ဘူတူဂို အားကျလို့ အားကျမှန်းလဲ..မတိတော့ဒယ်…ရင်ထဲမှာ ဘာဂလိုတိုတို…
==========
——————————–
————————————————————
—————————————————-
————————————
—————————————-
——————————————————–
——————————————————–
————————————
ဘာရယ်မဟုတ်….
ပြီးခဲ့ တစ်ပါတ်အတွင်း..ကရင်ပြည်နယ်ထဲ.. လေးကြိမ်မြောက် ရောက်ခဲ့စဉ်…
ဇွဲကပင်တောင်ပေါ် နောက်တခေါက် တက်ခဲ့စဉ်….
ကင်မရာ ပါမလာလို့… ဖုန်းစုတ်ကလေးနဲ့… ပုံတွေ ဖမ်းခဲ့စဉ်….
ရန်ကုန်ပြန်ရောက်ပြီး.. တခြား ဘာမှ မတင်ချင်သေးစဉ်….
ဘာရယ်မဟုတ်….
ဇွဲကပင်တောင်ပေါ်တက်ချင်နေတာ ဘယ်သူ့ကိုမှ အဖော်စွယ်လို့မရဖြစ်နေတယ် ..
တစ်နေ့နေ့တော့ တောင်ပေါ်ကနေ ကြည့်ချင်ပါသေးတယ် …
Was this answer helpful?
LikeDislikeခါတိုင်းဆိုရင်တော့…
အဲဒီတောင်ပေါ်နဲ့…ကရင်မြေက… တယောက်တည်းသွားလည်း..ကိစ္စ မရှိ..
အခုနောက်ပိုင်းတော့… လက်နက်ကိုင်တပ်ဖွဲ့တွေနဲ…နည်းနည်း..အထိတ်တလန့်ဖြစ်နေကြတာမို့…
အဖော်ပါမှ..သွား အန်တီ ဝေရေ…
Was this answer helpful?
LikeDislikeဟိုးတုန်းကဆို ပြက္ခဒိန်အသစ်ရပြီဆိုတာနဲ့ တစ်နှစ်လုံးအတွက် ပိတ်ရက်တွေကြည့်ပြီး ခရီးထွက်ခဲ့သမျှ ခုတော့ သူများတင်တဲ့ပုံလေးတွေကြည့်ပြီး ကျေနပ်နေရတယ်။
တောင်ပေါ်ကကြည့်ရတဲ့ မြင်ကွင်းဆန်းဆန်းလေးတွေကို သဘောကျသွားပါကြောင်းးးးးးးးး
Was this answer helpful?
LikeDislikeသဘောကျရင်..
ကိုယ်တိုင် တရက် သွားကြည့် အန်တီမမ
ကိုယ်တိုင်ကြည့်ရင် ပိုလှတယ် ။
လေကလည်း ..အရမ်းတိုက်တော့…
ကျောက်ဆောင်နံရံကြီးဘေး..တောတောင်တွေရဲ့ အပေါ်မှာ..
အေးစက်ပြီး…လေကလည်း..သန့်ရှင်းနေတာပဲ…
အခုတောင် ထပ်သွားချင်သေးတယ်ဗျာ…
Was this answer helpful?
LikeDislikeလှတာအေ
လူမပါတဲ့ ရှု့ခင်းးးပုံတွေ ပြောတာအေရဲ့
Was this answer helpful?
LikeDislikeဂွစ်ဂွစ်…
လူပါတာလေးတွေကျ…ကြည့်တောင်မကြည့်ရဲဘူး မှတ်လား ။
သဘာဝလွန် အလှတွေကျ တော်ရုံလူ မခံစားတတ်ဘူးလေ..
ဂွစ်ဂွစ်…
Was this answer helpful?
