အလုပ်သမား ၅၀၀ဝ ကျော် ဆန္ဒပြ

Zaw WonnaAugust 17, 20101min480

foreign workersယမန်နေ့က မလေးရှားနိုင်ငံ ဂျိုဟိုးဘာရူး ရှိ အီလက်ထရောနစ်ပစ္စည်း စက်ရုံတစ်ရုံတွင် လုပ်ဖော်ကိုင်ဖက် အလုပ်သမား တစ်ယောက် သေဆုံးမှုကြောင့် နိုင်ငံခြားသား အလုပ်သမား ၅၀၀ဝ ခန့် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
မနက် ရ နာရီလောက် အလုပ်သမား ရပ်ကွက် အနီးတွင် ဖြစ်ပွားသော ဆန္ဒပြပွဲတွင် ဗီယက်နမ်၊ နီပေါ၊ အိန္ဒိယ၊ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် လူမျိုး အလုပ်သမားများ ပါဝင်ခဲ့သည်။ ဆန္ဒပြသူများသည် တွေ့ရာပစ္စည်း များဖြင့် ပစ်ပေါက်ကြကာ အဓိကရုဏ်း အသွင် ဖြစ်ခဲ့သည်။ အလုပ်သမား သေဆုံးရခြင်းသည် အလုပ်ရှင်မှ ဆေးရုံတင် နောက်ကျသောကြောင့် ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောကြသည်။ Federal Reserve Unit (FRU) နှင့် ရဲများ ရောက်ရှိလာသည် အထိ အခြေအနေမှာ တင်းမာ လျှက်ပင်ရှိသည်။
အလုပ်သမား သေဆုံးရခြင်းသည် စက်ရုံ၏ စီမံခန့်ခွဲမှုကြောင့် မဟုတ်ကြောင်း အလုပ်သမားများ လက်ခံလာရန်အတွက် ၂ နာရီခန့် ဆွေးနွေး ခဲ့ရကြောင်းဖြင့် ဂျိုဟိုး မှုခင်း စုံစမ်းရေး ဌာန အကြီးအကဲ Datuk Amer Awal က ပြောကြားသည်။
သေဆုံးသူ ဖြစ်သည့် အသက် ၂ဝ အရွယ် နီပေါနိုင်ငံသား အလုပ်သမားသည် နေမကောင်း ဖြစ်ဖြစ်ချင်း အလုပ်ရှင်အား အသိမပေးခဲ့ကြောင်း၊ ယမန်နေ့ နံနက်က အဖျား အလွန်ကြီးလာချိန်တွင်မှ အသိပေးသဖြင့် Sultanah Aminah ဆေးရုံသို့ ပို့ခဲ့ရကြောင်း၊ သို့သော် နောက်ကျ သွားပြီ ဖြစ်ကြောင်းဖြင့် ၎င်းက ပြောသည်။
အခြား အလုပ်သမားများကမူ အလုပ်ရှင်မှ ဆေးရုံပို့ နောက်ကျမှုကြောင့် သေဆုံးရသည်ဟု အလုပ်ရှင်အား အပြစ်တင်ကာ ဆူပူအော်ဟစ် ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ညနေ ၂ နာရီ အချိန်လောက်တွင်မှ လူစု ကွဲသွားကြောင်း၊ ထိခိုက်ဒါဏ်ရာရခြင်း၊ အဖမ်းဆီး ခံရခြင်းများ မရှိကြောင်း သိရှိရပါသည်။

Article source: New Straits Times (Mon, Aug 16, 2010)