အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုသော် (၃)

kaiOctober 14, 20142min17713

အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုသော် (၃)

 

အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုလျှင် မိမိနှင့် ရင်းနှီးပြီးသား လွယ်ကူသည့် စကားလုံးလေးများကို ထိထိမိမိ လှလှပပ သုံးတတ်အောင်
လေ့လာထားသင့်ကြောင်း အတော်အသင့် တင်ပြခဲ့ပြီးပါပြီ။

ယခု မိမိနှင့် ရင်းနှီးပြီးသား စကားလုံးလေးများကို အခြေခံပြီး ၎င်းဝေါဟာရလေးများနှင့်
ဆင်တူယိုးမှား အဓိပ္ပာယ်ရှိသည့် ” synonyms ” ခေါ် စကားလုံးလေးများကို လေ့လာသင့်ကြောင်း တင်ပြလိုပါသည်။

” synonym ” ဟု လူသိများသည့် ဆင်တူယိုးမှား အဓိပ္ပာယ် ရှိသည့် ဝေါဟာရလေးများသည် စကားပြောဆိုရာ၌လည်းကောင်း ၊
စာရေးသားရာ၌လည်းကောင်း အထူး အဖိုးတန်လှပါသည်။ သုံးတတ်လျှင် လှလှပပ ခန့်ခန့်ညားညား ရေးနိုင် ပြောနိုင်သလို ၊
မသုံးတတ်လျှင် လည်း ဒုက္ခလှလှ တွေ့ရမည်မှာ သေချာပါသည်။

ဥပမာအားဖြင့်

လွယ်ကူသည့် ၊ လူသိများသည့် ” Look ”ဆိုသော ဝေါဟာရလေးကို ကြည့်ကြရအောင် ။
”Look ” နှင့် ဆင်တူယိုးမှား စကားလုံးလေးများကို လေ့လာကြပါစို့ ။

ဦးစွာ ပထမ – ” glance ” ဆိုတဲ့ ဝေါဟာရလေးကို သင် သုံးတတ်ရဲ့လား ဟု မေးသင့်ပါသည်။

သာမန် ကြည့်တာမျိုး မဟုတ်ဘဲ ရုတ်တရက် ဖျတ်ကနဲ လှည့်ကြည့်ခြင်း ၊ လှမ်းကြည့်ခြင်း ဟု အဓိပ္ပာယ်ရပါသည်။
ဖော်ပြပါ ဝါကျလေးကို ကြည့်ပါ။

” Before changing lanes , be sure to glance over your shoulder .”

ကားမောင်းနေစဉ် ”lane” ပြောင်းလိုသည့်အခါ ၊ အနောက်ဘက်ကို ဖျတ်ကနဲ လှည့်ကြည့်ပြီးမှ ပြောင်းဖို့ သတိပေးထားခြင်း ဖြစ်ပါသည်။
ကားမောင်း သင်ဖူးသူတိုင်းအတွက်တော့ ရင်းနှီးပြီးသား ဝေါဟာရလေးဖြစ်မည်ဟု ထင်ပါသည်။
အလားတူ စကားလုံးလေးတခုမှာ ”gaze” ဖြစ်ပါသည် ။

” He sat by the window gazing outside at nothing and paying attention to the teacher. ”
ဤဝါကျ၌ ”gaze” ဆိုသည်မှာ တနေရာရာကို ငေး၍ ကြည့်နေခြင်းကို ဆိုလိုပါသည် ။
စာသင်ခန်း၌ ဆရာ၏ ဟောပြောချက်၌ အာရုံရောက်မနေဘဲ ငေးမော တွေးတောနေတတ်သူ အားလုံးအတွက်
နားလည်ဖို့လွယ်သည့် စကားလုံးလေး ဖြစ်ပါသည်။

