“ဟယ်လို” တဲ့

manawphyulayOctober 14, 20141min855

ဪ…
ကမ္ဘာ့ရွာတဲ့။
လူအများပြောတဲ့စကား
နားမှာ ပဲ့တင်ထပ်
အထပ်ထပ်ကြားယောင်
လိုင်းကားပေါ်တက်
ကားခအပေး
စပယ့်ယာအသံ
“ဟယ်လို”တဲ့…..။
၁၅၀ဝ တန်ဖုန်း
ကျယ်ပြန့်နေပြန်
လမ်းဘေးဈေးသည်
ဈေးဝယ်ကို သူ စိတ်မဝင်စား
သူ ပြောနေတာ
“ဟယ်လို” တဲ့……။
လမ်းလျှောက်ရင်း ဝင်တိုက်
တောင်းပန်တဲ့အပြော
ကြားရလေမလား
ဂရုစိုက် နားထောင်
“ဟယ်လို” ကြားရလားတဲ့။
ရွာတော့ ရွာပဲ
တဖြည်းဖြည်းနဲ့
ယဉ်ကျေးမှုမဲ့ရွာများ
ဖြစ်သွားမှာ စိုးရိမ်မိတယ်
“ဟယ်လို” တို့ရယ်……။

5 comments

  • ကေဇီ

    October 14, 2014 at 9:56 am

    H …E …L …L …O…!!!

    Is that me you’re looking for….???

    😥

  • ခင် ခ

    October 14, 2014 at 10:45 am

    ပိတ်ပင် တားစီး ကန့်သတ် မှု့တွေကြောင့် အသစ်အဆန်း အထူးအဆန်းလုပ်ကာ
    ဒီမှာတော ဟလို ဟလို တွေဖြစ်နေတာပါဗျ။
    တိုးတက်ပြီး အခြားနိုင်ငံတွေမှာတော့ ဟလို ဆိုတာ တကယ်လိုမှဘဲ ကြားရတဲ့စကားပင်ဖြစ်လေသည်။
    အဲဒီင်္တော့ ကမ္ဘာရွာမဟုတ် မြန်မာ့ရွာမှာပင် ဖြစ်နေတယ်ထင်။

  • Yae Myae Tha Ninn

    October 14, 2014 at 1:09 pm

    ပြောပါစေ မနောရယ်… ခုမှ ဖောဖောသီသီ သုံးရလို့ပါ… နောက်များဆို မဖြစ်တော့ပါဘူး… 🙂

  • kyeemite

    October 14, 2014 at 1:34 pm

    .ဆိုက်ကားသမားလည်းဖုန်းနဲ့
    .စည်ပင်က သန့်ရှင်းရေးဝန်ထမ်းတောင်…ဖုန်းနဲ့…
    .ဆိုတော့ ခုမှ ကမာ္ဘ့ရွာဖြစ်ခါစပါ…သုံးကြပါစေဗျား… 🙂

Leave a Reply