အရောင်ရင့်မှတ်တမ်း – အောက်တိုဘာ ၂၀၁၄

kaiOctober 11, 20143min48326

The Supreme Court Quietly Allows Same-Sex Marriage in 5 States
The justices declined to hear appeals of lower-court rulings that struck down marriage bans in Indiana, Utah, Oklahoma, Virginia, and Wisconsin.
Russell Berman Oct 6 2014, 10:14 AM ET

Susan Walsh/AP

The Supreme Court on Monday effectively legalized same-sex marriages in five states without so much as a whisper.
On the first day of its fall term, the court announced it was rejecting appeals of lower-court rulings that had struck down same-sex-marriage bans in Indiana, Utah, Oklahoma, Virginia, and Wisconsin.

=============================================
Water Rationing Hits California: Limit of 50 Gallons Per Person Per Day or Face Fines of $500
Millions of Californians are about to be hit with strict water rationing — daily “allocation” numbers that represent the maximum amount of water you’re allowed to use for any purpose. Households that exceed the allocation limit will face stiff fines of hundreds of dollars per violation.
“In July, the State Water Resources Control Board passed stage one emergency regulations, giving powers to all local water agencies to fine $500 per violation,” reports the San Gabriel Valley Tribune. [1]
Keep in mind that these are only “stage one” emergency regulations. Stages two and three have yet to be invoked and will only become more severe.

The amount of water each household is allowed by water districts will be determined by government employees viewing satellite imagery of private properties, then calculating how much water that property should be allowed to use.

=============================================

မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန် ပြည်ထောင်စု ကမာ္ဘကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောလိုက်တဲ့ စကားကြောင့် မြန်မာ့နိုင်ငံရေးလောကနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူ တွေ ကြားမှာ ဝေဖန်သံတွေ ဆူညံနေပါပြီ။

အကြောင်းကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီး လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ ကို တော်တော်များများ ဖြေရှင်းပြီးဖြစ်တဲ့အပြင် မြန်မာ့လူ့အခွင့်အရေးအခြေအနေဟာ တိုးတက်လာပြီဖြစ် တာကြောင့် လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယကော်မတီတို့ မှာ မြန်မာကိစ္စ ခေါင်းစဉ်တခုအနေနဲ့ ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူးလို့ ဦးဝဏ္ဏမောင်လွင် က ပြောဆိုသွားခဲ့တာပါ။

==============================================
Never seen in Hong Kong history.
STUDENTS POWER …
Occupy Hong Kong day four: volunteers keeping protest clean and safe
Oct 1, 2014
The demonstrators have been delivering supplies back and forth between the different protest camps since Sunday night using trucks, vans and motorbikes. Volunteers offer food, water, first aid, recycling, and a garbage service.

 

26 comments

  • ကေဇီ

    October 11, 2014 at 7:56 am

    လန်ဒန်မှာ ဆိုလား မသိ၊
    ကိုယ့် ကိုယ်တိုင် နဲ့ ပြန် လက်ထပ်ပွဲ ကျင်းပတဲ့ အမျိုးသမီးဆိုလာ ဘာ လားးး
    အေးတာပဲ….

    ကိုယ်ရှာ ကိုယ်သုံး
    ကိုယ့်ခန္ဓာ ကိုယ့်သဘော
    ကိုယ့် ဘဝ ကိုယ် သဘောကို ဆောင်

    :kwi:

  • Mr. MarGa

    October 11, 2014 at 9:05 am

    သတင်း လေးခု တင်တယ်
    တစ်ခုပဲ နားလည်တယ်
    ငါ ကွ :a:

  • အလင်းဆက်

    October 11, 2014 at 12:51 pm

    စက်တင်ဘာ ၃ဝ မှာ ဖတ်ရတဲ့သတင်း ။

    မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုုးတက်နေပြီဖြစ်တဲ့အတွက်
    ဒီကိစ္စကို ကုုလသမဂ္ဂရဲ့ အစီအစဉ်ထဲမှာ ထည့်သွင်းဆွေးနွေးဖိုု့ မသင့်တော့ကြောင်း ၊
    ဖွံ့ဖြိုးတုိုးတက်မှု အနိမ့်ဆုုံးနိုင်ငံအဆင့် သတ်မှတ်ထားတာရာကနေလည်း ပယ်ဖျက်ဖိုု့ စတင်လုုပ်နေပြီဖြစ်ကြောင်း …
    မြန်မာနုိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုလိုုက်ပါတယ်။

    စက်တင်ဘာလ ၂၉ ရက်၊ တနင်္လာနေ့က နယူးယောက်မြို့၊ ကုုလသမဂ္ဂရုံးချုပ်မှာ ၆၉ ကြိမ်မြောက် ကျင်းပတဲ့
    ကုုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုခဲ့တာတဲ့ဗျားးးး။

    မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ ဆွေးနွေးရမယ့် ခေါင်းစဉ်တခုအဖြစ် ဆက်ရှိမနေသင့်တော့ပါကြောင်း ၊ နိုင်ငံတကာအ သိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရကို အပြစ်တင်မစောဘဲ
    လက်တွေ့ ကျကျ အဖြေရရှိရေးကိုသာ ကူညီဆောင်ရွက်သင့်ကြောင်း ၊
    ရခိုင်ပြည်နယ်ထဲမှာ ပဋိပက္ခအခြေအနေတွေ ရှိနေတာနဲ့ပတ်သက်ပြီး
    ကုုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုုင်းအဝိုင်းက စိုးရိမ်တဲ့အကြောင်း အမြဲလိုလို ပြောဆိုဝေဖန်နေတဲ့အတွက်
    ဒီအခြေအနေကိုလည်း အထူးအာရုံစိုက်ပြီး ဖြေရှင်းဖိုု့ ကြိုးစားနေပါကြောင်း ၊
    နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အခြေအနေတွေကိုု အပေါ်ယံအမြင်လောက်နဲ့ မကြည့်သင့်ပါကြောင်း ၊
    ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံ LDC အဖြစ် သတ်မှတ်ခံထားရာကနေ ပယ်ဖျက်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့
    အပြည့်အဝ သန္နိဋ္ဌာန် ချပြီး လုုပ်ငန်းစဉ်တွေ စတင်နေပြီဆိုုတာကိုု ကြေညာလိုပါကြောင်းနဲ့ သမ္မတဦးသိန်းစိန်အနေနဲ့လည်း
    ကုုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုု ဆက်သွယ်ပြီး LDC အဆင့်ကနေ ပယ်ဖျက်ပေးဖို့ ပြောဆိုုပြီးဖြစ်ကြောင်း စသည်ဖြင့်…
    ကုုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

    (အပြစ်တင် မစောချင်ပါဘူး ။

    အဲ…အဲ… မောင်သူရကြီးတို့က ပြန်ပြောချင်တာကတော့….
    အပြော မစောနဲ့ပေါ့ဗျာ.. ။

    အပြောက ရွှေမန်းတင်မောင်ကြီးဖြစ်ပြီး… ချိုမိုင်မိုင် ကပွဲကြီးပဲ…ရှုစားနေရတာ ရိုး ဟိုးဟိုး နေပြီလေ.. ။

    အခုလို ပြောတဲ့ အတိုင်း တကယ် ရွှေမန်းတင်မောင်ကြီးဖြစ်ရင်တော့…ကောင်းတာပေါ့ဗျာ.. ။

    ရွှေမန်းတင်မောင်လောက် မက နိုင်ရင်တောင်…
    ဖိုးချစ်လောက် ကပြနိုင်ရင် မဆိုးပါဘူး ။

    ဟုတ်ကဲ့… အပြစ်တင် မစောဖို့… အပြုနဲ့ အပြ စောပါဦး ။)

    http://myanmargazette.net/205129 မှ….

    ————————————————–

  • ခင် ခ

    October 11, 2014 at 2:12 pm

    ဘာအခုမှကြောက်ပါပြီလဲ လို့မေးရမယ်။
    သူတို့ကိုယ်နှိုက်က လူအခွင့်ရေးဆိုတာ ဘာလဲတောင်သေချာသိရဲ့လား ပြန်မေးရမယ်။

    • မြစပဲရိုး

      October 12, 2014 at 10:42 pm

      ဒါကိုတော့ ဦးညွတ်ပါတယ်။
      တော်လိုက်တာ။
      Balance လုပ်ဖို့ အင်မတန် ခက်တာ ကို ရအောင်လုပ်ပြသွားတာ။
      ဘယ်လောက်တောင် လေ့ကျင့်ယူထားရလဲ မသိ။
      ကြည့်ရင်း အသက်တောင် မရှူရဲ။
      အဆုံးက လှ လိုက်တာ။
      ဒီလောက် ပေါ့တဲ့ ငှက်တောင်လေးရဲ့ အားကလဲ Balance လုပ်ထားနိုင်တာနော်။
      Amazing!!!!

    • မြစပဲရိုး

      October 12, 2014 at 10:31 pm

      အပြင်မှာ မမြင်ရဘဲ ဗီဒီယို ဖြစ်နေကထဲ က ယုံဘူး။

      မယုံလို့ အင်တာနက် ကို ဖွ လိုက်တော့ ဂလို ပါဘဲ။

      လုပ်စားကြီး အင်ကြီး တဲ့။
      This is one of his world famous magic, you might have seen it several times! Still you don’t know how he did it!?
      A sunny day Criss Angel demonstrates to some bystanders pull apart a couple by their torsos and switch their bodies up.
      Indeed a very good idea, but he and his troupe failed to avoid certain errors!!

      – Any magic has it’s explanation too!
      Scroll down to see the mistakes and how he did it!
      – This was not done in real time!
      – The video has a duration of 3 minutes 25 seconds.
      – But in-fact, they took different (takes) hours to compose this video!
      – It’s all together a very tricky video editing!
      – All those who present in this video are all part of the game!
      – Criss uses four different persons to do this magic!
      . Two of them, (in real life), are without their lower limbs!
      . Other two persons with normal lower limbs, very similar or twins of the above ones!
      . Two pairs of fake lower limbs are used!
      Now let’s have a look at different scenes!

