ရ ရက် သားသမီးများအတွက် ဗေဒင်-ဦးအောင်ပိုင်(နယူးယောက်)

alinsettOctober 12, 20141min31729

ရ ရက် သားသမီး ဗေဒင်
၂၀၁၄ ခုနှစ် ၊ အောက်တိုဘာလ ၂ဝ ရက်မှ ၊ နိုဝင်ဘာလ ၂ဝ ရက် ။

————

၁ ။ တနင်္ဂနွေနေ့ဖွား ။

အလုပ် ရွှေ့ပြောင်းလိုစိတ် ဖြစ်ပေါ်နေမည်။ အလုပ်၌ ရန်ပေါ်တတ်၍ သတိထားပါ။ ငွေဝင် လာဘ်ကောင်းနေမည်။
လင်ယောကျာ်းအတွက် သောကများနေမည် ။ မိတ်ဆွေကောင်းများ၏ ကူညီမှု ရမည်။

ယတြာ ။ ။ ဘုရား၌ ပန်းသီး ၅ လုံး ကပ်လှူ ဆုတောင်းပါ။

————

၂။ တနင်္လာနေ့ဖွား ။

ဇနီးသည်၏ အကျိုးပြုခြင်း များစွာ ရမည်။ ဘုရားဖူးခရီး ၊ မြတ်သောခရီး ထွက်ရကိန်း ရှိသည်။
ငွေ ပုံမှန် ဝင်နေသော်လည်း အလုပ်၌ ရန်ပေါ်တတ်၍ သတိထားပါ။ ခင်ပွန်းနှင့် လမ်းခွဲရတတ်သည် ၊ သတိထားပါ။

ယတြာ ။ ။ မြတ်ဘုရားကို သီးသီးကပ်လှူဆုတောင်းပါ။

————

၃။ အင်္ဂ ါနေ့ဖွား ။

 

အလုပ် အထူးကောင်းလာမည်။ ရာထူးတိုးခြင်း ခံရကိန်း ရှိသည်။ ဇနီးသည်နှင့် ပျော်ရွှင်စွာ ခရီးထွက်ရကိန်း ရှိသည် ။
ခင်ပွန်း၏ ကျန်းမာရေးကို ဂရုစိုက်ပါ ။ ဆေးရုံတက်ရကိန်း ကြုံမည်။

ယတြာ ။ ။ အုန်းဆွမ်း ကပ်လှူ၍ လိုရာဆုတောင်းပါ။

————

၄။ ဗုဒ္ဓဟူးနေ့ဖွား ။

 

ခရီးသွားရင်း လာဘ်ဝင်ကိန်း ရှိသည်။ အလုပ်တိုးချဲ့နိုင်မည် ။
ရာထူးတိုးမြှင့်ခြင်း ခံရမည်။ စနေနံပစ္စည်းနှင့် ပတ်သက်၍ ပြဿနာ မှုခင်း သတိထားပါ။

ယတြာ ။ ။ မြတ်စွာဘုရားကို အုန်းသီးမုန့် ကပ်လှူပါ။ ထီး ၊ ဖိနပ် ၊ သေတ္တာပျက်များကို စွန့်ပစ်ပါ ။ စနေနံများ အဝင်မခံပါနှင့် ။

————-

၅ ။ ကြာသပတေးနေ့ဖွား ။

 

မိတ်ဆွေကောင်းများ၏ မခြင်း ခံရမည်။ အလုပ်ကောင်း၍ လာဘ်ဝင်သော ကိန်း ရှိသည်။ ငွေကုန်ကျမှုများမည်။
အကျိုးရှိသောခရီး သွားရကိန်း ရှိသည်။ အုပ်ချုပ်သူများ၏ အထင်လွဲမှားခြင်းကို သတိထားပါ။ သားသမီးသောက တွေ့မည်။

ယတြာ ။ ။ ဘုရား၌ ပန်းသီးကပ်လှူ ဆုတောင်းပါ။

————-

၆ ။သောကြာနေ့ဖွား ။

 

အလုပ်ပုံမှန် ဖြစ်နေပြီး ငွေအလွန်ကုန်သောလ ဖြစ်သည်။ မိတ်ဆွေကောင်းတွေ့မည်။ သားသမီး ကျန်းမာရေး သတိထားပါ။
လင်သားကြောင့် လာဘ်ဝင်ကိန်း ရှိသည်။ ဇနီး မယားအတွက် သောကအပူတွေ့မည်။

ယတြာ ။ ။ ဘုရား၌ ပဲမုန့် ကပ်လှူဆုတောင်းပါ။

————–

ရ ။စနေနေ့ဖွား ။

 

