေထည့် ခရမ်းချဉ်သီးတွေကို စကာပေါ်တင်ပြီး ပေါင်းးး

အဲလိုမှ မဆန့်ရင် စတီးချိုင် ထဲ အဖုံးဖိထည့်ပြီး ရေနွေးနဲ့ လည်း ပေါင်းတယ်။ ခိခိ

ကျန်တဲ့ ကြက်သားကို ခုနက ခရမ်းချဉ်သီး အနှစ်နဲ့ ချက်ပြီး မရမ်းသီးထောင်းလေးနဲ့ စားလို့ရပါပြီ။

ကျနော့ အဒေါ် လုပ်ကျွေးတာကျ ခရမ်းချဉ်သီးထဲကို ကြက်ဥဖောက်ထည့်ပြီးမှ ပေါင်းတာ။

အဲဒါလည်း စားကောင်းတာပဲ။

~~~~~~~~~~

၃) ငရုတ်ပွထဲ ဘာသွတ်ရင် အလိုက်ဆုံးတုန်း သိလားး၊ ဝက်အသည်းး။

ဝက် အသည်းက ပဲငံပြာရည်နဲ့ နယ် ပြုတ်ပြီးထောင်း ထားလိုက်။

ငရုတ်ပွကို ရောင်စုံဝယ်တယ်။ လှအောင်လို့။ (အနီ၊ အစိမ်း၊ အဝါ)

ပြီးရင် ထိပ်ကို အဖုံးလို ဖြစ်အောင် လှီးချလိုက်၊ အတွင်းက ငရုပ်စေ့တွေထုတ်။

ဝက်အသည်းကို သွတ်။

အိုးတလုံးထဲတွင် ဆီအနည်းငယ်ထည့်ပြီး နနွင်းမှုန့်၊ငရုတ်အရောင်တင်မှုန့်၊ ကြက်သွန်နီနှင့်ကြက်သွန်ဖြူ အနည်းငယ်တို့ဖြင့် ဆီသတ်၍

အစာသွပ်ထားသော ငရုတ်ပွများကိုထည့်ပါ။

ရေအနည်းငယ်ထည့်၍ အိုးဖုံး ပြီးတည်ထားပါ။ အရည်များပွက်ပွက်ဆူလာပြီး ငရုတ်ပွများနွမ်းလာရင် အပေါ့အငံမြည်းကာ မီးပိတ်ပါ။

ပုဇွန်ခြောက်ထောင်းလေးနဲ့ လိုက်ပါတယ်။

~~~~~~~~~~

၄) မပါမဖြစ် ရွှေဖရုံသီး ဝက်သား အစာသွတ်။

ရွှေဖရုံကို ဘယ်လောက် သေးတာ ဝယ်ဝယ် ဝက်သားကြိတ်သား အများကြီးသုံးရဦးမှာမို့ ဝက်သားလေးနဲ့ပဲ သွတ်မလားလို့။

ဝက်သားတွေကို သေးသေးတုံးထားပြီး အရသာနယ်ထားပါ။

ရွှေဖရုံသီး သေးသေးကို အညှာဘက်က ထိပ်ပိုင်းဖြတ်ပြီး အတွင်းထဲက အသားတွေကို ရသလောက် ကော်ယူ၊ ခြစ်ယူထားပါ။

အစေ့တွေတော့ ဖယ်ဦးပေါ့နော့။ ပြီးမှ ရေဆေးထား။

အဲဒီ အသားတွေနဲ့ ဝက်သားကို ဆီနည်းနည်း နဲ့ ကြက်သွန်ဖြူနီ နဲ့ အခြောက်နဲ့ လုံး (အဲလေ) ခြောက်ခြောက်လေးလုံးထားလိုက်ပါ။ ကျက်သွားအောင်။

ပြီးမှ ရွှေဖရုံသီးထဲ အစာသွတ်၊ အဖုံးလေး ပြန်ပိတ်။

အိုးတစ်လုံးထဲ ရွှေဖရုံသီးမြုပ်ရုံ ရေထည့် ပြီး ပြုတ်ချင်ပြုတ်၊ (အဲလာ အလွယ်နည်း)

