တစ်ခါက နှင့် အဖြေမထွက်သောပုစ္ဆာများ

ေမာင္ရိုးOctober 11, 20141min32537

 

စာဖတ်သူများအားပန်ကြားလွှာ ***

 

အောက်တွင်ရေးသားဖေါ်ပြထားသည်များအား အမှန်တကယ်ဖြစ်ပျက်ခဲ့ပါသည်ဟု ထင်မြင်ပါကလည်း လွတ်လပ်စွာယုံကြည်နိုင်ပါသည် ။သို့မဟုတ်

စာရေးသူ၏ စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးသည်ဟု ထင်မြင်ပါကလည်း လွတ်လပ်စွာထင်မြင်နိုင်ပါကြောင်းးးးး

 

 

လေးစားလျှက်

.

.

.

.

.

.

i.

.

 

ပုစ္ဆာ၏ နိဒန်း ###

 

 

 

ည ………

လမိုက်ည ……… တိ်တ်ဆိတ်သော ည ………

 

ထိုည၏ အမှောင်ထု အတွင်းတွင် ညလူတစ်ချို့ လှုပ်ရှားနေသည် ။

သူတို့သည် ညမှအလုပ်လုပ်သော သူများဖြစ်သည် ။

မည်သူတို့ဖြစ်မည်နည်း ။

ဧကန်စင်စစ် လူကြီးလူကောင်းများ မဖြစ်နိုင်ပါ ။

ပုန်းလျှိုးကွယ်လျှိုးဖြင့် ခြေသံလုံလုံ လျောက်လှမ်းလာကြသည် ။

သူတို့ ရောက်ရှိနေသည့်နေရာကားးး ရပ်ကွက်လေးတစ်ခုအတွင်းမှ ခရီးသည်တင် ဘတ်စ်ကားတစ်စီးအနီးတွင်ဖြစ်သည် ။

ထို ဘတ်စ်ကားသည် ခြံဝင်းတခုရှေ့တွင်ရပ်ထားသည် ။

ခြံထဲတွင် နှစ်ထပ်တိုက်ခံအိမ်လေးရှိနေပြးီ မဲမှောင်တိတ်ဆိတ်လျှက် .……………

 

တစ်ယောက်သောသူသည် လူရိပ်လူခြေကြည့်ရန်တာဝန်ယူလျက် ကျီးကန်းတောင်မှောက် အကဲခတ်နေသည် ။

တစ်ယောက်သောသူကားးး ……

ကားဆီတိုင်ကီ အဖုံးက်ို ဖွင့်လျှက် ………

ထိုစဉ် ………

တစ်ယောက်သောသူသည် ခြံဝင်းအတွင်းရှိ တိုက်အိမ်ဝရံတာအား အမှတ်မထင်ကြည့်မိလေသည် ။

ရုတ်တရက် …… အံဩ ထိတ်လန့်လွန်းသဖြင့် မလှုပ်နိုင် မအော်နိုင် ။

ထို့နောက် ……

 

“” အားးးးးး .…… “”

 

ဝမ်းခေါင်းသံကြီးဖြင့်အော်ပြီး ခြေကုန်သုတ်၍ပြေးသည် ။

နောက်လူများလည်း ဝရံတာပေါ်သို့ကြည့်မိပြီးသည်နှင့် လက်ထဲမှ ပစ္စည်းကိရိယာများအား ပစ်ချပြီးပြေးကြသည် ။

 

နံနက်လင်းသော် …………

စပယ်ယာလေး ကြွက်နီသည် ဆီပုံးခွံများ ပိုက်များ သံတူရွင်းများကိုကားအနီးမှကောက်ယူပြီး ……

တစုံတရာအား အဖြေမရသည့်နယ် ခေါင်းခါယမ်းလိုက်လေသည် ။

ထို့နောက် ခြံထောင့်ရှိ ပစ္စည်းဟောင်းများထားသည့်နေရာတွင် ပစ်ထည့်ထားလိုက်လေတော့သည် ။

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ပုစ္ဆာ၏ အစ ###

 

 

 

တစ်ခုသောတန်ဆောင်မုန်းလ၏ လ မပြည့်မှီ ည တစ် ည ……

 

ခရီးသည်တင် ဘတ်စ်ကားရပ်ထားသော ခြံဝင်းထဲတွင် မီးများလင်းထိန်နေသည် ။

ယခင်က တိတ်ဆိတ်လျှက်ရှိသောနှစ်ထပ် တိုက်ခံအိမ်လေးထဲတွင်လည်း လူများစီကားနေသည် ။

အဘယ်ကြောင့်နည်း ။

 

အကြောင်းကားးး ……

ထိုညသည် အဆိုပါ ဘတ်စ်ကားပိုင်ရှင်လူရွယ်၏ မင်္ဂလာမဆောင်မှီ ညဖြစ်သောကြောင့်ဖြစ်သည် ။

ထိုလူရွယ်၏ သူငယ်ချင်းများ ဆွေမျိုးများဖြင့် စည်ကားနေလေသည် ။

ည ၁ဝ နာရီခန့်တွင် အားလုံးအိပ်ကြလေပြီ ။

မနက်ခင်းတွင် မင်္ဂလာဧည့်ခံပွဲရှိနေသည်မို့ ဒရိုင်ဘာလုပ်သူအား သတို့သားလူရွယ်မှ အရက်မသောက်ရန် တားမြစ်ထားသည် ။

သို့သော် ထိုဒရိုင်ဘာသည် ရမ်အရက် နှစ်ပက်မျှသောက်ပြီးနေလေပြီဖြစ်သည် ။

 

 

ညလယ်ခန့်တွင် အိမ်ပေါ်ထပ်၌ စုဝေးအိပ်စက်နေသော အမျိုးသားအုပ်စုတွင်းမှ စူးစူးဝါးဝါး အော်သံထွက်ပေါ်လာသည် ။

ရုန်းရင်းဆန်ခတ် အနည်ငယ်ဖြစ်သောကြောင့်အားလုံးလန့်နိုးလာကြသည် ။

ဒရိုင်ဘာလုပ်သူသည် မျက်လုံးအကြောင်သားနှင့် အလွန်ထိတ်လန့်လျှက်ရှိနေလေပြီ ။

 