      အသေးစိတ်ရှင်းပြတာ ဒီမှာ
      http://fbinvestigations.blogspot.co.uk/2014/04/criss-angels-ripping-bodies-apart_12.html

      :))

      • kai

        October 13, 2014 at 4:31 am

        သင်္ကန်းဝတ်တယောက်.. ရေပေါ်ပေါ်ပြတာနဲ့တင်..ထိုင်ကန်တော့ကိုးကွယ်တဲ့…မြန်မာပြည်မှာ.. အဲလိုလုပ်ပြလိုက်လို့ကတော့.. :k:

  • Iris

    October 12, 2014 at 5:40 pm

    အဲ့ဒီမျက်​လှည်​့ဆြာအရမ်​း​တော်​တယ်​။ အဲ့လိုပဲ​ပြောနိုင်​​တော့တယ်​.သူရဲ့လျို့ဝှက်​ချက်​ကိုသိချင်​သား

    • မြစပဲရိုး

      October 12, 2014 at 10:43 pm

      လျို့ဝှက်​ချက်​ က ဗီဒီယို Editing တဲ့။ :))

  • Iris

    October 13, 2014 at 4:53 am

    ​ကျေးဇူးအရီး တကယ်​မဟုတ်​ဘူးဆိုတာကို​တော့သိတယ်​။ ဘယ်​လိုလှည်​့စားထားသလဲကိုမသိတာ။ သူက ကဒ်​ဆွဲခိုင်းတဲ့ဗီဒီယိုမှာ ပြန်​ရှင်​းပြထားတယ်​ သူဘယ်​လိုကြိုတင်​စီစဉ်​ထားတယ်​ဆိုတာ။
    ဘာဖြစ်​ဖြစ်​​ဖျော်​​ဖြေမှုတစ်​ခုအ​နေနဲ့သူ့ကိုကြိုက်​တယ်​။

    • kai

      October 13, 2014 at 5:08 am

      ဟုတ်ပ.. တချို့မျက်လှည့်တွေက.. Live လုပ်ပြတာ..။
      အပေါ်ခန္ဓာဖြတ်တာကိုလည်း.. Live လူတွေရှေ့လုပ်ပြဖူးတယ်တဲ့..
      ၂ယောက်ပြန်ဆက်တော့မဟုတ်.. တယောက်ထဲကို…ဖြတ်ပြီး.. .ပြန်ဆက်တာ…။

      နောက်မှသိတာက.. ခန္ဓာအောက်ပိုင်းမပါတဲ့သူရယ်.. ခန္ဓာပျော့လို့.. ခေါင်းကို ပေါင်ကြားမှာလိမ်ပြီးညှပ်လို့ရတဲ့သူရယ်.. ၂ယောက်သုံးသွားတာဆိုတာပဲ..။

      ဒေးဗစ်ကော့ပါဖီလ်းထက်စွမ်းပုံရ.. :k:

  • kai

    October 14, 2014 at 1:25 am

    Monday, October 13, 2014, 10:27 am
    Ebola’s ominous math: Half of Africa’s 1.1 billion people could die by August

    By James Dunn, Business Journal Staff Reporter
    Print Friendly
    Africa has total population of 1.1 billion people. At the infection rate cited by the CDC, by August 2015, most of these people could have been exposed to Ebola, and some 550 million could be dead.

    The CDC issued this dire warning at the top of its web page on Ebola: “If conditions remain unchanged, the situation will rapidly become much worse.”

  • kai

    October 14, 2014 at 1:36 am

    10 Facts About Ebola You Need to Know
    10. Ebola Can Be Spread By Mammals
    9. Ebola Is A Sexually Transmitted Disease
    8. The U.S. Has Issued Travels Warnings For Sierra Leone, Liberia and Guinea
    7. Most U.S. Entry Points Do Not Screen For Ebola Cases
    6. An RNA Virus Causes Ebola
    5. Early Symptoms of Ebola Are Similar To Other Viral Symptoms
    4. Ebola Patients Suffer From Bleeding In the Later Stages
    3. Ebola Is Fatal
    2. Ebola Medications Are Currently Being Developed
    1. The General Public of the U.S. Not At Risk

  • kai

    October 15, 2014 at 6:06 am

    FBကနော..။ ရီကြစေသတည်း..။

    (အဆိုးမြင်ခြင်းမဟုတ်ပါ၊ စော်ကားလိုခြင်းမဟုတ်ပါ၊ အပျော်သက်သက်ပါ)

    ဝါကျွတ်မှာ လက်ထပ်မယ်ဆို ဒီလို မိန်းမမျိုးတွေတော့ ရှောင်ကြဗျို့…

    ၁။ MPTနဲ့တူတဲ့မိန်းမ

    ထုံထုံထိုင်းထိုင်းနဲ့ ပြန်မပြော နားမထောင်တတ်တဲ့ မိန်းမမျိုး၊ အထူအပါး နားမလည်တဲ့ ဒုံးဝေးတဲ့မိန်းမမျိုးပါ၊ တခြား အိမ်သူသက်ထားတွေရဲ့အိမ်ထောင်ရေးမှာ ကြိုးစားလုပ်ကိုင်ကြပုံတွေကို မြင်နေ တွေ့နေလည်း အတုယူရကောင်းမှန်းမသိ၊ အလုပ်လုပ်တဲ့နေရာဆိုလည်း အင်မတန် ပျင်းရိပြီး လေးတိလေးကန်နိုင်ပါတယ်၊ တီဗီကြည့်နေချိန်များဆို ခေါ်မကြား အော်မကြားပါပဲ၊ အိပ်ပြီးဟေ့ဆို နေဖင်ထိုးတဲ့အထိ ကြာတတ်ပါတယ်၊ ယောက်ျားရှာဖွေလာသမျှဆို အကုန်ကိုယ့်အိတ်ထဲထည့်၊ ပြီးရင် ကိုယ့်ယောက်ျားနဲ့ အိမ်သားတွေကို တစ်ချက်ကလေးတောင် အဖက်မလုပ်တတ်၊ လှည့်မကြည့်တတ်တဲ့ မိန်းမမျိုးပါ။

