တဲရော့များကပြောသော သဂျီးမင်းရဲ့ ကံကြမ္မာ

ေမာင္ရိုးOctober 13, 20143min38020

IMG_20140809_225320

 ပုံ – ၁  မိုးကြိုးပစ်ခံရသောရဲတိုက်  

 

 

 

 

ဂမ္ဘီရ နဲ့ ဗေဒင်ဆိုတာ ဖျော်ဖြေတဲ့ နေရာကိုပို့ထားတဲ့ သဂျီးခိုင်အတွက်

တဲရော့များကပြောတဲ့ သူ့ကံကြမ္မာကို ဖွင့်ချလိုက်ပါတယ် ။

 

သဂျီးခိုင်နှင့်တကွ ဖတ်မိ ………

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

သဂျီးခိုင် အတွက်ရည်ရွယ်ပြီး ကဒ်သုံးကဒ် ဆွဲပါတယ် ။

အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ် အတွက်ရည်ရွယ်ပါတယ် ။

 

ပုံ ( ၁ ) က အတိတ်အတွက်ဖြစ်ပြီး

ပုံ (၂ ) က လက်ရှိ ပစ္စပ္ပန် ပါ။

ပုံ ( ၃ ) က အနာဂါတ်အတွက်ဖြစ်ပါတယ် ။

 

ပုံ -၁ အရ …

 

သဂျိုင်ခီး ရဲ့ ကံကြမ္မာဟာ မိုးကြိုးခ တဲ့ ရဲတိုက်ပါ ။

အောင်မြင်မှုတွေ ၊ ဩဇာအာဏာတွေ ၊ ပန်ခင်းလမ်းတွေ ရှိခဲ့ပေမယ့် မိုးကြိုးသွားလိုပြင်းထန်တဲ့ကြမ္မာဆိုး နှောင့်ယှက်ခံရပါမယ် ။

ကျန်းမာရေးအရ အထူးမဆိုးပေမယ့် ဆေးရုံတက်ရလုနီးပါးအခြေအနေတွေ ရှိခဲ့နိုင်ပါတယ် ။

စုစည်းမှုတွေ အေးချမ်းမေ ဖြစ်သွားနိုင်ပါတယ်

(အေးချမ်းမေ = တစ်စစီကျိုးပဲ့နေတယ် သီချင်း :kwi: )

ပူပြင်းလှတဲ့ အတွင်းမီးဟာ သဂျိုင်ခီး ကိုလောင်မြိုက်စေပါတယ် ။

ခရီးယာယီများပြီး စိတ်သောကရောက်ရတဲ့ အခြေအနေမျိုးရှိခဲ့ပါတယ် ။

ငွေသာကုန် အလုပ်မဖြစ် ၊ အလုပ်တော့ဖြစ် အကျိုးမရှိ တာတွေများခဲ့ပါတယ် ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ပုံ -၂ အရ …

 

စိတ်ပေါ့သွမ်းရူးသွပ်သူတစ်ယောက် နိမိတ်ပုံ ကျလာပါတယ် ။

 

သူရူးတစ်ယောက်ဟာ ပျော်ရွှင်စွာတေးသီရင်းလျောက်လှမ်းရာမှာ ချောက်ထဲကို လျောက်လှမ်းနေမှန်းမသိ အပျော်ကြီးပျော်နေတဲ့နိမိတ်ပုံပါ ။

 

အရာရာကို မိမိစိတ်ထင်သလို လုပ်ဆောင်နိုင်မယ်လို့တွေးနေရင် မှားပါလိမ့်မယ် ။

မမြင်ရတဲ့ရှေ့ခရီးမှာ ဂျွန်းထိုးမှောက်ခုံ ကျသွားနိုင်ပါတယ် ။

လေပြင်ကို မြေထင်ပြီးနင်းလိုက်ရင်တော့ လေထီးအဖြူလေးပါမှ သက်သာပါမယ် ။

လက်ရှိလုပ်ဆောင်နေတာဟာ ချောက်နှုတ်ခမ်းမှာ ခြေတစ်ဖက်လွတ်နေသလိုပါ ။

အချိန်တော့မှီပါသေးတယ် ။

ရွှေထုတ်ထင်ပြီး ထမ်းထားတဲ့အထုတ်ကိုဖြေလိုက်ရင်တော့ အဝတ်စုတ်တွေထွက်လာမှာ ဧကန်ပါဘဲ ။

