” ဖြစ်တည်ခဲ့မှု “

ခင္ခOctober 14, 20141min1356

” ဖြစ်တည်ခဲ့မှု “

 

ထုံနေတဲ့ လက်

ဆွံနေတဲ့ ပါးစပ်

မလှမ်းချင်တဲ့ ခြေထောက်

ဂိလာနတော့ မဟုတ်လောက်ဘူး

လူကောင်းပကတိ သန်စွမ်းပါဘိ

မြင်ရတွေ့ရ ကြားရမှုတွေ

အားမရ ရှိလှသော်လည်း

ထူးမလှတဲ့ အခြေအနေမှာ

လက်မောင်းတန်းထုတ် အားက မရှိ

ပြောလဲမထူးမို့ ဆွံခဲ့ပါ၏

နောက်လိုက်ညီညာ မရှိသာတော့

လှမ်းထွက်ခဲ့လည်း တစ်ယောက်ထဲမို့

ခြေထောက်တို့က ကြွလို့မရ

ဖြစ်လှအခြေအနေ

ပြန်ပြောမယ်အေ့

ထုံနေတဲ့ လက်

ဆွံနေတဲ့ ပါးစပ်

မလှမ်းချင်တဲ့ ခြေထောက်။

 

 

ခင်ခ။

6 comments

  • တောင်ပေါ်သား

    October 14, 2014 at 11:50 am

    ထုံနေတဲ့ လက်

    ဆွံနေတဲ့ ပါးစပ်

    မလှမ်းချင်တဲ့ ခြေထောက်

    မလောက်တဲ့ ဝင်ငွေ

    ရှင်မနေချင်လို့မရသေးတဲ့ ဘဝ

    လူဖြစ်ရကျိုး မနပ်လှ ၊

    • ခင် ခ

      October 14, 2014 at 12:11 pm

      တောင်ပေါ်သား ခံစားမျှတာလေး ကြိုက်သဗျ။
      ဟုတ်ပ လူဖြစ်ရကျိုး မနပ်လှ ပါသကား။

  • Yae Myae Tha Ninn

    October 14, 2014 at 1:00 pm

    ဘာတွေ ဒေါကန်နေရတာလဲ… ကိုခကြီး… 🙂

    • ခင် ခ

      October 14, 2014 at 5:15 pm

      ကန်ပါဘူးဗျ လှုပ်မရတဲ့ အနေအထားတွေ တွေ့လိုပါ။

  • ကေဇီ

    October 14, 2014 at 1:05 pm

    ကိုကြီး ခ ဘာပုနေလဲမသိ။
    🙄
    ကျနော်ကတော့ ဒေါသထွက်နေရင်ရယ်၊ ဝမ်းနည်းနေတာရယ်၊ တစ်ချိန်တည်းဖြစ်လို့ရှိရင် လူက မလှုပ်နိုင်ဖြစ်သွားတယ်။
    ကောင်းကောင်းလည်း မတွေးနိုင်တော့ဘူးးး
    😥

    • ခင် ခ

      October 14, 2014 at 5:18 pm

      ဒီတိုင်းပြည် ပြည်တွင်း သတင်းစာ ဖတ်လိုက်ပြီးတဲ့ သကာလ အဲလိုစိတ်ဝင်သွားတာဘဲဗျာ။

Leave a Reply