    ၂။ ခရိုနီနဲ့တူတဲ့မိန်းမ

    ဘယ်အပေါက်ကနေ ဘယ်လိုနှိုက်ရမလဲပဲ ချောင်းနေတဲ့ မိန်းမမျိုးပေါ့၊ ငါ့ယောက်ျားဆီက စိန်နားကပ်ရအောင် ဘယ်လိုခြူရမလဲ၊ ယောက္ခမကြီးဆီက အတွင်းပစ္စည်းတွေ ငါတစ်ယောက်တည်း မောင်ပိုင်စီးရအောင် ဘယ်လိုဖားရမလဲပဲ တွေးနေ၊ ကိုယ့်ယောက်ျားမှာ ရှိလား မရှိလား နည်းနည်းလေးမှ ဂရုမစိုက်၊ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ပြီးရင် လူမြင်ကောင်းအောင်၊ စေတနာရှိချင်ယောင်ဆောင်ပြ၊ နည်းနည်းပဲပေးပြီး ရသမျှအခွံပါချွတ်ယူတဲ့ မိန်းမမျိုးပေါ့။

    ၃။ ၈၈ မျိုးဆက်နဲ့တူတဲ့မိန်းမ

    အိမ်အလုပ်လုပ်ပါဆိုတော့လည်း မလုပ်ဘူး၊ ဒါဖြင့် အပြင်ထွက်ပြီး ပိုက်ဆံရှာဆိုတော့လည်း မရှာနိုင်ဘူး၊ အိမ်မှာနေပြီး ဟိုယောင်ယောင် ဒီယောင်ယောင်၊ ကိုယ့်ယောက်ျားလည်း အကောင်းမပြော၊ ယောက္ခမကိုလည်း အမြင်မကြည်၊ သမီးယောက်မချင်းလည်း မတည့်၊ လမ်းထိပ်က ခွေးနှစ်ကောင် ကိုက်လည်းသူပါ၊ ကြောင်သုံးကောင် ပေါက်လည်းသူပါ၊ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ယောင်စိန်လို မိန်းမမျိုး။

    ၄။ အစိုးရနဲ့တူတဲ့မိန်းမ

    ချစ်လှစွာသော ယောက်ျားရေ ဆိုပြီး လေချိုအေးလေးနဲ့ အမြဲပြော၊ ပြီးရင် ကိုယ့်ယောက်ျားကို ဘာမှ မတိုင်ပင်ဘဲ သူလုပ်ချင်ရာလုပ်၊ အိမ်က စီးပွားရေး မွဲပြာကျမှ အတွင်းပစ္စည်းတွေထုတ်ရောင်း၊ တီဗီတွေ၊ လုံချည်တွေလိုက်ပေါင်၊ ဟိုအမျိုးနားက ပိုက်ဆံချေး၊ ဒီမိတ်ဆွေကို ကူပါ ကယ်ပါပြော၊ ကိုယ့်အိမ်သားတွေကတော့ ဖြစ်ချင်ရာဖြစ်၊ နောက်ဆုံး မွှေချင်တိုင်းမွှေပြီး ရှင်းလည်းမရရော ဒီအတိုင်းထားသွားပြီး ဘိုးဘွားရိပ်သာ ဝင်သွားရော။

    ၅။ လွှတ်တော်နဲ့တူတဲ့မိန်းမ

    မယောင်ရာ ဆီလူးဖို့ဆို သူ့အပြင်မရှိ၊ တကယ်အရေးကြီးတဲ့ စားဝတ်နေရေးတို့၊ အိမ်သန့်ရှင်းရေးတို့ဆို ဝေ့လည်ကြောင်ပတ်လုပ်၊ အရေးမပါတဲ့ အလှပန်းအိုး ဘယ်နားထားမလဲတို့၊ အိပ်ယာခင်း ဘာအရောင်ခင်းမလဲတို့ဆို ရေးကြီးခွင်ကျယ်လုပ်၊ နေ့လည်ခင်းလည်း ကုလားသေ ကုလားမောအိပ်လိုအိပ်၊ အိပ်ယာကနိုးတော့ Viber သုံး၊ အချိန်တန်တော့ ယောက်ျားရှာတဲ့ လုပ်ခကိုယူပေါ့။

    ၆။ စစ်တပ်နဲ့တူတဲ့မိန်းမ

    ယောက်ျားက တစ်ချိန်လုံး ဒူးတုန်အောင် ကြောက်နေရတဲ့မိန်းမမျိုး၊ ကိုယ့်ယောက်ျား ရယ်လို့လည်း မျက်စိထဲမမြင်၊ သားသမီးလည်း ခေါင်းထဲမထည့်၊ တချိန်လုံး ကိုယ်ထင်ရာကိုယ်စိုင်း၊ တစ်လောကလုံးက သူ့လုပ်စာ ထိုင်စားနေရတဲ့ မျက်ခွက်နဲ့နေ၊ တစ်ခါတစ်လေ ကိုယ့်အိမ်သားတွေကို ကြိမ်းမောင်းရုံတင်အားမရဘဲ လက်ပါ ပါ၊ တွေ့တဲ့ဟာနဲ့ကောက်ထု၊ ငါက ဒါဆို ဒါဟဲ့ ပြန်မပြောနဲ့ ငါလုပ်ထည့်လိုက်မယ် လို့ တစ်ချိန်လုံးအသံကောင်းဟစ်နေတတ်တဲ့ မိန်းမကြမ်းမျိုးပေါ့ဗျာ။

