ကံဆိုး၊ ကံကောင်း…

ကုိ ထြဋ္October 14, 20141min1028

မနေ့က ရက်အားဖြင့် ၁၃ ရက်… အယူအရ Unlucky Day ပေါ့…

နေ့အားဖြင့် တနင်္လာနေ့…တနင်္လာ အရင်းပါလေ … ဒါမှမဟုတ် တနင်္လာ နေ့ လုပ်တဲ့ အလုပ်က ၂ ခါပြန် လုပ်ရသတဲ့…

ရုံးအလုပ် အနေနဲ့ မြို့ထဲသွားတယ်… တိုက်ဆိုင်တာလား မသိ ၂ ခါ ပြန် လုပ်ရတယ်… ဒီနေ့ ထပ်သွားရမယ်…

ပြောချင်တာကတော့ အပြန်ကိစ္စပေါ့… အပြန် ကျွန်တော်က သာကေတမှာ လုပ်တာ… ဖယ်ရီက သုဝဏ္ဏ ကို ဖြတ်ရတယ်….

ဘောပွဲ နဲ့ ဆိုတော့ ဖြတ်ရမှာ မဟုတ်ဘူးဆိုပြီး… ကမာကြည်ဘက်က ပတ်ပြန်ရတယ်…

 

ကံဆိုးတာက အိမ်ပြန်နောက်ကျဖို့ ဖြစ်လာတယ်…

ကံကောင်းတာက အိပ်ရေး ဝ သွားတယ်…

ကံဆိုးတာက လမ်းမှာ မီးပွိုင့်ထပ်မိတယ်…

ကံကောင်းတာက ကျွန်တော် အိပ်ချင်မူးတူးနဲ့မို့ ပြန်အိပ်လို့ ရခဲ့တယ်…

ကံဆိုးတာက ကားစီးရတာက ဖင်ညောင်းလာတယ်…

ကံကောင်းတာက မကြာဘူး ညစာစားမယ့် ဆိုင်ကို ရောက်သွားတယ်…

ကံဆိုးတာက မိန်းမက အပူကန်တော့ အစပ်စားမရဘူး… (အပူလောင်ဖို့ အစ ကိုး… မဟုတ်ရင် မြေအိုးမြီးရှည် မှာလိုက်ရင် မဖြစ်ဘူး… )

ကံကောင်းတာက ပသျှူး ထမင်းကြော်က အသားများပြီး ထမင်းလဲ ပိုတယ်…

ကံဆိုးတာက ကြက်ခြေထောက်စွပ်က ညှီစော်နံတယ်…

ကံကောင်းတာက ဟင်းရည်ပြန်လဲပေးတယ်…

ကံဆိုးတာက အဲ.. ပြန် လဲ အပေးမှာ ဘွားတော် တယောက်တိုက်လို့ ကျွန်တော့်အပေါ် ဟင်းရည်ပူ ပြုတ်ကျတယ်…

ကံကောင်းတာက ဆိုင်က သေသေချာချာ ဂရုစိုက်တဲ့ အပြင် ပိုက်ဆံပါ မယူဘူး…

ကံဆိုးတာက မနက်ကျ အရည်ကြည်ဖု တဖု ထတယ်…

ကံကောင်းတာက မနာဘူး…

ကံဆိုးတာက ဖေ့ဘွတ်မှာ ကိုယ့်ဘက်ဘယ်သူမှ မပါဘူး…

ကံကောင်းတာက ကော်နက်ရှင် သိပ်မကောင်းလို့ နောက်လာတဲ့ ကော်မန့်တွေ မဖတ်ရလို့ စိတ်မညစ်ရတော့ဘူး…. 😛

 

ဟီး… တောက်မြင်ကပ်သွားပြိလား… ငယ်ငယ်က ကိုချူချာ ရဲ့ ဟာသ၊ မောင်ကောင်းထိုက် ဟာသထဲက ဟာသတွေကို သိပ်သဘောကျတာ…

သူတို့ရေးတဲ့ ကံဆိုး၊ ကံကောင်းကို သဘောကျလို့ လန်ကြုတ်ရေးကြည့်တာ… ညက်စိညောင်းသွားရင် ချောတီး… 😀

8 comments

  • MAUNG

    October 14, 2014 at 10:56 am

    ကံဆိုးတာ က မျက်စိလည်ပြီး ရွာထဲ ရောက်လာတယ်၊ ကံကောင်းတာ က ဒီ Post လေးဖတ်မိတယ်၊ ကံဆိုး တာက အလုပ်မပြီးသေးလို့ ရွာထဲ ကပြန်ထွက်သွား တယ်၊ ကံကောင်းတာ က အလုပ်အားရင် ပြန်လာ ဦးမယ် 🙂

  • Yae Myae Tha Ninn

    October 14, 2014 at 10:58 am

    ကံကောင်းတာက အားပေးတဲ့ သူရှိလာပြီ… ကံဆိုးတာက အခုသူက ပြန်ထွက်သွားပြီ… 🙂

  • ကေဇီ

    October 14, 2014 at 11:02 am

    ဟုတ်တယ်။
    နာ လည်း မောင်ကောင်းထိုက်ကို ကြိုက်တယ်။
    ဟာသလေးတွေ ပြောပါတယ်။

    :kwi:

    • Yae Myae Tha Ninn

      October 14, 2014 at 11:11 am

      မောင်ကောင်းထိုက် ဟာသလေးတွေ PDF တွေ့ရင် လှမ်း ရှယ်ဦးနော်… ကေဇီ 🙂

  • ခင် ခ

    October 14, 2014 at 11:17 am

    ” တနင်္လာ နေ့ လုပ်တဲ့ အလုပ်က ၂ ခါပြန် လုပ်ရသတဲ့…”
    ဒီစကား တကယ့်ကိုမှန်ရင်ဖြင့်
    သမီးရည်းစားများ တနင်္လာနေ့ ချိန်းတွေ့ဖြစ်လို့ နမ်း ဖြစ်ကြရင် နှစ် ခါပြန် လုပ်ရမှာပေါ့လို့ ….. စဉ်းစားမိတာလေး။

  • Yae Myae Tha Ninn

    October 14, 2014 at 11:28 am

    အဲဘက်လိုင်း သိပ်မကျွမ်းဘူး… ကိုခ ရဲ့… ဟားဟား…. 🙂

  • kyeemite

    October 15, 2014 at 10:38 am

    .ကံကောင်းတာက ဒီနေ့အလုပ်အရှုပ်ထုတ်တစ်ခုအပြီးသတ်သွားတယ်
    .ကံဆိုးတာက ရွာထဲမနေနိုင်မထိုင်နိုင်ဝင်ဖြစ်တယ်
    .ကံကောင်းတာက ဒီပို့စ်လေးဖတ်မိတယ်
    .ကံဆိုးတာက မန့်ချင်စိတ်ပေါ်မလာဘူး
    .ဒါနဲ့ပဲ စာရေးသူလို ပေါက်ကရရေးမန့်လိုက်တယ် :k:

    • Yae Myae Tha Ninn

      October 15, 2014 at 10:52 am

      ကံဆိုးတာက ဦးကြီးမိုက်က မမန့်ချင်ဘူး ပြောတယ်… ဟွန့်…
      ကံကောင်းတာက မမန့်ချင်လဲ မန့်သွားတာပဲ… ဟီး… ကျေးဇူး… 🙂

Leave a Reply