ဒီ တစ်ပတ်ကို ခွစ် ကို နားပူလို့ ရထားတာလေးနဲ့ ကျေနပ်လိုက်ကြဦးနော်။
ဟိ။ 

:k:
မရှင်းရင် သများရဲ့ ကရင်မလေးကို မေးကြပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“
ကေဇီရဲ့ထားစားလို့ရတဲ့အစားလေးတွေရေးတဲ့..
http://myanmargazette.net/201451
အဖုထွက်ပို့စ်ကတည်းက ရေးပေးမလို့..
ကြားထဲ..အသုဘတွေဆက်သွားလို့..
အခု.. ကိုရေမြေင်းချက်တဲ့ပို့စ်မှ ရေးပေးဖြစ်လိုက်တယ်..
သများကြိုက်လို့.. စိတ်လိုလက်ရရှိရင် ကိုယ်တိုင်ကြော်ချက်ထားပြီး ထားစားလေ့ရှိတဲ့ ဘူးသွပ်..ပုလင်းသွပ်အကြော် အလှော်နည်းတွေပေးလိုက်တယ်..
သိပြီးသားလည်းဖြစ်မှာပါ.. နည်းတွေက ခက်လွန်းတော့..
သများကတော့ လက်တမ်းချက်နေကြဆိုတော့.. အချိုးအစားအတိအကျတော့မသိ..
ဆား..ငံပြာရည်.. ကြက်သားမှုန့်တို့ .. သကြားပုလင်းတို့ကို ဆပြီး..စောင်းထည့်လိုက်တာပဲ….. ရယ်ဒီမိတ် Paste တွေဝယ်ပြီး သူတို့အထုတ်ပေါ်က အချိုးနဲ့ချက်ရင် ဘယ်တော့မှအချိုးမပြေတတ်လို့..
ကိုယ့်လက်ဆကိုပဲအားကိုးတယ် :mrgreenn:

 

1) ငါးကွမ်းရှပ်ဆားပေါ့တုံး/ငါးရောင်ခြောက်တုံး
ငါးခြောက်၂၀သားလောက်ကို လက်သန်းတစ်ဆစ်စာလောက်တုံး..
ရေဆေးပြီး နေပြန်ပြထား..
နေ၁နာရီလောက်ပြပြီးရင်
နနွင်း..အရသာမှုန့်ထည့်နယ်ထား..
ဆီအိုးထဲ ဆီထည့်.. ငါးခြောက် ၂၀သားဆို..
ဆီလည်း အဲလောက်ထည့်ကွာ..
များရင်ပြန်ခပ်ထုတ်ရတာပဲကို..
နောက် ငါးခြောက်ထည့်မွှေတော့ ရေဆေးထားတော့ နည်းနည်းကြာကြာလေးမွှေကြော်..
ကိုယ်လိုချင်တဲ့အနေအထားရောက်ပြီ..
(အမာ..အပျော့) ဆိုရင် ငရုတ်သီးခွဲခြမ်းတစ်ထုတ်.
(ဒီမှာဆိုရင် ၂၀၀တန်အထုတ်လောက်) ဖောက်ထည့်မွှေ..
မီးလျော့..ငရုတ်သီးမွှေးနံ့ထွက်ရင် မီးပိတ်…
အအေးခံ.. ကြက်သွန်နီကြော်ရယ်ဒီမိတ်နဲ့ရော..
(ကွကိုယ်ကြက်သွန်ကြော်မယ်ဆိုရင်တော့ ဟိုငါးခြောက်တွေ မကြော်ခင် ကြက်သွန်အရင်ကြော်ပြီးခပ်ထား)
သများကတော့ ကြက်သွန်ကြော်ကြိုက်လို့ များများရောတယ်.. သများအရမ်းကြိုက်.. ပဲဟင်းတွေဘာတွေနဲ့လိုက်မှလိုက်.. :b:

.

.

2) ငါးကျည်းကျပ်တိုက်အစပ်ကြော်..
ငါးကျည်းကျပ်တိုက်အကြီး ၁၀ကောင်လောက်ရေစိမ်ထား..
ကြက်သွန်နီအကြီး၆၊၇လုံးလောက်ခွာ..ပါးပါးလှီး..
ငါးဖောင်းလာရင် အရိုးထုတ် အသားလေးတွေ နည်းနည်းသေးအောင်နွှင်ပြီး ငံပြာရည်၊ နနွင်း၊ အရသာမှုန့်နယ်ထား..
ချက်ပြီ..
ဆီများများထည့်.. ကြက်သွန်ထည့်ကြော်.. နီရောင်သမ်းလာရင်ဆယ်ထား..
ပြီးရင် ငါးထည့်ပြီး ၅မိနစ်လောက်မွှေကြော်..
နောက်..ငရုတ်သီးခွဲခြမ်းထည့်ပြီးဆက်မွှေမယ်.. ငရုတ်သီးမွှေးလာရင် ကြက်သွန်ကြော်ပြန်ထည့်မွှေပြီး မီးပိတ်..
တချို့လည်း မကျည်းမှည့်ရည်ထည့်တယ်..
ကျမတော့ မထည့်.. ငါးကျည်းကျပ်တိုက်က ဈေးကြီးတော့ ကြက်သွန်များများရောပြီးပွားတာ..
စိတ်ထဲ.. ကြက်သွန်များရင်လည်း ပိုကြိုက်လို့.. :p:

