နောက်ကျမှတင်တဲ့ပို့စ် …ဒါဇင်ပလပ်စ် (၂၇)ကြိမ်

Shwe EiOctober 12, 20141min22916

ရွာသူားအားလုံးမင်္ဂလာဘာ

ဒါဇင်ပလပ်စ် ပို့စ်တင်ဖို့ ပျက်ကွက်ခဲ့တာ ၃လလောက်ရှိပါပြီ။

ပွင့်ပွင့်လင်းလင်း ပြောရရင် ရွာထဲကို စာဝင်မဖတ်ဖြစ်တာတောင် တစ်ပတ်က နှစ်ပတ် အချိန်ပိုစိပ်လာလို့ ရုံးပိတ်ရက် တစ်ရက် တတ်နိုင်သမျ အချိန်ဖဲ့ယူပြီး ပို့စ်တင်လိုက်တာပါ။

အရင်လို အလှူပို့စ် လစဉ်တင်ဖြစ်ဖို့ မသေချာတာကြောင့် အနဲဆုံး ၃လတခါလောက် ပေါင်းပြီး ပို့စ်တင်နိုင်အောင် ကြိုးစားပါ့မယ်လို့။

လတိုင်း မလိုက်နိုင်တဲ့ အလှူရှင်တွေ အတွက် လှူဖြစ်ခဲ့သမျ ကျောင်းတွေ မှတ်မိသလောက် အကျဉ်းချုပ်ဖေါ်ပြလိုက်ပါတယ်။

(၂၄) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ
ဒဂုံဆိပ်ကမ်းမြို့နယ် ပါရမီဘုန်းတော်ကြီးသင် ပညာရေးကျောင်း
(အစိုးရထောက်ပံ့မှုမှရှိသောကိုယ်ထူကိုယ်ထကျောင်း)
(၂၅) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ
သီလဝါသီလရှင်သင် ပညာရေးကျောင်း (သံလျင်)
(အစိုးရထောက်ပံ့မှုမှရှိသောကိုယ်ထူကိုယ်ထကျောင်း)
(၂၆) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ
လိုတရဟင်္သာတကျောင်းတိုက် (ပရဟိတဓမ္မရိပ်သာ-လှော်ကား)
(အစိုးရထောက်ပံ့မှုမှရှိသောကိုယ်ထူကိုယ်ထကျောင်း)

အခုဆက်လက်ဖေါ်ပြမဲ့ အကြောင်းအရာကတော့ ဒါဇင်ပလပ်စ်ရဲ့ (၂ရ ) ကြိမ်မြောက် စုပေါင်းဆွမ်းကပ်မွေးနေ့အလှူနဲ့ ထုံးစံအတိုင်းပညာရေးထောက်ပံ့မှူအလှူဘဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ရက်..(ရွာထဲကဂေါ်မစွံလူပြိုကြီးတစ်ယောက်ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်တဲ့ရက်) :mrgreen: မှာမွေးနေ့ရှင် ၃ယောက် စုံစမ်းရှာဖွေထားတဲ့ ဝါဆိုမှီ

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုဒါဇင်ပလပ်စ် အဖွဲ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။

မူလတန်းကျောင်သား ၁၄၆ယောက် နဲ့ ဆရာ/ဆရာမ ၅ယောက်ရှိပါတယ်။

စတင်တည်ထောင်တဲ့ခုနှစ်က ၁၉၉၃ခုနှစ်ဖြစ်ပြီး..အခု ၂၀၁၃မှာတော့ အစိုးရက ဆရာ/ဆရာမ လေးယောက်စာအတွက် လစာ တစ်ဦးလျှင် ၃၆၀၀ဝကျပ်နှုန်းထောက်ပံ့တယ်လို့ သိရပါတယ်။

သက်တော်(၉၀) ဝါတော် (၇၀) ရှိပြီဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်က ပရဟိတ သက်တမ်း (၂၁) နှစ်ရှိပြီဲဖြစ်တဲ့အကြောင်း…တည်ထောင်စဉ်က ကျောင်းသား ဆယ်ယောက်ကျော် ဆရာမတစ်ယောက်နဲ့ စခဲ့ရာက အခုဆိုရင် သူ့ကျောင်းကနေ တက္ကသိုလ်ဘွဲ့ရသူတွေတောင် ရှိပြီဖြစ်တဲ့ အကြောင်းမိန့်လိုက်ပါတယ်။
ပအို့ဝ် သီလရှင်လေးတွေ (၆၀) ကျော်ကိုလဲ ကျောင်းအိပ်ကျောင်းစားထားပြီး စာသင်ကြားပေးနေတာ တွေ့ခဲ့ရပါတယ်။

