ခွစ် ရဲ့ ထားလို့ ရ စား လို့ ရ – KZ’s ထမင်းဆိုင်

ဇီဇီNovember 3, 20141min24359

ဒီ တစ်ပတ်ကို ခွစ် ကို နားပူလို့ ရထားတာလေးနဲ့ ကျေနပ်လိုက်ကြဦးနော်။
ဟိ။ 

:k:
မရှင်းရင် သများရဲ့ ကရင်မလေးကို မေးကြပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“
ကေဇီရဲ့ထားစားလို့ရတဲ့အစားလေးတွေရေးတဲ့..
https://myanmargazette.net/201451
အဖုထွက်ပို့စ်ကတည်းက ရေးပေးမလို့..
ကြားထဲ..အသုဘတွေဆက်သွားလို့..
အခု.. ကိုရေမြေင်းချက်တဲ့ပို့စ်မှ ရေးပေးဖြစ်လိုက်တယ်..
သများကြိုက်လို့.. စိတ်လိုလက်ရရှိရင် ကိုယ်တိုင်ကြော်ချက်ထားပြီး ထားစားလေ့ရှိတဲ့ ဘူးသွပ်..ပုလင်းသွပ်အကြော် အလှော်နည်းတွေပေးလိုက်တယ်..
သိပြီးသားလည်းဖြစ်မှာပါ.. နည်းတွေက ခက်လွန်းတော့..
သများကတော့ လက်တမ်းချက်နေကြဆိုတော့.. အချိုးအစားအတိအကျတော့မသိ..
ဆား..ငံပြာရည်.. ကြက်သားမှုန့်တို့ .. သကြားပုလင်းတို့ကို ဆပြီး..စောင်းထည့်လိုက်တာပဲ….. ရယ်ဒီမိတ် Paste တွေဝယ်ပြီး သူတို့အထုတ်ပေါ်က အချိုးနဲ့ချက်ရင် ဘယ်တော့မှအချိုးမပြေတတ်လို့..
ကိုယ့်လက်ဆကိုပဲအားကိုးတယ် :mrgreenn:

 

1) ငါးကွမ်းရှပ်ဆားပေါ့တုံး/ငါးရောင်ခြောက်တုံး
ငါးခြောက်၂ဝသားလောက်ကို လက်သန်းတစ်ဆစ်စာလောက်တုံး..
ရေဆေးပြီး နေပြန်ပြထား..
နေ၁နာရီလောက်ပြပြီးရင်
နနွင်း..အရသာမှုန့်ထည့်နယ်ထား..
ဆီအိုးထဲ ဆီထည့်.. ငါးခြောက် ၂ဝသားဆို..
ဆီလည်း အဲလောက်ထည့်ကွာ..
များရင်ပြန်ခပ်ထုတ်ရတာပဲကို..
နောက် ငါးခြောက်ထည့်မွှေတော့ ရေဆေးထားတော့ နည်းနည်းကြာကြာလေးမွှေကြော်..
ကိုယ်လိုချင်တဲ့အနေအထားရောက်ပြီ..
(အမာ..အပျော့) ဆိုရင် ငရုတ်သီးခွဲခြမ်းတစ်ထုတ်.
(ဒီမှာဆိုရင် ၂၀ဝတန်အထုတ်လောက်) ဖောက်ထည့်မွှေ..
မီးလျော့..ငရုတ်သီးမွှေးနံ့ထွက်ရင် မီးပိတ်…
အအေးခံ.. ကြက်သွန်နီကြော်ရယ်ဒီမိတ်နဲ့ရော..
(ကွကိုယ်ကြက်သွန်ကြော်မယ်ဆိုရင်တော့ ဟိုငါးခြောက်တွေ မကြော်ခင် ကြက်သွန်အရင်ကြော်ပြီးခပ်ထား)
သများကတော့ ကြက်သွန်ကြော်ကြိုက်လို့ များများရောတယ်.. သများအရမ်းကြိုက်.. ပဲဟင်းတွေဘာတွေနဲ့လိုက်မှလိုက်.. :b:

.

.

2) ငါးကျည်းကျပ်တိုက်အစပ်ကြော်..
ငါးကျည်းကျပ်တိုက်အကြီး ၁ဝကောင်လောက်ရေစိမ်ထား..
ကြက်သွန်နီအကြီး၆၊ရလုံးလောက်ခွာ..ပါးပါးလှီး..
ငါးဖောင်းလာရင် အရိုးထုတ် အသားလေးတွေ နည်းနည်းသေးအောင်နွှင်ပြီး ငံပြာရည်၊ နနွင်း၊ အရသာမှုန့်နယ်ထား..
ချက်ပြီ..
ဆီများများထည့်.. ကြက်သွန်ထည့်ကြော်.. နီရောင်သမ်းလာရင်ဆယ်ထား..
ပြီးရင် ငါးထည့်ပြီး ၅မိနစ်လောက်မွှေကြော်..
နောက်..ငရုတ်သီးခွဲခြမ်းထည့်ပြီးဆက်မွှေမယ်.. ငရုတ်သီးမွှေးလာရင် ကြက်သွန်ကြော်ပြန်ထည့်မွှေပြီး မီးပိတ်..
တချို့လည်း မကျည်းမှည့်ရည်ထည့်တယ်..
ကျမတော့ မထည့်.. ငါးကျည်းကျပ်တိုက်က ဈေးကြီးတော့ ကြက်သွန်များများရောပြီးပွားတာ..
စိတ်ထဲ.. ကြက်သွန်များရင်လည်း ပိုကြိုက်လို့.. :p:

.