လက်ရှိလျောက်မယ့်လမ်းဟာ ချောက်ဆိုတာ သိထားဖို့လိုပါမယ် ။

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ပုံ – ၃ အရ …

 

 

သိပ်လည်းစိတ်မပူပါနဲ့ သဂျီးခိုင် ……

သင့်ကံကြမ္မာအရ အနာဂါတ်မှာ ကြယ်တစ်ပွင့် လင်းလက်နေပါသေးတယ် ။

ဒါပေမယ့်လည်း ငွေကြေးအကျိုးအမြတ်စီးပွါးကတော့ သမင်မွေးရင်းကျားစားရင်းဖြစ်နေဦးမှာပါ ။

အမျိုးသမီးမိတ်ဖက် အကျိုးပေးပါမယ်။

အမျိုးသမီးတစ်ဦးနဲ့ ဖက်စပ်စီးပွါးလုပ်ဖြစ်ပါမယ် ။

တနည်းအားဖြင့် အမျိုးသမီး အကျိုးပေးကောင်းပါတယ် ။

ဒီနေရာမှာ အိမ်ထောင်မကျသေးသူဆိုရင် အိမ်ထောင်ကျကိန်း မြင်တယ်လို့ပြောရမှာပါ။

သဂျီးမင်းက အိမ်ထောင်ကျပြီးသားဆိုတော့ ………

( တိုးတိုးတိတ်တိတ် မေးလိုပါက ချက်ဘောက်တွင်မေးပါ )

 

ယခုဤဟောစာတမ်းကို ဖတ်ပြီးသည်မှအစပြု၍

အမျိုးသမီးများအား လမ်းမှာတွေ့လျှင် မိမိကဦးစွာနှုတ်ခွန်းဆက်ပါလေ ။

 

 

မှတ်ချက် ~~~

ယကြာ မရောင်းပါ ။

 

 

ပုံ /

မဟာခရစ်ရှ်န အ ကာဠီဆာမိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပုံ -၁  မိုးကြီုးပစ်ခံရသောရဲတိုက်

IMG_20140809_224532

 

ပုံ – ၂    လေပြင်ကို မြေပြင်ထင်နေသူ

 

IMG_20140809_224915

 

ပုံ – ၃    ရေထဲကလာ  ရေထဲသွား    :kwi:

 

 

 

20 comments

  • pooch

    October 13, 2014 at 2:01 pm

    ဟယ် သူကြီး ဘယ်တုန်းက တားရော့ကဒ်ဆွဲသွားတာလဲ
    ရေထဲကလာ ရေထဲသွားက
    ဝင်ပြီးပြန်ကုန်တာမလား
    အဲ့ဒါဘယ်လိုလုပ်မှ ငွေမြဲမလဲ ပါးစပ်တို့ နားတို့ မျက်စိတို့ အကုန် ပိတ်မှ ရမဲ့ ယတြာလား မသိဘူး :mrgreenn:

  • တောင်ပေါ်သား

    October 13, 2014 at 2:03 pm

    သဂျီးတော့ ဦးဆာကို ခ လာတော့မယ် ၊ ဟီး ဟီး 🙂

    ဒါနဲ့ အနော့်အတွက်ကြည့်ပေးလို့ ရလား ဟင်

    ကံဇာတာ ဂြိုလ်စီးနေလို့ပါ ၊

  • ကေဇီ

    October 13, 2014 at 2:07 pm

    ဟယ်။
    တော်လိုက်တဲ့ ယောက်ခွမွ။
    တညားတော့ မဟောခိုင်းတော့ဘူးးး
    ကြောက်ရို့။
    ဝတ္ထုထဲမှာပဲ မကျေနပ်သူကို ဂုတ်ချိုးရတဲ့ အခန်းက ပါအောင် ရေးပေးတော့။