LikeDislikeအဲ့ဖက် ကေဘယ်လ်လုပ်နေတာဆို တွေ့ခဲ့လား စနေပြီလား
ပြီးရင်တော့ သွားကြည့်အုန်းမယ်
မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ပဲ သူတို့က safety ကောင်းရဲ့လား မသိ
လောလောဆယ်တော့ ကိုယ့်ခြေထောက်ပဲ ကိုယ်ယုံတယ်
Was this answer helpful?
LikeDislikeမမပုခ်ျရေ..
အဲဒါကြီး စနေတာတောင် မတွေ့ခဲ့သေးးး
လုပ်မယ့်အကြောင်း ဆိုင်းဘုတ်ထောင်ထားတယ်..
ကားဂိတ်တွေ လမ်းတွေမှာ အလှူခံနေတာလည်း တွေ့တယ် ။
ပီနန် ဆရာတော်အပါအဝင်…ဆရာတော် ၃ ပါး ဦးဆောင်ပြီး လုပ်မယ်လို့ သိရတယ် ။
ဒါပေမယ့်…စ တောင် မစဖြစ်သေးပါဘူး ။
ကျနော်လည်း…ကျိုက်ထီးရိုးတောင်ပေါ်တောင် ကားနဲ့ တက်ရတာ စိတ်မလုံခြုံလို့ ခြေလျင်ပဲ
တက်ဖြစ်တာ.. ။
ကျိုက်ထီးရိုးထက် ပို မြင့်တယ်(ထင်တဲ့) ဇွဲကပင်ပေါ်…
အဲဒါကြီးနဲ့ တက်ရမယ်ဆိုလည်း…..
အင်းးးး
စဉ်းစားရဦးမယ်.. ။
Was this answer helpful?
LikeDislikeဘယ်သူတင်မှန်းမကြည့်မိဘူး။ ပုံမြင်မှ အလင်းဆက်တင်တာဖြစ်မယ်လို့ ကောက်ချက်ချမိတယ်။ ရေမြေတောတောင်သဘာဝ အတော်နေချင်စရာကောင်းတယ်နော်။
Was this answer helpful?
LikeDislikeအေးနေတာပဲဗျ….
ကျောက်တောင် နံရံကြီးမို့…ကျောက်စက်ရေတွေ လည်း ကျနေတယ်..
တောပန်းလေးတွေလည်း..ပွင့်နေတယ်.. ။
သိပ် နေလို့ ကောင်းတာ….
Was this answer helpful?
LikeDislikeညံ့ပါ့အေ…. ၄ခေါက်တောင်ရောက်ပီးတာကို ကရင်မလေးတျောက်မှပါမလာဘူး
ကျုပ်တို့ရွာကလို့မပြောနဲ့အေ
Was this answer helpful?
LikeDislikeကရင်မလေးတယောက်နဲ့တော့ ရင်းနှီးခဲ့ပါတယ်ဗျ….
အဲဒီအကြောင်းလေးတောင် ဝတ္ထုရေးထားသေးတယ် ။
ခက်တာက…အဲဒီဝတ္ထုကို ရေးပြီးပြီးချင်းပဲ..သိလိုက်တယ်.. ။
ဘယ်သူ့ ကိုမှ မပြသင့်ဘူး..လို့…
သံတိုင်နံ့ ရလို့… ။
ဒါမယ့်…ပြင်ဆင်ဖြည့်စွက်ကြည့်ပြီး…ဝတ္ထုအဖြစ် တင်ပြဖို့…ကြံပါဦးမယ်လေ…

Was this answer helpful?
LikeDislikeဘားအံရောက်ပေမယ့်
အဲဒီတောင်ကို မတက်ခဲ့ရဘူး ၊
လှချက်ကတော့ ဓါတ်ပုံဆရာ တော်လို့ဖြစ်မယ် ၊
Was this answer helpful?