” ဘာဖြစ်တာလဲ မောင်နိုင် ”

” ကျနော် …… ကျနော် … ကျနော့်ကို လူတစ်ယောက်က ရင်ဘတ်ကိုတက် … တက် … နင်းထားလို့ …… ”

 

သူ့ဘေးမှာအိပ်သော သူက ပျာပျာသလဲဖြင့် ……

“” ဟာကွာ ငါမင်းနဲ့အဝေးကြီးအိပ်တာပါ မနင်းပါဘူး “”

“” ဟုတ်တယ် မနင်းပါဘူူး ”

” ဟုတ်တယ် အဝေးကြီးပါ ”

” မင်းကို မနင်းပါဘူးမောင်နိုင် မင်းအရက်ကြောင် ကြောင်နေတာ ”

‘” ဟုတ်တယ် ဒီကောင်အရက်ကြောင်ပြီး အိမ်မက်မက်တာ ဟားဟား ဟား “”

” ဟား ဟား ဟား “”

 

ထိုညက ဒရိုင်ဘာမောင်နိုင် ပြန်အိပ်မရခဲ့ပါ ။

သူ့ အပြောအရ အိပ်ပျော်သည်နှင့် ရင်ဘတ်ကိုတက်နင်း ခံရသည် ဟု ……

သို့သော် …… မည်သူမှယုံကြည်ခြင်းမရှိခဲ့ပါ ။

မောင်နိုင် အရက်ကြောင်ပြီး လျောက်ပြောနေသည်ဟုသာ ရယ်မောပစ်ခဲ့ကြပါသည် ။

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 

 

 

 

 

 

 

ပုစ္ဆာ၏ ပေးထားချက် ###

 

 

 

” ဟေ့ကောင် … ထ ထ ဘုရားစင်မီးလောင်နေတယ် ……””

 

ကျုပ်အိပ်ပျော်နေတဲ့ခုတင်ခြေရင်းဖက်က ယောက်ကျားကြီးတစ်ယောက်ရဲ့အသံကိုကြားလိုက်ရတယ် ။

ကျုပ် ကျုပ် မီးလောင်တယ်ဆိုတဲ့အသိနဲ့ လန့်နိုးသွားတာပေါ့ ။

မီးမှောင်မှောင်မဲမဲ နဲ့ ကျုပ်လည်း အခန်းအပြင်ပြေးထွက်မိတယ် ။

 

” ဟာ …… မီးတွေ မီးးးး တွေ ……

ကမန်းကတမ်း ဘုရားစင်ပေါ်ကသောက်တော်ရေခွက်နဲ့ပက်ပြီး အနားက ၂ဝ လီတာဝင် ရေသန့်ဘူးနဲ့လောင်းချလိုက်တာပေါ့ .……

ဟူးးးး တော်ပါသေးရဲ့ ……

သစ်သားနဲ့လုပ်ထားတဲ့ ဘီရိုဘုရားစင်ပန်းတင်ခုံတော့မီးကျွမ်းသွားပြီ ။

စင်အောက်က ဖယောင်းပုဆိုးလည်း မီးနဲနဲကျပြီးလောင်သွားလို့မီးကျွမ်းသွားတယ် ။

ကံဖယ်လို့ဗျာ … မဟုတ်ရင် ဘုရားစင်နဲ့ကပ်လျက် ကျုပ်တို့အခန်းကို မီးစွဲမှာ …

ကျုပ်တို့ လင်မယားနှစ်ယောက် ဘာဘီကျူမဖြစ်သွားတာကံကောင်းဗျို့ ……

 

” ဘာဖြစ်တာလဲ အစ်ကို ……”

ကျုပ်မိန်းမက အိပ်ယာကနိုးလာပြီး လှမ်းမေးတယ် ။

ကျုပ်နာရီကိုလှမ်းကြည့်လိုက်တော့ ညလယ် ၁၂ နာရီခွဲ ။

 

“” ဘာမှမဖြစ်ဘူးမိန်းမ ဘုရားစင်ပေါ်မှာ ဖယောင်းတိုင်ထွန်းထားတာက အောက်ခံကြွေခွက်ကွဲပြီး မီးလောင်တာ ပြန်အိပ်တော့ ……”

 

” ဟယ် …… ကံကောင်းလို့အစ်ကိုရယ် …… အစ်ကိုနိုးလာလို့ဘဲ … နောက်ဖေးခန်းမှာ ဒီဇယ်ဆီတွေနဲ့ လောင်များလောင်သွားရင်တော့ …… ”

ကျုပ်မိန်းမက စုတ်တသပ်သပ်နဲ့ပြောတော့ ကျုပ်လည်း အခုမှ ခေါင်းနပန်းကြီးသွားတယ် ……

 

ဟုတ်တယ် …… ကျုပ်ကို လူကြီးတစ်ယောက်က နှိုးလိုက်တာလေဗျာ ……

ဟာာာ ……… ဒါဆို ဒီလူကြီးအိမ်ထဲရောက်နေတာပေါ့ ……

နေဦး နေဦး ဘယ်များရောက်သွားသလဲ ……

ကျုပ် ဓတ်မီးဆွဲပြီး ဟိုဟိုဒီဒီ ရှာမိတယ် ။

 

ဟင် !!! နေစမ်းပါဦးးး ……

ကျုပ် အိမ်တံခါးတွေလည်း အထဲကနေ ချက်တွေချထားတာလေဗျာ ။

ပြီးတော့ …… ကျုပ်အိပ်ခန်းတံခါးကလည်း ချက်ချပြီးပိတ်ထားတာ ……

ဒီလူ ဘယ်လိုများဝင်လာတာပါလိမ့် ? .?

