” ဖြစ်တည်ခဲ့မှု “

 

ထုံနေတဲ့ လက်

ဆွံနေတဲ့ ပါးစပ်

မလှမ်းချင်တဲ့ ခြေထောက်

ဂိလာနတော့ မဟုတ်လောက်ဘူး

လူကောင်းပကတိ သန်စွမ်းပါဘိ

မြင်ရတွေ့ရ ကြားရမှုတွေ

အားမရ ရှိလှသော်လည်း

ထူးမလှတဲ့ အခြေအနေမှာ

လက်မောင်းတန်းထုတ် အားက မရှိ

ပြောလဲမထူးမို့ ဆွံခဲ့ပါ၏

နောက်လိုက်ညီညာ မရှိသာတော့

လှမ်းထွက်ခဲ့လည်း တစ်ယောက်ထဲမို့

ခြေထောက်တို့က ကြွလို့မရ

ဖြစ်လှအခြေအနေ

ပြန်ပြောမယ်အေ့

ထုံနေတဲ့ လက်

ဆွံနေတဲ့ ပါးစပ်

မလှမ်းချင်တဲ့ ခြေထောက်။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..