LikeDislikeHUAWEI ဖုန်း စုတ်လေးနဲ့ ရိုက်တာပါဗျာ… ။
ရှုခင်းတွေက အပြင်မှာ လှပေမယ့် ကင်မရာ မကောင်းတော့ ပုံထွက် ညံ့တယ်ဗျ… ။
ရိုက်တဲ့လူကတော့..မှုံနေအောင် ချောတာ… ဦးဦးတို့ အသိပဲလေ..
ဂွစ်ဂွစ်စ်
Was this answer helpful?
LikeDislikeခရီးသွားပိုစ့်တွေ မြင်တော့ ခရီးထွက်ချင်စိတ်တွေ ပေါက်လာပြန်ရော…..
ခုတစ်လော..ဆက်ဆက်ရယ်၊ မဝေရယ်၊ မပုခ်ျရယ်ရဲ့ ခရီးသွားပိုစ့်တွေ မြင်ပြီး…
တောင်ကြီးတန်ဆောင်တိုင်သွားဖြစ်ရင်လဲ…အားကျမခံ…
ပိုစ့်တင်ပလိုက်မယ်လို့…….အဟွမ်း…
Was this answer helpful?
LikeDislikeကင်းကောင်ပြာ..
တောင်ကြီး သွားမယ်ပေါ့လေ…
အုံးခနဲ..သုံးလုံးတော့..ပေါက်ထားတယ်နော့…
ကြည့်သွား.. ကြည့်သွား..
အဲဒီဘက်တော့ နည်းနည်း စိတ်ပူမိသား..
ကရင်ပြည်နယ်..မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်…
အခုအချိန် ခဏ ရှောင် သင့်တယ် ထင်တာပဲ…
Was this answer helpful?
LikeDislikeကားလက်မှတ်တော့ ဖြတ်ပြီးသွားပြီ ဆက်ဆက်ရေ့…
နဂိုထဲက လူများတဲ့နေရာသဘောမကျတတ်လို့…ပွဲတော့ သွားဖြစ်ပါ့မလား မသေချာ..
သွားဖြစ်တောင်…အဖေနဲ့ကပ်လိုက်သွားရမှာပဲ…(အိုက်ဒါကမှ ပိုအန္တရာယ်များတာ ဖြစ်ကောင်းဖြစ်မယ်)
သူများတွေ…ခရီးထွက်ကြတာမြင်တွေ့နေတော့လဲ…ရောဂါထ မိသား…
ပြန်လာမှပဲ..ပိုစ့်တစ်ပုဒ် တင်တော့မယ်…
ခရီးသွားမှတ်တမ်းလေ..
Was this answer helpful?
LikeDislikeအဲဒီ ဘက် ကျနော်လည်း မရောက်ဖူးသေးသမို့…
အဲဒီမြေကိုချစ်လည်းချစ်နေသမို့…
ပြန်လာရင် တင်ပေးမယ့်ပုံတွေ စာတွေကို မျှော်နေပါကြောင်းးးး
စကားမစပ်..
တောင်ကြီးမြို့မှာ..လုလု ဆိုတဲ့ ရွာသူတယောက် ရှိတယ်… ။
Was this answer helpful?
LikeDislikeလုလုကို ကချင်တိုင်းရင်းသူ တောင်ကြီးမြို့သူမှန်းတော့ သိတယ်…။
မြင်တော့ မမြင်ဖူးဘူး…
ဘာမှာမဲ ဆက်ဆက်????
Was this answer helpful?
LikeDislikeအနော့မှာတော့…တုဖုံးနံပါတ်ချိလယ် ။
သူ….တွေ့ဖို့ အဆင်ပြေမလား မပြေလား မေးကျိလိုက်မယ်လေ။
လောလောဆယ် ကျနော့် ဖုန်းနံပါတ်ယူထား… 09 317 86861
Was this answer helpful?
LikeDislikeကင်းကောင်ပြာလေးကို ဆားချဉ်တိုက်ရာ….
Was this answer helpful?