”Look” နှင့် ဆင်တူယိုးမှား အဓိပ္ပာယ်ရှိသည့် နောက်ထပ် စကားလုံးလေးတခုမှာ ”peer” ဖြစ်ပါသည် ။
သဲသဲကွဲကွဲ မမြင်ရ၍ ပြူးတူးပြုတဲ စူးစူးစိုက်စိုက် ကြည့်သည့်အခါ အသုံးပြုနိုင်ပါသည်။
ဥပမာ-
”He peered into the dark room , hoping to see someone he could recognize.”
သူဟာ သိတဲ့လူတယောက်ယောက်များ တွေ့ရမလားဆိုပြီး အမှောင်ခန်းထဲကို ပြူးတူးပြဲတဲ စူးစူးစိုက်စိုက် ကြည့်နေလေရဲ့ ဟု… အဓိပ္ပာယ်ရပါသည်။

 

နောက်ထပ် စကားလုံး ၂ ခုမှာ စာလုံးပေါင်းပုံ ခပ်ဆင်ဆင်ဖြစ်ပါသည်။

သို့သော် ”peep” နှင့် ”peek” တို့သည် ချောင်းကြည့်သည်ဟု အဓိပ္ပာယ်တူသော်လည်း ချောင်းပုံချောင်းနည်း တော်တော်လေး ကွာခြားပါသည်။

 

”Afraid of the scary movie , she covered her face with her hands and peeked at the screen.”
အထက်ပါ ဝါကျ၌ မိန်းခလေးတယောက်သည် ရုပ်ရှင်ကို ကြည့်လည်း ကြည့်ချင်သည် ၊

သို့သော် ကြေက်စရာကောင်းခန်း ရောက်နေ၍
ကြောက်လည်း ကြောက်သောကြောင့် မျက်နှာကို လက်ဝါးဖြင့် အုပ်ထားပြီး အသာလေး ချောင်းကြည့်ခြင်းကို ဆိုလိုပါသည်။

 

” He was caught peeping at a young girl taking a bath.”
အထက်ပါ ဝါကျ၌မူ ”peep” ၏ အဓိပ္ပာယ်မှာ မကြည့်သင့်သည်ကို ချောင်းကြည့်သည့် အဓိပ္ပာယ် သက်ရောက်နေသဖြင့် ထောင်ကျရန် နီးစပ်လှပါသည်။

 

နောက်ထပ် စကားလုံးလေးတခုဖြစ်သော ”watch”ကိုတော့ အများ သိကြပါလိမ့်မည်။ သုံးလည်း သုံးတတ်ကြပါလိမ့်မည်။
ရုပ်ရှင်ကြည့်ခြင်း ၊ T.V ကြည့်ခြင်း ၊ ဗီဒီယို ကြည့်ခြင်းတို့၌ အသုံးများပါသည်။

”Let’s watch this movie.”

ဒီရုပ်ရှင် ဝင်ကြည့်ကြရအောင် ဟုသည့် ဝါကျမျိုး အားလုံး သုံးစွဲဖူးပါလိမ့်မည်။
နောက်ဆုံး ဖော်ပြလိုသည့် ”stare”ကိုတော့ အထူး သတိပြု မှတ်သားစေလိုပါသည် ။
စူးစူးစိုက်စိုက် ခပ်မိုက်မိုက်ကြည့်သည်ဟု အဓိပ္ပာယ်ရှိနေသဖြင့် သတိထားစေလိုပါသည်။

 

 

”Don’t stare at that guy, He might challenge you to fight.”
ဒီကောင်ကို သွားပြီး စိုက် မကြည့်နဲ့ ၊ တော်ကြာ ရန်လုပ်လိမ့်မယ် ဟု ဆိုလျှင် မြန်မာပီပီ သွေးနီကြောင်း ပြလို့ ရသေးသည်။

Don’t stare at her. She’s married.’‘  ဟု ဆိုလျှင်တော့

ဖိနပ်စာ သို့မဟုတ် လက်ဝါးစာမိဖို့ နီးပါသည်။

 

ယခု ”look” ဆိုသည့် ဝေါဟာရလေးတခုဖြင့် စပြီး ၎င်းနှင့် ဆင်တူယိုးမှား အဓိပ္ပာယ် ရှိသည့်
”glance” , ”gaze” , ”peer” , ”peep”, ”peek”, ”watch” , ”stare” စသဖြင့်…ဝေါဟာရ (၇)ခုတိတိ တိုး၍သိလာကြပါပြီ ။
သုံးလည်း သုံးတတ်လာပါပြီ။

