ယနေ့မှစ ထာဝရ

ကာရံOctober 13, 20141min975

ယနေ့မှစ ထာဝရ

၁၅၀ဝချစ်မေတ္တာသည်
လွမ်း၍မဝ တမ်းတတမို့
မှန်းစမျှော်မှန်း ချစ်လမ်းခရီးမှာ
ပန်းခင်းသည့်လမ်း မပျိုးတောင်မှ
ကိုတို့သစ္စာမြဲစေပါမူ

ဆူးခင်းသင့်လမ်း တူဖြတ်သန်းရင်း
ကြည်နူးရင်ခွင် မှေးစပ်ရင်းဖြင့်
ရှင်လေးနှလုံးသား အေးမြစေကြောင်း
ကိုဆုတောင်းသည်
ယနေ့မှစ ထာဝရသည်သို့

ကာရံ ၁၃ ့၁ဝ ့၂၀၁၄

5 comments

  • kai

    October 15, 2014 at 7:18 am

    ယနေ့မှစ ထာဝရ
    မမြင်ဖူးက မူးမြစ်ပ
    တကယ်စတော့ နောင်ဂျိန်ချ
    ရန်ဖြစ်တတ်မှ အချစ်စစ်ဗျ

    (နောက်တာ) :k:

    • ကေဇီ

      October 15, 2014 at 7:54 am

      ဧရာဝတီမြစ်လောက်ကို မြင်ဖူးရဲ့သားနဲ့
      ငမိုးရိပ်ချောင်းကို
      မူးမြစ်လို့ထင်တာကျ ဘာပြောမဲ??
      (နောက်တာ)

      :k:

  • ကာရံ

    October 15, 2014 at 7:23 pm

    ဘာမြစ်ဘဲဖြစ်ဖြစ် မြစ်ဆိုမှတော့ ဘယ်ဖြောင့်တော့မလဲနော်

    • Mr. MarGa

      October 15, 2014 at 7:50 pm

      ဣတ္ထိဝင်္က နဒီဝင်္က လို့ ဆိုပေသကိုး

      • ကေဇီ

        October 15, 2014 at 8:35 pm

        ၁၁။ သင်ချစ်တတ်တယ် ဆိုတာ ဦးနှောက်ထဲက chemical တစ်မျိုး ဖြစ်တဲ့ “Oxytocin” ကြောင့်ပါ။

        နာ့ မှာ Oxytocin အတော်များသလား မသိ။

        :kwi:

Leave a Reply