 

“အစ်ကို ဘာရှာနေတာလဲ ဘာပျောက်လို့လဲ “”

 

ကျုပ်မိန်းမ မေးတော့မှ ကျုပ်ပျောက်နေတဲ့အရာအကြောင်း တွေးမိလိုက်တယ် ……

ဖျန်းးး ကနဲ ထလာတဲ့ကြက်သီးဖုတွေရယ် …… တဒိတ်ဒိတ်ခုန်နေတဲ့နှလုံးခုံသံရယ် ………

ကျုပ် …… ကျုပ် …… ရုတ်တရက် စကားမပြန်နိုင်ဘူး ……

တဒင်္ဂ ဆွံ့အ သွားတာပေါ့ … ပြီးမှ

 

“” သွား သွား အခန်းထဲဝင်အိပ်နှင့် ငါ အရှေ့မှာခဏရှင်းလိုက်ဦးမယ် ”

 

ကျုပ်လည်း ခုံတစ်လုံးပေါ်ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ် ။

ပြီးတော့ …… ဖြစ်ရပ်တွေကိုတစ်ကွက်ခြင်းနောက်ပြန်စဉ်းစားရင်း ကျုပ်ကိုနှိုးလိုက်တဲ့ လူကြီးအသံကိုပြန်ကြားယောင်မိတယ် ။

သေချာပါတယ် …… အပေါ်ထပ်တက်တဲ့လှေခါးတံခါးက်ို သော့ခတ်ထားတာကြာပြီဘဲ ……

အိမ်တံခါးနဲ့ အခန်းတံခါးတွေလည်း အားလုံးပိတ်ပြီးသားဗျ ……

 

ဒီလိုဆို သူကျုပ်တို့နဲ့ အတူတူရှိနေတာကြာပြီပေါ့ ……

သူဘာကြောင့် ကျုပ်တို့ကိုအတွေ့မခံတာလဲ ?

ကျုပ်တို့ကလည်း ဘာကြောင့်သူ့ကိုသတိမထားမိခဲ့တာလဲ?

 

ဒီလိုနဲ့ …… ရေတစ်ခွက်အဝသောက်ပြီး ပြန်အိပ်ဖို့ ကြိုးစားမိတယ် …………

အဲဒီညက ကျုပ်အိပ်မပျော်ဘူး ……………

 

မိုးလင်းတော့ ……

ကျုပ်ညက အိမ်မက်များ မက်ခဲ့တာလားလို့ ……

ဒါပေမယ့် မီးကျွမ်းထားတဲ့ ဘုရားစင်ကပန်းတင်ခုံရယ် ရေတွေရွှဲစိုနေတဲ့ ဖယောင်းပုဆိုးရယ် ကျုပ်ကို ပုစာ္ဆ တွေပေးနေတော့တာဘဲ ။

ဒါ …… အိမ်မက် မဟုတ်ဘူူး …… မီးတကယ် လောင်ခဲ့တာပေါ့ ……

ကျုပ်ကိုလည်း လူကြီးတစ်ယောက်က တကယ်နှိုးခဲ့တာပေါ့ ………

 

ကျုပ် မယုံဘူးးးး

ကျုပ် မယုံ ဘူးးး

ကျုပ် လုံးဝ မယုံဘူးးးး

ကျုပ် ကျုပ် ကျုပ် ဇနီးကိုလှမ်းအော်ပြီးမေးလိုက်တယ် ……

 

“” ဟေ့ မိန်းမ !!! ဘုရားစင်မှာ မီးကျွမ်းနေတာ မင်းလုပ်လိုက်တာလား ? ? ?

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ထို ရပ်ကွက်အတွင်းရှိ ဘတ်စ်ကားပိုင်ရှင် လူရွယ်သည် အဆိုပါခြံဝင်းတွင် တစ်နှစ်ခန့်သာငှါးနေပြီး အခြားမြို့တစ်မြို့သို့ပြောင်းရွေ့သွားလေသည် ။

အလုပ်ပေါင်းများစွာ ၊ နေရာပေါင်းများစွာ ပြောင်းရွေ့လုပ်ကိုင်ပြီးနောက် ထိုမြို့လေးသို့ အလည်အပတ် ရောက်ရှိလာခဲ့လေသည် ။

ထိုလူရွယ်မှာ လူလတ်ပိုင်းသို့ပင် ချင်းနင်းဝင်ရောက်လာလေပြီဖြစ်သည်။

 

ထို့နောက် ၁ဝ နှစ်ကျော်မျှ ခွဲခွါခဲ့သော ထိုရပ်ကွက်လေးထဲမှမိတ်ဆွေတချို့နှင့် လက်ဖက်ရည်သောက်ကြသည် ။

ကြုံရဆုံရ ဘဝများစွာက်ို ပြန်လည်ပြောကြသည် ။

သို့နှင့် ငှါးရမ်းနေထိုင်ခဲ့ဖူးသော အိမ်လေးအကြောင်း စကားရောက်သွားသည်တွင် .…………

 

“” အစ်ကိုက ဒီအရပ်ကမဟုတ်တော့ အဲဒီအိမ်အကြောင်းဘယ်သိမလဲဗျ ……

အခုတော့ မနေတော့ဘူးဆိုတော့ ပြောပြလို့ရပါပြီဗျာ ဒီလိုအစ်ကိုရေ့ ………

.

.

.

.

အဲဒီ တိုက်ခံအိမ်လေးမှာ အခုချိန်ထိ နေဖူးသူဆိုလို့ အစ်ကိုတစ်ယောက်ဘဲရှိခဲ့တာပါဗျာ …

ဘယ်သူမှနောက်ထပ် လာမနေရဲဘူးဗျ …

အစ်ကို ငှါးမနေခင် ၅ နှစ်လောက်ကတည်းက အိမ်ပြန်ဆောက်ပြီး ဆိုးဝါးတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့တယ်လေ …

ဝမ်းနည်းစရာကောင်းသလို ထိတ်လန့်စရာလည်းကောင်းလွန်းလို့ လူတွေက ဝေးဝေးရှောင်ကြတာ ။

အစ်ကိုလာငှါးနေတော့ အားလုံးက ရင်တထိတ်ထိတ်နဲ့ ဘာဖြစ်မလဲစောင့်ကြည့်နေကြတာပေါ့ ။

အစ်ကိုပြောင်းသွားတော့မှ အားလုံးက သက်ပြင်းချနိုင်ခဲ့တာ “”

