“မနိူင်း စေ လို ပါ ”

“မနိူင်း စေ လို ပါ ”

 

လူ တိုင်းမှာ အလှကိုယ်စီရှိတတ်ကြပါတယ်။

ဥပမာပေးရ ရင်

မိန်းကလေးတွေ မှာလဲ ပင်ကိုယ်အလှ

သဘာဝအလှ ဆိုတာ ကိုယ်စီရှိကြပါတယ်။

ရွက်ကြမ်းရေချို  လှ တဲ့သူဘဲဖြစ်ဖြစ်

ပင်ကိုယ်လှပြီးသားသူဘဲဖြစ်ဖြစ်

မိတ်ကပ်တွေဘာတွေလိမ်းချယ်ပြီး

ပြင်တတ်ကြပါတယ်။

ပြင်လိုက်ရင်လှသွားမယ်လို့ ဆိုနို်င်ပေမယ့်

ပြင်လွန်းလို့ ဖင်ချွန်းသွားတဲ့သူတွေလဲ ရှိနုိုင်ပါတယ်။

 

လူ့စိတ်ဆိုတာ အမျုးိမျုးိ အထွေထွေပါဘဲ။

ကိုယ့်ကိုကိုယ် အလှတွေခြယ်ချင်သူလဲရှိမယ်။

သဘာဝလေး အတိုင်းရိုးရိုးလေးနေချင်သူလဲရှိမယ်။

တတ်နိုင်လို့ ပြင်သူလဲရှိမယ်။

အလှပြင်ချင်ပေမယ့် ငွေကြေးမတတ်နိုင်လို့ မပြင်ရသူလဲရှိမယ်။

အလှပြင်တဲ့သူတောင်မှ တန်ဘိုးကြီးတဲ့ ဘရန်းဒတ်တွေကိုအသုံးပြုပြီး ပြင်နိုင်သူရှိသလို

ကိုယ့် တတ်နိုင်တဲ့ ပေါပေါ ပဲပဲလေးနဲ့ ဘဲ အလှပြင်သူလဲ ရှိကြပါတယ်။

 

အလှပြင်တာကို နှစ်သက်တာ မနှစ်သက်တာ ကတော့  ကိုယ့်သဘောပါဘဲ။

အလှပြင်ထားသူကို နှစ်သက်သူလဲရှိမယ်။

အလှမပြင်ဘဲရိုးရိုးလေးနေတဲ့သူကိုလဲ နှစ်သက်သူရှိမယ်။

ကြိုက်တယ် မကြိုက်ဘူးဆိုတာက

ကိုယ့် ခံစားချက် ကိုယ့် ဆုံးဖြတ်ချက်ပါ။

လွတ်လပ်စွာ နှစ်သက်ခွင့် ကြိုက်ခွင့်  ရှိသလို

မနှစ်သက်ဘဲ မကြိုက်ဘဲနေခွင့်လဲရှိပါတယ်။

ကြိုက်တယ် မကြိုက်ဘူးဆိုတာကိုလဲ လွတ်လပ်စွာဝေဖန်နိုင်ခွင့် ရှိပါတယ်။

 

လူဆိုတာ ဝေဖန် သရုပ်ခွဲ တတ်တဲ့အကျင့်ရှိကြပါတယ်။

ဝေဖန်တဲ့နေရာမှာလဲ သတိထားစရာလေးတစ်ခုတော့ရှိပါတယ်။

အလှ မပြင်ဘဲ ရိုးရိုးလေး နေသူကို အလှပြင်ထားတဲ့သူနုဲ့

နိူင်းပြီး မလှ ဘူး လှ တယ် ဝေဖန်တာကတော့ မလုပ်သင့် တဲ့

ကိစ္စလို့ ထင်မိပါတယ်။

ကြိုက်တယ် မကြိုက်ဘူးဆိုတာ ကိုယ့်သဘောနဲ့ ကိုယ်ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိပါတယ်။

ဒါပေမယ့် လှတယ် မလှဘူးဆိုတာကတော့ ကိုယ်စံနဲ့ ကို်ယ်  ကိုယ့်ပေတံနဲ့ ကိုယ်တိုင်းတာကြတာပါ။

လှတယ် မလှဘူးဆိုတာ ရိုးရိုးလေး ဝေဖန်ရင် လူတိုင်းလက်သင့်ခံနိုင်ပါတယ်။

ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် နိူင်းပြီး ဝေဖန်တာကိုတော့  လူ့သဘောသဘာဝအရ