ထို့ကြောင့်လည်း ပိုမိုလှပစွာ ခန့်ညားစွာ ပြောနိုင်ဆိုနိုင်လာကြပါပြီ။

”ကြည့်တယ်” ဆိုတဲ့ အဓိပ္ပာယ်ချင်း တူသော်လည်း ဖော်ပြပါ ဝေါဟာရလေး ရှစ်ခုတို့၌ ကြည့်ပုံကြည့်နည်း ခြားနားပုံကို
သဘောပေါက်စေလိုပါသည်။

သဘောပေါက်လာသည်နှင့်အမျှ ကွဲပြားခြားနားစွာ သုံးတတ်လာပါလိမ့်မည်။

 

ယခု နိဂုံးအနေနဲ့ အလားလူ လွယ်ကူသည့်လူသိများသည့် ”talk” ဆိုသည့် ဝေါဟာရလေးနှင့် ဆင်တူယိုးမှား အဓိပ္ပာယ်ရှိသည့်
”speak” , ”say” , ”tell”, ”utter”, ”yell” , ”shout” , ”question” , ”answer” , ”whisper” , စသည့်

Synonyms လေးများ၏ အဓိပ္ပာယ်နှင့်  သုံးစွဲပုံ သုံးစွဲနည်း တို့ကို အဘိဓာန်ကိုလည်းကောင်း ၊

Thesaurus ကိုလည်းကောင်း အသုံးပြုပြီး ကိုယ်တိုင် လေ့လာကြည့်ကြဖို့  တိုက်တွန်း အားပေးလိုက်ပါသည်။

———————————-

Myo Kyaw Myint
(Mission College)
Interim Dean of Student Services
3000 Mission Collage Blvd., MS # 9
Santa Clara , CA 95054-1897
Phone : 408.855.5316
Fax: 408855.5478
e-mail : myo.myint@missioncollege.edu
missioncollege.edu

13 comments

  • ကေဇီ

    October 14, 2014 at 4:17 pm

    B e h o l d..
    :kwi:

  • kai

    October 14, 2014 at 5:04 pm

    ဆရာက.. ကောလိပ်မှာ အင်္ဂလိပ်စာသင်တဲ့ဆရာပါ..အခုတော့ရာထူးတက်သွားပါတယ်..။
    ဆိုတော့… ကောလိပ်အဆင့်မို့..
    ဖြည်းဖြည်းချင်းတော့.. ခက်လာမယ်ထင်.. :k:

  • ကေဇီ

    October 15, 2014 at 8:15 am

    မျက်စောင်းထိုးတာကျ ဘယ်လို သုံးတုန်း???
    တကယ် မသိလို့ မေးတာ။

    :mrgreenn:

    • Yae Myae Tha Ninn

      October 16, 2014 at 11:02 am

      she look 45 degree လို့ သုံးတယ်… ဇီဇီရေ… 😛

  • အညာတမာ

    October 15, 2014 at 2:26 pm

    pretty good

  • Lay Pai

    October 15, 2014 at 4:42 pm

    တို့ သူကြီး က ကျောင်းဆရာ ကိုး ဒါကြောင့် ဒီပို့ ဖတ်ရင်း အသင်အပြ ကောင်းတဲ့ ဆရာ့ စာသင်ခန်းထဲ ရောက်နေ သလို ခံစားရအောင်ကို ရှင်းလင်း နေတာ။
    ကျေးဇူးပါ သူကြီး။ မင်္ဂလာပါ ဆရာ။

  • Yae Myae Tha Ninn

    October 16, 2014 at 11:07 am

    ကောင်းပါလေ့… တင်ချင်တယ်… ဝေးသွားလို့… မှား မှာ လဲ စိုးတယ်…
    what the hell r u doing ဆိုရင် ဘာလုပ်နေတာလဲ ကွ လို့ သုံးတယ် သင်ဖူးတယ်… the hell က ကွ လို့ အဓိပ္ပာယ်ရတယ်ဆိုပြီး… သို့သော် မှားမှာစိုးလို့… မတင်ဖြစ်တာ… 🙂

  • Yinminn Khine

    October 25, 2014 at 10:36 am

    Thanks a lot for your post 🙂

Leave a Reply