ဒါမှမဟုတ် ပရက်ရှာကွတ်ကာထဲ ထည့်ပေါင်းလည်းရတယ်။

ကိုယ်ကြိုက်တဲ့ အနူးလောက်မှာ စားလို့ ရပါပြီ။

ဇီးဖြူသီးထောင်းလေးနဲ့ တွဲစားရင် ကောင်းးးးးးး

~~~~~~~~~~

၅) သခွါးသီး ကို ကြိုက်ရာ အသားသွတ်ပြီး ဟင်းရည်သောက်

တောက်တောက် စဉ်းထားတဲ့ အသားတစ်ခုခု ကို နယ်ထားလိုက်။

သခွါးသီးကို ဗုံလုံသီးကို ပြင်သလို ပြင်ထားလိုက်။

ပြီးရင် အစာသွတ်၊.။

ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းနဲ့ ဟင်းရည်တည်။

ကြက်သွန်နီ ဥ အသေးလေးတွေ အခွံခွါထည့်။

ရေဆူမှ အစာသွတ်တွေကို ဖြည်းဖြည်းထည့်။

ပေါ်လာတဲ့ အမြှုပ်တွေ ခပ်ထုပ်ပစ်။

နောက်တစ်ရေဆူလို့ အနေအထားကြိုက်ပြီ ဆိုရင် အပေါ့အငံမြည်းပြီး အရည်သောက်ဟင်း ရပြီ။

ကြက်သားကြော်လေးရယ်၊ ငရုတ်သီးစိမ်းထောင်းလေးရယ် နဲ့ စားးး

(တစ်ချို့လူတွေက သခွါးသီးနဲ့ မတည့်တတ်ဘူးး၊ လေနာတယ်။ ကြည့်စား)

 

~~~~~~~~~~

၆) ရုံးပတီသီး ကို ငါးဖယ်လေး သွတ်ပြီး နှပ်မို့

ငါးဖယ်ကို ရသာနယ်ပြီး ပေါက်ထားပါ။

ရုံးပတီသီး ခပ်ကြီးကြီးတွေကို ရေစင်အောင် ဆေးပြီး စစ်ထားပါ။

ပြီးရင်ကိုယ်ထည်ကို ဒါးရာပေးပြီး ခွဲထားလိုက်။

နည်းနည်းချိုးချလိုက်တာနဲ့ ဒါးရာပေးထားတဲ့ နေရာက ဟ သွားလိမ့်မယ်။

အဲဒီထဲကို ငါးဖယ်ကို ရသလောက် မဟုတ် လှသလောက် သွတ်ထားပြီး စီထားး၊(ပြီးရင် အပေါ်က သံပုရာရည်ညှစ်ရင် စီးတွဲတွဲဖြစ်မသွားဘူးတဲ့)

ပြီးရင် ကြက်သွန်ဖြူနီထောင်းထားတာကို ဆီသတ်ပြီး ရုံးပတီသီးတွေ စီထည့်ပြီး အဖုံးဖုံးပြီး နှပ်ထားး