    :kwi:

  • မဟာရာဇာ အံစာတုံး

    October 13, 2014 at 2:25 pm

    ဗေဒင်ကဝိ ဥဆာမိ ရဲ့ အဟော အရ ..
    သဂျီး ကို အကြံပေးချင်သည်မှာ …
    မိန်းမ အကျိုးပေး ကောင်းမည်ဟု ဟောထားပါသောကြောင့် …
    နောက်ထပ် မိန်းမ ရသလောက် ထပ်ပြီး ယူလျှင် ပိုပီး ကောင်းလိမ့်မည်ဟု ထင်မိဘာဂျောင်း …
    သဂျော်ကတီးနှင့် ကွိုင်တက်လျှင်တော့ အနော်နှင့် မဆိုင်ဘာဂျောင်း …
    .. ဟီဟိ :mrgreenn:

    • ကေဇီ

      October 13, 2014 at 2:28 pm

      အာ့ကြောင့်
      ခုန က သူပြောနေတာ၊
      ဘာတဲ့ “အမှုကြီးတွေရဲ့နောက်ကွယ်တိုင်းမှာ.. မိန်းမတယောက်ပါဝင်ပါတ်သက်နေရမယ်”… တဲ့..။

      တဂျီး အမှု ကြီးနေပြီထင်တယ်။
      ဟေးဟေး

      :k:

  • kai

    October 13, 2014 at 2:35 pm

    ဟင့်..
    သူ့ဟာတွေကလည်း.. မကောင်းတာတွေများနေ..
    ပြန်ဟော..ပြန်ဟော.. ကောင်းတဲ့အထိ.. တားရော့ကဒ်ပြန်ဆွဲဟော..။ :k:
    ===================
    Star Tarot Card Meanings

    The Star Tarot card brings renewed hope and faith and a sense that you are truly blessed by the Universe at this time. Courage, fulfilment, and inspiration are in your life. You are entering a loving phase in your life, filled with calm energy, mental stability and deeper understanding of both yourself and others around you. This card is saying to you that, over the long-term, you should have faith and trust in the Universe. A better future is waiting for you but in order to reach it you must trust that it is indeed possible.

    As it follows the Tower, the meaning of the Star Tarot card suggests that you have endured life’s challenges and have been through a difficult time but you are now open to healing and transformation. Your ability to let go of damaging memories has been strengthened by contact with your true self through these difficult times. Hatred, envy, bitterness, and revenge have burned themselves out and no longer shadow your life or get in the way of your potential for future happiness. You are now also able to forgive and forget so that you can embrace new opportunities.

    The Star card is therefore an important card for personal transformation. When the Star appears in a Tarot reading, be open to new ideas and growth. Listen to the still small voice within. You have a strong desire now to find or rediscover a sense of meaning, inspiration, or purpose in your life. You are making some significant changes in your life, transforming yourself from the old you to the new you, and in doing this you are bringing about a fresh perspective on life. You may also be feeling that you are finally honouring the person who you truly are or want to be, rather than simply following a routine that has little meaning to you. There is a deeper spiritual journey that you are going through which is all about bringing greater meaning and purpose into your life and renewing your inner energy. You hope your future will be better than your past. This card is the call of destiny that motivates you or compels you to go on. Your desire is not in vain as you will ultimately find what you are yearning for.

    In a Tarot reading, the Star brings renewed self-esteem and increased trust in yourself. You will become aware of how successful and respected you are. You may attain a goal that brings lasting happiness and your reputation may be enhanced. The Star Tarot card is particularly encouraging when you have come through a period of opposition, negative feedback or setbacks that have previously damaged your self-esteem. The Star encourages you to have faith in yourself and to believe in yourself.

    The Star Tarot card also indicates a generous spirit. You want to give or share your wealth with others to help transform their own lives. You have an open heart and you now want to give back the blessings you have already received so that others may benefit.