 

 

 

 

 

 

 

 

 

 

 

 

 

“” ဘာမှ မဖြစ်ခဲ့တာတကယ်ကံကောင်းတယ်အစ်ကိုရေ ………

အဲဒီခြံထဲက ကီလိုမာလကာသီးတွေတွေ့တယ်မဟုတ်လား … ဘယ်ကလေးမှ မခူးရဲဘူးဗျ ။

အစ်ကို့ ကို အခုမှပြောပြရတာခွင့်လွှတ်ပါဗျာ .……

မယုံမှာစိုးတာတကြောင်းးး ပြီးတော့ အဲဒီတုန်းက မပြောရဲခဲ့ဘူးအစ်ကို ။

ဒီလိုဗျ ………

သူတို့ အဖြစ်ဆိုးတွေကို အစ်ကိုသိရင်ကျနော်တို့မပြောပြရဲခဲ့တာ နားလည်ခွင့်လွှတ်မယ်ဆိုတာမျှော်လင့်ပါတယ်ဗျာ …… ကဲ ကဲ …… စိတ်သာခိုင်ခိုင်ထားတော ့အစ်ကို ။

ကျနော်ပြောပြမယ် …………

.

.

.

.

.

.

.

.

.

………………………………………………………………………………

……………………………………………

……………………””

 

 

 

မှတ်ချက် ။

 

ကာယကရှင်၏ ဆွေမျိုးများရှိနေပါသေးသဖြင် ့ ၎င်းနှင့်ပတ်သက်သော ဖြစ်ရပ်များအား ချန်လှပ်ခဲ့ရသည်ကို နားလည်ခွင့်လွှတ်ပေးပါရန် ။

 

 

 

 

 

လေးစားလျှက်

မောင်ဆာမိ

 

 

 

 

 

 

37 comments

  • တောင်ပေါ်သား

    October 11, 2014 at 2:52 pm

    နောက်တစ်ပိုင်း မြန်မြန်လုပ်ပါ ဆရာရေ

    တစ်ပိုင်းနဲ့ မပြီးတော့လည်း တစ်လုံး အဲ အဲ ဟုတ်ပေါင် နောက်တစ်ပိုင်းပေါ့ ၊ 🙂

    • surmi

      October 11, 2014 at 2:56 pm

      ဒီအပိုင်းကတော့ ဒီတင်ပါဘဲ ဗျို့ 🙂
      နောက်ထပ် အဖြေမထွက်တဲ့ပုစ္ဆာများသာ အများကြီးရှိနေပါသေးကြောင်းးးးး

  • Mr. MarGa

    October 11, 2014 at 2:57 pm

    ပေးထားချက်ကို နိဒါန်းနဲ့တွဲ အစကိုပါ ဖြည့်မှ နည်းနည်း လည်တည်တည်ဖြစ်သွားတယ်
    ကျနော်ထင်တာတော့ ဒီပုစ္ဆာ ဒီမှာ ဆုံးသလား လို့ 🙂

    • surmi

      October 11, 2014 at 3:04 pm

      အမှန်ဘဲ မောင်သဂျားး
      ဒီအဖြစ်အပျက်က ဒီမှာဆုံးပေမယ့်
      နောက်ထပ်ပုစ္ဆာအသစ်တွေကျန်သေးတယ် ဟဲဟဲ

  • kai

    October 11, 2014 at 2:57 pm

    ပုဏ္ဍကတိုက်တယ်.. ဘီလူးစီးတယ်ဆိုတာ.. တကယ်ရှိပါတယ်..။
    မြန်မာပြည်တင်မဟုတ်.. ဂျပန်နဲ့အနောက်နိုင်ငံတွေမှာလည်း.. ဖြစ်ကြောင်း..။ :k:

    • surmi

      October 11, 2014 at 3:02 pm

      အဲဒါ သဂျီးပြောတာနော်
      ကျနော့်အဖြေမှာ မပါဘူး :mrgreen:

    • Yae Myae Tha Ninn

      October 11, 2014 at 3:12 pm

      ပုဏ္ဏား အကတိုက်တာလား… တဂျီး… 🙂

      အော်… အခုမှ ပဲ ပေါ်တော်မူလာတယ်ဗျာ… ကိုဆာမိရေ… 🙂

      • surmi

        October 11, 2014 at 3:55 pm

        ရေမြေ့သနင်းရေ
        ခင်ဗျာ း ခေါ်သံကြားလိုက်ပါတယ်
        တိုင်ပတ် က နေလို့ပါ ဟားဟား

        • Yae Myae Tha Ninn

          October 11, 2014 at 4:26 pm

          ပြီးရင် ဘယ်လောက်ကြာကြာ ထပ်ပျောက်ဦးမှာလဲ… 😛

  • Crystalline

    October 11, 2014 at 3:14 pm

    အစ်​ကိုဝမ်​းကွဲအိမ်​မှာလည်​းရှိသတဲ့.. အစ်​ကိုက မျက်​စိနဲ့ကိုမြင်တာတဲ့.. သူတို့ကို အန်​ဒရယ်​လည်​းမ​ပေး​တော့မနှင်​တဲ့.. တကယ်​တမ်​း သူတို့အိမ်​မှာ လင်​က တစ်​ဘုရား.. မယားက တစ်​ဘုရား.. မ​ကြောက်​တတ်​ကြ​တော့​အေး​ဆေး​နေကြတာပဲ.. :))

    • surmi

      October 11, 2014 at 3:57 pm

      ဒေါ်ခွစ် ပြောသလိုဆို သဂျီးဆီပို့လိုရသဗျ
      ဘာတဲ့ မီလျံ ဘစ်ဇစ်နက် ဆိုလား
      (သူမပြောခင်ကြိုပြောထားတာ :mrgreen: )

      ကျနော်ကတေည့အဖြေမထွက်ဘူးနော်
      ကိုယ့်ဟာကိုထုတ်ကြ

      :kwi:

  • weiwei

    October 11, 2014 at 3:36 pm

    ရုပ်ရှင်ရိုက်လို့ရတယ် .. အခု ဆင်ဆာခွင့်ပြူပြီဆိုတော့ ..
    ရွာသူားတွေကို မင်းသား မင်းသမီးတင်ပြီး ဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ပါလားဟင် …

    • surmi

      October 11, 2014 at 3:59 pm

      ကဲဗျာ ……
      မြှောက်ပေးနေပြီ
      ဘယ်သူ ပိုက်ပိုက်ထည့်မလဲပြော
      ရိုက်ပစ်လိုက်မယ် မညှာတမ်း :mrgreen:

  • ကေဇီ

    October 11, 2014 at 3:40 pm

    Good idea, Wei..!
    သများး က သရဲမ နေရာ က နေမယ်
    ဂုတ် ချိုးး ချင် တဲ့ သူ စာရင်းး ယူမားးး ဆာဆာ

    :kwi:

    • surmi

      October 11, 2014 at 4:02 pm

      နေပါဇီ မမြရင် :kwi:
      ကျုပ်ကို တရားခံမရှာပါနဲ့ ဟေးဟေး
      သရဲမ အခန်းနောက်တစ်ပုဒ်မှာ ပါစေရပါမယ်
      အဲဒီတော့မှ စိတ်ကြိုက်ချိုးဗျား :mrgreenn:

  • Iris

    October 11, 2014 at 4:01 pm

    အိမ်​မက်​ထဲမှာနှိုးခံရဘူး တယ်​။ စိတ်​စွမ်​းအင်​တစ်​ခုခုလို့ယုံကြည်​တယ်​။ ကိုယ်​ကို့အိမ်​မက်​ထဲမှာနှိုးတဲ့သူကအပြင်​မှာတကယ်​ရှိ​နေ​သေးတယ်​။ :-D. သရဲမဟုတ်​​ဘူး။ သူနှိုးလို့လန်​့ပြီးနိုးလာတယ်​။မဟုတ်​ရင်​အိပ်​ယာထ​နောက်​ကျပြီး ရုံးကားမီနှိုင်​ဖွယ်​မမြင်​။
    စိတ်​စွမ်​းအင်​ကိုယုံကြည်​တယ်​..တစ်​ခုခုဖြစ်​​တော့မယ်​ဆိုနည်​းနည်​းအနံ့အသက်​ရ​နေသလို။ ၁၀၀% မှန်​လားဆို​တော့လည်​းမဟုတ်​ပြန်​ဘူး။

    • surmi

      October 11, 2014 at 4:08 pm

      အမ် !! ဂျီးတော်
      အဲသလိုမျိုး လည်း ခတ်ဆင်ဆင်ကြုံဖူးသဗျ
      ပြောရခက်သမို့ ထည့်မရေးတာ ။
      ကျနော်လူတချို့ကိုတော့ အကြောင်းတိုက်ဆိုင်တဲ့အခါပြောဖူးတယ်
      ရွာသူားအချ်ု့ကိုလည်း အပြင်မှာပြောပြဖူးတယ်
      နောက်မှ အဆင်ပြေရင်ရေးပါဦးမယ် ။
      တကယ်တော့ ………
      ယုံစရာမကောင်းသော ဖြစ်ရပ်မှန်တွေဟာ လူတိုင်းလူတိုင်း သူ့နည်းသူ့ဟန်ကြုံဖူးတာပါဘဲလေ

  • pooch

    October 11, 2014 at 4:09 pm

    ဇာတ်လမ်းကတော့ လှပြီ စောင့်နေတယ် ကိုဆာမိ မြန်မြန်နော်….

    • surmi

      October 11, 2014 at 4:18 pm

      ဟဲဟဲ
      အဲဒီမြို့ကို ဒေါ်ပုချ် သိမှာပါ
      .
      .
      အပြင်မှာ တကယ်ရှိနေသေးလို့ တချ်ု့အမည်တွေဖြောက်ထားတာ ။
      နောက်ထပ်အကြောင်းရာတွေကတော့ အများကြီးဘဲ ဗျ ။
      တစ်ခါက ရွာသားတချို့နဲ့ပြောဖြစ်ခဲ့တာ တစ်နာရီနီးပါးဘဲ 🙂

      • pooch

        October 11, 2014 at 4:56 pm

        အော် သများတို့ ဇာတိမြို့လား

  • မြစပဲရိုး

    October 11, 2014 at 4:50 pm

    သူက စောင့်ရှောက် နေတာဘဲဟာကို။
    ကြောက်စရာမကောင်းဘဲ ကျေးဇူးတောင်တင်ရမှာ။
    .နေ့စဉ် မေတ္တာပို့ အမျှဝေ တိုင်း သူ့ကိုပါ စိတ်ထဲ ထားပြီး ပေးလိုက်ပေါ့။

    ဘာရယ်မဟုတ် ဒေမီမိုး ပါတဲ့ Ghost ရုပ်ရှင်ကား ကို သွားပြီး သတိရတယ်။
    အဲဒီ နာနာဘာဝလောက ထဲ မှာတောင် အကောင်း အဆိုး ဆရာ့ ဆရာကြီး တွေ အဆင့်ကွဲ သေးတာကို။
    လူ့လောကထဲမှာ အဆင့်ကွဲ တာများ သနားတောင် သနားသေး။ :))

    အသံလေးပြန်မြင်ရတာ ဝမ်းသာလှတယ် ကဆာမိ။
    ပစ်မထားပါနဲ့တော်။ :))

  • kai

    October 11, 2014 at 4:56 pm


    ပဟေဠိဆန်စွာ နေအိမ်ကို ခဲဖြင့်ပစ်ပေါက်နေမှု ဖြစ်ရပ်ဆန်းကြောင့်
    ဒေသခံပြည်သူအချို့ စိတ်ဝင်တစားဖြစ်နေ၊ ယခုတိုင်လက်သည်မပေါ်သေး

