ကန်​ချီ

ko sixOctober 10, 20141min1427

ကြာရိုးက
ကြာခူးသမားရဲ့အတိမ်​အနက်​နဲ့​တော့ သပ်​သပ်​
လူက
ဘက်​ထရီရဲ့အနီအနက်​နဲ့​တော့ သပ်​သပ်​
ဒီလို​ပြော​တော့
တိမ်​ဆင်​သက်​ရာအရပ်​မှာ
​တောထ​နေပုံက
လဟာပြင်​တွေကို မကြားကြဘူး။
အိပ်​မက်​ကို မှိတ်​တုတ်​မှိတ်​တုတ်​မက်​ရင်​း
သစ်​တစ်​ပင်​​တော့စိုက်​ခဲ့တယ်​
​​ဝေးပါ​သေးတယ်​
ငှက်​တစ်​​သောင်​းတို့
ပျံရင်​းနဲ့​သေကြ​ပေ​တော့
အနာဂါတ်​ဟာ
​ကျောတစ်​ရာရင်​တစ်​ရာပဲ အ​ဖြေထွက်​​နေတုန်​း

7 comments

  • အလင်းဆက်

    October 10, 2014 at 8:01 pm

    အိပ်မက်ကိုများ မှိတ်တုတ် မှိတ်တုတ် မက်ရတယ်လို့.. ။
    ကျနော်ကတော့..အိပ်မက် မမက်တတ် ။ မက်လည်း..ဂျူံုးဂျူံးဂျက်ဂျက်နဲ့ပဲ.. .။

    :k:

  • မြစပဲရိုး

    October 11, 2014 at 1:26 pm

    ဇင်ရော် တွေကတော့ သစ်ပင်မရှိလဲ ကျောက်တောင် ကျောက်ဆောင် တွေ ပေါ်မှာ နားတတ် ကြပါတယ်။
    { အနာဂါတ်​ဟာ ​ကျောတစ်​ရာရင်​တစ်​ရာပဲ အ​ဖြေထွက်​​နေတုန်​း }
    အတော်လေး ကြိုက်မိပါရဲ့ ကိုဆစ် ရေ။
    တွေးစရာ တွေ တစ်သီချည်း ထွက်သွားလို့။ :))

    သို့ပေသည့် ကန်ချီ ဆိုတာ ဘာတုန်း။ 🙄

    • Yae Myae Tha Ninn

      October 11, 2014 at 4:43 pm

      ကျွန်တော်ထင်တာတော့ အရီး… ကန်ချီဆိုတာ.. ကံချေ… ကံခေ နေတုန်းပဲကိုး… တိုင်းရင်းသား စကားတခုနဲ့ ပြောလိုက်တာဗျ… ကထူးဆန်းပို့စ်လို တက်တက်စင်လွဲဦးမှာ မြင်ယောင်သေး… ဟေးး ဟေးးး… ခက်တာက ဘုန်းကြီးကျောင်းက ထရိန်းပေးလိုက်တာက ရဲ စွာ ပြောတတ်ဖို့ပဲတဲ့… 😀

      ပြီးတော့ ကိုစစ်… ကျွန်တော် ဒီလို စီလိုက်ရင်ရော.. အရသာ ပျက်သွားမလား…

      ကြာရိုးက
      ကြာခူးသမားရဲ့အတိမ်​အနက်​နဲ့​တော့ သပ်​သပ်​
      လူက
      ကောင်းကင်ရဲ့အနိမ့်အမြင့်​နဲ့​တော့ သပ်​သပ်​
      ဒီလို​ပြော​တော့
      တိမ်​ဆင်​သက်​ရာအရပ်​မှာ
      ​တောထ​နေပုံက
      လဟာပြင်​တွေကို မကြားကြဘူး။
      အိပ်​မက်​ကို မှိတ်​တုတ်​မှိတ်​တုတ်​မက်​ရင်​း
      သစ်​တစ်​ပင်​​တော့စိုက်​ခဲ့တယ်​
      ​​ဝေးပါ​သေးတယ်​
      ငှက်​တစ်​​သောင်​းတို့
      ပျံရင်​းနဲ့​သေကြ​ပေ​တော့
      အနာဂါတ်​ဟာ
      ​ကျောတစ်​ရာရင်​တစ်​ရာပဲ အ​ဖြေထွက်​​နေတုန်​း
      ခေါင်းသုံးလုံး မဖြစ်ခင် အမြစ်ကလေးတော့ မြင်ချင်မိတယ်…

      မှားသွားရင် ဆောရီးနော်… 🙂

  • kai

    October 11, 2014 at 1:41 pm

    အရှိုးတွေထပ် အမျိုးမမြတ်နိုင်တဲ့
    အတိတ်ဟာ နားခိုရာကိုရှာ
    သစ်ပင်တော့သစ်ပင်
    ငှက်တကောင်နားရင် ကိုင်းကျတဲ့ပေါက်ပင်
    စိတ်ဂယက်ထတဲ့အခါ
    ငါ့ဝမ်းပူဆာမနေသာသူတို့ရဲ့ လတာပြင်ထဲကြည့်။ ။

  • Mr. MarGa

    October 11, 2014 at 4:08 pm

    ကန်ချီ
    ကန်ကို လေယာဉ်ချီ
    :mrgreen:

  • မဟာရာဇာ အံစာတုံး

    October 12, 2014 at 1:01 pm

    ကျန်ချီ ကို ကျုပ်က ပန်းချီ မှတ်လို့ … :mrgreenn:
    ငှက်တစ်သောင်း တော့ မသေခိုင်းပါနဲ့ဦး …
    စိတ္တဇ ပန်းချီတွေတောင်မှ ရောင်းအားတက်နေသေးတာ …
    ဘယ့်နှယ် …

  • ko six

    October 25, 2014 at 9:36 pm

    ကန်​ချီဆိုတာ
    မြန်​မာ့ဇာတ်​သဘင်​​ဝေါဟာရပါ။
    စချီ၊ပြန်​ချီ၊ကန်​ချီဆိုပြီး ရှိ၏။
    လူရွှင်​​တော်​တစ်​ဥိီးအစချီ​ပြောဆို​သောစကားကို
    ​နောက်​တစ်​ဦးကပြန်​ချိီဖြင်​တွယ်​၏
    ထိုအခါ ပထမလူ​က
    ​ချေပ​ပြောဆို​သောစကားကို
    ကန်​ချီဟု ​ခေါ်ပါ​ကြောင်​း
    ​​

Leave a Reply