.

3) ဆတ်သားခြောက်အစပ်ကြော်.. (Feel မှာဝယ်ရင် ၂ထောင်ဖိုး..တစ်ယောက်စာ..တစ်ခါစားပဲရလို့.. ကွကိုယ်စမ်းကြော်တာ.. )
ဈေးက ဆတ်သားခြောက်၂ဝသားလောက်ဝယ် ရေဆေး..
မိနစ် ၂ဝလောက်ပြုတ်ပြီးရင် အတုံးသေးသေးတုံး..
ယိုးဒယားငံပြာရည်.. အရသာ..နနွင်းနယ်ထား..
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ဂျင်းလက်တစ်ဆစ် ၃မျိုးပေါင်း..
ဟင်းချို ပန်းကန်လုံး တစ်လုံးစာလောက်ရအောင်ထောင်း..
ငရုတ်သီးခွဲခြမ်းကိုလည်း တစ်လုံးစာနီးနီးထည့်…
.ကြက်သွန်နှစ်နဲ့ပြန်သမ.. ဆီအိုးတည်.. ဟင်းနှစ်ထည့်ဆီမွှေသတ်..
အသားထည့်.. ဆီပြန်ခြောက်ခြောက်လေးဖြစ်အောင် ချက်ပါလေ… မကျည်းမှည့်ရည် စားချင်ရင်ထည့်ပါ… :k:

.

.

4) မြေပဲလှော်.. (နိုင်ငံခြားက ပြန်သင်ခဲ့တဲ့နည်း )
မြေပဲလှော်ကိုများလို့ မပြောနဲ့…
အိုဗာတင်းဖျော်ချင်ရင် လုပ်လို့ရအောင်..
သူတို့မှာဝယ်စားရတာနဲ့ယှဉ်ရင် ဈေးလည်းသက်သာပြီး..
စားလို့လည်းအရမ်းကောင်းလို့ပါ..
ကြက်သွန်ဖြူ၅မွှာ..ဂျင်းလက်တစ်ဆစ်..အချောင်းလေးတွေလှီးထား.
.( ဒီက ရှမ်းကြက်သွန်ဖြူသေးသေးလေးတွေဆို အခွံမခွာပဲနွင်ထား.. )
ရေနွေးတစ်အိုးတည်ပြီးဆူလျင်.. မြေပဲစိမ်းသန့်သန့် နို့ဆီဗူးလေးလုံး ရေနွေးအိုးထဲလောင်းချလိုက်..
ပြီးရင် ချက်ချင်း ဆန်ကာနဲ့ပြန်စစ်ထား….
ပြီးရင် အဲ့သည်မြေပဲကို မိုက်ကရိုဝေ့ထဲထည့်လို့ရတဲ့ ကြွေဇလုံအထူထဲထည့်..
ကြက်သွန်ဖြူ ၅မွှာလောက်ထောင်းထည့်..
ဆား/ကြက်သားမှုန့်/chicken flavored salt ကြိုက်ရာထည့်ပြီး သမအောင်နယ်ပါ.
.ပြီးလျှင် မိုက်ကရိုဝေ့ထဲထည့် ၅မိနစ်တိုင်မာပေးမွှေ့..
၅မိနစ်ပြည့်ရင် အပြင်ထုတ်.. အထက်အောက်သမ..
ပြီးပြန် ၅မိနစ်မွှေ့..
အဲဒီနည်းအတိုင်း.. ၅မိနစ်၂ခါ၊ ၃မိနစ်က ၃ခါ..၄ခါ.. မြေပဲအနည်းအများပေါ်မူတည်ပြီး ကွကိုယ်ချိန်ဆ..
၃မိနစ် ၃၊၄ခါပြီးချိန်… ကြက်သွန်ဖြူ..ဂျင်းလေးတွေမျှင်ထားတာထည့်.. (ကြိုက်တတ်လျှင်သာထည့်ရန်)..
ပြီး ၂မိနစ် ၂ခါလောက်မွှေ့..
နောက်ဆုံးကြွပ်ရွသွားစေရန်.. တစ်မိနစ်.. တစ်မိနစ်စီထပ်လည်ပေးလိုက်..
သများ မြေပဲကြွပ်မကြွပ်မြည်းနည်းကတော့ စက်ထဲခနထုတ်
အထက်အောက် မွှေချိန်.. ၃..၄စေ့နှိုက်ထားပြီး အအေးခံမြည်းတာ.. 🙂
ပြီးရင် အအေးခံ.. ပုလင်းထဲထည့်.. ဘီယာနဲ့မြည်း.. :mrgreenn:

.

.