    ၇။ မီဒီယာနဲ့တူတဲ့မိန်းမ

    ဟောင်ပွာဟောင်ပွာနဲ့ ပွစိပွစိအမြဲလုပ်၊ ပြောစရာရှိရင် ရှေ့နောက် မစဉ်းစား၊ မဆင်ခြင်၊ အရပ်တကာလှည့်ပြီး အိမ်ပေါက်စေ့က အတင်းကိုပြော၊ ရပ်ကွက်ထဲမှာ သူမသိတာမရှိ၊ သိသမျှလည်း အကုန်ပြန်ဖွ၊ ကိုယ့်အိမ်အကြောင်း၊ ကိုယ့်ယောက်ျားအကြောင်းလည်း အပြင်ကို အကုန်ဖောက်သည်ပြန်ချ၊ ဘယ်အရာမဆို တစ်ဆိတ်ကို တစ်အိတ်လုပ်လွန်းပြီး ပုံကြီးချဲ့တတ်တဲ့၊ အင်မတန်နားပူတတ်တဲ့ မိန်းမမျိုးပေါ့ဗျာ။

    ၈။ လင်းသိုက်ညွန့်နဲ့တူတဲ့မိန်းမ

    ဘာအလုပ်ကိုမှ လက်ကြောတင်းအောင် လက်တွေ့မလုပ်ဖူးဘူး၊ ဒါပေမယ့် တကယ်လုပ်ကိုင်နေတဲ့ ကိုယ့်ယောက်ျားကိုတော့ အမြဲတမ်း ဆရာကြီးအထာနဲ့ ပြောတတ်တယ်၊ သူကိုယ်တိုင်ကတော့ အိမ်မှာ ကြော့ကြော့မော့မော့လေးနေမယ်၊ ပြီးရင် ဘိလပ်က တတ်ကျမ်းတွေ တဖြဲနှစ်ဖြဲထိုင်ဖတ်မယ်၊ စာသားတွေအလွတ်ကျက်မယ်၊ ဟော…တကယ်လုပ်ကိုင်နေရတဲ့ ယောက်ျားလုပ်သူ အလုပ်က ပြန်လာပြီဆိုတာနဲ့ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ leadership က ဘယ်လို၊ management က ဘယ်ကဲ့သို့ဆိုပြီး ဖတ်ထားသမျှတွေ ခဝါချမယ်၊ ပြောလို့လည်း မောရော ယောက်ျားရေ See you in the bed ဆိုပြီး ထွက်သွားပါလေရော။

    (အဆိုးမြင်ခြင်းမဟုတ်ပါ၊ စော်ကားလိုခြင်းမဟုတ်ပါ၊ အပျော်သက်သက်ပါ)

    Wai Phyo Maung

    • ကေဇီ

      October 15, 2014 at 7:57 am

      အာ့ကြောင့် မိန်းမ မ ယူချင်တာပေါ့။
      :k:
      ဟိ။
      ခုတော့ ယောက်ခမွ စည်းရုံးနည်းကို ဖတ်မိပြီး သဘောကျလို့။
      ~~~~~~~~~~~~~~~~~~~~~

      ယောက္ခမအကြိုက် စကား (၆) ခွန်း

      လောကမှာ ယောက္ခထီးနဲ့ ချွေးမ မပြေလည်တာထက် ယောက္ခမ နဲ့ ချွေးမ မပြေလည်တာကပိုများတတ်ပါတယ်။အဓိက လူတွေမှာလိုအပ်တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာ ထက် ပြေလည်ကြတာက ပိုများပါတယ်။ ဒီတော့ ကိုယ့်နဲ့ ယောက္ခမက အတူတူ နေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် မပြေလည်ကြရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရော စိတ်ညစ်ရပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေ့ါလေ။ ဒီတော့ ဘာလိုစကားတွေကို အဓိကထားပြောရမလဲ ……..

      ၁) ဘယ်တော့ကြည့်ကြည့် နုပျိုလန်းဆန်းနေတာပဲ။

      ဒီစကားတစ်ခွန်းက တကယ်တော့ ဘယ်သူ့ကိုပြောပြော အပြောခံရတဲ့သူတွေက ကျေနပ် သဘောကျကြပါတယ်။ ယောကျာ်းပြောပြော မိန်းမပြောပြော အားလုံးကကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့မယ်ဆိုရင်တော့ အရမ်းကြီးအကဲမပိုဖို့လိုပါတယ် ။ သူကဒီလိုက သက်သက်လာမြှောက်တယ်မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။ ဥပမာ ။ ။ အမေရယ် အမေ့ကိုဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေသမီးနဲ့သွားရင် သမီးကတောင်အိုတဲ့ရုပ်ထွက်နေတာ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်ပါတယ် ဆိုတာမျိုးလေးပေ့ါ ။

