စက်တင်ဘာအကောင်းဆုံး ဆန်ကာတင်ပို့စ်များ

ဪ…..ဘာလိုလိုနဲ့ ဝါလကင်းလွတ် သီတင်းကျွတ် ဆိုတဲ့အချိန်ရောက်ခဲ့ ပြန်ပါပကောလား……။

မနက်စောစော တိုက်ခတ်လာတဲ့ မိုးနံ့ကင်းလေကလေးတွေကြားမှာ…..ရာသီဥတုက သာသာယာယာပေါ့။

ဆောင်းကာလဖြစ်တဲ့ အောက်တိုဘာမှာ မွေးခဲ့တဲ့ ကျနော့်အတွက် မွေးနေ့က နီးလာပြန်ပြီလေ။

အသက် ၁ နှစ် ကြီးရပြန်ဦးမယ်…လို့ တွေးနေတုန်း ဖုန်းဝင်လာခဲ့ပါတယ်။

ဟဲလို…..

ဟဲလို…..တောင်ပေါ်သားကြီးလား

ဪ…..ဟုတ်ကဲ့ ကိုမိုက်……ပြော

ဒီလိုပါ တောင်ပေါ်သားရေ…..(သိလိုက်ပြီ တစ်ခုခု အမိန့်ပေးတော့မယ်ဆိုတာ…..   🙂      )

စက်တင်ဘာ အကောင်းဆုံးပို့စ်အတွက်ဗျာ….အဲဒါလေ…..ကူညီပေးပါလား…လို့ ။

အင်း…..သူက ငှက်ကထကြီးဆိုတော့ ငြင်းလိုက်ရင်….မျက်လုံးစိမ်းကြီးတွေနဲ့ အကြည့်ခံရဦးမယ်။

 

ဒါပေမယ့်လေ… ကိုယ်က ရွာထဲမှာ ရွာသားတစ်ယောက်ဆိုပေမယ့်

ဟိုအရေး ဒီအရေးဆို ဘာမှဖြစ်ဖြစ်မြောက်မြောက် ကူညီနိုင်ခဲ့တာလည်း မရှိ၊ တိုးတိုးတိတ်တိတ် ဝိုင်းတွေဆိုလည်း ကိုယ်ကမပါ….

(ဟဲ…..ဟဲ……စတာ)၊

ဒီတော့ ဒီလိုမျိုးလေးတွေ ကူညီပေးဖို့ ကတော့ ဘာမှ ပင်ပန်းမယ့် ကိစ္စလည်းမဟုတ်၊

ဒီတော့လည်း ဟုတ်ကဲ့လို့ ပြောရတော့တာပေါ့၊

ဘာပဲဖြစ်ဖြစ် ဒီလို ကူညီခွင့်ရတာကိုက ကိုယ့်အတွက် ကျေနပ်စရာပဲမဟုတ်လား…….။

ဒီလို အကောင်းဆုံးပို့စ် ကြေညာပေးတာမျိုးကို မနှစ်က နိုဝင်ဘာမှ အောက်တိုဘာ အကောင်းဆုံးပို့စ်အတွက် တစ်ခါကူညီခွင့် ရခဲ့ပါတယ်။

အဲဒီတုန်းက မှတ်မှတ်ရရပါပဲ..။

ဆုရတာက ၂ ယောက်ပါ၊ ပူးတွဲ အကယ်ဒမီပေါ့….နန်းတော်ရာသူနဲ့ မောင်ဘလှိုင်တို့ပါ။

အခု ၁၁ လအကြာမှာ ကျနော် ဒုတိယအကြိမ်မြောက် တင်ဆက်ခွင့်ရလာပြန်ပါပြီ။

ဒီတစ်ခါတော့…..နှစ်ယောက်တွဲဦးမလား…..တစ်ဦးတည်ရမယ့် အကယ်ဒမီဖြစ်လေမလား…..။

ရွာသူရွာသားတွေ စောင့်ကြည့်ကြရအောင်လား…..

