IMG_20140809_225320

 ပုံ – ၁  မိုးကြိုးပစ်ခံရသောရဲတိုက်  

 

 

 

 

ဂမ္ဘီရ နဲ့ ဗေဒင်ဆိုတာ ဖျော်ဖြေတဲ့ နေရာကိုပို့ထားတဲ့ သဂျီးခိုင်အတွက်

တဲရော့များကပြောတဲ့ သူ့ကံကြမ္မာကို ဖွင့်ချလိုက်ပါတယ် ။

 

သဂျီးခိုင်နှင့်တကွ ဖတ်မိ ………

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

သဂျီးခိုင် အတွက်ရည်ရွယ်ပြီး ကဒ်သုံးကဒ် ဆွဲပါတယ် ။

အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ် အတွက်ရည်ရွယ်ပါတယ် ။

 

ပုံ ( ၁ ) က အတိတ်အတွက်ဖြစ်ပြီး

ပုံ (၂ ) က လက်ရှိ ပစ္စပ္ပန် ပါ။

ပုံ ( ၃ ) က အနာဂါတ်အတွက်ဖြစ်ပါတယ် ။

 

ပုံ -၁ အရ …

 

သဂျိုင်ခီး ရဲ့ ကံကြမ္မာဟာ မိုးကြိုးခ တဲ့ ရဲတိုက်ပါ ။

အောင်မြင်မှုတွေ ၊ ဩဇာအာဏာတွေ ၊ ပန်ခင်းလမ်းတွေ ရှိခဲ့ပေမယ့် မိုးကြိုးသွားလိုပြင်းထန်တဲ့ကြမ္မာဆိုး နှောင့်ယှက်ခံရပါမယ် ။

ကျန်းမာရေးအရ အထူးမဆိုးပေမယ့် ဆေးရုံတက်ရလုနီးပါးအခြေအနေတွေ ရှိခဲ့နိုင်ပါတယ် ။

စုစည်းမှုတွေ အေးချမ်းမေ ဖြစ်သွားနိုင်ပါတယ်

(အေးချမ်းမေ = တစ်စစီကျိုးပဲ့နေတယ် သီချင်း :kwi: )

ပူပြင်းလှတဲ့ အတွင်းမီးဟာ သဂျိုင်ခီး ကိုလောင်မြိုက်စေပါတယ် ။

ခရီးယာယီများပြီး စိတ်သောကရောက်ရတဲ့ အခြေအနေမျိုးရှိခဲ့ပါတယ် ။

ငွေသာကုန် အလုပ်မဖြစ် ၊ အလုပ်တော့ဖြစ် အကျိုးမရှိ တာတွေများခဲ့ပါတယ် ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ပုံ -၂ အရ …

 

စိတ်ပေါ့သွမ်းရူးသွပ်သူတစ်ယောက် နိမိတ်ပုံ ကျလာပါတယ် ။

 

သူရူးတစ်ယောက်ဟာ ပျော်ရွှင်စွာတေးသီရင်းလျောက်လှမ်းရာမှာ ချောက်ထဲကို လျောက်လှမ်းနေမှန်းမသိ အပျော်ကြီးပျော်နေတဲ့နိမိတ်ပုံပါ ။

 

အရာရာကို မိမိစိတ်ထင်သလို လုပ်ဆောင်နိုင်မယ်လို့တွေးနေရင် မှားပါလိမ့်မယ် ။

မမြင်ရတဲ့ရှေ့ခရီးမှာ ဂျွန်းထိုးမှောက်ခုံ ကျသွားနိုင်ပါတယ် ။

လေပြင်ကို မြေထင်ပြီးနင်းလိုက်ရင်တော့ လေထီးအဖြူလေးပါမှ သက်သာပါမယ် ။

လက်ရှိလုပ်ဆောင်နေတာဟာ ချောက်နှုတ်ခမ်းမှာ ခြေတစ်ဖက်လွတ်နေသလိုပါ ။

အချိန်တော့မှီပါသေးတယ် ။

ရွှေထုတ်ထင်ပြီး ထမ်းထားတဲ့အထုတ်ကိုဖြေလိုက်ရင်တော့ အဝတ်စုတ်တွေထွက်လာမှာ ဧကန်ပါဘဲ ။

လက်ရှိလျောက်မယ့်လမ်းဟာ ချောက်ဆိုတာ သိထားဖို့လိုပါမယ် ။

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ပုံ – ၃ အရ …

 

 

သိပ်လည်းစိတ်မပူပါနဲ့ သဂျီးခိုင် ……

သင့်ကံကြမ္မာအရ အနာဂါတ်မှာ ကြယ်တစ်ပွင့် လင်းလက်နေပါသေးတယ် ။

ဒါပေမယ့်လည်း ငွေကြေးအကျိုးအမြတ်စီးပွါးကတော့ သမင်မွေးရင်းကျားစားရင်းဖြစ်နေဦးမှာပါ ။

အမျိုးသမီးမိတ်ဖက် အကျိုးပေးပါမယ်။

အမျိုးသမီးတစ်ဦးနဲ့ ဖက်စပ်စီးပွါးလုပ်ဖြစ်ပါမယ် ။

တနည်းအားဖြင့် အမျိုးသမီး အကျိုးပေးကောင်းပါတယ် ။

ဒီနေရာမှာ အိမ်ထောင်မကျသေးသူဆိုရင် အိမ်ထောင်ကျကိန်း မြင်တယ်လို့ပြောရမှာပါ။

သဂျီးမင်းက အိမ်ထောင်ကျပြီးသားဆိုတော့ ………

( တိုးတိုးတိတ်တိတ် မေးလိုပါက ချက်ဘောက်တွင်မေးပါ )

 

ယခုဤဟောစာတမ်းကို ဖတ်ပြီးသည်မှအစပြု၍

အမျိုးသမီးများအား လမ်းမှာတွေ့လျှင် မိမိကဦးစွာနှုတ်ခွန်းဆက်ပါလေ ။

 

 

မှတ်ချက် ~~~

ယကြာ မရောင်းပါ ။

 

 

ပုံ /

မဟာခရစ်ရှ်န အ ကာဠီဆာမိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပုံ -၁  မိုးကြီုးပစ်ခံရသောရဲတိုက်

IMG_20140809_224532

 

ပုံ – ၂    လေပြင်ကို မြေပြင်ထင်နေသူ

 

IMG_20140809_224915

 

ပုံ – ၃    ရေထဲကလာ  ရေထဲသွား    :kwi:

 

 

 

About ေမာင္ရိုး

surmi has written 113 post in this Website..