      ၂) အမေ့လက်ရာက အရမ်းစားလို့ကောင်းတာပဲ ။

      ဒီစကားကတော့ စားဖိုမှူးတစ်ယောက်နဲ့တွေ့မိလို့ သူ့ကိုဒီစကားလေးပြောပြီး ချီးကျူးပေးရင် သူလည်းသဘောကျပြီး နောက်ကိုကိုယ်လာရင်တောင် ကောင်းကောင်းမွန်မွန် ပိုထည့်ပေးဖို့ ဝန်လေးမှာမဟုတ်ပါဘူး။ နောက်ပြီး သူများအိမ်မှာ ဧည့်သည်သွားလုပ်ရင်လဲ အမလက်ရာလေးက ကောင်းလိုက်တာ ၊ ထမင်းဆိုင်ထက်တောင်သာတယ်ဆိုတာမျိုးလေး ချီးကျူးလိုက်ရင် ဘယ်သူမဆို ပီတိဖြစ်မှာပါပဲ။ ယောက္ခမ အိမ်ရောက်လို့ သူချက်ပေးတဲ့ဟင်းစားရင် ဘယ်လောက်ပဲအရသာ မကောင်းမကောင်း အမှုအရာမပျက်ပဲ ဒါလေးက ဘယ်လိုချက်ထားတာလဲ အရမ်းစားကောင်းလို့ အမေ့ဆီက လာသင်ရဦးမယ်ဆိုတာမျိုး။

      ၃) ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေတာပဲ။

      ဒီစကားကိုတော့ ယောက္ခမ အကျင်္ ီ အသစ်ဝတ်တဲ့အခါမျိုးတွေမှာ မသိလိုက် မသိဖါသာ မနေပဲ အမေရယ် ဘာပဲဝတ်ဝတ်ကြည့်ကောင်းလိုက်တာ သမီးတို့များ အဝတ်စားတစ်ခါရွေးရင် ပိန်အောင် ၊ ကြည့်ကောင်းအောင် မနညးရှာဝတ်ရတာ အမေတို့ကြတော့ ကံကောင်းလိုက်တာ ဘာဝတ်ဝတ် လှနေတော့တာပဲ ဆိုတာမျိုးလေး ။

      ၄) အမေ့မြေးတွေက သူ့အဘွားကိုပဲ တစ်ချိန်လုံးတနေတာ။

      ပိတ်ရက်တွေ ယောက္ခမ အိမ်ကလေးခေါ်မသွားမိတာ ကြာလာပြီဆိုရင် ယောက္ခမကတော့ ကျိန်းသေနှာကစ်နေပါပြီ။ အဲလိုအချိန်မျိုးတွေဆို အိမ်အဝဝင်တာနဲ့ အထုတ်မချခင် အမေရယ် အမေ့မြေးတွေက ဘွားဘွားကြီးဆီသွားမယ်ဆိုပြီး တစ်ချိန်လုံး ဂျီကျနေတာ သူ့အိမ်စာတွေနဲ့ စာမပြီးမှာစိုးလို့ ခုမှ အမေ့ဆီကို လာရတော့တယ်။ သားတို့နော် နောက်ကို စာကောင်းကောင်းလုပ် ၊ စာတွေပြီးရင် ဘွားဘွားကြီးဆီကို မေမေ အပတ်တိုင်းပို့ပေးမယ်ဆိုတာမျိုးလေး ပြောလိုက်တော့ ယောက္ခမကြီးလည်း နှာကစ်ပြေသွားတာပေ့ါနော်။

      ၅) အမေပြောတာလည်း ဟုတ်တာပဲ။

      ဒီစကားကိုတော့ ယောက္ခမ ဘာပဲပြောပြော တစ်ခုခု ထင်မြင်ချက်ပေးလို့ပဲဖြစ်ဖြစ် ကိုယ်ကမကျေမနပ်ဖြစ်နေရင်တောင် အရင်ဦးဆုံး တုန့်ပြန်တာမျိုးမလုပ်ပဲ ။ အမေပြောတော့လည်း ဟုတ်နေတာပဲ သမီးတောင်မတွေးမိလိုက်ပါဘူး ။ ဒါပေမဲ့ သမီးကတော့ ဒီလိုမျိုးစဉ်းစားထားတယ် အမေလည်းဝိုင်းအကြံပေးပါဦးဆိုပြီး နောက်ဆက်တွဲစကားကို ပြီးမှဖြည့်ပြောပေးပါ။

      ၆) အရမ်းဝယ်တတ်တာပဲ ။

      ဈေးဝယ်ပြန်လာတဲ့ ယောက္ခမဖြစ်သူကို သူဘာလေးပဲဝယ်လာဝယ်လာ ချီးကျူးစကားပြောပေးပါ။ ဥပမာ ။ ။ ဟင်းရွက်လေးဝယ်လာရင်တောင် အမေဝယ်တာလေးက လတ်လိုက်တာ သမီးဝယ်ရင် ဘယ်တော့မှ အမေ့လို ကောင်းကောင်းကန်းကန်းမရတတ်ဘူး။ အမေဝယ်ရင်ကို ဈေးသည်တွေက ပိုပေးချင်နေတော့တာလားမသိဘူး ။ ဆိုတော့ သူလည်းသဘောကျ ကိုယ်လည်းဈေးဝယ်ရသက်သာသွားနိုင်တာပေ့ါ။

      Credit to မနုဿ

  • kai

    October 15, 2014 at 7:26 am

    အလှူဆိုသည်မှာ…

    Zuckerberg, wife donate $25M to CDC for Ebola
    Zuckerberg, wife donate $25 million to CDC Foundation to address Ebola
    Associated Press
    By Barbara Ortutay, AP Technology Writer

    NEW YORK (AP) — Facebook CEO Mark Zuckerberg and his wife, Priscilla Chan, are donating $25 million to the CDC Foundation to help address the Ebola epidemic.