    • မဟာရာဇာ အံစာတုံး

      October 13, 2014 at 2:40 pm

      ဘာတဲ့ …
      အပျော်သဘော .. အပျော်သဘော … ခိခိ
      :mrgreen:

    • မွသဲ ( 17082011 )

      October 13, 2014 at 7:02 pm

      ဒဂျီးကဒါဒွေယုံဒယ်လား ထင်ရဘူးဟယ် :mrgreen:

  • kai

    October 13, 2014 at 2:39 pm

    The Fool’s Meaning

    The Fool is a very powerful card in the Tarot deck, usually representing a new beginning — and, consequently, an end to something in your old life. The Fool’s position in your spread reveals which aspects of your life may be subject to change. The Fool portends important decisions ahead which may not be easy to make, and involve an element of risk for you. Approach the changes with optimism and care to gain the most positive outcome.
    Past

    The risks you have taken and your original thinking have brought you success. By doing things in a new way, you have allowed for great potential.
    Present

    At this moment, you are entering a new phase of life. The experience of this change may seem good or bad now, but its influence will be clearer in the future. Assessing the risks is crucial to making the right choice.
    Future

    In order to succeed, you must find new ways to bring about the achievement of your goals. When the opportunity comes, you must be willing to shed old habits and if it never comes, it may be time to create it for yourself with new methods.
    Yes / No Key Interpretation

    The Fool represents new beginnings and carefree adventure. Though this card could indicate foolishness, it is more optimistic in the sense that it stands for pure actions and being free from the constraints of your present life. More than likely, there are important decisions coming your way, and the answer to your question is yes.

  • အလင်းဆက်

    October 13, 2014 at 3:29 pm

    ကတ်လေးတွေ ဆွဲရတာတို့
    ကြွေဗေဒင်တို့. . .
    တစ်ခါတည်း မလုပ်ပဲ ပြန်ပြီး ထပ်ခါထပ်ခါ လုပ်ရင်ကော ဆိုတာမျိုး တွေးဖူးတယ်။

    ဘယ်လိုမှ မလွဲနိုင်တဲ့ ဟောချက်ဆိုရင်
    ဆယ်ခါ ကတ်ဆွဲလည်း ဒီဟောချက်ပဲ လာရမယ်
    ကြွေ အခါတစ်ရာ ပစ်လည်း
    ဒီဟောချက်ပဲ ထွက်ရမယ်
    အဲ့လို ပညာ အဲ့လို ကြမ္မာကို ထိပ်တိုက်တွေ ့ချင်တာ

    • Shwe Ei

      October 13, 2014 at 4:02 pm

      အိုက်လို ဂဂျောင်ဂဂျိုးတွေးတဲ့ နေရာမှာ ဒညင်းဝက်နဲ့ နာနဲ့ အတော်တူတယ်…ဟိ 🙂

    • kai

      October 13, 2014 at 4:56 pm

      ခေးအော့သီအိုရီအရ.. တခါနဲ့တခါအချိန်ကာလကွာခြားတာမို့.. တူနိုင်စရာတော့မရှိ..
      မြန်မာတို့ရဲ့မဟာဘုတ်လည်း.. အဲဒီအချိန်.. အဲဒီSpot လေးနဲ့ဟောတာ…။

      မှန်တယ်မှားတယ်ကတော့.. ပညာရပ်တွင်အပစ်မရှိ..။
      ကွိ.. :k:

  • မွသဲ ( 17082011 )

    October 13, 2014 at 7:03 pm

    ဟဲဟဲ ဗေဒင်ဆြာ ကွာစိ အဲ့ဆာမိဆိုပီးဟောခန်းဖွင့်မို့လားဟင်

  • manawphyulay

    October 14, 2014 at 8:12 am

    ဟွန့် တဂျီးကိုတော့ တားရော့တွေဘာတွေတွက်ပေးလို့… လေးဆာမိနော်
    မကျေနပ်ပါဘူး။

  • ဦးကြောင်ကြီး

    October 16, 2014 at 9:42 am

    ဂဇက်သဂျီး အယာတိုလာခိုမ်မေနီ သမီးတော် ထိပ်ထားလေး သန်ဆင်ခိုမ် နဲ့ အနော့် ကံကြမ္မာကိုလည်း တားရော့ ဖတ်ပေးပါဦး ကစာမိ ခင်ညာ….ညှောင်