5) အမဲကြော်..
အမဲသား၁ပိသာ လက်မသာသာ အမြောင်းလေးတွေတုံး…
အရသာ..နနွင်းနယ်.. ဂျင်း..ကြက်သွန်ဖြူ ဓားပြားရိုက်..
ပရယ်ရှာကွတ်ကာနဲ့ ၁၅မိနစ်လောက် ရေခန်းပြုတ်..
အမဲသားတုံးလေးတွေ တစ်တုံးချင်း ငရုတ်ဆုံထဲထည့်.. ၂ခုလောက်ထု..
ကြော်တဲ့အခါ အကောင်းဆုံးကတော့ ဆီကို တစ်ခါကြော်ပဲထည့်..
အမဲသားကြွပ်အောင်ထည့်ကြော်..
ပြီးအမဲသားဆယ်..ဆီကိုလည်း သီးသန့်ခွက်ထဲထည့်..
အထက်နည်းအတိုင်း ကုန်သည်အထိကြော်..
အမဲကြော်ကို ပုလင်းထဲထည့်..
ခုနကြော်ထားတဲ့ဆီမြုပ် အောင်လောင်းထား..
သများတခါကြော်ရင် ၄၊၅ရက်ဆိုကုန်တယ်..
အဲ့ဒီအချိန်အထိတော့ ကြွပ်ရွနေရော..
၄၊၅ရက်ထက်ပိုမခံလို့..
အချိန်ဘယ်လောက်အထိ ကြွပ်နေလဲတော့မသိ..
ဆီကိုတခါကြော်တာနဲ့..ထပ်ကြော်တာနဲ့ ဘာကွာလဲဆိုရင် အနံ့ကွာတယ်..
ကျမစမ်းသပ်ပြီး.. ပြီးရင်ဘီယာနဲ့မြည်းမလား.. သန့်စင် ထမင်းသုတ်နဲ့စားမလား.. :loll:

.

.

6) ငါးတူနီခြောက်ကြော်
အစ်မတော်တစ်ယောက်ကြော်ကျွေးတာကြိုက်လွန်းလို့.. စိတ်တော်တော်လေး ကြည်လင် အားလပ်တဲ့အခါမျိုးဆို ကြော်ထားမိတယ်..
ငါးနီတူကို ခေါင်းပိုင်း..ဗိုက်နာအထိဖြတ်တယ်..
ခပ်မည်းမည်းတွေ ပါသည်အထိ..
အကောင်သန့်သန့်လေးကို ရေဆေး ဆန်ကာနဲ့စစ်..
အိမ်ရှေ့နေရောင်ထဲသွားပို့ထားလိုက်..
ပြီးရင် ဆီအိုးထဲ ဆီများများထည့်.. မြေပဲစိမ်းကို နည်းနည်းချင်း ကြော်..
ကျွတ်ပြီးမတူးအောင်…
သများကြော်ရင် ၃ပုလင်းစာလောက်ကြော်လေ့ရှိလို့..
အချိန်ပေးရတယ်.. :loll:
မြေပဲတွေကြော်ပြီးရင် ငါးနီတူလေးတွေကိုလည်း အဲ့လိုပဲ နည်းနည်းချင်းကြော်..
ဆန်ကာနဲ့စစ်.. အကုန်ကြော်ပြီး ဆီများနေသေးရင် နည်းနည်းခပ်ထုတ်..
ငရုတ်သီးအကြမ်းဖတ်ကို ထည့်မွှေ..ငံပြာရည်နည်းနည်းထည့်…
ပြီးရင် အကုန်မီးပိတ်..အအေးခံထားလိုက်..
အကုန်အေးပြီဆို.. မြေပဲ..ငါးနီတူကြော်.. ခွဲကြမ်းကြော်..ရယ်ဒီမိတ်ရောင်းတဲ့ ကြက်သွန်နီကြော်ကြွပ်ကြွပ်.. အကုန်ရောမွှေ..
အချိုမှုန့်စားရင်ထည့်.. မစားရင်မထည့်နဲ့… ပုလင်းထဲထည့်ထား..
တလတော့ အေးဆေးခံတယ်.. ကြွပ်ရွနေရော.. ဒီတိုင်းမြည်းလည်းကောင်းတယ်..
:mrgreenn:
သများက ဟောလစ် ၃ပုလင်းစာကြော်ရင်.. မြေပဲတစ်ပုလင်းစာကြော်…. ငါးနီတူ.. ပုလင်းဝက်စာကြော်ကြော်.. ကြက်သွန်နီကြော်များများထည့်တယ်..

.

.
7) ငါးဖယ်ငရုတ်သီးရှူးရှဲကြော်
အဲဒါကတော့ လက်သန်းလောက်ရှိတဲ့ငရုတ်သီးသုံးတယ်..
ဟိုအတောင့်သေးလေးတွေဆို.. ကြေကွဲရချက်မသက်သာလို့..
:mrgreenn:
ငါးကတော့ ဘာမှမနယ်မဖတ်ရသေးတဲ့ငါးဖယ်/ငါးခူအသားလွှာပိစိတုံး/ငါးကြင်း သေးသေးတုံး ဘာသုံးသုံးရတယ်..
၁၅ကျပ်သားလောက်… ဟင်းချက်ဖို့ပြင်မယ်…
ငရုတ်သီး လက်တစ်ဆုတ်စာကျော်လောက်ကို သေးသေးညှပ်ထား..
ကြက်သွန်နီတစ်လုံးပါးပါးလှီးထား..
ကြက်သွန်ဖြူအကြီး၆မွှာနဲ့ ငရုတ်ကောင်း ၁၅စေ့လောက်ကို ထောင်းထား..
ကြက်သွန်နီဆီသတ်.. ဟိုငါးတမျိုးမျိုးထည့်..
ယိုးဒယားငံပြာရည် ရမ်းသမ်းထည့်… အရသာပစ်ထည့်.. မွှေမယ်..
ငါးဖယ်ဆိုရင်တော့ နည်းနည်းအတုံးသေးလေးတွေဖြစ်သွားအောင်ဇွန်းနဲ့ချေမယ်.
.မွှေမယ်.. ၁ဝမိနစ်လောက်မွှေပြီးရင်..
ငရုတ်သီးထည့်မွှေ.. အဲ့အချိန် နှာတွေအသားကုန်ချေလိမ့်မယ်.. အရသာရှိမှရှိ..
:mrgreenn:
၅မိနစ်လောက်ထပ်မွှေပြီး အိမ်ကလူတွေကို အညှော်တိုက်မယ်..
ပြီးရင် ကြက်သွန်ဖြူ.. ငရုတ်ကောင်းထောင်းထားတာထည့်.. ၂မိနစ်လောက်မွှေပြီး စားလို့ရပြီ..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