ရေခမ်း ဆီပြန်ရင် အိုလကေဘီ။

အဲဒါကို ငါးပိထောင်းလေး နဲ့ စားရင် ကောင်းတာပဲ။

ရုံးပတီ နေရာမှာ တဂျီး ပြောတဲ့ ငရုတ်သီး ကို အစားထိုးလို့ ရ၏။

~~~~~~~~~~

၇) အမှန်အတိုင်းတော့ အကြံကုန်နေလို့ ခရမ်းသီးကို ပုဇွန်ခြောက်သွတ်ပြီး နှပ်တော့မယ်။

ပုဇွန်ခြောက်ကို ရေစိမ်ပြီး ထောင်းထားး

ကြက်သွန်ဖြူနီကိုလည်းထောင်းထားးး တစ်ဝက်ကို ပုဇွန်ခြောက်ထောင်းနဲ့ ရောပြီး

ခရမ်းသီး လေးစိတ်ခွဲထားတဲ့ အထဲထည့်ထားး

ငရုတ်သီးခြောက်ကို ရေစိမ် ထောင်းထားတာရယ် ကျန်တဲ့ ဖြူနီထောင်းရယ်ကို ဆီသတ်လိုက်ပြီး

ခရမ်းသီးကို ပုံမပျက်အောင် ထည့်ပြီး ရေနည်းနည်းမြှုပ်ရုံထည့်တည်ထားးး

ရေခမ်း ဆီပြန်ရင် ငရုတ်သီးဆားထောင်းလေးနဲ့ တွဲစားရုံ။

ဒါက ပြီးကပစ်နည်းးး

 

ကောင်းတဲ့ နည်းက ဒီလင့်မှာ။

http://smokenspice.blogspot.sg/2007/10/blog-post_20.html

 

လိုအပ်တဲ့ ပစ္စည်းတွေကတော့

ခရမ်းသီး ၂ လုံး (ခရမ်းသီး ၂ မျိုး ရှိပါတယ်။ တစ်မျိုးကတော့ အရောင်ရင့်ပြီး ခပ်ကြီးကြီး အစားမျိုးပါ၊ နောက်တမျိုးကတော့

ခပ်ရှည်ရှည် နဲ့ ခရမ်းရောင် အစားမျိုးပါ) မြန်မာပြည်မှာတော့ ဒုတိယအမျိုးအစားကို စားတတ်ကြပါတယ်။ ဒီဘက်မှာတော့

တခါတရံမှတွေ့ရတတ်ပါတယ်။ နှစ်မျိုးလုံးကောင်းပါတယ်။ ဒါပေမဲ့ ခပ်ကြီးကြီးအစားမျိုးဆိုရင်တော့ ကျက်အောင် နည်းနည်း

ပိုစိတ်ရှည်ရပါမယ်၊ သူက ထူပြီး အလုံးကြီးလို့ပါ။

 

ပုဇွန်ခြောက်မှုန့် (သို့) ပုဇွန်ခြောက်အကောင်

အရောင်တင်ငရုပ်သီး

ကြက်သွန်နီ / ကြက်သွန်ဖြူ

နနွင်း

ဆား

(အနှစ်များများလိုချင်ရင် ကြက်သွန်နီများများထည့်ရပါမယ်)

ကြက်သွန်နီ တို့ကိုစိပ်စိပ်လှီးပါ။

ကြက်သွန်ဖြူကိုလည်း အခြပ်လိုက်လှီးပါ။

ခရမ်းသီးအစာသွပ်ရန်လက်ကို စင်ကြယ်အောင်ဆေးကြောပါ။

ခရမ်းသီး များကိုရေဆေးပြီး ထိပ်ပိုင်းမှစပြီး လေးပိုင်းစိပ်ပြီး ထက်ဝက်ကျော်ခန့်ခွဲပါ၊ အရင်းထိမခွဲဘဲ အစာသွပ်နိုင်ရန်အတိုင်းအတာထိ

ခွဲရပါမယ်။ နှပ်မည့်ဒယ်အိုးထဲသို့ပုဇွန်ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဆား၊ နနွင်း ၊ အရောင်တင်မှုန့် နှင့် ဆီ တို့ကိုထည့်ပြီးနယ်ပါ။

အဆာတွေသမ သွားရင် ခရမ်းသီး ထိပ်မှဖွင့်ကာ အဆာများကိုသိပ်ပြီးထည့်ပါ။ ခရမ်းသီးပုံမပျက်ရန်တောင် သတိထားထည့်ပါ။

ဒယ်အိုးထဲသို့ နယ်ထားသောလက်ကို ရေနည်းနည်းဖြင့်လောင်းချပြီးထည့်ပါနော်။

ပြီးလျှင် ဒယ်အိုးကိုအဖုံးအုပ်၍ မီးအေးအေးဖြင့် နှပ်ထားရပါမယ်။

မကြာခဏ ဒယ်အိုးမကပ်အောင် ရေနည်းနည်းစီထည့်ပြီး နေရာရွေ့ပေးပါ။ ခရမ်းသီး နူးလာတာနဲ့အမျှ ပုံပြက်တတ်တာမို့

 ဂရုပြုပြီး ပုံမပြက်အောင် အသာအယာရွေ့ရပါမယ်။

ခရမ်းသီးများနွမ်းပြီး ပုဇွန်ခြောက်နံသင်းလာလျှင် အရသာအသင့်အတင့် မြည်းစမ်းပြီး ချလို့ရပါပြီ။

ခရမ်းသီးအကြီးစားမျိုးဆိုလျှင် နည်းနည်းအချိန်ပိုကြာတတ်ပါတယ်နော်။

ငရုပ်သီးစိမ်းကြိုက်တတ်လျှင်မချခင်လေး ငရုပ်သီးစိမ်းများ ထက်ခြမ်းခွဲထည့်နိုင်ပါတယ်။

~~~~~~~~~~

၈) ကြက်ဟင်းခါးသီး ကို ပုဇွန်သွတ်ရင် ကောင်းမားး
တက်စာတွေချည်းးး
တက်မှာ သေချာတယ်။
ဟိ။ ဒါမဲ့ တခြား သွတ်စရာ မရှိတော့ဘူးး။