  • မြစပဲရိုး

    October 16, 2014 at 3:58 pm

    မနေ့က ရွာထဲ ဝင်၊ အပေါ်က စ တွေ့တာတွေဖတ်ရင်း
    ဒီ Post ကို ဖတ်မယ် လုပ်နေဖို့ ဝင်ရော အဝိုင်းလေး တစ်လည်လည် နဲ့ သူကြီး ဆာဗာကြီး ဂေါက်နေပါရော။

    ဒါနဲ့ ကဆာမိ တားရော့ ကို မဖတ်ဖြစ်တော့ အဲဒီ အကြောင်း တွေ Google လုပ်ဖြစ်လိုက်ပါရဲ့။
    ဒီမှာတင် အတော်လေး စိတ်ဝင်စားစရာ ဆောင်းပါး တစ်ခု တွေ့လိုက်တယ်။

    ကျွန်မလဲ အရင်က အဲဒီ ကဒ် တွေ ကို ကြောက်တယ်။
    ဘာလို့လဲ ဆိုတော့ မကောင်းတာတက် လာမှာကြောင့်ပေါ့။
    လူတိုင်း ကတော့ ကောင်းတဲ့ဟာ လာစေချင်တာ သဘာဝ ဘဲလေ။

    ဒါပေမဲ့ အဲဒီ ဆောင်းပါး လဲ ဖတ်ပြီးရော ဘာလာလာဗျို့။ မကြောက်ရေးချမကြောက်တော့ပါဘူး။
    အဲဒီထဲ ပြောထားတာက ကာဒ် တွေ မှာ ကောင်းတဲ့ကဒ်၊ ဆိုးတဲ့ ကဒ် မရှိပါဘူး တဲ့။
    ကဒ်ကနေ ပြလာတဲ့ ပုံပေါ်က အကြောင်း ကို သတိထားပြီး ကိုယ့် အတွက် အား အဖြစ်ပြောင်းနိုင်ဖို့ ဘဲ လိုတာပါတဲ့။
    ကဒ် တိုင်း ဟာ အလင်း၊ အမှောင် တွဲနေတာပါတဲ့။
    အဆိုး အကောင်း ရှိနေတာပါတဲ့။
    အမှန်တော့ ဒါဟာ ကျွန်မတို့ ရဲ့ နေ့စဉ် လောကကြီး ထဲမှာ အမြဲ ရင်ဆိုင် နေရတဲ့ အကြောင်း တွေပါဘဲ တဲ့။

    ဥမပါ – သူကြီး ရဲ့ ပထမ ဆုံး ကဒ် – The Tower. လူ တွေကြောက် တဲ့ ကဒ်တွေထဲ က တစ်ခုတဲ့။
    Disaster. Break-downs. Catastrophes. Chaos. Upheaval အဆိုးတွေပေါ့။
    ဒါပေမဲ့ အမှန်ဖြစ်သင့် တာက –
    This is about being a catalyst. A change agent. You’re here to make change.
    ဒီတော့ အကောင်းဘက် ကို ပြောင်းဖို့ ဉာဏ်လေး ထုတ်၊ ဝီရိယလေး ရင်း လိုက်ရင် ပိုပြီး အောင်မြင်မှု ရနိုင်သပေါ့။
    Death ကဒ် ကို တောင်မှ ဘယ်လို အကောင်းမြင်လို့ ရလဲ ဆိုတော့
    Death can be powerfully positive card, not just representing change, but a reminder that your life has value and limitless potential.
    Don’t see it as an ominous, “creepy” card, but a sign that there is much in life to appreciate.

    အကောင်းကဒ် တွေ ကို အဆိုးယူလို့ ရတဲ့ ဥမပါ။
    Six of Wands (Victory): Showing off, causing jealousy from others. Where there are winners there are losers!