LikeDislikeဒေါ်ဖွားမေက…ဦးကြောင်ကို ဆားချဉ်လို့တဲ့…
ဂွစ်ဂွစ်..
Was this answer helpful?
LikeDislikeတနေ့တော့ဖြစ်လာမှာပါ… ဘားအံရောက်တုန်းသွားချင်ပေမယ့် အဖော်လိုက်မယ့်သူ တျောက်မှမရှိ.. သူတို့သွားလို့ဝနေပြီတဲ့
Was this answer helpful?
LikeDislikeတိန်
ကျနော်ကတော့…အဲဒီတောင်ပေါ်က ခေါ်သံ ခဏခဏ ကြားရလို့…
ရန်ကုန်ကနေ…အပြေး..သွား..သွားနေမိတယ်…
ဝတယ်လို့ မရှိ…
Was this answer helpful?
LikeDislikeနင်က ပျင်းရင်
ဇွဲကပင်ပဲ တက်တာလား ….
စကားမစပ် …
တောင်အောက် ရှုခင်းက အတော် လှတာကလား …
ငါသာဆို ဘာဖြစ်ဖြစ် ခုန်ချလိုက်မိမှာ အမှန်ပဲ ..
နင်လည်း နောက်တစ်ခေါက် ခုန်ချကြည့်ပါလား …
Was this answer helpful?
LikeDislikeနီ အရှေ့က အရင် ခုန်ချပြလေ..
ဂွစ်ဂွစ်..
ပြောပါတယ်…
ဇွဲကပင်တောင်မှာ..
နာ့ အတွက် ခေါ်သံတွေ ရှိတယ်..လို့
Was this answer helpful?
LikeDislikeဆက်ဆက်လဲ တောင်တက်ပြီပေါ့လေ။
လှေခါး နဲ့ တက်ရတာ ပိုပြီး ခြေညောင်းတာ မဟုတ်လား။
ကရင်ပြည် မှာ မွေး တဲ့ အရီး မို့ ကရင်ပြည် ကို ချစ်ပါ့။ :))
Was this answer helpful?
LikeDislikeလှေကါးထစ်တွေကို…အခုလောလောဆယ် မုန်းနေတယ် အရီးရေ…
ခြေသလုံး ကြွက်သားလေးတွေ နာနေလိုက်တာများ…
Was this answer helpful?
LikeDislikeနောက်တစ်ခါသွားရင် ကင်မရာ ယူသွားဗျာ
ကျုပ်တို့နဲ့အလှမ်းဝေးတဲ့နေရာကပုံတွေဆိုတော့ မက်တယ်လေ။
Was this answer helpful?
LikeDislikeဟုတ် ..လေးခ
Was this answer helpful?
LikeDislikeကယ်လီဖိုနီးယားမှာ.. ယိုစမတီအမျိုးသားတောရှိတယ်..။
အဲဒီမှာလည်း.. ဟိုးထိပ်တောင်စွန်းလေးမှာ.. ကပ်ပြီးအောက်ကိုကြည့်လို့ရအောင်လုပ်ထားတာ…
ငုံ့ကြည့်ပြီး.. ခုန်ချချင်စိတ်တောင်ပေါ်ရဲ့..။
လေထီးနဲ့..
Was this answer helpful?
LikeDislikeအောင်မယ်လေးးးဗျာ…
သဂျီး ရာ… လှချက်…
အဲ့လို ရှုခင်းမျိုးကို တမေ့တမော ငေးနေချင်မိတာဗျ…
အကြောင့်ကံ ကြုံရင် လာခဲ့ပါဦးမယ်
Was this answer helpful?
LikeDislikeကြွားတာတော့မဟုတ်ဘူး..
မြန်မာပြည်မှာရောက်ဖူးတဲ့နေရာဆိုလို့ ရန်ကုန်မြို့တောင် နေရာစုံမရောက်ဖူးဘူးဗျ
ဘယ်သူပဲသွားသွား တင်ပေးကြဗျာ…
Was this answer helpful?