ပုဇွန်ထုတ်အသေးလေးတွေ ဝယ်လာ။ ခေါင်းရော အမြီးရော အကုန်ချွတ်။
ဆား ရယ်၊ ဆနွင်းနည်းနည်းရယ် နဲ့ နယ်ပြီး ထောင်းလိုက်။ အများကြီး မသုံးချင်ရင် ငါးဖယ် နဲ့ စပ် လိုက်လည်း ရတာပဲ။
ဒီမှာ မခါးတဲ့ ကြက်ဟင်းခါး အသီး ကြီးကြီးတွေရှိတယ်။ အဲဒါတွေကို ထိပ် ၂ ဖက်ဖြတ်။
အလယ်က အစေ့ရယ် အနှစ်တွေရယ်ကို ဇွန်းဖင် နဲ့ လှည့်ခြစ်ထုတ်လိုက်။ ပြီးရင် ရေဆေးပြီး စစ်ထား။
အစာတွေရရင် သွတ်ပြီး စီထားး
ကြက်သွန်ဖြူ/နီ/ဂျင်း နည်းနည်း ရောထောင်းထားတာရယ်၊ ငရုတ်သီးခြောက် ရေစိမ်ပြီး ထောင်းထားတာတွေရယ်ကို ဆီသတ်ပြီး
နွမ်းရင် ကြက်ဟင်းခါးသီးတွေစီထည့်ပြီး နှံ့အောင် ဖြေးဖြေးထည့်လှိမ့်။

ရေနည်းနည်းထည့်ပြီး ရေခန်း ဆီပြန်အောင် ဆက်တည်လိုက်ရင် ရပြီ။
ဟိ။
သွေးတက်မစိုးရင် ဒန့်ဒလွန်ရွက်ဟင်းရည်တည်ပြီး သရက်သီးစိမ်းထောင်းနဲ့ စားလိုက်တော့။
(အမှန်က ဒီဟာ မေ့ကျန်ခဲ့တာ၊ သတိပေးသူကို အင်မတန်ကျေးဇူးတင်)

~~~~~~~~~~~

 

ဟောဟဲ။

ဟဲဟော။

ဒီလောက် နဲ့ မပြီးသေးးး

ရွာထဲ ဘယ်သူ အစာသွတ်ဖူးလဲ လိုက်ရှာတော့ ကိုယ့် ရဲ့ အမ အီးဇီးကွတ် ဝေ ပေါ့။

သူတင်ဖူးတာက ငရုတ်ပွ ဝက်သားပေါင်း၊ အရမ်းလွယ်သမို့ ဒီမှာ ညွှန်းလိုက်ပြီ။

ငရုတ်ပွ ဝက်သားပေါင်း easy cook – http://myanmargazette.net/36617

 

မီးဖိုမလို ဒယ်အိုးမလိုတဲ့ အလွယ်နည်းတစ်မျိုးဖြစ်ပါတယ်။

ငရုတ်သီးပွကို ရေစေးပြီး အစေ့ထုတ်ထားလိုက်ပါတယ်။

ဝက်သားကြိတ်ပြီးသားကို ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ဆား၊ ကော်မှုန့်၊ သကြားအနဲတို့နဲ့ သမအောင် နယ်ရပါတယ်။

ထို့နောက် ငရုတ်သီးပွထဲကို သွတ်ထည့်လိုက်တယ်။

ကြွေပုဂံကို ဆီအနဲငယ်သုတ်ပြီး ငရုတ်သီးအစာသွတ်ထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ ၁၅ မိနစ် အပူပေးလိုက်ပါတယ်။

၅ မိနစ်စီရပ်ပြီး ငရုတ်သီးပွကိုလှည့်ပေးပါတယ်။ ပြီးရင် စားလို့ရပါပြီ …

 

ဒီအတိုင်း ဝက်သားပေါင်းစားသလို စားလို့ရပါတယ် … အလွန်လွယ်ကူပါတယ်

Credit to Wei Wei

~~~~~~~~~~

 

ဂလောက် ဆို ရမယ်ထင်ပါတယ်။

အထောင်းတွေကတော့ လူတိုင်းထောင်းတတ်မယ်ထင်လို့ မပြောတော့ဘူးးး

 

 

အဲ။
ခဝဲသီးကို ပုဇွန်သွတ်လို့လည်း ရသေးတယ်။ မကြိုက်လို့ မစားးး၊ မစားလို့ မရေးး

နောက် မလုပ်တတ်တာ တစ်ခုက ပဲပြား အစာသွတ်လုပ်နည်းကို မသိ။
စားတော့စားတတ်သားး

 

:sar:

 

 

 

 

 

 

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120