၂၀၁၄ စက်တင်ဘာလအတွက် အကောင်းဆုံး ဆန်ကာတင် စာရင်းဝင်လာတဲ့ ပို့စ်တွေကတော့…..

၁ =     မြန်မာနိုင်ငံရန်ကုန်မြို့လယ်က သမိုင်းအကြောင်းအပြည့်နဲ့အထင်ကရ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း”    https://myanmargazette.net/203997    အာဂ

၂ =     “ပြေနိုင်ခဲသည်……………………”    https://myanmargazette.net/203568    ကိုပေါက်(မန္တလေး)

၃ =     ဈေးသည်နဲ့…ဆေးသည်    https://myanmargazette.net/204845    – Kaung Kin Pyar

၄ =     အကျူ ိးတူ = ???    https://myanmargazette.net/204141    ဘဲဥ

၅ =     ဖြတ်သန်းခဲ့သော ပလက်ဖေါင်းများ………..    https://myanmargazette.net/205366    ကိုပေါက် (မန္တလေး)

၆ =     ချစ်တဲ့ရှမ်းရိုးမ https://myanmargazette.net/204759 Pooch

 

ကဲ     ရင်ခုန်သူတွေက ရင်ခုန်

မှန်းကြသူတွေ မှန်းကြစေသတည်း     🙂

27 comments

  • ကေဇီ

    October 10, 2014 at 4:59 pm

    Good…
    Good..
    Good..
    :k:

  • အာဂ

    October 10, 2014 at 5:39 pm

    အနော့ မျက်လုံးများမှား သလော့..အနော့ပိုစ့်ပါလာတယ်တော့…။ ဖလားဖလား…။

  • Kaung Kin Pyar

    October 10, 2014 at 6:06 pm

    ဟာာာ
    ဈေးသည်နဲ့ ဆေးသည်လေးလဲ ဆန်ကာထဲ ပါလာတယ်တော့။
    :k:
    ဒီပိုစ့်လေးပွင့်ဖို့ နာရီဝက်ကျော် စောင့်ရတယ်။

  • အလင်းဆက်

    October 10, 2014 at 7:57 pm

    အင်းးးးးးးး
    အဲ…….
    ဟူးးးးးးး

    ဆန်ခါတင်ထဲ..ခြောက်ပုဒ်လေးပဲ တွေ့ရတာ… စိတ်မကောင်းပါကြောင်းးးးး

  • ခင် ခ

    October 10, 2014 at 9:51 pm

    ဈေး နဲ့ ဆေး
    ရေးချက်လေးတော့
    သဘောတွေ့ပေါ့ကွယ်

  • ကျနော်ကတော့ ဇကာတင်အမြဲ ပါ ပြီး ဇကာအကျဲ ကြီး နဲ့ မိပြီး အောက်ပြန်ကျသွားတဲ့ သူပါ

    • အာဂ

      October 11, 2014 at 1:59 am

      လေးပေါက်ရေ သေချာ တာကတော့ အနော် လည်းဇကာ အကြဲမိမှာပဲ ခိခိ နံပါတ် ၆ လောက်ချိတ်ရင် ပဲကျနော် ကျေနပ်တယ် ။ထင်မထား တဲ့ ပိုစ့်လေး ပါလာလို့ ခိခိခိ

  • kai

    October 11, 2014 at 7:37 am

    ဘယ်လိုပေါ်လစီရှိသလည်းတော့…မပြောတတ်…
    ပုံနှိပ်ဖေါ်ပြပြီးတာတွေတော့.. အဟမ်း.. အဟမ်း..