မနှစ်သက်တတ်ကြပါဘူး။

မတော်ဘူး

မလှ ဘူး

ချစ်စရာမကောင်းဘူးလို့

ဝေဖန်တာ ကိုလက်ခံနိုင်ကြပေမယ့်

ဟိုလူလောက် မတော်ဘူး

ဟိုလူလောက် မလှဘူး

ဟိုလူလောက်ချစ်စရာမကောင်းဘူး

လို့ နိူင်းယှဉ်ဝေဖန်တာကိုတော့ ဘယ်သူမှ မကြိုက်ကြပါဘူး။

လူကိုယ်တိုင်ဖန်တီးတာမဆိုထားနဲ့ သဘာဝက အတိုင်းဖြစ်လာတတ်တဲ့

ပန်းပွင့် တွေ

သစ်ပင်တွေ

သစ်သီးတွေတောင်မှ

တစ်ပွင့် နဲ့ တစ်ပွင့်

တစ်ပင်နဲ့တစ်ပင်

တစ်လုံးနဲ့ တစ်လုံ့း

မတူညီတတ်ကြပါဘူး။

 

ထို့အတူဘဲ အနုပညာဖန်တီးကြရာမှာလဲ

သူ  စွမ်းဆောင်နိုင်သလောက် သူဖန်တီးအားရှိသလောက်

သူ့ အဆင်းနဲ့သူ အလှကိုယ်စီရှိကြတာပါဘဲ။

 

အဲတော့ လူကိုယ်တိုင်ဖန်တီးတယ်ဆိုတဲ့ အရာတွေမှာလဲ

အသုံးပြုတဲ့ ပစ္စည်းကိရိယာ

အသုံးပြုတဲ့ နည်းပညာ

ကိုယ်တိုင်ဖန်တီးနိုင်စွမ်းအားအပေါ်မှာမူတည်ပြီး

ကွဲပြားခြားနားကြမှာ အမှန်ပါဘဲ။

ဒီတော့

နိူင်းယှဉ်တယ်ဆို တာ အရည်အချင်း တူ ညီ တာခြင်းဘဲ နိူင်းယှဉ်သင့်ပါတယ်။

မတူညီမှန်းသိလျက်နဲ့ သွားနိူင်းယှဉ်ပြီး ဝေဖန်လိုက်ရင်

နိမ့်ပါးသူကို နှိမ်တဲ့ သဘော သက်ရောက်သွားပါတယ်။

လူ ဆို တာ ကိုယ်နှစ်သက်တာ ဆိုရင် ချီးမွမ်းပေးကြတာ သဘာဝတရားပါဘဲ။

ဒါပေမယ့်ကိုယ်နှစ်သက်တာ  ဒါ မှ မဟုတ် ကိုယ်နှစ်သက်တဲ့သူကို

အလွန်အကျူး ချီးမွမ်းခန်းဖွင့် လိုက်ရင်

ကျန်တဲ့ သူတွေ ကို အလိုလို နှိမ့် ချ တဲ့ သဘောသက်ရောက်သွားတတ်တာကို

ဘယ်သူမှ သတိ မမူ မိကြပါဘူး။

ဒီနေရာမှ စကား ကပ်ပြော တတ် တာလေး တစ်ခု ရှိပါသေးတယ်။

“တောင်တောရယ်သာ”လို့ဆိုရင်

“မြောက်တောကတော့ မသာဘူး ပေါ့ “လို့အငြိမ့်ထဲက လူ ရွှင်တော်တွေ

ပြက်လုံးထုတ်တာနဲ့ တော့ သဘော သဘာဝခြင်းမတူပါဘူး။

 

 

ကျနော်နေ့စဉ်ဖြတ်သန်းနေရတဲ့ ကာလများမှာ

မြင်ရ ကြားရ ဖတ်ရ သိရတာလေးကို မူတည်ပြီး

ဖျပ်ကနဲ့ ကျနော်တွေးမိတာလေးကို

ပြောကြည့် တာပါ။။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

10-10-2014

7 comments

  • Ma Ma

    October 10, 2014 at 11:37 pm

    ဆင်ခြင်စရာလေးတွေပေ့ါ။
    တဖက်သားကို နစ်နာနိမ့်ချစေလိုတဲ့သဘောမပါပေမယ့်
    အမှတ်တမဲ့မပြောမိအောင် ကြိုးစားဖို့ သတိပေးလိုက်သလိုမို့ ကျေးဇူးတင်ပါတယ်။ 🙂

    • ဟုတ်ပါ ကျနော်ကိုယ်တိုင်လဲ ဒုတ်ထိုးအိုးပေါက်ပြောတတ်တဲ့အကျင့်ကို ပြင်နေရပါတယ်

  • weiwei

    October 11, 2014 at 12:01 am

    တစ်ချို့တွေက ကိုယ်နဲ့နှိုင်းပြီး ပြောတတ်ကြတယ် ..
    ငါ့လောက်တောင် မတော်ဘူး .. မတတ်ဘူး .. စသဖြင့်ပေါ့ ..
    ငါတောင်လုပ်နိုင်တာ သူကဘာလို့မလုပ်နိုင်ရတာလဲ ဆိုတာလဲရှိသေး ..
    ကျွန်မတို့အားလုံး ဆင်ခြင်သင့်ပါတယ် ..