ငွေဝင် လမ်းဖြောင့်နေမည်။ အလုပ်သောက အနည်းငယ် ရှိနေမည်။ မိတ်ဆွေများ၏ ကူညီမှုကြောင့် လာဘ်ပေါများမည်။
သားသမီးကျန်းမာရေးသတိထားပါ။ ညံ့ကိန်း ကြုံမည်။

ယတြာ ။ ။ မြတ်စွာဘုရားထံ ပြောင်းဖူးကပ်လှူ၍ လိုရာဆု တောင်းပါ။

 

——————————————

ကျန်းမာချမ်းသာကြပါစေ ။

 

ဆရာ ဦးအောင်ပိုင်(နယူးယောက်)
——————————————————————————————————————————————————-

ဗေဒင်သုတ
အောင်ဇေယျ ဘေးရန်ကွာ အဆောင်ဓါတ်ယတြာ

 

ထိုင်းနိုင်ငံ(ယိုးဒယား)၌ အလုပ် လုပ်ကိုင်နေသူများ ၊ အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိနေသူများ ၊
ခရီးအဝင်အထွက် သွားရောက်နေကြရသူများအတွက် လွယ်ကူသော အဆောင်ဓါတ်ယတြာ ဖြစ်ပါသည်။
ကင်းမြီးကောက်ပုံ ဆွဲပြား ၊ သော့ချိပ် ၊ ရုပ်ပုံကားချပ် တမျိုးမျိုးကို ကိုယ်နှင့်မကွာ အမြဲဆောင်ထားပါ ။

ထိုင်းလူမျိုးတို့၏ နှိပ်စက်ခြင်း ၊ ဒုက္ခပေးခြင်း ၊
ရန်ရှာခြင်းမှ ကင်းဝေးချမ်းသာမည် ဖြစ်သည်။
ကောင်းမြတ်သောနေ့ကို ရွေးချယ်၍ ဆောင်ပါ ။ လူမျိုးမရွေး ၊ ဘာသာမရွေး ဤအဆောင်ဓါတ်ကို ဆောင်ထားနိုင်ပါသည်။

ဆရာ ဦးအောင်ပိုင် (နယူးယောက်)

 

29 comments

  • အလင်းဆက်

    October 12, 2014 at 9:33 am

    အမငီးးး
    သူကြီး…
    အိပ်နေလား..ထပါဦး ။
    သူကြီး နာမည်နဲ့ ပိုစ့်တင်မလို့ဟာ…
    မန်ဘာစာရင်းမှာ…သူကြီးနာမည် မတွေ့လို့…
    အဲဒါ..ကျနော့် နာမည်ကြီးနဲ့ တက်သွားပြီ။

    သူကြီး မအားလို့ ကျနော့်ကို တင်ခိုင်းတာ.. ငါးပါးမှောက်ပြီပေါ့..အဟိ။
    သူကြီးနာမည် ကိုယ့်ဖာသာပြန်ပြောင်းလိုက်တော့နော့ ။
    ကျနော် မပြောင်းတတ်တော့ဖူး ။

    :k:

    ကြားထဲက…ပိုစ့်တင်တဲ့ပွိုင့်ကို ကျနော် ရပြီ ။
    ပြန် မနှုတ်ဖူး မဟုတ်လား

    အဟိ။

    😆

    • မဟာရာဇာ အံစာတုံး

      October 12, 2014 at 12:51 pm

      ငါ .. လက်ညိုးတစ်ချောင်းတည်း ထောင်ပီး … ဟောလိုက်မယ် …
      မမှန်ရင် လည်ကို လာဖြတ်လှည့် ….

      ဒီတစ်ပတ် အတွင်း .. နင် အစာမစားဘဲ မနေစေရဘူး ….
      တစ်ခုခု စားကို စားလိမ့်မယ် …
      အဲ့ဒါ … ဗေဒင်ဘဲ …

      • အလင်းဆက်

        October 12, 2014 at 2:07 pm

        ဟ အကောင်…
        ငါဂ… အစားမစားပဲ နေနိုင်ပါတယ်ဟ… ။

        .ဖွေးဖွေးလေးသာ အနားမှ ရှိရင်…

        :k:

  • Crystalline

    October 12, 2014 at 2:23 pm

    အလုပ်ပြောင်းချင်စိတ်… ရှိသလို..မရှိသလို… မျောက်စိတ်
    အဲ့ဒီရန်တော့လား… မှတ်လောက်သားလောက်အောင်ဆုံးမပလိုက်မယ်..
    ငွေဝင် လာဘ်ကောင်း… ငင်… ဒညင်းဝက်မှားရိုက်တာလား :boss:
    သောကကတော့ ကင်းပါ့… :mrgreenn:
    မိတ်ဆွေကောင်းအကူအညီ … အင်း… အကူအညီရမှာလား… ကူညီရမှာလား :loll:

    • ဦးကြောင်ကြီး

      October 12, 2014 at 2:39 pm

      မြောက်ဆိတ်နဲ့ ခွစ်လေးကို နပေါတီး ကျွေးချဉ်လိုက်ထှာ…

    • အလင်းဆက်

      October 12, 2014 at 2:52 pm

      မှား မရိုက်ပါဘူ း တီခွစ်ရယ်

      အဲ့ဆရာကြီး လက်ရေးက အရှင်းသားရယ်
      ဟောချက်တွေကလည်း ဒုတ်ထိုးအိုးပေါက်ရယ်။
      ပြီးခဲ့တဲ့လကတော့
      ရွှေရောင်လက်ပတ်နာရီကို ကျနော့်မှာ မျှော်လိုက်ရတာ
      မရပါဘူး။

      အဲ့ကတည်းကတွေးမိတယ်။
      ဗေဒင်ဆိုတာ
      ဘာနေ့သားသမီးများ. . .ဆိုပြီး ဟောချလိုက်ပေမယ့်
      (ဥပမာ သောကြာသားသမီးများ. . .)
      ဒီလမှာ ဘာဖြစ်မည် ညာဖြစ်မည် ဆိုပြီး ဟောပေမယ့်
      ရှိရှိသမျှ(ဖတ်မိသမျှ)သောကြာသားသမီးများကို မဆိုလို
      မခြုံငုံ
      သူ ့ဟောချက်ထဲက လွတ်ထွက် ကျန်ခဲ့နိုင်တဲ့ သူတွေ ရှိနိုင်ကြောင်းးးး

      အဲ့ဒါလေး သိသွားတယ်လေ။

      ဂွိဂွိ

      :k:

  • ခင် ခ

    October 12, 2014 at 6:41 pm

    ထိုင်းမှာကင်းမြှီးကောက်ပုံတွေ ကို ထိုင်းလူမျိုးတွေ ဝယ်ဆောင်ရင်ကော ဘာဖြစ်မလဲဟင်။

  • မြစပဲရိုး

    October 12, 2014 at 9:39 pm

    ဟိုဘက်မယ် ဟိုလိုရေးထားတော့ ဒီလ မှာ တော့ ဆက်ဆက် နာမည် ဘဲ သုံးလိုက်ပါကွယ်။
    မဟုတ်ရင် “လောကပါလ ဓမ္မတရား” နဲ့ ဂွင်မလွတ် ဖြစ်နေဦးမယ်။ lol:-))

    • kai

      October 13, 2014 at 5:13 am

      ဒါတောင်အဲဒီဗေဒင်ဆရာကြီးကို.. ကောင်းတာပဲရေး.. မကောင်းတာတွေမပါစေနဲ့ဆိုပြီး.. အတင်းထိမ်းထားတာ…။

      ဂမ္ဘီရတို့ ဖျော်ဖြေရန်ပုံပြင်နှင့်ရုပ်ရှင်ဖြစ်ကြပြီ။

      ဖျော်ဖြေတယ်ဆိုမှတော့.. စိတ်ရဲ့ရသကိုးပါးထဲ.. အပျော်သဘော… အပျော်သဘော…။ :k:

  • Yae Myae Tha Ninn

    October 13, 2014 at 8:47 am

    ဟုတ်တယ်… ဆက်ဆက်ရေ… ယောကျာင်္းနဲ့ … ဟိ… 🙂

  • kyeemite

    October 13, 2014 at 9:24 am

    .အပျော်သဘော… အပျော်သဘော…။ :k:

  • တောင်ပေါ်သား

    October 13, 2014 at 9:47 am

    ( ၁ ။ တနင်္ဂနွေနေ့ဖွား ။

    အလုပ် ရွှေ့ပြောင်းလိုစိတ် ဖြစ်ပေါ်နေမည်။ အလုပ်၌ ရန်ပေါ်တတ်၍ သတိထားပါ။ ငွေဝင် လာဘ်ကောင်းနေမည်။
    လင်ယောကျာ်းအတွက် သောကများနေမည် ။ မိတ်ဆွေကောင်းများ၏ ကူညီမှု ရမည်။

    ယတြာ ။ ။ ဘုရား၌ ပန်းသီး ၅ လုံး ကပ်လှူ ဆုတောင်းပါ။ )

    ၁ = မှန်၏

    ၂ = မှန်လာနိူင်၏

    ၃ = အကြွေးဟောင်းတွေတောင် မဆပ်နိူင်သေးပါ

    ၄ = အိမ်ထောင်မရှိတော့ ဒီအချက် မပါ ၊

    ၅ = ကူညီမယ့် မိတ်ဆွေကောင်းများကို မျှော်နေပါသည် ၊

    ပန်းသီး ၅ လုံး မမေ့မလျော့ ဝယ်မည့်အကြောင်း . . . . .