    The money will be used by the U.S. Centers for Disease Control and Prevention’s Ebola response effort in Guinea, Liberia and Sierra Leone and elsewhere in the world where Ebola is a threat, the foundation said Tuesday.

    The grant follows a $9 million donation made by Microsoft co-founder Paul Allen last month. Zuckerberg and Chan are making the grant from their fund at the nonprofit Silicon Valley Community Foundation.

  • kai

    October 16, 2014 at 2:11 pm

    ဆရာ့ဦးလေးဒေါက်တာသန်းထွန်းနဲ့ပတ်သက်ပြီး အမှတ်ရစရာပြောပြပါဦး။
    အဖေရောဦးလေးရောက ငါးသိုင်းချောင်းဇာတိ။ ဦးလေးက စကားပြောတာက လိုတိုရှင်းနဲ့ ပြတ်တယ်။ သူနဲ့ပတ်သက်ပြီး အမှတ်ရနေတာက တခါက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီးဦနေဝင်းက သူ့ကိုခေါ်ပြီးလေးဆူဓာတ်ပုံမြတ်ရွှေဂုံကနေ လေးဆူဓာတ်ပုံကိုတူးရင် မကောင်းလားလို့ အကြံဉာဏ်တောင်းတယ်။ သိတဲ့အတု်ိင်းအဲ့ဒီ့ခေတ်ကာလက ဥက္ကဌကြီးရဲ့စကားကို ဆန့်ကျင်ရဲသူဝန်ထမ်းကရှားတယ်။ ဦးလေးက ဘာပြန်ပြောသလဲဆို ” ဥက္ကဌကြီးရာ။ တူးတာကလွယ်ပါတယ်။ တူးလိုက်လို့ တွေ့ရင်တော့ကောင်းပါရဲ့။ မတွေ့ရင် နှစ်ပေါင်းနှစ်ထောင်ကျော်ယုံကြည်လာတဲ့ ယုံကြည်ချက်ကိုဘယ်နားသွားထားမလဲ” လို့ပြန်ပြောခဲ့တယ်တဲ့။ ဒေါက်တာသန်းထွန်းက မင်းမိန့်အရဆိုပေမယ့် မလုပ်သင့်တာကို သူဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။

    နိုဝင်ဘာလထုတ် မြန်မာ့ဂဇက် “ဒေါက်တာသန်းထွဋ်အေးနဲ့တွေ့ဆုံခြင်း” မှ….

  • kai

    October 30, 2014 at 12:17 am

    US-CERT strives for a safer, stronger Internet for all Americans by responding to major incidents, analyzing threats, and exchanging critical cybersecurity information with trusted partners around the world

    .
    http://web.nvd.nist.gov/view/vuln/detail?vulnId=CVE-2014-3566
    Vulnerability Summary for CVE-2014-3566
    Original release date: 10/14/2014
    Last revised: 10/24/2014
    Source: US-CERT/NIST
    Overview

    The SSL protocol 3.0, as used in OpenSSL through 1.0.1i and other products, uses nondeterministic CBC padding, which makes it easier for man-in-the-middle attackers to obtain cleartext data via a padding-oracle attack, aka the “POODLE” issue.

  • kai

    October 30, 2014 at 7:44 am

    perfect body ဆိုပြီးလုပ်လို့ ဆန္ဒပြနေကြတယ်.. တဲ့..

    • kai

      October 31, 2014 at 2:43 am

      Victoria’s Secret ‘Perfect Body’ campaign sparks outrage
      Fox News‎ – 6 hours ago
      But with the words “The Perfect Body” splashed across the ad, the controversial campaign …

  • kai

    October 31, 2014 at 2:41 am

    October surprise!!!!!
    =
    သမ္မတအိမ်တော် တွေ့ဆုံပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်
    30 October 2014 20:02(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
    သမ္မတအိမ်တော် တွေ့ဆုံပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ ပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က အတည်ပြု ပြောကြား လိုက်ပါတယ်။

    မြန်မာနိုင်ငံရဲ့ အသွင်ကူး ပြောင်းရေး ဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်း နိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး ပါတီ ကိုယ်စားလှယ်တို့ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးကြဖို့ သမ္မတက ဖိတ်ကြား ထားတဲ့ အပေါ် ဦးဝင်းထိန်က အခုလို ပြောဆို လိုက်တာပါ။

    ဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်နဲ့ ဒုတိယ သမ္မတ ၂ ယောက်၊ လွှတ်တော် ဥက္ကဋ္ဌတွေဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုကာချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ယူအန်အေ ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကိုယ်စား ဦးခွန်ထွန်းဦး၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) ပါတီကိုယ်စား ဦးစိုင်းအိုက်ပေါင်း၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) ကိုယ်စား ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကိုယ်စား ဦးသန်းတင်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တယောက် စုစုပေါင်း ၁၄ ယောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။

    By ဒီဗွီဘီ
    http://burmese.dvb.no/archives/69313

    • မြစပဲရိုး

      October 31, 2014 at 4:07 am

      ဆက်ပြီး လေး အောင် ၁၄ ဆောင် တဲ့။
      ဆက်ပြီး တစ် အောင် ၃၁ တဲ့။

      ဒီလူ အရေအတွက် ရ အောင် လူတွေ ထိုးထည့်လိုက်ရတာ။
      ဒီ ရက်လေးကို ရအောင် မနည်း တွက် လိုက်ရတာ။
      အကျီ အရောင် ပုဆိုး အဆင်။ လာမယ်။ ကြည့်ထား။

      အကောင်းမြင်နေမိလွန်လွန်းလို့ ပိုကောင်းအောင်မြင် ကြည့်တာ။
      (အဟတ် အဟတ် အဟတ်)

      Anyway …
      All the best Daw Aung San Su Kyi.

