လူလူချင်းစာနာပါ နေ့စဉ်ပြုကြ ပရဟိတ

Kyaw LayOctober 10, 20141min984

ဒီနေ့မနက် ညီမလေး Zu Sinyawt တို့သူငယ်ချင်းများနှင့်အတူ
အမျိုးသမီးသက်မွေးသင်တန်းကျောင်းကို
သွားရောက်ပြီး အဝတ်အစားများနှင့်
ငွေပဒေသာပင်အလူငွေ(၁၀၀၀၀၀)ကျပ် လူဒါန်းခဲ့ပြီး လမ်း(၃၀)ပေါ်က
ကလေးပြုစုရေးကျောင်းကိုဝင်ခဲ့ပါတယ်
ကျောင်းရောက်တော့ သားသားမီးမီးတွေနဲ့ခဏတာဆော့ကစား
ပြီး သနပ်ခါးများလိမ်းပေးကာ တစ်နေ့တာ ထမင်းကျွေး(၅၅၀၀၀)အား နှစ်ရက်စာ လူဒါန်းခဲ့ပါသည်။ အခုလိုလူဒါန်းတဲ့ ညီမ Zu Sinyawt နှင့်သူငယ်ချင်းများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနဲ့
ပြည့်စုံပြီးလိုရာဆန္ဒများလည်းပြည့်ဝပါစေလို့ သားသားမီးမီးများကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်ဗျာ

ကျွန်တော်ကတော့ အကျိုးတော်ဆောင်
လုပ်အားသက်သက်သာ 😉image-b6f52c60ef6e120f5e09ad95fc5670e9944355cde777933deb7f2378fdd36126-V

image-d80f3221e04f65524c213c72406f27c350fa0cad60c11af71c7ced47b0abd5bb-V

4 comments

  • မြစပဲရိုး

    October 11, 2014 at 1:15 pm

    သာဓု၊ သာဓု၊ သာဓုပါ။
    ကလေးပြုစုရေး ဆိုတာ မိဘမဲ့ ကလေး တွေ အတွက်လား။

    သနပ်ခါးလိမ်း ပေးနေတာ ကျားလေး တွေမို့ အဲလို လိမ်းပေးတာ ကြိုက်တယ်လား။
    ကိုယ်ဆိုရင် မိန်းကလေး တောင် အမေက အတင်းလိမ်းပေးရင် ထွက်ပြေးတာ။
    ဒါပေမဲ့ ဒီကလေး တွေ ကတော့ သူတို့ ကို ယုယုယယ လုပ်ပေးတာ ကို သဘောကျမှာပါလေ။

    အောက်ဆုံး ပုံထဲ ကလေးလေး တစ်ယောက် ခေါင်းမှာ အနာ လေးတွေ နဲ့ လား။

  • အလင်းဆက်

    October 11, 2014 at 1:16 pm

    ပိုစ့်ခေါင်းစဉ်မှာ.. နေ့စဉ် ပြု ကြ လို့…ရေးချင်တာလား…” ု ”ကျန်ခဲ့တာများလားလို့..

    😆

  • Kyaw Lay

    October 11, 2014 at 7:47 pm

    လူမူဝန်ထမ်းဦးစီးဌာန ကလေးပြုစုရေးကျောင်းက ကလေးလေးတွေပါ
    သူတို့ဘဝလေးတွေက ကြင်နာမူလေးတွေလိုအပ်ပါတယ်
    အောက်ဆုံးကလေးလေးက ငယ်ငယ်က သူတို့ အိမ်မှာ မိဘတွေကဖရောင်းတိုင်ထွန်းပြီးအိပ်ကြတာ
    မီးထလောင်ပြီး ကလေးလေးခေါင်းတွေထိကုန်တာလေ နောက်တော့မိဘတွေကဆုံးပြီး ဒီကျောင်းကို အဒေါ်ကလာအပ်ထားတာပါ

  • Kyaw Lay

    October 11, 2014 at 7:50 pm

    လူလူချင်းစာနာပါ နေ့စဉ်ပြုကြပရဟိတ အဲလိုရေးလိုက်တာပါ

Leave a Reply