    တောင်သာ၊ အောက်တိုဘာ ၃။

    မန္တ လေးတိုင်းဒေသကြီး တောင်သာမြို့ နယ်ရှိ နေအိမ်တစ်အိမ်မှာ နေ့စဉ် ခဲဖြင့် ပစ်ပေါက်ခံနေရသည့်အတွက် ဒေသခံအချို့ စိတ်ဝင်စားလျက်ရှိပြီး စက်တင်ဘာ ၁ရရက်က တောင်သာ မြို့မရဲစခန်းသို့ တိုင်ကြားခဲ့သော် လည်း အောက်တိုဘာ ၃ရက်အထိ လက်သည် ဖော်ထုတ်နိုင်ခြင်းမရှိ သေးကြောင်းသိရသည်။

    ဖြစ်စဉ်မှာ တောင်သာမြို့နယ် အမှတ်(၆)ရပ်ကွက်နေ အငြိမ်းစား ဆရာကြီး ဦးတင်ရ ၈၂နှစ်သည် ဇနီး ဖြစ်သူ ဒေါ်အေးရွှေ ၈ဝနှစ်နှင့် အ သက် ၁၂နှစ်အရွယ်မြေးဖြစ်သူနှင့်အတူ နေထိုင်လျက်ရှိပြီး ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် အိမ်၏မြောက် အရပ်မှ ခဲများကျခဲ့ကြောင်း၊ ခဲများ ကျရောက်သည့် အချိန်မှာလည်း နေ့ စဉ် နံနက် ၅နာရီ၊ မွန်းတည့် ၁၂နာ ရီ၊ ညနေ ၄နာရီမှ ည ၈နာရီဝန်းကျင် ခန့်တွင်ဖြစ်ကြောင်း ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံ အသိပေးတိုင်ကြားခဲ့သည်။

    ”သံသယရှိတဲ့ အိမ်နီးချင်းတွေ ကို သတိပေးထားပါတယ်။ သူတို့ မပေါက်ဘူးလို့ပြောတယ်။ ခဲကတော့ နေ့စဉ်ကျနေပါတယ်”ဟု ရဲစခန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူးတွေကို တင်ပြထားတယ်။ စခန်းမှာ အမှုဖွင့်ဆောင်ရွက်နေပါ တယ်”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

    ဖြစ်စဉ်အား တာဝန်ရှိသူများ နှင့် ပြည်သူတချို့ပူးပေါင်းလေ့လာ စောင့်ကြည့်ခဲ့ကြပြီး ပစ်သံပြောင်းလဲ မှုဖြစ်စဉ်ကို လေ့လာနိုင်ရန် ပင်မအိမ် အမိုးတစ်ခုလုံးကို ပိုက်စိမ်းဖြင့် လွှမ်း ခြုံထားသော်လည်း အိမ်ဝိုင်းအတွင်း ပိုက်မရှိသည့် စောင်းအဖီနှင့် ယခင် ခဲမကျဖူးသည့် မျက်နှာချင်းဆိုင်မှ အိမ်ပေါ်သို့ လမ်းကြောင်းပြောင်း ကျရောက်နေကြောင်း သိရသည်။

    ”အစကတော့ သာမန်ခဲကျတယ် ပဲထင်တာ၊ ပြဿနာက စဉ်းစားရ ခက်တယ်။ တစ်ဖက်က စွပ်စွဲတယ်။ တစ်ဖက်ကလဲ ငြင်းတယ်။ အိမ်နီး ချင်းတွေကလဲ ကြားတယ်လို့တော့ ပြောတယ်။ မမြင်ကြဘူး။ လှည့်ကင်း အဖွဲ့နဲ့ တာဝန်ကျရဲဘော်တွေကို အ လှည့်ကျစောင့်ခိုင်းထားတယ်။ ခဲမှန် တဲ့အိမ်နဲ့ ခဲလာတဲ့ဘက်ကို စစ်ဆေး နေချိန်မှာလဲ ပစ်ပေါက်တာ တွေ့ရ တယ်။ မျက်မြင်ကိုယ်တွေ့ မမြင်ရတဲ့ အတွက် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက် နဲ့ဖော်ထုတ်ဖို့ မခိုင်မာသေးလို့ ကြန့် ကြာနေတာပါ။ ပစ်တတ်တဲ့အချိန်မှာ အင်အားများများနဲ့ ပိတ်ဆို့ရှာဖွေဖို့ စီစဉ်ထားပါတယ်”ဟု မြို့မရဲစခန်းမှူး က ပြောပြသည်။

    ”ဒီကနေ့ညနေပိုင်းမှာ ရဲတပ်ဖွဲ့ တွေ၊ ဒေသခံအဖွဲ့အစည်းတွေ၊ ပြည် သူတွေ ပူးပေါင်းပြီးတော့ ခဲပေါက်ခံ ရတဲ့အိမ်နဲ့ သံသယရှိတဲ့အိမ်တွေရဲ့ အနီးပတ်ဝန်းကျင်မှာ ညပိုင်းအထိ စောင့်ကြည့်သွားမယ်။ အဲဒီအိမ်ထဲ ကလူတွေကိုလဲ အပြင်ထုတ်ထား မယ်။ အဲဒီအိမ်တွေထဲကို တာဝန်ရှိ သူတွေက ဝင်ပြီးတော့ စောင့်ကြည့် မယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

    အိမ်နီးချင်းများကလည်း တိကျ သေချာသော ပြောဆိုမှုမျိုးမရှိဘဲ ပရိတ်ရွတ်ခြင်း၊ ကမ္မဝါဖတ်ခြင်း၊ မေတ္တာပို့ခြင်း၊ ဂိုဏ်းဆရာများဖြင့် စီမံခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း သိရသည်။

    ”တချို့ကလဲ ပုဏ္ဏကတို့၊ ဝိဇ္ဇာ ပညာတို့နဲ့ လုပ်ထားတာ။ မမိနိုင်ဘူး တဲ့၊ ဒီလောက်ကြာလာတော့မဖြစ်နိုင် ဘူး။ လူပစ်တာပါ။ ပတ်ဝန်းကျင် အားလုံးလဲ စိတ်မကောင်းဖြစ်နေ တယ်။ အဘိုးကြီးအဘွားကြီးတွေကို လဲ သနားပါတယ်။ အားလုံး ညံ့ရာ ကျနေတယ်”ဟု အိမ်နီးချင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