LikeDislikeအိုးးးး အဲ့ဒီလောက် မကြွားရဘူးလေ…
ကျနော်လည်း ကိုယ်တိုင် ခရီးသွားရင် ပုံလေးတွေ ပြချင်သလို..
သူများ သွားခဲ့တဲ့ ပုံတွေကိုလည်း…ကြည့်ချင်စိတ် တအား ရှိနေပါကြောင်း
Was this answer helpful?
LikeDislikeဆံတော်ရှင်စေတီတော်ရော ဖူးခဲ့လား…
အောက်ကသတင်းလေးက ကြုံလို့နော်…
မလေးရှားကုမ္ပဏီနှင့် ဇွဲကပင်တောင် ကေဘယ်ကား စီမံကိန်း အကောင်အထည်ဖော်မှု ရပ်ဆိုင်း
စက်တင်ဘာ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဇွဲကပင်တောင်ပေါ်သို့ ကောင်းကင်ရထား(ကေဘယ်ကား)ဖြင့် တက်နိုင်ရန် မလေးရှားနိုင်ငံမှ SMET SDA BHD ကုမ္ပဏီနှင့် စီစဉ်ဆောင်ရွက်လျှက်ရှိသည့် စီမံကိန်း အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်း ဇွဲက ပင်တောင် ဆရာတော်ဘဒ္ဒ န္တကဝိဓဇ က စက်တင်ဘာလ ၂၄ရက်နေ့၌ ကေအိုင်စီသို့ မိန့်ကြားသည်။
“ဦးဇင်းတို့ အစက မလေးရှားကုမ္ပဏီနဲ့ လုပ်မယ်ပေါ့။ ပီနန်ဆရာတော်ကြီးရဲ့ ဒကာတွေပေါ့။ ဒါပေမယ့် ဆရာတော်ကြီးက မဟာ သန္တိသုခကျောင်းနဲ့ ပတ်သက်ပြီးတော့ သူလည်း နိုင်ငံခြားကို ပြန်သွားတယ်။ သူ့ကျောင်းကိုလည်း နောက်မှာ ဝင်သိမ်းခံရတော့ အကြောင်းပြဿနာတွေနဲ့ဆိုတော့ သူ့ကို သိပ်အပူမထားတော့ဘူးလေ။ ဒါကြောင့် မလေးရှားကုမ္ပဏီနဲ့ မလုပ်တော့ဘဲ အခု ဂျပန်နဲ့လုပ်ဖို့ ဆက်သွယ်နေတယ်”ဟု ဆရာတော် ဘဒ္ဒ န္တကဝိဓဇ က မိန့်ကြားသည်။
ဇွဲကပင်တောင်အောက်မှ အပေါ်သို့ အလျင်အမြန် အတက်အဆင်းလုပ်နိုင်ရန် မလေးရှားကုမ္ပဏီမှ ကောင်းကင် ရထားတပ်ဆင် ရေးအတွက် မြေတိုင်းတာခြင်း၊ မြေတူးခြင်း၊ မြေစမ်းခြင်း၊ ပုံစံများထုတ်ခြင်း လုပ်ငန်းများ လုပ်ဆောင်ထားသည့်အတွက်ကြောင့် မလေးရှားကုမ္ပဏီကို ကျပ်သိန်း ၅၀၀ ပေးထားလိုက်ပြီးဖြစ်ကာ တပ်ဆင်ရေးအဆင့်ကိုမူ မလုပ်ဖြစ်ခဲ့ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