ဒီ ထဲမှာပဲ မွသဲ ရဲ့ ပုဇွန်ခြောက် ငြုပ်သီးစိမ်းကြော် ထည့်လိုက်မယ်။
လက်တွေ့စားဖူးထားတာမို့ လုံးဝ ကောင်းတယ် လို့ ထောက်ခံပါကြောင်းးးး

ပုဇွန်ခြောက်ငြုပ်သီးစိမ်းကြော်နည်းပေးမယ်။
ပုဇွန်ခြောက် ငါးဆယ်သား ငရုတ်သီးစိမ်း အစိတ်သား ကြက်သွန်ဖြူ ငါးကျပ်သား။
တမျိုးစီကို ဘလန်ဒါနဲ့ ညက်နေအောင်ကျိတ်။
ဆီသုံးဆယ်သားခန့်ကို ပူအောင်တည်
ကြက်သွန်ဖြူဆီသတ်
ငြုပ်သီးစိမ်းထည့်ကြော်
နှံရင် ပုဇွန်ခြောက်ထည့် ငံပြာရည် သကြားနည်းနည်း ထည့်
မီးပြင်းပြင်းနဲ့ကျွတ်နေအောင်ကြော်။
ကျွတ်သွားရင် ဇကာထဲထည့်ဆီစစ်ထား။
ကောင်းမှကောင်း အရမ်းစားလို့ကောင်း။

သတိပြုရမှာကတော့ ကြော်နေရင် အိမ်ကရှိသမျှပန်ကာတွေစုထိုးထား
ပါတ်ဝန်းကျင်နဲ့အိုက်ရက်ပိုင်းတည့်အောင်နေ။
လက်ကိုင်ပဝါဆောင်ထား ဟပ်ချိုးတအားချီလို့။
ဒါပေမဲ့ ထမင်းစားတဲ့အချိန်ကျရင်တော့ လက်မလည်ဘူးရယ်။

59 comments

  • Yae Myae Tha Ninn

    November 3, 2014 at 10:19 am

    နံပါတ် ၅ က.. တနင်္ဂနွေနေ့ လုပ်စားပြီးပြီ… ဟီး.. ပုလင်းထဲ မရောက်လိုက်ဘူး… လောက်တောင် မလောက်ဘူး… 🙂

  • အလင်းဆက်

    November 3, 2014 at 10:50 am

    တိန် တိန် အခါခါတိန်

    ဒီတစ်ပါတ် စားဖွယ်တွေက…
    ကျနော့်အကြိုက်တွေချည်းပါပဲလားဗျ…

    ဖွေးဖွေးကို ပြထားဦးမှ…လို့ ပြောချင်ပေမယ့်…မပြောတော့ပါဘူး ။
    ဖွေးဖွေးအကြောင်း မပါပဲ..comment ပေးတဲ့ အနေနဲ့… ။
    ဒီပိုစ်ထဲမှာ ဖွေးဖွေး နာမည်လေး ထည့်မပြောတော့ဘူးလို့… ဆုံးဖြတ်လိုက်တယ်..ဖွေးဖွေးရယ်..
    အဲ..မမဂျီးးရယ်..

    ဂွစ်ဂွစ်စ်

    :k:

    :k:

    • ကေဇီ

      November 3, 2014 at 1:19 pm

      ကတောက်။
      ဒီ ဖွေးဖွေးကို ခေါ် ချက်ခိုင်းပြန်ရော့မယ်။
      :k:

      သွားသွားးး
      မမဂျီးဆိုင်မှာ ထမင်းချက်ပေးမားလို့။
      ချက်ပေးနိုင်မှ ခေါ်ခဲ့..
      :kwi:

    • sorrow

      November 3, 2014 at 1:29 pm

      ..ညီကိုချင်းမို့ ချစ်လွန်းလို့ သတိပေးလို်က်မယ်..နာမယ်မှာဖွေးပါရင် သတိထားပေတော့….
      ..ဘဝနဲ့ရင်းတဲ့အတွေ့အကြုံနော်…မယုံရင် ဂီဂီနဲ့ကျောက်စ်ကိုမေးကြည့်….
      ..သို့..ဖြူဖွေး….ကိုကိုချစ်လို့စတာ… အဟိဟိဟိ

      • ကေဇီ

        November 3, 2014 at 1:33 pm

        နာမည်မှာ စိုင်း ပါရင်ရောဟင်?

        :k:

        • အလင်းဆက်

          November 3, 2014 at 1:56 pm

          မမဂျီး…
          နာမည်မှာ စိုင်း ပါရင်…
          ထီး ရောင်းတဲ့ ဆိုင် ဖွင့်စားခိုင်း…

          ဂွစ်ဂွစ်…

          :k:

      • အလင်းဆက်

        November 3, 2014 at 1:53 pm

        တိန်…

        အနော့်ဖွေးဖွေးလေးမှာ..အပျစ်မရှိရှာပါဘူး ။
        သူဂလေးမှာ..အပျစ်ရှိရင်တောင်…ခွှင့်လွှတ်ပီးသား..
        ဂွစ်ဂွစ်…
        အပျစ်…မညင်ဗာဗူး… ညှစ်ချဉ်တာပဲ..သိတဲ့နောက်…
        အဲလေ…. ချစ်ချင်တာပဲ…သိတဲ့နောက်…

        :k:

  • Ma Ei

    November 3, 2014 at 10:56 am

    အဲ့ဒီ အကြော် အလှော် မျိုးစုံကို ပဲနီလေးကြာဇံ ဟင်းချိ ု ကလေးတွဲလို့ ခုပဲ စိတ်ကူးနဲ့ အရင်စားလိုက်ပီ….

    • Yae Myae Tha Ninn

      November 3, 2014 at 11:29 am

      သီးစုံ ကုလားဟင်းနဲ့လဲ လိုက်ပါ၏… မအိ… 🙂

    • ကေဇီ

      November 3, 2014 at 1:22 pm

      ဒီ လို ဟာမျိုးကတော့ ထားလို့ကို မရအောင် ချက်ချင်းစားပစ်တာ မွအိရဲ့။
      အရမ်းကြိုက်သကော။
      မွအိ ပြောသလို ပဲဟင်းနဲ့လည်း လိုက်။ နင်းနင်း ပြောသလို ချဉ်ရည်နဲ့လည်း လိုက်တာမို့။

      :k:

  • weiwei

    November 3, 2014 at 10:59 am

    မြေပဲလှော်စားမယ် …
    အကြော်အလှော်တွေဖတ်ပြီး နှာခေါင်းထဲမှာ အနံ့ရနေတယ် ..
    အညာသားသူငယ်ချင်းတစ်ယောက် နိုင်ငံခြားမှာ ကိုရီးယား ၃ ယောက်နဲ့ တစ်အိမ်ထဲနေခဲ့ရဖူးတယ် .. သူကတော့ အညာသားပီပီ အစပ်လဲကြိုက် ငပိစိမ်းစားလဲကြိုက်ဆိုတော့ သူဟင်းချက်ရင် အားလုံးထွက်ပြေးတော့တာပဲတဲ့ … ဒါပေမယ့် သူ့ဟင်းကို တောင်းစားပြီး ကြိုက်တယ်လို့ပြောကြတယ်တဲ့ … ခင်ဗျားချက်တဲ့ဟင်းတွေက အနံ့ဆိုးသလောက် အရသာကောင်းတယ်တဲ့လေ … 🙂

    • ကေဇီ

      November 3, 2014 at 1:26 pm

      ဟိ။
      ရုံးက စလုံးမတွေက ဘာပြောတုန်းသိလားးး
      မြန်မာဟင်းတွေက ရုပ်သာဆိုးတာ စားကောင်းသတဲ့။။

      အသိ အကိုဂျီး ရုံးကကျ မျစ်ချဉ်ကို အင်းဇော် နံတယ်လို့ ပြောလို့ အဲ အကို စိတ်နာပြီး သူ့မိန်းမကို ထမင်းဘူး မထည့်ခိုင်းတော့ဘူးး

      :mrgreen:

  • MAUNG

    November 3, 2014 at 12:16 pm

    ရှလွတ်
    mouth-watering 🙂

    • ကေဇီ

      November 3, 2014 at 1:29 pm

      မောင်!!!
      စာမရေးတာကြာပါပေါ့။
      မအားဘူးလားး

      :k:

      • MAUNG

        November 4, 2014 at 6:21 am

        စာ ရေးချင်စိတ်ကို မရှိဘူး ဖြစ်နေလို့ပါ ဗျာ….
        အကြွေး တစ်ပုဒ် ကလဲရှိသေး တယ်တန်းလန်း 🙂

  • sorrow

    November 3, 2014 at 1:23 pm

    ..အင်မတိအင်မတန်အသုံးဝင်ကြောင်း ….ကွကိုယ်လုပ်စားဖို့ ရက်စပီသိမ်းထားပါကြောင်း…
    ..ပုံ..လှတာမက်လို့…ညစာရော မနက်စာရော…ပိုက်ဆံအိတ်ပါ အဆစ်ပါးနေသူ ရိုးသားကြိုးစား .ကချင် နုထွား..

    • ကေဇီ

      November 3, 2014 at 1:28 pm

      နုထွား ဘယ်ပျောက်နေတာလဲ?
      နာ့ ကို ကချင်ဟင်းတွေ တို့လို့တန်းလန်း နဲ့ မထားခဲ့နဲ့လေ။

      :k:

      • sorrow

        November 3, 2014 at 1:50 pm

        ..ပျောက်ဆို…အလုပ်ကပြုတ်တော့…ကချင်သူပုန်မကြီးက ခြေပါလက်ပါလုပ်တယ်ဂျ…ကြိုက်တုန်းက …ကြိုက်ထားပြီးတော့….လူများသားပျိုလေးကို..တယ်မကြင်နာဘူးခင်ဗျ…ဆိုတော့ကာ.
        ..အလုပ်အသည်းအသန်ရှာဖွေနေရ….သဖြင့်…ပျောက်နေကြောင်းပါခင်ဗျာ..
        ..ခုတော့ဖြင့်အလုပ်သစ်ရပါပြီ ..မမရေ…

        • ကေဇီ

          November 3, 2014 at 1:54 pm

          ဟယ်။
          ဒါမိုးတော့ မတရားပါဘူးး
          ငြိမ်မနေနဲ့။
          ဖြူဖွေးဆီက ရှိသမျှ ဘရန်းဒက်တွေရယ်
          နားက စိန်နားကပ်ကြီးရယ် ယူပြီး မမဆီ လာခဲ့။
          သုံးလို့ မကုန်မချင်း လက်ခံထားဦးမှာ၊.
          အဟိဟိ။

          :mrgreenn:

          အလစ်သုတ် ရပြီ ဆိုလို့ ဝမ်းသာကြောင်း

          🙂

        • Mr. MarGa

          November 3, 2014 at 1:54 pm

          အယ်
          ငါ့အစ်ကို အလစ်သုတ်ပြီ ဟလားး!!!!
          :mrgreenn:

  • တောင်ပေါ်သား

    November 3, 2014 at 1:28 pm

    အခြောက်ကြော်တွေကို သိပ်မကြိုက်ပေမယ့်

    ကြာကြာအထားခံသမို့ အိမ်တိုင်းနဲ့ သင့်ပါသဗျို့ ၊

    • ကေဇီ

      November 3, 2014 at 1:31 pm

      အနော့ ဆီတော့ ကြာကြာ အထားမခံဘူးရယ်။
      ကြော်တဲ့ နေ့ ကုန်တာဆိုတော့။
      အဟိဟိ

      :mrgreenn:

      • တောင်ပေါ်သား

        November 3, 2014 at 1:34 pm

        ဒီတစ်ပတ် အခြောက်ဆိုတော့

        နောက်တစ်ပတ်က အရည်များများပေါ့နော် 🙂

        • ကေဇီ

          November 3, 2014 at 1:36 pm

          အမှန်က နောက်တပတ်
          မုန်ညင်းတွေနဲ့ ခရီးထွက်ဖို့ လျာထားတာပဲ။
          ဟို ဓူဝံကြယ်ကြီးက ပေးမယ် ဆိုလို့။

          :kwi:

        • တောင်ပေါ်သား

          November 3, 2014 at 1:45 pm

          ဒါဆို သများက တတိယပတ်မှပေါ့နော် ၊

          ကောင်း၏ ၊ အပျင်းကြီးလိုက်ဦးမယ် ၊ 🙂

        • ကေဇီ

          November 3, 2014 at 1:46 pm

          ငင်။
          ဟုတ်ဘူးလေ။
          နောက် တနင်္လာမှာ ဘာမှ ရှိတော့ဘူးးး
          ဒီ တစ်ပတ်ပေးမှ မှီမှာ။

          :h:

        • တောင်ပေါ်သား

          November 3, 2014 at 1:56 pm

          တိဘူးလေကွယ် ၊ အင်းပါ အင်းပါ

          လပြည့်ကျော်၁ ရက် သောကြာနေ့ နောက်ဆုံးထား ပို့ပေးမယ် ၊

          ဒါ့ပုံ ၄ – ၅ ပုံ ပါမယ်ထင်

        • ကေဇီ

          November 3, 2014 at 1:58 pm

          ဂွစ်ဂွစ်
          (ခရက်ဒစ် တူ ဆက်ဆက်)

          :k:

    • Yae Myae Tha Ninn

      November 3, 2014 at 2:00 pm

      ဦးမျိုးကွန်းမန့်…

      အခြောက်တွေကို သိပ်မကြိုက်ပေမယ့်
      ကြာကြာအစားခံသမို့ အိမ်တိုင်း နဲ့ သင့်ပါသဗျို့၊

      အဲလိုလား … ဟင်…. 😛

  • ကန္နားစီး မိဂီ

    November 3, 2014 at 1:37 pm

    ထိပ်ဆုံးမှာတင် ကရင်မဆိုတဲ့စာလုံးပါလို့ သည်ပို့စ့်ကြိုဆက်မဖတ်တော့ဘူးရယ်

    ဟင့်င့်င့်

    • ကေဇီ

      November 3, 2014 at 1:40 pm

      ခုတော့ ကျမသိဘီ။

      ကရင်မတွေ က မကောင်းတာမဟုတ်။

      နာ့ မောင် မွန်သဘုံက မကောင်းလို့
      နိ ကို အမွေဖြတ်ရမားး
      ယောင်ကျားပေးစားရမား စဉ်းစားနေတယ်။

      :kwi:

      • ကန္နားစီး မိဂီ

        November 3, 2014 at 2:55 pm

        ကျော်ကကောင်းပါတယ်ဗျာ
        ပြောရင်လည်းကြွားတယ်ဖြစ်ပါအုံးမယ်လေ

        နန်းမိုးခမ်း သီချင်း ခနခနဆိုနေသဗျ
        ငိငိ

        • ကေဇီ

          November 3, 2014 at 2:56 pm

          ကောင်းပါတယ်။
          .
          .
          .
          .

          စိတ်ပျက်ဖို့။

          :k:

        • ကန္နားစီး မိဂီ

          November 3, 2014 at 2:58 pm

          အဲ့လို ကျုပ်ကို အကောင်းမပြောတဲ့ အမျိုးတေ ပေါလို့ ဒီရွာကို မလာချင်တာ
          🙁

        • ကေဇီ

          November 3, 2014 at 3:00 pm

          အွန်မာ၊
          နိ ဟာ နိ ဘာဖြစ်မှန်းမသိ မလာပဲ
          နာ့တို့ကို တရားခံ မရှာနဲ့။
          👿

        • ကန္နားစီး မိဂီ

          November 3, 2014 at 4:53 pm

          ခီညားရယ် သဂျီးရယ် အရီးရယ်ကို ချဉ်လို့ မလာတာိုလိုါ့ မဆိုလိုပါဘူူးရယ်

        • မြစပဲရိုး

          November 4, 2014 at 2:04 pm

          REALLY !!!!!
          PaLa PaLa
          lol:-)) :))

  • kai

    November 3, 2014 at 1:38 pm

    4) မြေပဲလှော်.. (နိုင်ငံခြားက ပြန်သင်ခဲ့တဲ့နည်း )

    အဲဒီအပေါ်က.. နည်းနဲ့လုပ်တဲ့.. မြေပဲလှော်လားတော့မသိ..။
    အဲဒါ.. ဖိလစ်ပင်န်းတွေဆိုင်မှာ.. ဗူးလေးတွေနဲ့ရောင်းတယ်..။
    မြန်မာပြည်က.. ကြက်သွန်ဖြူမြေပဲဆားလှော်လိုပဲ..။

    ဈေးကမသေး..
    လက်တဆုပ်စာလောက်ကို.. ဝယ်စားကြည့်တာ.. ၅ဒေါ်လာတဲ့..။
    သာမန်မြေပဲလှော် ထက် ဈေး၅ဆလောက်များတယ်..။

    • ကေဇီ

      November 3, 2014 at 1:41 pm

      ဟုတ်မယ်၊
      ရုံးက ဖား မ ပြန်လာတော့ ဝယ်လာဖူးတယ်။
      မြန်မာ အရသာနဲ့ အတော်ဆင်တယ်။
      :mrgreenn:

  • ဗုံဗုံ

    November 3, 2014 at 2:03 pm

    အမဲ​ကြော်​ မမခွစ်​ကို​ကြော်​ခိုင်​းပြီး
    လှမ်​းပို့​ပေးပါလို့ ​ပြော​ပေးဘာာာ..
    ၁ဝပိသာဆို တပတ်​စားရမယ်​ထင်​တယ်​….. 😉

    • ကေဇီ

      November 3, 2014 at 2:06 pm

      ပိဿာ၂ဝ လောက် ကြော်ခိုင်းရင် ပိုကောင်းမားးး

      :kwi:

  • kyeemite

    November 3, 2014 at 2:46 pm

    .အင်း..ဒီတစ်ခေါက်အခြောက်အချမ်းကြော်တွေအားလုံးကြိုက်သဗျို့
    .ပဲနီလေးဟင်းကြို ကြဲကြဲလေးနဲ့ဆိုတော်တော်လိုက်ပေါ့…အမဲကြော်ကတော့အကြိုက်ဆုံး..ခိခိ :mrgreenn:
    .ငါးတူနီခြောက်ကြော်..ဆိုလို့ကြောင်သွားတယ်..မကြားဖူးပါလားပေါ့ :loll:

    • ကေဇီ

      November 3, 2014 at 2:54 pm

      အယ်။
      အဲလာ သများမှားတာ။
      အဲ့ ငါးကို အခေါ်အမြဲမှားတယ်။
      ဟီး

      :k:

  • မြစပဲရိုး

    November 3, 2014 at 3:30 pm

    မကြည်စင်လေး ရဲ့ ဟင်းနည်း တွေ အားလုံးကြိုက်တယ်။
    ငါးခြောက် ကို အရမ်းကြိုက်တာ။
    ကျန်တာတွေက ဒီမှာ မရလို့ လုပ်မရပေမဲ့ မြေပဲ က ရတော့ မြေပဲလှော် ကို စမ်းမယ်ဖြစ်ကြောင်း သတင်းပို့ ပါတယ်။
    အခု အိမ် က အိမ်ချင်း တွေ သိပ်မကပ်လို့ အိမ်နီးချင်း ကို သိပ်ဖားဖို့တော့ မလိုတာမို့
    မွသဲ ရဲ့ ပုဇွန်ခြောက်ငြုပ်သီးစိမ်းကြော် ကိုလဲ အချိန်အခါပေးရင် စမ်းပါ့မယ်။
    ခွစ်၊ ဇီ နဲ့ သဲ တို့ ကို ကျေးဇူးတင်ပါတယ်။
    :))

    • ကေဇီ

      November 3, 2014 at 3:32 pm

      မကြည်စင်လေး သူ့ပို့(စ) တက်တာ မသိသေးဘူးး
      ဟိဟိ။

      :mrgreenn:

  • Crystalline

    November 4, 2014 at 10:49 am

    တကယ်တော့ ကေဇီအဖုထွက်က အ၆တွေထဲ ထပ်ပေါင်းပေးလိုက်တာရယ်… :))
    နေပါအုန်း..အားတဲ့..အချိန်ရတဲ့အခါ.. သများချက်စားဖူးတဲ့.. ကြွက်ခြောက်စပ်..ငါးရှဥ့်တောချက်..ငါးရှဥ့်မြေအိုးချက်..ဂုံးသုတ်..
    ဖားခြောက်စပ်..ဖားဆီပြန်..မွန်အရက်သမားဟင်း..ရေကြက်/ဘဲ..စနိုက်ချက်နည်းတွေရေးပေးမယ်နော်.. :mrgreenn:

    • ကေဇီ

      November 4, 2014 at 7:11 pm

      ညန်ညန်ရေးနော်။
      ဘယ်လောက် စောင့်ရမှာလဲ။
      ကြိုးရှေရှည် နဲ့ မလှန်စေချင်ဘူးးး
      :mrgreenn:

  • Wow

    November 5, 2014 at 11:46 am

    ကရင်မလက်ရာကို သုံးရက်လောက်ဖတ်ယူရတယ်.. မန့်မယ်ကြံလိုက် ကော်နက်ရှင်ကျသွားလိုက် မန့်မယ်ကြံလိုက် ဘူးဇီးလိုက်နဲ့…
    အိုက်တော့ ဂယ်ချက်တတ်တယ်ဆိုတာယုံဘူး… ချက်ကျွေးဘာာာ :kwi:

    • ကေဇီ

      November 5, 2014 at 12:07 pm

      ဝါး၊
      နိ နောက်ကောက်ကျသွားဘီ။
      အမှန်တကယ် အဲ့ ကရင်မလေး ချိ တာက နာ့ဂို။

      ရိုးသားတဲ့ ကရင်မလေးရယ်
      မေ့ပျောက်လို့ မရတော့ဘူးထင်တယ်။

      :kwi:

      • sorrow

        November 5, 2014 at 12:12 pm

        ..ဘာရိုးသားတဲ့ကရင်မလေးရယ်လဲ….ကရင်တွေ ဟင်းချက်တတ်တယ်ဆိုတာများ …ယုံလို့ဗျာ….တာလဘောဟင်းပဲကြည့်…ဘာပညာပါလို့တုန်း…ဂျွတ်ဂျက်ဆို ..အသီးအရွက်တွေဆွဲချိုးထည့် ပြီး ပြုတ်ပလိုက်တာ…..အဟီး….( မမခွစ်….ချစ်လို့စတာ…)

        • ကေဇီ

          November 5, 2014 at 12:14 pm

          အာ့ဆို ရှမ်းကချင် အပွေမှ
          ကချင် ဟင်းချက်ပြစေလိုကြောင်းးးး

          :mrgreen:

  • pooch

    November 5, 2014 at 3:18 pm

    ချက်နည်းလေးတွေကတော့ လွှတ်ကောင်း
    ဒါပေမဲ့
    သများက ဟင်းချက်ပျင်းတဲ့နေရာ ပြိုင်ဘက်ကင်းဆိုတော့ ဖြစ်သလို စားတတ်အောင် ကျင့်ထားတယ်
    ချက်နို်င်ပြုတ်နိုင် ချက်တတ်ပြုတ်တတ်တဲ့သူများကို လွန်စွာအားကျပါသော်လည်း
    ဝယ်ပဲစားတော့မယ်နော် :((

  • မွသဲ ( 17082011 )

    November 7, 2014 at 1:26 pm

    ယား မြေပဲကြော်စိတ်ဝင်စားတယ်။ လုပ်စားအုံးမယ်။ ပုဇွန်ခြောက်ကြော်ကတော့ ကိုသန့်စင်နဲ့တွဲတွဲပြီးလက်ဆောင်ပေးနေရတာပေးမလောက်။ ခုမှပဲမှောင်ရိပ်ခိုတာလွတ်တော့တယ် တော်သေး :mrgreen:

    • ကေဇီ

      November 8, 2014 at 12:32 pm

      တော်သေးတယ်။
      သများလည်း ဘယ် အချိန် အဖမ်းခံရမတုန်း ကြောက်နေရတာ။
      ဟိ

      :mrgreenn:

  • Novy

    November 7, 2014 at 1:54 pm

    မြေပဲလှော် ကိုစိတ်ဝင်စားတယ် အဲ့လိုနည်းနဲ့တစ်ခါမှ မလုပ်စားဘူးဘူး
    လုပ်စားကြည့်လိုက်အုံးမယ်

    • ကေဇီ

      November 8, 2014 at 12:33 pm

      မီးဖို မလိုတာ တစ်ခုတည်းနဲ့ကို စိတ်ဝင်စား စရာ။

      :k:

  • ဦးကြောင်ကြီး

    November 9, 2014 at 11:45 pm

    ခွစ်လေးဂိုလဲ ယေစိန်ပီး ဆားချဉ်ဒရယ်..

    ..မှံသောဇဂါး
    ..မြံပြောကျား
    ..လှန်လောသနား
    ..စံရောဝါး..။

    • ခင်ဇော်

      June 4, 2015 at 1:26 pm

      ခိခိ။
      တော်တယ်။

      🙂

Leave a Reply