    အဆိုပါအမှုကို မြို့မရဲစခန်းက ပြစ်မှုပုဒ်မ-၃၃၆ဖြင့် အမှုဖွင့်စစ်ဆေး ဖော်ထုတ်လျက်ရှိပြီး ပြည်သူတချို့ပါ ပူးပေါင်းပါဝင် စိတ်ဝင်စားလျက်ရှိရာ ပဟေဠိဆန်သော ဖြစ်ရပ်ဆန်းများ ကြောင့် အချိန်ကြာမြင့်လာပါက နား လည်မှုများ လွဲမှားကာ မလိုလားအပ် သည့် ပြဿနာများ မဖြစ်ပေါ်စေရေး ဝိုင်းဝန်းကူညီရန် လိုအပ်နေကြောင်း သိရသည်။

    #Democracytoday

    (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

  • မွသဲ ( 17082011 )

    October 11, 2014 at 9:24 pm

    ဟမ် ဒလိုဂျီးစက်ရက် အဲ့ရက်စက်ထားခဲ့တော့မှာလားဟင် 😥 အောက်မှာတော့အဖြေတွေ့ပြီမှတ်တာ တန်းလန်းပါလား။ ကွ့ကိုယ်ဖြည့်မတွေးတော့ဘူး တွေ့မှမေးတော့မယ် :mrgreen:

  • ဦးကြောင်ကြီး

    October 12, 2014 at 2:03 am

    ဒါဆို သယဲက ကစာမိတို့ ဇုံဒွဲ အဝှာလုပ်လုပ်ကစားတာ တွေ့နေမှာပဲနော်.. ကြည့်ချဉ်လိုက်ထှာ သုလို…

  • မဟာရာဇာ အံစာတုံး

    October 12, 2014 at 12:42 pm

    နှောက်ယှက်တာလည်း ပါတယ်
    ကူညီတာလည်း ပါတယ် …
    သေဂျာတာတော့ တစ်ယောက်တည်း ဟုတ်လောက်ဘူးပဲ .. (အထင်)

    ဒါနဲ့ စကားမစပ် …
    ဥကြောင်ကြီး ကွန်မန့် ဖတ်ပီး .. ဟီးဟီးဟီး .. :mrgreenn:

  • ခင် ခ

    October 12, 2014 at 7:05 pm

    အခန်းဆက်လား
    တစ်စခန်းရပ်လား
    ပုစ္ဆာတွေတော့ အများကလား
    တွေးစရာတွေ ထပ်ဆင့်ပွား။

  • kai

    October 13, 2014 at 4:47 am

    “Sleep Paralysis” ဘီလူးစီး…ဆိုသည်မှာ… :k:

    Shadow People, Hat Man, Sleep Paralysis, Old Hag, Negative Energy Vampires, Djinn,

    The Shadow People are supernatural shadow-like humanoid figures that, according to believers, are seen flickering on walls and ceilings in the viewer’s peripheral vision. They are often reported moving with quick, jerky movements, and quickly disintegrate into walls or mirrors. They are believed to be evil and aggressive in nature, although a few people consider them to be a form of guardian angel.

    In 2010, the apparitions were described as one of the most regularly reported paranormal phenomena in the United States. This is attributed to occasional reports on the Coast to Coast AM show, where paranormal researcher Heidi Hollis has been interviewed several times on the subject of shadow people. Hollis believes that shadow people have always existed, that they feed upon emotions of fear, and that they can be repelled by thinking positively. Others believe that shadow people may be the extra-dimensional inhabitants of another universe.
    The stories of shadow people have been compared to those of the Raven Mocker, a witch from Cherokee Indian mythology who sometimes appears as a shadowy phantom, and the Islamic Djinn.

    Several scientific principles can be used to explain reports of apparitional experiences such as shadow people. These include sleep paralysis, illusions, or hallucinations brought on by physiological or psychological circumstances, drug use or side effects of medication, and the interaction of external agents on the human body. Another reason that could be behind the illusion is sleep deprivation, which may lead to hallucinations.

    “Sleep Paralysis” is a phenomenon in which people, either when falling asleep or wakening, temporarily experience an inability to move. More formally, it is a transition state between wakefulness and rest characterized by complete muscle atonia (muscle weakness). It can occur at sleep onset or upon awakening, and it is often associated with terrifying visions (e.g. an intruder in the room), to which one is unable to react due to paralysis. It is believed a result of disrupted REM sleep, which is normally characterized by complete muscle atonia that prevents individuals from acting out their dreams. Sleep paralysis has been linked to disorders such as narcolepsy, migraines, anxiety disorders, and obstructive sleep apnea; however, it can also occur in isolation. When linked to another disorder, sleep paralysis commonly occurs in association with the neuromuscular disorder narcolepsy.

    Energy Vampires, Incubus, Sleep Hag, Hat Man, Djinn, Slender Man, Poltergeist, Old Hag
    https://www.youtube.com/watch?v=KPIBRNDrw20

  • kai

    October 13, 2014 at 4:58 am

    Hail of Stones from Nowhere – ပုဏ္ဍကတိုက်ခြင်း..
    ===========
    They rain down on houses and people with no earthly explanation
    By Stephen Wagner – Paranormal Phenomena Expert

    THE CATALOG OF unexplained events includes many strange instances of stones falling from the sky – or somewhere. Showers of stones, often from clear skies and in areas where rockslides from mountains cannot be blamed. Hails of stones pummeling rooftops and people, often causing damage and injury.

    Investigations of these events usually end with unnerved victims and with officials scratching their heads in puzzlement or, out of desperation, inventing “explanations” that are sometimes as outlandish as the events themselves.
    ..
    • Harrisonville, Ohio, 1901 – The stone attack on this small village began on the Sunday afternoon of October 13 when, as the Buffalo Express reported, “a small boulder came crashing through the window of Zach Dye’s house.” No culprit could be found around the isolated house… and this was just the beginning. The next day, dozens of stones rained down in the heart of the village, breaking windows and striking citizens. Were mischievous kids to blame? The next day, all of the male children of the village were gathered together (how could girls do such a thing?), and stones fell for a third day. None of the villagers could detect where the stones were coming from.