.

.

3) ဆတ်သားခြောက်အစပ်ကြော်.. (Feel မှာဝယ်ရင် ၂ထောင်ဖိုး..တစ်ယောက်စာ..တစ်ခါစားပဲရလို့.. ကွကိုယ်စမ်းကြော်တာ.. )
ဈေးက ဆတ်သားခြောက်၂၀သားလောက်ဝယ် ရေဆေး..
မိနစ် ၂၀လောက်ပြုတ်ပြီးရင် အတုံးသေးသေးတုံး..
ယိုးဒယားငံပြာရည်.. အရသာ..နနွင်းနယ်ထား..
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ဂျင်းလက်တစ်ဆစ် ၃မျိုးပေါင်း..
ဟင်းချို ပန်းကန်လုံး တစ်လုံးစာလောက်ရအောင်ထောင်း..
ငရုတ်သီးခွဲခြမ်းကိုလည်း တစ်လုံးစာနီးနီးထည့်…
.ကြက်သွန်နှစ်နဲ့ပြန်သမ.. ဆီအိုးတည်.. ဟင်းနှစ်ထည့်ဆီမွှေသတ်..
အသားထည့်.. ဆီပြန်ခြောက်ခြောက်လေးဖြစ်အောင် ချက်ပါလေ… မကျည်းမှည့်ရည် စားချင်ရင်ထည့်ပါ… :k:

.

.

4) မြေပဲလှော်.. (နိုင်ငံခြားက ပြန်သင်ခဲ့တဲ့နည်း )
မြေပဲလှော်ကိုများလို့ မပြောနဲ့…
အိုဗာတင်းဖျော်ချင်ရင် လုပ်လို့ရအောင်..
သူတို့မှာဝယ်စားရတာနဲ့ယှဉ်ရင် ဈေးလည်းသက်သာပြီး..
စားလို့လည်းအရမ်းကောင်းလို့ပါ..
ကြက်သွန်ဖြူ၅မွှာ..ဂျင်းလက်တစ်ဆစ်..အချောင်းလေးတွေလှီးထား.
.( ဒီက ရှမ်းကြက်သွန်ဖြူသေးသေးလေးတွေဆို အခွံမခွာပဲနွင်ထား.. )
ရေနွေးတစ်အိုးတည်ပြီးဆူလျင်.. မြေပဲစိမ်းသန့်သန့် နို့ဆီဗူးလေးလုံး ရေနွေးအိုးထဲလောင်းချလိုက်..
ပြီးရင် ချက်ချင်း ဆန်ကာနဲ့ပြန်စစ်ထား….
ပြီးရင် အဲ့သည်မြေပဲကို မိုက်ကရိုဝေ့ထဲထည့်လို့ရတဲ့ ကြွေဇလုံအထူထဲထည့်..
ကြက်သွန်ဖြူ ၅မွှာလောက်ထောင်းထည့်..
ဆား/ကြက်သားမှုန့်/chicken flavored salt ကြိုက်ရာထည့်ပြီး သမအောင်နယ်ပါ.
.ပြီးလျှင် မိုက်ကရိုဝေ့ထဲထည့် ၅မိနစ်တိုင်မာပေးမွှေ့..
၅မိနစ်ပြည့်ရင် အပြင်ထုတ်.. အထက်အောက်သမ..
ပြီးပြန် ၅မိနစ်မွှေ့..
အဲဒီနည်းအတိုင်း.. ၅မိနစ်၂ခါ၊ ၃မိနစ်က ၃ခါ..၄ခါ.. မြေပဲအနည်းအများပေါ်မူတည်ပြီး ကွကိုယ်ချိန်ဆ..
၃မိနစ် ၃၊၄ခါပြီးချိန်… ကြက်သွန်ဖြူ..ဂျင်းလေးတွေမျှင်ထားတာထည့်.. (ကြိုက်တတ်လျှင်သာထည့်ရန်)..
ပြီး ၂မိနစ် ၂ခါလောက်မွှေ့..
နောက်ဆုံးကြွပ်ရွသွားစေရန်.. တစ်မိနစ်.. တစ်မိနစ်စီထပ်လည်ပေးလိုက်..
သများ မြေပဲကြွပ်မကြွပ်မြည်းနည်းကတော့ စက်ထဲခနထုတ်
အထက်အောက် မွှေချိန်.. ၃..၄စေ့နှိုက်ထားပြီး အအေးခံမြည်းတာ.. :)
ပြီးရင် အအေးခံ.. ပုလင်းထဲထည့်.. ဘီယာနဲ့မြည်း.. :mrgreenn:

.

