ခေါင်းစဉ် ဘယ်လိုပေးရပါ့

manawphyulayOctober 13, 20141min1588

ကိုယ်စီးတဲ့ ကိုယ့်မြင်းကို
ကိုယ်ကိုယ်တိုင် အထီးအမ မသိ
မြင်းပေါ်က ကျွန်မမှာ
ရယ်ရပါ၏။

ကိုယ်ရေးတဲ့ ကိုယ့်ကဗျာကို
ကိုယ်ကိုယ်တိုင် အမျိုးအစားမသိ
ထင်သလို အမည်ပေးတယ်
(ကွယ်) ရင်လေးပါဘိ….

ဤစာစုကို ဖတ်မိသော သင်
သင်၏မျက်နှာ ပြုံးလိုက်ပါက
မှန်မှာဟပ်ထင် သင့်ရုပ်သွင်သည်
မလွဲသေချာ ပြုံးလိမ့်မည်မှာ
ဧကန်အမှန် ရှိလိမ့်မည်ပါတကား…

မနောဖြူလေး
၁၃.၁၀.၂၀၁၄

8 comments

  • တောင်ပေါ်သား

    October 13, 2014 at 2:22 pm

    🙂

    ပြုံးလိုက်ပါ၏

  • ကေဇီ

    October 13, 2014 at 2:41 pm

    တကယ်ပါ။
    စီးတဲ့ မြင်းကို သိဖို့ မပြောနဲ့။
    ကိုယ်ကိုယ့်ကိုတောင် ဘာမှန်းမသိတဲ့ အချိန်တွေ များများလာသလိုပဲ။

    :k:

  • kai

    October 13, 2014 at 2:45 pm

    စီးတဲ့မြင်း.. အထီး/အမသိတော့ရော.. ဘာအကျိုးရှိမှာကျနေတာပဲ..
    ဆင်းပြီးနို့ညစ်သောက်ချင်တာလားမသိ…။

    မှန်ကြည့်လိုက်ပါ..။
    သွားပေါ်လျှင်.. အိုကေ..။
    သွားမပေါ်သေးလျှင်.. သွားဖြဲပြပါ..။
    ဝါနေလျှင်.. သွားဆရာဝန်ဆီမှာ.. ဖြူအောင်လုပ်ပါ..။ :k:

    • manawphyulay

      October 14, 2014 at 8:11 am

      တဂျီးကလည်း ကိုယ်စီးတဲ့မြင်း အထီး အမ မဟုတ်ပဲ အခြောက်ဖြစ်နေရင်ကော တဂျီး ဘိုလိုလုပ်မလဲ ဟွန့်

      • ခင် ခ

        October 14, 2014 at 9:24 am

        အစိုဖြစ်အောင် ရေချိုးပေးရ မလိုလို။

        • manawphyulay

          October 14, 2014 at 9:37 am

          လေးခ ရေချိုးရင် စိုသွားရောလားဟင်… :mrgreen:

  • MAUNG

    October 13, 2014 at 3:59 pm

    အလုပ် ပြီးခါနီး စိတ်မော၊ လူမောနဲ့ ခေါင်း ရှုပ်နေတာ၊ ကဗျာ လေးဖတ်ပြီး ပြုံးသွား တယ် ဗျာ 🙂

  • kyeemite

    October 14, 2014 at 1:30 pm

    .သဂျီးပြောသလို သွားပေါ်အောင်ပြုံးပြီးမှန်ကျိသွားပါဂျောင်းးး :k:

Leave a Reply