    • Yae Myae Tha Ninn

      October 13, 2014 at 1:56 pm

      ဂဇက်ထဲမှာ ဂဠုန် တယ်များသကိုး…. 🙂

      • ကေဇီ

        October 13, 2014 at 2:08 pm

        ဂဠုန် ဆိုရင်ကို ကြောက်လှပါပြီ။

        :k:

        • အလင်းဆက်

          October 13, 2014 at 3:21 pm

          ဂလုံတွေ ပေါင်းပြီး
          ရွှေရောင် နဂါးမင်းဂျီးကို ဖမ်းပေးကြပါတော့လား
          ခေါင်းလောင်းထက်တောင် လူတွေ ဆိတ်ဝင်စားအုန်းမှာ
          :k:

  • ကေဇီ

    October 13, 2014 at 10:10 am

    ဟယ်။
    ဇနီးသည်နဲ့ကျ ပျော်ရွှင်စွာ ခရီးထွက်ရမတဲ့။
    ခင်ပွန်းသည်ကျ ကျန်းမာရေးမကောင်းဘူး ဆိုတော့ကာ
    နာ ဒီလ မိန်းမပဲ ယူတော့မယ်။

    :k:

    • အလင်းဆက်

      October 13, 2014 at 11:22 am

      ဂဲတူဂဲ ဇာတ်လမ်းလည်း ခင်းနိုင်တာပဲပေါ့…
      တို့ မမဂျီးတို့များ…
      ချစ်တတ်ပုံ..

      :k:

  • pooch

    October 13, 2014 at 1:57 pm

    ငွေဝင်လမ်းသာဖြောင့်တယ်ပြောတာ ထွက်တဲ့လမ်းကလည်း ဖြောင့်နေတာကြ မပြောဘူး ဒီဗေဒင် :cryy:

  • CharTooLan

    October 13, 2014 at 2:01 pm

    ကောင်းတာတွေပဲယူပီး ကောင်းလိုက်တော့မယ်
    good good 😀
    ကျေးကျေးပါ……

    • မွသဲ ( 17082011 )

      October 13, 2014 at 7:08 pm

      ချာလေးမတွေ့တာကြာလှ နေကောင်းပါစ

  • မွသဲ ( 17082011 )

    October 13, 2014 at 7:07 pm

    ဟဲဟဲဝင်ငွေလမ်းျဖြာင့်မတဲ့။ ကိုင်းကိုင်းဒီလဗေဒင်မှန်လိုက်စမ်းဟယ်။ မန်းနီးမန်းနီး ကမ်းကမ်း 🙂

    • အလင်းဆက်

      October 14, 2014 at 6:44 am

      မှန်ရင် /ငွေတွေ ဝင်ရင်
      ဒီဗေဒင်ကို စာရိုက် တင်ပြပေးရတဲ့ ကျနော့်ကို
      တစ်ဝက်ပေးပါ တဲသီ

      :k:

  • Wow

    October 15, 2014 at 4:51 pm

    ဇနီးသည်၏ အကျိုးပြုခြင်း များစွာ ရမည်ဒဲ့… ချွိရေ… နာတို့ ဘာဂျ.. အဲလေ ဘာလုပ်ကြမဒုံး :mrgreen:

    • အလင်းဆက်

      October 15, 2014 at 5:52 pm

      အဟမ်းးးး
      ပေါက်ကရတွေ မလုပ်ရဘူးနော်.. ဒီဂျီးဒေါ်နှစ်ယောက်ကိုပဲမျက်လုံးပြူးပြီး ကြည့်နေရတယ်..။

      😆

      • ကေဇီ

        October 15, 2014 at 6:37 pm

        ဝါး ရေ
        ကြည့်နေတယ် တဲ့။
        ပိတ်သတ်ရှိပြီ။
        ဘာဂျစို့။
        အဲလေ ဘယ်လို သရုပ်ဆောင်မဲလို့။

        :kwi:

        • Wow

          October 16, 2014 at 8:29 am

          ဒီတစ်ခေါက်ပြန်လာရင်တစ်ခါထဲ ပုဆိုးတန်းတင်.. အဲလေ.. စကပ်တင်မလား ဂါဝန်တင်မလား.. လူသိရှင်ကြားကြော်ငြာမယ် :mrgreen:

        • အလင်းဆက်

          October 16, 2014 at 8:58 am

          အမငွီးးးးးးး

          မကြံဂေါင်း မဆီရာတွေ

          :k:

Leave a Reply