.

5) အမဲကြော်..
အမဲသား၁ပိသာ လက်မသာသာ အမြောင်းလေးတွေတုံး…
အရသာ..နနွင်းနယ်.. ဂျင်း..ကြက်သွန်ဖြူ ဓားပြားရိုက်..
ပရယ်ရှာကွတ်ကာနဲ့ ၁၅မိနစ်လောက် ရေခန်းပြုတ်..
အမဲသားတုံးလေးတွေ တစ်တုံးချင်း ငရုတ်ဆုံထဲထည့်.. ၂ခုလောက်ထု..
ကြော်တဲ့အခါ အကောင်းဆုံးကတော့ ဆီကို တစ်ခါကြော်ပဲထည့်..
အမဲသားကြွပ်အောင်ထည့်ကြော်..
ပြီးအမဲသားဆယ်..ဆီကိုလည်း သီးသန့်ခွက်ထဲထည့်..
အထက်နည်းအတိုင်း ကုန်သည်အထိကြော်..
အမဲကြော်ကို ပုလင်းထဲထည့်..
ခုနကြော်ထားတဲ့ဆီမြုပ် အောင်လောင်းထား..
သများတခါကြော်ရင် ၄၊၅ရက်ဆိုကုန်တယ်..
အဲ့ဒီအချိန်အထိတော့ ကြွပ်ရွနေရော..
၎၊၅ရက်ထက်ပိုမခံလို့..
အချိန်ဘယ်လောက်အထိ ကြွပ်နေလဲတော့မသိ..
ဆီကိုတခါကြော်တာနဲ့..ထပ်ကြော်တာနဲ့ ဘာကွာလဲဆိုရင် အနံ့ကွာတယ်..
ကျမစမ်းသပ်ပြီး.. ပြီးရင်ဘီယာနဲ့မြည်းမလား.. သန့်စင် ထမင်းသုတ်နဲ့စားမလား.. :loll:

.

.

6) ငါးတူနီခြောက်ကြော်
အစ်မတော်တစ်ယောက်ကြော်ကျွေးတာကြိုက်လွန်းလို့.. စိတ်တော်တော်လေး ကြည်လင် အားလပ်တဲ့အခါမျိုးဆို ကြော်ထားမိတယ်..
ငါးနီတူကို ခေါင်းပိုင်း..ဗိုက်နာအထိဖြတ်တယ်..
ခပ်မည်းမည်းတွေ ပါသည်အထိ..
အကောင်သန့်သန့်လေးကို ရေဆေး ဆန်ကာနဲ့စစ်..
အိမ်ရှေ့နေရောင်ထဲသွားပို့ထားလိုက်..
ပြီးရင် ဆီအိုးထဲ ဆီများများထည့်.. မြေပဲစိမ်းကို နည်းနည်းချင်း ကြော်..
ကျွတ်ပြီးမတူးအောင်…
သများကြော်ရင် ၃ပုလင်းစာလောက်ကြော်လေ့ရှိလို့..
အချိန်ပေးရတယ်.. :loll:
မြေပဲတွေကြော်ပြီးရင် ငါးနီတူလေးတွေကိုလည်း အဲ့လိုပဲ နည်းနည်းချင်းကြော်..
ဆန်ကာနဲ့စစ်.. အကုန်ကြော်ပြီး ဆီများနေသေးရင် နည်းနည်းခပ်ထုတ်..
ငရုတ်သီးအကြမ်းဖတ်ကို ထည့်မွှေ..ငံပြာရည်နည်းနည်းထည့်…
ပြီးရင် အကုန်မီးပိတ်..အအေးခံထားလိုက်..
အကုန်အေးပြီဆို.. မြေပဲ..ငါးနီတူကြော်.. ခွဲကြမ်းကြော်..ရယ်ဒီမိတ်ရောင်းတဲ့ ကြက်သွန်နီကြော်ကြွပ်ကြွပ်.. အကုန်ရောမွှေ..
အချိုမှုန့်စားရင်ထည့်.. မစားရင်မထည့်နဲ့… ပုလင်းထဲထည့်ထား..
တလတော့ အေးဆေးခံတယ်.. ကြွပ်ရွနေရော.. ဒီတိုင်းမြည်းလည်းကောင်းတယ်..
:mrgreenn:
သများက ဟောလစ် ၃ပုလင်းစာကြော်ရင်.. မြေပဲတစ်ပုလင်းစာကြော်…. ငါးနီတူ.. ပုလင်းဝက်စာကြော်ကြော်.. ကြက်သွန်နီကြော်များများထည့်တယ်..

