– စကားဦးလေး သန်းထားမယ်နော်… ကျွန်တော် အရင်က  အချစ်ကဗျာတွေ ရေးတယ်ဗျ… ဒါပေမဲ့ ဦးကြိးမိုက်ကတော့ ဝေး နေလို့တဲ့ ကဗျာလို မမြင်ဘူးတဲ့… :)

– ဟီး… ဒါပေမဲ့ စမ်းကြည့်တာပေါ့လေနော်… အဆင်မပြေရင် ပွိုင့်မပေးပါနဲ့…

– အရင်က တချက်တချက် သတိရလို့ ရေးလိုက်… ကြုံရာ ရေးတော့ ပျောက်ပျောက်သွားရော..

– ဘယ်ထားမှန်း မသိနဲ့ … ခုတော့ စုစည်းထားလိုက်မယ်နော်… မော့မော့များ… :)

– တခုပဲ တောင်းဆိုချင်ပါတယ်… ကဗျာရေးတဲ့ အလင်းဆက်၊ ကိုခ၊ ကိုစစ်၊ ကိုကမ်းဝေး… သိသလောက်ပေါ့… ကျန်ခဲ့ရင် ဆောရီးနော်.. နည်းနည်းလေး မန့်ပေးပါလားလို့… အားမနာတမ်းနော်…  :)

– အော် ကျန်လို့… လေးပေါက်ရယ်၊ မနောရယ်၊ ဇီဇီရယ် ကျန်သေးတယ်.. မန့်ပေးကြဦးနော်… ဦးကြီးမိုက်လဲ ခံစားရသလောက်ပြောပြပေးပါ… :)

– ဘယ်တံဆိပ် ကပ်ရမှန်းလဲ မသိဘူး.. စိတ်ထဲ ရှိတာ ရေးလိုက်တာ.. တကယ်တော့ ငယ်ဘ၀ ကို ရေးရင်း အတွေးပေါက်လာလို့ပါ… :)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တကယ်ဆိုရင်…

ငါဟာ ချိုးဖောက်သူတယောက်ပေါ့

ယဉ်ကျေးတဲ့ အသိုင်းအ၀ိုင်းတွေကြားမှာ…

.

.

ငါဟာ ခွေးမည်းကြီးတကောင်ပေါ့

အရေခြုံတဲ့ သိုးတွေများကြားမှာ…

.

.

ငါဟာ အရောင်အဆင်းမဲ့ပေါ့

တောက်ပတဲ့ အခက်အလက်တွေကြားမှာ…

.

.

ငါဟာ ဘာသာခြားတဦးပေါ့

သစ္စာများတဲ့ ကြီးမြတ်မှုတွေကြားမှာ…

.

.

ငါဟာ ရေပွက်တခုပေါ့

ဆူလွယ် ပျက်လွယ် သံသရာအ၀န်းတွေကြားမှာ…

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...