အမည်မဖော်လိုသူ ဒုံရင်းဒေသခံရွာသူက “ဒီစီမံကိန်းဟာ လုပ်မယ်ဆိုပြီး အလှူခံနေ၊ ငွေကောက်နေတာ နှစ်နဲ့ချီနေပြီ။ အခုကျ တော့ ကုမ္ပဏီပြောင်းသွားတယ်ဆိုတော့ နောက်ထပ်လည်း ထပ်ပြောင်းအုံးမလား စိုးရိမ်ရတယ်။ လှူဒါန်းသူတွေဆီက ကောက်ခံ ငွေကို အကောင်အထည်မဖော်ပေးနိုင်ရာကျတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် SMET SDA BHD ကုမ္ပဏီမှ ဇွဲကပင်တောင် ကောင်းကင်ရထား တပ်ဆင်ရေးစီမံကိန်း ရပ်ဆိုင်းပြီးနောက် ယခုနှစ်၊ ဇူလိုင်လက ဂျပန်အစိုးရမှ တာဝန်ရှိသူအချို့က ဇွဲကပင်တောင် ဆရာတော် ဦးဘဒ္ဒ န္တကဝိဓဇထံ လာရောက်ကာ မြေနေရာ ကြည့်ရှုခဲ့ပြီး စီမံကိန်း ဆက်လုပ်ရန် ကုန်ကျစရိတ်အတွက် စိုက်ထားပေးကာ နှစ် ၃၀အတွင်း အရစ်ကျ ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်းနှင့် အကြမ်းအားဖြင့် ကုန်ကျစရိတ်ကို တွက်ထားသည်မှာ ဒေါ်လာ ၁၃သန်းကုန်ကျမည်ဖြစ်သည်ဟု သိရသည်။
လာမည့် အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံ အစိုးရမှ လုပ်ငန်းဖော်ဆောင်မည့်သူများ ဇွဲကပင်တောင်သို့ ရောက်ရှိလာပါက ကောင်းကင်ရထား ဆက်လက်လုပ်ဆောင်မည့် အသေးစိတ်လုပ်ငန်း အချက်အလက်များကို သိရှိရမည်ဟု ဆရာတော်ဘဒ္ဒ န္တ ကဝိဓဇက မိန့်ကြားသည်။
လက်ရှိတွင် ကောင်းကင်ရထားစီမံကိန်းအတွက် ကောက်ခံရရှိထားသည့် အလှူခံငွေ စုစုပေါင်းမှာ ကျပ်သိန်း သုံးထောင်ရှိနေပြီး မလေးရှား SMET SDA BHD ကုမ္ပဏီနှင့် ကောင်းကင်ရထား တပ်ဆင်ရန် စီစဉ်ခဲ့စဉ်က ဒေါ်လာ ၂၂သန်းကုန်ကျမည်ဖြစ်သည် ဟု ခန့်မှန်းထားခဲ့သည်။
ဖားအံမြို့တောင်ဘက် ၇မိုင်အကွာရှိ ဇွဲကပင်တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၃၄ပေမြင့်ပြီး တောင်နှင့်မြောက် မိုင် ၂၀ခန့်မျှ သွယ်တန်းရှည်လျားကာ ခြေလျင်ဖြင့် တောင်တက်တောင်ဆင်း ၃နာရီကျော်ကြာ သွားရသည်။ ဇွဲကပင်တောင် တွင် ကောင်းကင်ရထားတပ်ဆင်ရေး စီမံကိန်းကို မလေးရှားနိုင်ငံမှ ပီနန်ဆရာတော်၊ ဇွဲကပင်ဆရာတော်နှင့် ရန်ကုန်မြို့၊ သာသ နာ့ဇေယျမင်္ဂလာ(သုံးထပ်ကျောင်း) ဆရာတော်သုံးပါးက ကြီးမှူးပြီး ၂၀၁၃ခုနှစ်၊ အောက်တိုဘာလက စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်
http://kicnews.org/
Was this answer helpful?
LikeDislikeသတင်းလေး ထည့်ပေးသွားတဲ့အတွက် ဇူးဇူး
Was this answer helpful?
LikeDislike