.

.
7) ငါးဖယ်ငရုတ်သီးရှူးရှဲကြော်
အဲဒါကတော့ လက်သန်းလောက်ရှိတဲ့ငရုတ်သီးသုံးတယ်..
ဟိုအတောင့်သေးလေးတွေဆို.. ကြေကွဲရချက်မသက်သာလို့..
:mrgreenn:
ငါးကတော့ ဘာမှမနယ်မဖတ်ရသေးတဲ့ငါးဖယ်/ငါးခူအသားလွှာပိစိတုံး/ငါးကြင်း သေးသေးတုံး ဘာသုံးသုံးရတယ်..
၁၅ကျပ်သားလောက်… ဟင်းချက်ဖို့ပြင်မယ်…
ငရုတ်သီး လက်တစ်ဆုတ်စာကျော်လောက်ကို သေးသေးညှပ်ထား..
ကြက်သွန်နီတစ်လုံးပါးပါးလှီးထား..
ကြက်သွန်ဖြူအကြီး၆မွှာနဲ့ ငရုတ်ကောင်း ၁၅စေ့လောက်ကို ထောင်းထား..
ကြက်သွန်နီဆီသတ်.. ဟိုငါးတမျိုးမျိုးထည့်..
ယိုးဒယားငံပြာရည် ရမ်းသမ်းထည့်… အရသာပစ်ထည့်.. မွှေမယ်..
ငါးဖယ်ဆိုရင်တော့ နည်းနည်းအတုံးသေးလေးတွေဖြစ်သွားအောင်ဇွန်းနဲ့ချေမယ်.
.မွှေမယ်.. ၁၀မိနစ်လောက်မွှေပြီးရင်..
ငရုတ်သီးထည့်မွှေ.. အဲ့အချိန် နှာတွေအသားကုန်ချေလိမ့်မယ်.. အရသာရှိမှရှိ..
:mrgreenn:
၅မိနစ်လောက်ထပ်မွှေပြီး အိမ်ကလူတွေကို အညှော်တိုက်မယ်..
ပြီးရင် ကြက်သွန်ဖြူ.. ငရုတ်ကောင်းထောင်းထားတာထည့်.. ၂မိနစ်လောက်မွှေပြီး စားလို့ရပြီ..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

ဒီ ထဲမှာပဲ မွသဲ ရဲ့ ပုဇွန်ခြောက် ငြုပ်သီးစိမ်းကြော် ထည့်လိုက်မယ်။
လက်တွေ့စားဖူးထားတာမို့ လုံးဝ ကောင်းတယ် လို့ ထောက်ခံပါကြောင်းးးး

ပုဇွန်ခြောက်ငြုပ်သီးစိမ်းကြော်နည်းပေးမယ်။
ပုဇွန်ခြောက် ငါးဆယ်သား ငရုတ်သီးစိမ်း အစိတ်သား ကြက်သွန်ဖြူ ငါးကျပ်သား။
တမျိုးစီကို ဘလန်ဒါနဲ့ ညက်နေအောင်ကျိတ်။
ဆီသုံးဆယ်သားခန့်ကို ပူအောင်တည်
ကြက်သွန်ဖြူဆီသတ်
ငြုပ်သီးစိမ်းထည့်ကြော်
နှံရင် ပုဇွန်ခြောက်ထည့် ငံပြာရည် သကြားနည်းနည်း ထည့်
မီးပြင်းပြင်းနဲ့ကျွတ်နေအောင်ကြော်။
ကျွတ်သွားရင် ဇကာထဲထည့်ဆီစစ်ထား။
ကောင်းမှကောင်း အရမ်းစားလို့ကောင်း။

သတိပြုရမှာကတော့ ကြော်နေရင် အိမ်ကရှိသမျှပန်ကာတွေစုထိုးထား
ပါတ်ဝန်းကျင်နဲ့အိုက်ရက်ပိုင်းတည့်အောင်နေ။
လက်ကိုင်ပဝါဆောင်ထား ဟပ်ချိုးတအားချီလို့။
ဒါပေမဲ့ ထမင်းစားတဲ့အချိန်ကျရင်တော့ လက်မလည်ဘူးရယ်။

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120