    အင်းလေ…
    ကိုယ့်ကုသိုလ်နဲ့ကိုယ်…။ :k:

    • pooch

      October 11, 2014 at 10:49 am

      ရင်ကြပ်နေရင် ချောင်းဆိုးပျောက်ဆေးသောက်ပါ ဘိုဖြစ်နေတာလဲ သူကြီး :loll:

  • Mr. MarGa

    October 11, 2014 at 8:58 am

    ဘယ်နေ့ပြောမလဲဗျို့ ထိုင်စောင့်နေတယ်

    • တောင်ပေါ်သား

      October 11, 2014 at 2:11 pm

      အောက်တိုဘာ ၁၅ မှာ အဖြေလာမှာပါ ၊

  • Kaung Kin Pyar

    October 11, 2014 at 9:10 am

    ဈေးသည်နဲ့..ဆေးသည် ပိုစ့်တစ်ခုထဲက ဒီမှာဖွင့်မရဘူးဖြစ်နေတယ်…
    ဘာဖြစ်လို့များပါလိမ့်….?????

    • Mr. MarGa

      October 11, 2014 at 9:31 am

      သေချာရဲ့လား
      ပြန်ဖွင့်ကြည့်ပါအုံးးး

  • Kaung Kin Pyar

    October 11, 2014 at 9:44 am

    ခု ရသွားပြီ..
    ခုနက ကိုအာဂပိုစ့်နဲ့ ဆုပိုစ့်နဲ့ မပွင့်ဘူး…
    တိုင်းကျူး

  • CharTooLan

    October 11, 2014 at 10:11 am

    လင့်တွေကဖွင့်မရဝူး :'(

    • တောင်ပေါ်သား

      October 11, 2014 at 10:24 am

      ကျနော်ဖွင့်တာတော့ရပါတယ် ၊

      ကိုးနတ်ရှင်ကြောင့်များလားမသိ

    • kai

      October 11, 2014 at 2:29 pm

      ထူးထူးဆန်းဆန်း… ချာချာကိုတွေ့နေရပါလား..
      မတွေ့တာကြာပြီမှတ်တယ်…။ :k:

  • weiwei

    October 11, 2014 at 10:52 am

    ဒီတစ်လတော့ အကြိုက်တူတဲ့ပို့စ်တွေများလို့ ဇကာတင် ၆ ပုဒ်ထဲ ဖြစ်သွားတာထင်ပါတယ် ..
    ဒီတစ်လဇကာက နဲနဲစိပ်သွားတာများလား …
    ဘာပဲဖြစ်ဖြစ် ဇကာတင်ထဲ ပါနိုင်ရင်ကိုပဲ ဂုဏ်ယူစရာကောင်းနေပြီ ..

  • Yae Myae Tha Ninn

    October 11, 2014 at 10:56 am

    အားကျမိပါတယ်… ဒါပေမဲ့… ဝါသနာရှင် အဆင့်လောက်ပဲ ပါရမီပါတယ်… 🙂
    အုံးကျွန်းတောင် ဂဇက်က ကျပ်ပေးမှ ရေးဖူးတာ ဆိုတော့လဲ…… 🙂

  • မြစပဲရိုး

    October 11, 2014 at 12:51 pm

    “ရှမ်းရိုးမ” ရဲ့
    “ဂျူ း ဘုရားကျောင်း” ရှေ့ က
    “ပလက်ဖောင်း” မှာ
    ” ဈေးသည် နဲ့ ဆေးသည်” က
    “အကျိုးတူ” ရလေအောင် ဆုတောင်းနေရင်း ဝဋ်ကြွေး ဆိုတာ ကတော့ ရှိလဲ
    “ပြေနိုင်ခဲသည်” လို့ …..
    ပြောနေကြတယ် တော့။ :))

    ဥဥ ရဲ့ အကျိုးတူ ကို ဘယ်လို လွတ်သွားတယ် မသိ။

    အားလုံး ကိုသာ ပေါင်းပြီး ပေးလိုက်ပါတော့။
    ကောင်းတာချည်းဘဲ။
    ဇကာတင်များ Many Congratulations ပါ။

    သို့ပေသည့်
    ဆုရှင် ကို မြင်နေသည်။ (မလွဲ ရင်ပေါ့) lol:-)))