1969292_835485913137738_3324060791871981492_n

10603301_885092231508718_445510643027900394_n

10703569_885068021511139_5009567336184703620_n

10703710_885092088175399_1875991384810858184_n

ရှေ့လထဲ သွားဖြစ်မဲ့ ကျောင်းကတော့ ပဲခူးဘက်က ကျောင်းတစ်ကျောင်းဖြစ်ပြီး မိဘမဲ့ ခလေး ၂၀ဝကျော်ကို ပြုစုစောင့်ရှောက်နေရတဲ့ ဆရာတော်မှာ အခက်အခဲလေးတွေရှိကြောင်း အလှူရှင်တစ်ယောက်ဆီကနေ တဆင့်သတင်းကြားထားတာရှိပါတယ်။

ဒါဇင်ပလပ်စ် Facebook မှာ ကျောင်းလိပ်စာနဲ့ သွားမဲ့ ရက် သွားမဲ့အချိန် ကြိုတင်သတင်းပေးပါမယ်ရှင့်။

လေးစားစွားဖြင့်

ရွှေအိ

16 comments

  • မြစပဲရိုး

    October 12, 2014 at 10:00 pm

    သာဓု၊ သာဓု၊ သာဓုပါ။
    အချိန်တွေ က ကြောက်ဖို့ကောင်း အောင် ရွှေ့ သွားတာ မြင်ရချက်။
    ၂ရ မြောက် ဆိုတော့ အတော်လေး ခိုင်မာသွားပြီ ဆိုတာလဲ မြင်ရတယ်။
    ဒီ ဝါဆိုမှီကျောင်း က ဘယ်မှာလဲ “ချွေ၏”
    ကျောင်းသူ/သား လေးတွေ ကြည့်ရတာ ဘောလီဝုဒ် ဆင် လေးတွေမို့။
    မယ်သီလလေး ၂ပါး ကလဲ ချစ်ဖို့ ကောင်းလိုက်တာ။

    ဆတက်တစ်ပိုး တိုးပြီး လှူဒါန်းနိုင်ကြပါစေ။
    ဒါဇင်ပြီလပ်စ် အားလုံးလဲ လိုရာဆန္ဒပြည့်ပြီး ပိုမိုတိုးတက်အောင်မြင်ပါစေ။
    အောက်တိုဘာဘွန်းများ လဲ ပျော်ရွှင်သောမွေးနေ့မှ စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွံလိုကလဲ စွံပါစေ။
    မစွံလိုကလဲ မစွံပါစေ။ :))

    • Shwe Ei

      October 13, 2014 at 9:36 am

      ရန်ကင်း ၊ သစ္စာလမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းပါ အရီးရေ 🙂

      ဆရာတော်ကတော့ ရခိုင်လူမျိုုးထင်ပါရဲ့…ဗမာလိုပြောပေမဲ့ ဘာပြောမှန်းသိပ်နားမလည် 😛

      အောက်တိုဘာဘွန်း မွေးနေ့ရှင်တွေထဲကမှ မစွံတာက တစ်ယောက်ထဲပါတာဆိုတော့

      သူကိုယ်တိုင် မစွံချင်တာလို့ဘဲ ယူဆရပါတယ်…ခိခိ

  • CharTooLan

    October 13, 2014 at 8:39 am

    သာဓု သာဓု သာဓု ပါခညာ…………..
    ဒီကျောင်းက ဘာသာချားကလေးတွေလဲ များတယ်ထင့်
    အိုက်ကလေးတွေ ပညာရေးအောင်အောင်မြင်မြင်ဖစ်သွားရင် အကောင်းသား ဒါနဲ့…..
    ဇဂါးမစပ် ကျော့်အာကိုယီး ဂေါ်မစွံလူပျိုယီးဖြစ်နေရတာ မချွေအိတာဝန်မကင်းပါဝူး
    အိုက်လို လက်လွတ်စပယ်မပျော့ဘာနဲ့ ခည 😛

    • Shwe Ei

      October 13, 2014 at 9:39 am

      ကျော့် အကိုရီးက ဆီရောင်းဖို့ကလွဲရင် ကျန်တာဆိတ်မဝင်ဇားဘူးအေ့…

      ကျုပ်ကိုတောင် သူ “့ဆီ “မဝယ်လို့ သိပ်ကြည်တာမှုတ်ဖူး… :mrgreen:

  • kyeemite

    October 13, 2014 at 9:13 am

    .သာဓု၊ သာဓု၊ သာဓုပါ
    .ဒါဇင်ပလပ်စ် အဖွဲ့သားများ ညီညီညွတ်ညွတ် ဆက်လှမ်းနေတာဝမ်းသာဂုဏ်ယူပါေဂျာင်းးးး :loll:

  • Novy

    October 13, 2014 at 9:48 am

    တွဲလက်ညီညီ ရှေးသို့ချီကြရအောင်ပါလို့

    နှမ်းကလေးတစ်စေ့
    နိုဗွီ

    • Shwe Ei

      October 13, 2014 at 11:59 am

      ရှေ့လထဲ ပဲခူးသွားဖြစ်ရင်လဲ လိုက်မယ်မို့လား ဗွီ 🙂

      • Novy

        October 13, 2014 at 1:29 pm

        နိုလည်းလိုက်မယ် ဗွီလည်းလိုက်မှာပေါ့တော်
        နိုဗွီ လို့ရေတာ ဗွီတစ်လုံးပဲပါသွားတယ် :-p

  • Novy

    October 13, 2014 at 9:51 am

    တွဲလက်ညီညီ ရှေ့သို့ချီကြရအောင်ပါလို့

    နှမ်းကလေးတစ်စေ့
    နိုဗွီ

  • ကေဇီ

    October 13, 2014 at 9:52 am

    ဪ။
    သိဘီ။
    သိဘီ
    ဘယ်သူ့ ပြောနေတုန်း မှတ်တယ်။
    ဟိုလူရီးးး
    သူက ဒူးရင်းသီးဆိုင် နဲ့ ဆီဆိုင် တွဲ ဖွင့်မယ် ဆိုလားးး

    သာဓု သာဓု သာဓု

    :mrgreen:

    • Shwe Ei

      October 13, 2014 at 12:00 pm

      ဒွင်းသီးကမရောင်းဝူးတဲ့ ကွကိုစားမာတဲ့ ဆွိ ရဲ့…ခိခိ

  • Ko chogyi

    October 13, 2014 at 12:18 pm

    ဒါဇင်ပလပ်အဖွဲ့ ညီငယ်ညီမငယ်လေးများက တက်တက်ကြွကြွနဲ့
    ပညာရေးအတွက် အမှန်တစ်ကယ်လုိုအပ်နေသူတွေကုို တစ်ထောင့်တစ်နေရာက ကူညီနေတာ ဝမ်းမြောက်ဖွယ်ပါ
    လစဉ် တစ်ဦးလ ျှင် ၅၀၀ဝ ကျပ်စီ စုုပေါင်းလုို့ လှူဒါန်းကြတာပါ
    ဒီခေတ်ဒီအချိန်မှာ ၅၀၀ဝ ဆုိုတဲ့ ပမာဏကမများလှပေမယ့်
    အများစုုပေါင်းလုိုက်တော့ အတုိုင်းအတာတစ်ခုုအထိ ကူညီနုိုင်ပါတယ်
    အစဉ်အမြဲ တုိုးတက်ကူညီနုိုင်ဖုို့ ရွာသူားများမှလည်း ဝုိုင်းဝန်းကူညီ
    လ ှူဒါန်းကြပါဦးလုို့ နုိုးဆော်တုိုက်တွန်းပါတယ်

  • မဟာရာဇာ အံစာတုံး

    October 13, 2014 at 3:16 pm

    စာ ဖတ်ရင်းနဲ့ နောက်တစ်ခေါက် ပြန်ဖတ်လိုက်ရသေးတယ် …
    အပေါ်မှာ မွေးနေ့ရှင် လူပိုကြီး လို့ ပြောထားပြီး …
    အောက်မှာ (၂၁) နှစ်ရှိပြီဲဖြစ်တဲ့အကြောင်း ….
    ဆိုတော့ကာ ….
    ဘယ့်နှယ်တုန်းပေါ့ …
    အော် … ၂၁ နှစ်က ဟိုသက်တမ်းကို ပြောတာကိုး …. :mrgreen:

    အလှူဒါနများအတွက် …
    သာဒု .. သာဒု .. သာဒု .. ပါဗျို့ …

    • Shwe Ei

      October 14, 2014 at 3:46 pm

      အေး ပြောချင်တာလေးတွေဘဲ ကွက်ဖတ်သွားနော် မဟာဘာဂျာ 🙂

  • CharTooLan

    October 14, 2014 at 11:59 am

    ပဲခူးအလှူကို ဘယ်နေ့လောက်မှန်းထားလဲ မချွေအိ

Leave a Reply