    သဘော က တော့ လောကကြီး မှာ ဘာဖြစ်ဖြစ် အကောင်းအဆိုး ရှိနေတာ ကို မြင်ဖို့ နဲ့ အဆိုး ဖြစ်လာရင် သင်ခန်းစာ ယူပြီး ပိုကောင်း အောင်လုပ်ဖို့
    အကောင်းဖြစ်နေလဲ အောက်ခြေမလွတ်ဖို့ ကို ဒီ ကဒ် တွေ က တရာ ပြ နေတာဘဲ မဟုတ်လား။

    အဖိုးတန် အတွေးဆင့်ပွါး လိုက်နိုင်လို့ ကျေးဇူးကြီးပါ ဆာဆာ ရှင့်။ :))

    အဲဒီ ဆောင်းပါး အသေးစိတ် ဖတ်ချင်ပါက
    http://www.biddytarot.com/good-cards-bad-cards/

    • surmi

      October 16, 2014 at 4:08 pm

      ဟဲဟဲ တကယ်တော့ ကျနော်က ဘာဘာ ဘာမှမသိပါဘူးဗျာ ။
      ပျင်းလို့ သဂျီးကိုရန်ရှာနေတာ :kwi:

      အခုလို အတည်တကျ ရှာဖွေမန့်ပေးတဲ့သဂျီးမင်းနဲ့အရီးကိုကျေးကျေးပါဗျို့ ။
      အခြားသော ဝင်ရောက်ဖတ်ရှုကွန်မန့်ပေးကြပါသော ရွာသူားများအားလည်းအထူးကျေးဇူးတင်ပါကြောင်းးးး

      • kai

        October 16, 2014 at 5:19 pm

        အမ်..
        ကဆာမိရှောချသွားပြီ..။
        တားရော့ကဒ်ကို လက်ဆောင်ပေးမလို့တောင်ကြံနေတာ..။ The Star ကိုသဘောကျလို့..

        အစစ်က.. ဝတ်လစ်စလစ်မိန်းမပျို.. ဗျ..။

        • surmi

          October 17, 2014 at 9:22 am

          အောင်အငီးး
          လန့်ထှာဗျာ 🙂
          .
          .
          ဘာရယ်မဟုတ် ဆရာတစ်ယောက်ပြောတာလေးတော့သတိယမိသား ……
          တားရော့ ကဒ်တွေကို နိမိတ်ဖတ်ဟောရင် အချိန်ကာလ အခြေအနေနဲ့ သူ့ရဲ့စိတ်အာရုံပေါ်မှာဖြစ်တည်မှုနဲ့ ကဒ်ရဲ့ နိမိတ်ပုံကို ရောသမမွှေပြီးဟောပါသတဲ့ ။
          ကဒ်တွေရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုအတိအကျ ယူလေ့မရှပါဘူးတဲ့ခင်ဗျ ။
          အစပိုင်းလေ့လာကာစကတော့ကဒ်ရဲ့ညွှန်းဆိုချက်တွေကို အခြေခံပါတယ် တဲ့ ။
          နောက်ပိုင်း ကဒ်နဲ့တစ်သားတည်းကျသွားတဲ့အခါမှာ ကဒ်ရဲ့သဘော ကဒ်ရဲ့ ဆိုလိုချက်ကိုပြောတယ်ဆိုပဲ ။
          ဒါကြောင့် ဒီကဒ်ကိုလူနှစ်ယောက်ကိုဟောရင် တစ်ယောက်နဲ့တစ်ယောက် အလုံးစုံ မတူနိုင်ပါဘူးတဲ့ ခင်ဗျ ။

          အဲဒါကျနော်ပြောတာမဟုတ်ဘူးနော် အဲဒီဆရာပြောတာ :mrgreen:
          ကဒ်တွေဝယ်ပြီးရင်လည်း သဂျီးမင်းအဓိဌာန်မပျက်ရလေအောင် ပို့လိုက်လို့ရပါကြောင်းးး :kwi:

  • aye.kk

    October 17, 2014 at 11:52 am

    ဦးမာမွတ်ကတော့ ဂျန္နတ်ကို သွားမှာပါ… မယုန်မရှိနဲ့ ဓဂယ် ဒဂယ်…

Leave a Reply