ရင်မှာ….

manawphyulayOctober 15, 20141min16413

ရင်မှာ ခံစားရတဲ့အဖြစ်ကို မင်း သိအောင် ပြောချင်ပေမယ့်...
ရင်မှာ ခံစားရတဲ့အဖြစ်ကို မင်း သိအောင် ပြောချင်ပေမယ့်…

စူးနစ်ဝင်နေတဲ့ အရာတစ်ခုဟာ
ဆူးတစ်ချောင်းသာဆိုရင်တော့
ရင်ထဲမှာ ဒဏ်ရာကျန်ခဲ့စေဦး
နုတ်ပစ်မိမှာ အမှန်ပါ
အဲဒီအတွက် ခံစားချက်မဲ့စွာ….
စွဲမက်ခဲ့ရတဲ့ ရင်ထဲက အတိမ်အနက်
မင်းသိအောင် ပြောဖို့ ခက်ခဲရင်း
မျိုသိပ်မှုတွေနှင့် ကျင့်သားရခဲ့တာ
ကြာခဲ့ပေမယ့်
ခုတော့ ဒဏ်ရာများစွာ…
ဟိုတစ်ချိန် မျှော်လင့်ခြင်း ကောင်းကင်ထက်မှာ
တလက်လက် ဖြစ်ခဲ့တဲ့ ကြယ်တစ်ပွင့်
ရူးသွပ်ရင်း ရင်ခုန်ခဲ့မိတာ
မေ့ပစ်လိုက်ဖို့ ပြောရအောင်
အဲဒါ အိပ်မက်မှ မဟုတ်တာ….

13 comments

  • ကေဇီ

    October 15, 2014 at 9:55 am

    လူတစ်ယောက်ကို ရင်ထဲ ထည့်ထားပြီးရင်…
    လျှောက်ရတဲ့ ခရီးလမ်းက မကြမ်းရင်တောင်…
    ပင်ပန်းတယ်။

    😥

    • Wow

      October 15, 2014 at 11:17 am

      ရင်ထဲမထဲ့ပြန်ရင်လည်း ရည်ရွယ်ရာမဲ့အဖြစ် လမ်းပျောက်တတ်တယ် :byee:

  • Phoe Myinttar

    October 15, 2014 at 11:49 am

    မ့ပစ်လိုက်ဖို့ ပြောရအောင်
    အဲဒါ အိပ်မက်မှ မဟုတ်တာ….

    ခရီးကြမ်းမှန်းလည်းသိ၊ လမ်းပျောက်နေမှန်းလည်းသိသိနဲ့ ဆက်လျှောက်မိနေတာက အချစ်……

  • အလင်းဆက်

    October 15, 2014 at 1:54 pm

    ကိုယ်ရင်ထဲက ကြယ်တွေဟာ
    သူ ကြွေကျသွားရင်တောင်
    ကိုယ်က မကြွေကျစေချင်ဘူး။

    ကိုယ့်ရင်ထဲ
    တော်ရုံကြယ်မှ တလက်လက် မတောက်ပနိုင်တာ

    • ကေဇီ

      October 15, 2014 at 2:06 pm

      မှန်လိုက်တာအေ၊
      ဒီကဗျာလေး ကြိုက်လိုက်တာ။
      :mrgreenn:

      • အလင်းဆက်

        October 15, 2014 at 5:59 pm

        အမ်…
        ဘယ်ကဗျာလဲ…မမဂျီး…

        အနော် ရေးလိုက်တာ.. comment ပါ..
        ကဂျာ မဟုတ်သေးဘူး ။

        :k:

        • ကေဇီ

          October 15, 2014 at 6:11 pm

          ငင်
          နိ ရေးတာ ကဗျာ မှတ်လို့။
          ကဗျာဆန်လို့ အေ။
          မိုက်တယ်။

          ကိုယ်ရင်ထဲက ကြယ်တွေဟာ…
          သူ ကြွေကျသွားရင်တောင်…
          ကိုယ်က မကြွေကျစေချင်ဘူး…

          ကိုယ့်ရင်ထဲ…
          တော်ရုံကြယ်မှ …
          တလက်လက် ..
          မတောက်ပနိုင်တာ.

          .

          ရင်ထဲက ကြွေကျသွားတဲ့ ကြယ်လေးတွေကို လွမ်းသွားလို့ပါ။
          :s:

        • မြစပဲရိုး

          October 15, 2014 at 6:15 pm

          ဘယ်နှစ် ပွင့် မြောက် လဲ။
          ပြိုင်မား။ lol:-)))

        • ကေဇီ

          October 15, 2014 at 6:34 pm

          ဟိ။ အ ရီး နော်
          ပြိုင်ရဲဝူးးး
          တညားကြယ်တွေက နေ့နံ ၈ ခု မပြည့်သေးဝူးးး
          ကြိုးစားနေတုန်းးး

          အဟားဟားဟားးး

          :mrgreen:

  • Mr. MarGa

    October 15, 2014 at 5:56 pm

    မေ့ဖို့တဲ့လား
    မမေ့နိုင်စရာ အဖြစ်အပျက်တွေ
    မမေ့နိုင်စရာ အမှတ်တရတွေ
    မမေ့နိုင်စရာ ခံစားမှုတွေ
    ပေးခဲ့ပြီးမှ
    မေ့ဖို့ ဆိုတာ
    ဖြစ်နိုင်ဦး မတဲ့လား ကွယ်

    :mrgreenn:

    • ကေဇီ

      October 15, 2014 at 6:08 pm

      မုန်း မေ့ ဖို့ ခက် တယ် အ ချစ်လေးးး
      အော့ အော့ အော့ အော်
      မုန်း မေ့ ဖို့ ခက် တယ် အ ချိ ရေ။
      အော့ အော့ အော့ အော်။

      ငါ ဆိုတာ စိုင်း နဲ့ တူလား

      :mrgreen:

      • Mr. MarGa

        October 15, 2014 at 6:46 pm

        ဆီ နဲ့ ရေ လို
        ဘာ မှ ကို မဆိုင်တာ
        :mrgreenn:

      • manawphyulay

        October 16, 2014 at 9:59 am

        ရင်မှာ ခံစား သူ မမြင်နိုင်တယ်…..
        အသည်းထဲက…. အတွင်းကြေ….
        (ဖြူဖြူကျော်သိန်း သီဆိုဟန်) :mrgreen:

Leave a Reply