  • kai

    October 11, 2014 at 6:56 am

    မျက်နှာမှာကျောက်ပေါက်မာတွေနဲ့အိပ်နေတဲ့ယောက်ျားကို.. မယားဖြစ်သူက.. ညကြီးမိုးချုပ်အိပ်ယာထဲက ထကြည့်ပြီး.. ငါ့ယောက်ျား.. ကျောက်ပေါက်မာလေးတွေနဲ့.. ခန့်လိုက်တာ… ဆိုတာမျိုးရှိသတဲ့..။
    ချစ်ရင် လှသဗျ…။

    ဆိုတော့…
    ဒါမျိုးတွေက.. ချော့ပြော..ခြောက်ပြော..ပညာပေးပြောမရ.. လူသားသဘာဝမို့…..။
    =
    နှိုင်းယှဉ်ပြောတာကနေ… နှိမ့်ချ…နိမ်ချတဲ့သဘောပါတတ်သမို့.. ယူအက်စ်မှာတော့.. အခြေခံဥပဒေမဖြစ်ခင်.. လွတ်လပ်ရေးကြေညာစာတမ်းမှာ.. လူသားတိုင်းတန်းတူညီမျှမှုကို.. ဖွင်ြ့ပလက်ခံတယ်..
    ပြီးတော့.. နိမ်ချနှိမ့်ချသူတွေကို.. ဥပဒေအရပြင်းပြင်းထန်ထန်အရေးယူလို့ရအောင်.. ပြဌာန်းကာကွယ်ပေးထားတယ်..။
    လူသားတိုင်း.. တန်းတူညီမျှ…
    မြန်မာပြည်မတော့.. နှိမ်ချနိမ့်ချသူတွေကို အရေးယူမယ့်ဥပဒေမျိုးမဖြစ်လာနိုင်သေးဘူးလို့.. ဝန်ကြီးတယောက်ပြောလိုက်တာ.. တွေ့မိတယ်..။
    ထေရာတွေဘာသာရေးမှာကိုက.. လူအတန်းတွေခွဲထားသမို့.. ငုံ့လိုသာခံကြပေဦးတော့..

    UNIVERSAL DECLARATION OF HUMAN RIGHTS
    Article 1.

    All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of brotherhood.
    =
    http://en.wikipedia.org/wiki/Civil_Rights_Act_of_1964
    The Civil Rights Act of 1964 (Pub.L. 88–352, 78 Stat. 241, enacted July 2, 1964) is a landmark piece of civil rights legislation in the United States[5] that outlawed discrimination based on race, color, religion, sex, or national origin.[6] It ended unequal application of voter registration requirements and racial segregation in schools, at the workplace and by facilities that served the general public (known as “public accommodations”).

  • ကိုခိုင်ရေ

    နှိမ်ချ ပြောဆိုတတ်တာတွေက ထေရ ဝါဒကြောင့် မဟုတ်။
    ဘုရား ရှင်လက်ထက်က အိန္ဒိယမှာ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားတဲ့ စံနစ်က ကြီးစိုးပါတယ်။

    အဲ ဒီအချိန်အခါမျုးိမှာ ရဟန်း ဘဝ ကို ရောက်သွားသူတိုင်းဇာတ်အနိမ့်အမြင့် မရှိ လို့ သတ်မှတ်ခဲ့ပါတယ်။

    အဲဒီခေတ် အဲဒီအချိန်အခါကတော့ ဘယ်ကနေ မွေး လာလာ ဇာတ်အနိမ့်အမြင့် မရှိစေအောင် လုပ်ခဲ့တာက
    ကြီးမား သော တော် လှန်ရေးလို့ သတ်မှတ်နိုင်ပါတယ်

  • Mr. MarGa

    October 11, 2014 at 9:21 am

    အဲလိုတွေ တွေ့ရင်
    ကျနော် ဘုဂလန့် ပြောတတ်တဲ့ စကားတစ်ခုရှိတယ်
    လူ တစ်ယောက်နဲ့ တစ်ယောက်တောင် မတူဘဲ ဘာကြောင့် နှိုင်းနေကြသလဲ
    We are not born to be the same!
    We are born to be different လို့

Leave a Reply