    • Sumatra, 1903 – W. G. Grottendieck wrote about how small black stones, hot to the touch, came raining down in his bedroom as 1 a.m. The most bizarre aspect of this case is that the stones seemed to come through the roof without making holes in it, and they fell, he said, in a motion that was slower than would be normal.

    • Marcinelle, Belgium, 1913 – For four days in January one house was besieged by an invisible stone thrower with remarkable accuracy. Police officers began to watch the house in an attempt to catch the vandal, but one wrote in his report: “I have seen a stone arriving in the middle of a large window-pane and then came others in spiral round the first point of impact…. I even saw, in another window, a projectile caught in the fragments of the glass of the first hole it made, and subsequently ejected by another passing through the same point.” No stone-thrower was ever seen, although an estimated 300 stones struck the house.

    • Ardeche, France, 1921 – Most of these events are short-lived, lasting only a few days at most. But beginning in September, a farmhouse in France was victimized for four months. The stones dropped at all hours of the day, sometimes striking the family’s children and a clergyman who was called in to investigate. In this case, apples were also thrown and, again, with inhuman accuracy: apples came speeding in through small holes in the shudders made by previous apples.
    http://paranormal.about.com/cs/earthmysteries/a/aa042604_2.htm

    • kai

      October 13, 2014 at 5:01 am

      ငယ်ငယ်က.. ကျုပ်အဖေဖမ်းမိဖူးတဲ့.. ပုဏ္ဍကတိုက်တာကတော့… အသက်၁၃ကနေ.. ၁ရကြားလောက်.. (သာမန်ထက်လွန်ကဲသတ္တိရှိတတ်တဲ့) ဆယ်ကျော်သက်အရွယ်ကောင်လေးတယောက်ကလုပ်တာပဲ..
      အဲဒီလိုအချိန်မယ်… သာမန်လူဘယ်လိုမှခဲမပစ်နိုင်တဲ့.. အကွာကနေ.. အဲဒီချာတိတ်က.. ပစ်နေတာတဲ့..
      ကံကောင်းပြီး..(ခဲကျတဲ့အိမ်နဲ့.. မဖြစ်နိုင်လောက်တဲ့အကွာအဝေးမှာ) မြေကြီးပေါ်ကခဲကိုနှိုက်ကောက်သွားတဲ့အရာတွေ့သမို့.. စောင့်ဖမ်းတာ..မိရော..။

      စာအုပ်တအုပ်မှာဖတ်ဖူးတာကလည်း.. ပုဏ္ဍကတိုက်တာတိုင်းရဲ့နောက်ကွယ်မှာ.. ဆယ်ကျော်သက်တယောက်ပါတ်သက်နေတယ်ဆိုတာပဲ..။

      ထူးပေသည့်ဆန်းရသော်.. မဟုတ်..။ :k:

      • မဟာရာဇာ အံစာတုံး

        October 13, 2014 at 2:20 pm

        ပုဏ္ဍက တိုက်တိုင်းမှာ ဆယ်ကျော်သက် တစ်ယောက်က မပါမဖြစ်ကို ပါနေရမယ်ပေါ့နော် …
        သေချာလှချေလား …
        ဘယ်လောက်တောင် သုတေသန လုပ်ထားလဲ မသိ … ဟီဟိ
        :mrgreen:

        • kai

          October 13, 2014 at 2:23 pm

          ရှားလော့ဟုမ်းလိုပေါ့..
          ဘာတဲ့.. သူပြောတာက..
          “အမှုကြီးတွေရဲ့နောက်ကွယ်တိုင်းမှာ.. မိန်းမတယောက်ပါဝင်ပါတ်သက်နေရမယ်”… တဲ့..။ :k:

        • ကေဇီ

          October 13, 2014 at 2:26 pm

          အဲလာပေါ့။
          မိန်းမတွေ ဘယ်လောက် တော်
          ဘယ်လောက် ညာဏ်ကောင်းလဲ အစိမ်းစားကြည့် (အဲလေ) စဉ်းစားကြည့်!!!

          :mrgreen:

        • kai

          October 13, 2014 at 2:48 pm

          လောကမှာမိန်းမနဲ့ယောက်ျား ၂မျိုးထဲရှိတာ..။
          ၅ဝရာခိုင်နှုန်း.. မှန်ပြီးသား.. မှန်ပြီးသား..။ :k:

  • kyeemite

    October 13, 2014 at 9:55 am

    .မတွေ့တာတောင်ကြာပေါ့ကိုရင်ဆာ…
    .ထူးဆန်းတာတွေတော့ ကြားဖူးတာပဲ..ကိုယ်တိုင်တော့မကြုံဖူးသေး
    .မြေနီကုန်းက အီလက်ထရောနစ်ဆိုင်တစ်ဆိုင်မှာ ပုဏ္ဍကတိုက်တာတော်တော်နာမည်ကြီးခဲ့ဖူးတယ်..
    .ကိုယ်တိုင်တော့သွားမကြည့်ခဲ့ဘူး :))

    • မွသဲ ( 17082011 )

      October 13, 2014 at 6:50 pm

      ဟိအိုက်ဒုန်းကကျွန်မသွားကြည့်ခဲ့သေးတယ် ဘာမှတော့မတွေ့ခဲ့ဘူး။ ညိမ်လို့

  • manawphyulay

    October 14, 2014 at 10:09 am

    ပြောပြမယ်ဆိုပြီး ဘာမှလည်း မပြောပြသေးဘူး။ ဆက်ပါဦး…

  • uncle gyi

    November 9, 2014 at 11:25 pm

    ကိုရီးယားအခန်းဆက်ကြည့်ရသလိုပါလားကိုရင်ရယ်
    အတကယ့်ကောင်းခန်းလာတော့မှဖြတ်ချလိုက်တယ်လို့
    ရှိစေတော့ဖတ်မိတာကိုး

Leave a Reply