မနေ့က ရက်အားဖြင့် ၁၃ ရက်… အယူအရ Unlucky Day ပေါ့…

နေ့အားဖြင့် တနင်္လာနေ့…တနင်္လာ အရင်းပါလေ … ဒါမှမဟုတ် တနင်္လာ နေ့ လုပ်တဲ့ အလုပ်က ၂ ခါပြန် လုပ်ရသတဲ့…

ရုံးအလုပ် အနေနဲ့ မြို့ထဲသွားတယ်… တိုက်ဆိုင်တာလား မသိ ၂ ခါ ပြန် လုပ်ရတယ်… ဒီနေ့ ထပ်သွားရမယ်…

ပြောချင်တာကတော့ အပြန်ကိစ္စပေါ့… အပြန် ကျွန်တော်က သာကေတမှာ လုပ်တာ… ဖယ်ရီက သုဝဏ္ဏ ကို ဖြတ်ရတယ်….

ဘောပွဲ နဲ့ ဆိုတော့ ဖြတ်ရမှာ မဟုတ်ဘူးဆိုပြီး… ကမာကြည်ဘက်က ပတ်ပြန်ရတယ်…

 

ကံဆိုးတာက အိမ်ပြန်နောက်ကျဖို့ ဖြစ်လာတယ်…

ကံကောင်းတာက အိပ်ရေး ၀ သွားတယ်…

ကံဆိုးတာက လမ်းမှာ မီးပွိုင့်ထပ်မိတယ်…

ကံကောင်းတာက ကျွန်တော် အိပ်ချင်မူးတူးနဲ့မို့ ပြန်အိပ်လို့ ရခဲ့တယ်…

ကံဆိုးတာက ကားစီးရတာက ဖင်ညောင်းလာတယ်…

ကံကောင်းတာက မကြာဘူး ညစာစားမယ့် ဆိုင်ကို ရောက်သွားတယ်…

ကံဆိုးတာက မိန်းမက အပူကန်တော့ အစပ်စားမရဘူး… (အပူလောင်ဖို့ အစ ကိုး… မဟုတ်ရင် မြေအိုးမြီးရှည် မှာလိုက်ရင် မဖြစ်ဘူး… )

ကံကောင်းတာက ပသျှူး ထမင်းကြော်က အသားများပြီး ထမင်းလဲ ပိုတယ်…

ကံဆိုးတာက ကြက်ခြေထောက်စွပ်က ညှီစော်နံတယ်…

ကံကောင်းတာက ဟင်းရည်ပြန်လဲပေးတယ်…

ကံဆိုးတာက အဲ.. ပြန် လဲ အပေးမှာ ဘွားတော် တယောက်တိုက်လို့ ကျွန်တော့်အပေါ် ဟင်းရည်ပူ ပြုတ်ကျတယ်…

ကံကောင်းတာက ဆိုင်က သေသေချာချာ ဂရုစိုက်တဲ့ အပြင် ပိုက်ဆံပါ မယူဘူး…

ကံဆိုးတာက မနက်ကျ အရည်ကြည်ဖု တဖု ထတယ်…

ကံကောင်းတာက မနာဘူး…

ကံဆိုးတာက ဖေ့ဘွတ်မှာ ကိုယ့်ဘက်ဘယ်သူမှ မပါဘူး…

ကံကောင်းတာက ကော်နက်ရှင် သိပ်မကောင်းလို့ နောက်လာတဲ့ ကော်မန့်တွေ မဖတ်ရလို့ စိတ်မညစ်ရတော့ဘူး…. :P

 

ဟီး… တောက်မြင်ကပ်သွားပြိလား… ငယ်ငယ်က ကိုချူချာ ရဲ့ ဟာသ၊ မောင်ကောင်းထိုက် ဟာသထဲက ဟာသတွေကို သိပ်သဘောကျတာ…

သူတို့ရေးတဲ့ ကံဆိုး၊ ကံကောင်းကို သဘောကျလို့ လန်ကြုတ်ရေးကြည့်တာ… ညက်စိညောင်းသွားရင် ချောတီး… :D

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...