  • မဟာရာဇာ အံစာတုံး

    October 11, 2014 at 1:05 pm

    ပို့စ်တွေကတော့
    ပို့စ်အလန်းတွေချည်းပဲ …
    ဒီတော့ .. ဒီလ ထူးထူးခြားခြားလေး ဖြစ်သွားအောင် ..
    ရွေးထားတာ အကုန်လုံးသာ ပေးပလိုက်ဂျဘာ … လို့ ..
    :mrgreenn:

  • ဦးကြောင်ကြီး

    October 12, 2014 at 2:05 am

    အားအားနေ ယားယား… ဘဂျီးနွား သွားရောင်းတာမှ ဆိုင်ကယ်ဝယ်စီးနိုင်ဦးမယ်..။ အလဂါး ငပေါဒွေ..

  • kyeemite

    October 13, 2014 at 8:58 am

    .တောင်ပေါ်သားရေ..ရုံးကအင်တာနက်ပျက်နေလို့ နောက်ကျသွားတယ်…ပို့စ်ကိုတော့ဖုန်းနဲ့ဖွင့်ဖတ်ပြီးပါပြီ
    .ဆန်ကာတင်ပို့စ်ရော ဆုကြေငြာတဲ့ပို့စ်ပါ .ဒုတိယအကြိမ်မြောက်ကြေငြာပေးလို့ကျေးဇူးအများကြီးတင်ပါတယ်..
    .စက်တင်ဘာလထဲ ဆန်ကာတင်အရွေးခံရသူတွေရဲ့ ပို့စ်လေးတွေအားလုံး သူ့ဟာနဲ့သူကောင်းကြပါတယ်
    .ပို့စ်ပိုင်ရှင်အားလုံးကိုချီးကျူးပါတယ်
    .အကြိုက်အများဆုံးဆုကိုဘယ်သူရမယ်ဆိုတာတော့…….
    ……………………………………………………………..
    .ဆက်မျှော်နေပါတယ်ဆိုတဲ့အကြောင်း….. :loll:

  • မ " တတ် ပါ့ "

    October 13, 2014 at 10:34 am

    မြန်မာနိုင်ငံရန်ကုန်မြို့လယ်က သမိုင်းအကြောင်းအပြည့်နဲ့အထင်ကရ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း” http://myanmargazette.net/203997 အာဂ post link က ဖွင့်တာ Error ပြနေတယ်…
    No Results Found
    The page you requested could not be found. Try refining your search, or use the navigation above to locate the post.

    ဓါတ်ပုံအသားပေး ခရီးသွားပိုစ့်တွေရယ်..
    စာများတဲ့ ရသပိုစ့်တွေရယ် သီးခြားစီခွဲရွေးရင် ပိုကောင်းမယ်ထင်တယ်နော်…
    ကျမကြိုက်တာကတော့… ရွေးထားတဲ ၆ ပုဒ်ထဲကဆို
    ချစ်တဲ့ရှမ်းရိုးမ
    ဈေးသည်နဲ့…ဆေးသည်
    ကို ကြိုက်ပါတယ်ရှင့်။

  • Phoe Myinttar

    October 13, 2014 at 10:37 am

    အားကျတယ်ဗျာ…
    ဂုဏ်ယူပါတယ်ပို့စ်ပိုင်ရှင်များခင်များ….

  • Fall Guy

    October 13, 2014 at 11:21 pm

    ခုမှပြန်​ဖတ်​ရတယ်​ဗျာ
    ဘယ်​သူမလဲ ဆက်​​စောင်​့ကြည်​့​နေမယ်​ဗျို့. 🙂

  • manawphyulay

    October 14, 2014 at 8:20 am

    ဇကာတင် ပိုစ့်တွေကတော့ အကုန်ကောင်းချည်းပဲ မထူးပါဘူး အကုန်လုံးသာ ပေးလိုက်ပါတော့… :mrgreen:

Leave a Reply