      BTW
      သူကြီး ရဲ့ ဒီမှတ်ချက် က တစ် ငါးလုံး ပူး ကြီး နဲ့ မှတ်ချက် ဗျို့။ (11111)
      ဘယ်လို နမိတ်ကောက် ရမလဲ စဉ်းစား ကြပါ။
      lol:-)))

      • kai

        October 31, 2014 at 6:18 am

        ကိုရင်အလက်ဆင်းစုဆောင်းထားတဲ့ထဲက..အောက်ကသတင်းကိုဖတ်မိတယ်…။
        အဲဒီဟာက.. တော်တော်တာသွားမယ်ထင်မိတယ်..။

        နိုင်ငံရေးသဘောတရားအရ.. သမ္မတဘုရှ်ကြောင့်.. ယူအက်စ်စီးပွားရေးကျဆင်းပြီး.. စစ်ကြီး၂ခုဆင်နွှဲ.. ငွေတွေ ထရီလီယန်( ဒေါ်လာဘီလီယန် ၁၀၀ဝ = ၁ ထရီလီယန်) ကုန်တာတောင်… ဥပဒေအရ.. သမ္မတဘုရှ်ကို.. ဘာမှလုပ်ခွင့်မရှိခဲ့ပါ..။
        အဲဒီသဘောထားနဲ့ တန်းတူထားမယ်ဆိုပြီး.. မြန်မာပြည်လည်း.. ရင်ကြားစေ့ရေးဦးတည်သင့်လှတယ်ထင်မိတယ်..။

        တောင်းပန်ခွင့်လွှတ်တို့ရဲ့.. သဘော… အင်မတန်.. အရေးကြီးကြောင်း…။
        ============================

        အောက်တိုဘာ ၂၅ ။

        မြန်မာ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ကာလ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်းမှာ

        လူ့အခွင့်ရေးချိုးဖောက်ခံရတာတွေကို မှတ်တမ်းတစ်ခုအဖြစ်ရှိနေဖို့ လိုတယ်လို့ ကျွန်တော်တို့သတ်မှတ်တယ်”လို့ UNDO အဖွဲ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

        NLD ပါတီ ပြင်ပရောက် နိုင်ငံရေးလှုပ်ရှားသူများနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ UNDO က

        ရန်ကုန်မြို့ ယုဒသန် ခန်းမမှာ ပြုလုပ်တဲ့ ပြည်နယ် ၊ တိုင်းလေးခုရဲ့ စည်းရုံးရေးအဖွဲ့များ ဖွဲ့စည်းခြင်း အခမ်းအနားမှာ ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

        ၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရများရဲ့

        လူ့အခွင့်ရေးချိုး ဖောက်ခံရမှုများကို စုံစမ်းဖို့ စီစဉ်ခြင်းဖြစ်ပြီး စိစစ်ချက်ကို မှတ်တမ်းပြုစုပြီးတဲ့ အချိန်မှာ သိသင့်သိထိုက်သူတွေအားလုံးကို တင်ပြသွားမှာ ဖြစ်ကြောင်း UNDO အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့် က ပြောဆိုလိုက်ပါတယ်။

        စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးပြီးတဲ့အခါ ”စစ်အုပ်ချုပ်ရေးကာလ မြန်မာနိုင်ငံအတွင်း လူ့အခွင့်ရေး ချိုးဖောက်မှုမှတ်တမ်း”အဖြစ် ထားရှိမှာ ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး အတွက်လည်း လူ့အခွင့်ရေးချိုးဖောက်မှု ဆိုင်ရာ စုံစမ်းရေးကော်မတီကို ဖွဲ့စည်းမယ်လို့ ကြေညာချက်ထဲမှာ ထည့်သွင်းထားပါတယ်။

        အဆိုပါ ကော်မတီကို ရွှေဝါရောင်သံဃာတော်များ အပါအဝင် ၊တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သခင်ခေါင်းဆောင်ကြီးတွေ ၊ ဝါရင့်နိုင်ငံရေးသမားတွေ ၊ ၁၉၆၂ ကျောင်းသားခေါင်းဆောင်တွေ ၊ ကျွန်းပြန်နိုင်ငံ ရေးသမားတွေနဲ့ အလုပ်သမား အရေးအခင်းခေါင်းဆောင်များ၊ မှိုင်းရာပြည့်ခေါင်းဆောင်များ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များ၊ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူများ၊ ကျွန်းဆွယ်အရေးအခင်းခေါင်းဆောင်များ၊ ဦးသန့်အရေးအခင်းခေါင်းဆောင်များ၊ ၁၉၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနဲ့

        အခြား ပါဝင်သင့်သူတွေကိုလည်း ထည့်သွင်းဖွဲ့စည်းမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply